Premier League

၁၉.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၁၃ ရက္၊ အဂၤါေန႔။

၁၉.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၁၃ ရက္၊ အဂၤါေန႔၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၈:၃၀ အထိ တိထီ ၁၂ လုံး။ ေက်ာ္လွ်င္ ၁၃ လုံး။ ၁၃ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၀:၅၂ အထိ ေရဝတီနကၡတ္။ ေက်ာ္လွ်င္ အႆဝဏီနကၡတ္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၆:၁၈ အထိ အယုသၼာန္ယုဂ္၊ အသက္ရွည္ျခင္း၊ က်န္းမာျခင္း၊ က်န္းမာေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ား၊ ေဆးဝါးမွီဝဲျခင္း၊ ေဆး႐ုံေဆးခန္း တက္ေရာက္၍ ခြဲစိတ္ျခင္း၊ ကုသမႈ ခံယူျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေသာဘဂ်ယုဂ္၊ ကံေကာင္းမွဳ၊ ေပ်ာ္ရႊင္မွဳ၊ ကံစမ္းျခင္းႏွင့္ မိမိအတြက္ အခြင့္အေရးရယူလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၈:၃၀ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္းေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေနာက္တစ္ေန႔နံနက္ ၇:၃၈ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ညေန ၁၈:၃၀ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မုိးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၉.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ အင်္ဂါနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၈:၃၀ အထိ တိထီ ၁၂ လုံး။ ကျော်လျှင် ၁၃ လုံး။ ၁၃ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၀:၅၂ အထိ ရေဝတီနက္ခတ်။ ကျော်လျှင် အဿဝဏီနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၁၈ အထိ အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သောဘဂျယုဂ်၊ ကံကောင်းမှု၊ ပျော်ရွှင်မှု၊ ကံစမ်းခြင်းနှင့် မိမိအတွက် အခွင့်အရေးရယူလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၈:၃၀ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ နောက်တစ်နေ့နံနက် ၇:၃၈ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ညနေ ၁၈:၃၀ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)