Match Report Premier League

အသင်းကြီးတွေနဲ့အပြိုင် အဆင့် ၄ မှာ ဦးဆောင်သူစာရင်းထဲ ဝင်လာတဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာလည်း အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့ပြီး အသင်းလတ်တွေထဲမှာ ခြေအစွာဆုံးတစ်သင်းဖြစ်တဲ့ လက်စတာကို Amex Stadium မှာ ကောင်းကောင်းထိန်းချုပ်ပြသွားနိုင်ခဲ့သလို နည်းပြ ဂရေဟမ် ပေါ့တာနဲ့ ပင်လယ်စင်ရော်တွေရဲ့ စိတ်ရှည်လက်ရှည်ပေါင်းစပ်မှုဟာ ဘယ်လိုမျိုး အကျိုးထူးခဲ့တယ်ဆိုတာ ပြိုင်ဘက်တွေကို သင်ခန်းစာပေးသွားခဲ့တာပါ။

၄-၃-၃ ပုံစံနဲ့ အိမ်ကွင်းမှာ ပွဲထွက်လာခဲ့ ဘရိုက်တန်မှာ ဒီရာသီ ခြေစွမ်းပြနေခဲ့တဲ့ တောင်ပံသမား ထရော့ဆတ်နဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ခ်တို့က တိုက်စစ်မှူး မော်ပေနောက်မှာ လိုက်ပါကစားခဲ့ကြသလို လက်စတာကတော့ ဗာဒီကို အထောင်ထားပြီး မက်ဒီဆန်နဲ့ ဘန်းစ်တို့ကို အတွဲအဖက်အဖြစ် သုံးစွဲလာခဲ့ကြပါတယ်။

ဘယ်တောင်ပံကနေ ဖြတ်တင်ဘောတွေ ကောင်းနေတဲ့ နောက်ခံလူသစ် ကူကူရယ်လာရဲ့ အားကိုးနဲ့ ဘရိုက်တန်တို့ရဲ့ ကစားပုံက အရှည်ကြီး ဒန်ဘန်းစ်နဲ့ အမြင့်ဘောမျှော်ပြီး ကစားရတဲ့ ခေတ်ကနေ တိုးတက်ပြောင်းလဲလာခဲ့သလို တိုက်စစ်ကစားသမားတွေအနေနဲ့လည်း ပိုကောင်းတဲ့ ပံ့ပိုးမှုတွေ ရရှိနေခဲ့ကြတာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ ထရော့ဆတ်ရဲ့ ထောင့်ကန်ဘောကို ‌ဝက်ဘ်စတာ ခေါင်းတိုက်ရာမှာ လက်စတာနောက်ခံလူ ဗက်စတာဂါ့ဒ်ရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး VAR ပြန်ကြည့်ပြီးမှရတဲ့ ဒီအခွင့်အရေးကိုတော့ တိုက်စစ်မှူး မော်ပေက ပွဲချိန် ၃၅ မိနစ်မှာ ဂိုးသမား ရှမိုက်ကယ်ကို အနိုင်ယူပြီး ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ဘောလုံးပိုင်ဆိုင်မှု မယူဘဲ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေပဲလုပ်တဲ့ ဘရိုက်တန်တို့က မော်ပေရဲ့ တစ်ဂိုးတည်းနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ကစားနေကျ ကောင်တာပုံစံ မဟုတ်ဘဲ ချေပဂိုး ပြန်ရဖို့ ဘောလုံးကိုင်ပြီး ကြိုးစားနေတဲ့ လက်စတာအစား အိမ်ရှင်တွေကပဲ ဂိုးထပ်ယူခဲ့တာပါ။

ပွဲချိန် မိနစ် ၅၀ မှာတော့ ဆော်လီ မာ့ချ်ကြောင့် ရရှိခဲ့တဲ့ ညာခြမ်းက ဖရီးကစ်ကို ထရော့ဆတ် ကန်တင်ပေးရာမှာ တိုက်စစ်မှူး ဝဲလ်ဘက်က ရှေ့က ရှိနေပေမယ့် သိပ်မခုန်နိုင်ခဲ့တဲ့ ဗာဒီရဲ့ ခေါင်းနဲ့ မထိလိုက်ဘဲ လွတ်ထွက်လာခဲ့တဲ့ ဘောလုံးကို မြေထောက်တိုက်သွင်းယူနိုင်ခဲ့လို့ ဘရိုက်တန်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဖိကစားနေတဲ့ လက်စတာတို့ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့ပြီး ညာခြမ်းက ပါရဲရားက ဂိုးဧရိယာထဲ ချိုးပေးတာကို ကွင်းလယ်လူ တီးလီးမန်းက ဘယ်ဘယ်ဂိုးတိုင်ဘက်ကို အနီးကပ် ပြန်လည်ဖြတ်တင်ပေးရာမှာ ဗာဒီက ဗဲလ်မန်းနဲ့ ဝက်ဘ်စတာတို့ကြားက ပြေးပိတ်ပြီး နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဘာထရန်ရဲ့ ညာထောင့်ကန်ဘောကနေ လူစားဝင်တိုက်စစ်မှူး လွတ်ခ်မန်းက အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့ပေမယ့် သူ့ကန်မသွင်းခင်မှာ လက်စတာတောင်ပံကစားသမား ဟာဗီဘန်းစ်က လူကျွံအနေအထားနဲ့ ဂိုးသမား ဆန်ချက်ဇ်ရဲ့ မြင်ကွင်းကို ကွယ်နေခဲ့တယ်ဆိုပြီး ပယ်ဖျက်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဒန်ဘန်းစ်နဲ့ မိုဒါတို့ကို ထည့်သွင်းပြီး ဘရိုက်တန်တို့ ခံစစ်အားပြုခဲ့ပေမယ့် လက်စတာတို့ရဲ့ တိုက်စစ်ဆင်မှုကို ထိန်းသိမ်းနိုင်တဲ့ အနေအထားမျိုးမှာ မရှိခဲ့ဘဲ ပွဲချိန် ၈၅ မိနစ်မှာ အန်ဒီဒီက ထောင့်ကန်ဘောကနေ နောက်တစ်ကြိမ် ခေါင်းတိုက်သွင်းနိုင်ခဲ့ပေမယ့် ဟာဗီ ဘန်းစ်ပဲ နောက်တစ်ကြိမ် ဂိုးသမားမြင်ကွင်းကို ပိတ်ဆို့မှုနဲ့ လူကျွံဘောအဖြစ် ကံဆိုးခဲ့ရပြန်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘရိုက်တန်တို့ တစ်သင်းလုံး စုပြုံပိတ်ဆို့ပြီး တစ်ဂိုးအသာရမှုကို ထိန်းသိမ်းရယူသွားခဲ့ပြီး ပြုတ်လုတဲတဲ သုံးမှတ်ကို အားလုံးကာကွယ်ခဲ့ကြပြီး နောက်ဆုံးမိနစ်တွေမှာတော့ လက်စတာတို့ ကံမကောင်းနိုင်တော့ဘဲ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သလို အဆင့် ၁၂ အထိ ကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့မှာ အိမ်ကွင်းနိုင်ပွဲရခဲ့တဲ့ ဘရိုက်တန်တို့ကတော့ ၅ ပွဲမှာ ၄ ပွဲအနိုင်နဲ့ ၁၂ မှတ်အထိ စုဆောင်းနိုင်ခဲ့သလို သူတို့တွေအနေနဲ့ ၂၀၁၇-၁၈ ရာသီမှာ တန်းတက်လာခဲ့ကတည်းက ၅ ပွဲကစားအပြီး အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာက ထူးခြားတဲ့ အောင်မြင်မှုတစ်ရပ်လည်းဖြစ်ခဲ့ပြီး ဂရေဟမ် ပေါ့တာနဲ့ ပင်လယ်စင်ရော်တွေ ဘယ်လိုပဲ ဝေဖန်ဝေဖန် အမြင့်ပျံနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာလည္း အိမ္ကြင္းမွာ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး အသင္းလတ္ေတြထဲမွာ ေျခအစြာဆုံးတစ္သင္းျဖစ္တဲ့ လက္စတာကို Amex Stadium မွာ ေကာင္းေကာင္းထိန္းခ်ဳပ္ျပသြားႏိုင္ခဲ့သလို နည္းျပ ဂေရဟမ္ ေပါ့တာနဲ႔ ပင္လယ္စင္ေရာ္ေတြရဲ႕ စိတ္ရွည္လက္ရွည္ေပါင္းစပ္မႈဟာ ဘယ္လိုမ်ိဳး အက်ိဳးထူးခဲ့တယ္ဆိုတာ ၿပိဳင္ဘက္ေတြကို သင္ခန္းစာေပးသြားခဲ့တာပါ။

၄-၃-၃ ပုံစံနဲ႔ အိမ္ကြင္းမွာ ပြဲထြက္လာခဲ့ ဘ႐ိုက္တန္မွာ ဒီရာသီ ေျခစြမ္းျပေနခဲ့တဲ့ ေတာင္ပံသမား ထေရာ့ဆတ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္း ဝဲလ္ဘက္ခ္တို႔က တိုက္စစ္မႉး ေမာ္ေပေနာက္မွာ လိုက္ပါကစားခဲ့ၾကသလို လက္စတာကေတာ့ ဗာဒီကို အေထာင္ထားၿပီး မက္ဒီဆန္နဲ႔ ဘန္းစ္တို႔ကို အတြဲအဖက္အျဖစ္ သုံးစြဲလာခဲ့ၾကပါတယ္။

ဘယ္ေတာင္ပံကေန ျဖတ္တင္ေဘာေတြ ေကာင္းေနတဲ့ ေနာက္ခံလူသစ္ ကူကူရယ္လာရဲ႕ အားကိုးနဲ႔ ဘ႐ိုက္တန္တို႔ရဲ႕ ကစားပုံက အရွည္ႀကီး ဒန္ဘန္းစ္နဲ႔ အျမင့္ေဘာေမွ်ာ္ၿပီး ကစားရတဲ့ ေခတ္ကေန တိုးတက္ေျပာင္းလဲလာခဲ့သလို တိုက္စစ္ကစားသမားေတြအေနနဲ႔လည္း ပိုေကာင္းတဲ့ ပံ့ပိုးမႈေတြ ရရွိေနခဲ့ၾကတာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ထေရာ့ဆတ္ရဲ႕ ေထာင့္ကန္ေဘာကို ‌ဝက္ဘ္စတာ ေခါင္းတိုက္ရာမွာ လက္စတာေနာက္ခံလူ ဗက္စတာဂါ့ဒ္ရဲ႕ လက္နဲ႔ ထိသြားခဲ့တာေၾကာင့္ ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ၿပီး VAR ျပန္ၾကည့္ၿပီးမွရတဲ့ ဒီအခြင့္အေရးကိုေတာ့ တိုက္စစ္မႉး ေမာ္ေပက ပြဲခ်ိန္ ၃၅ မိနစ္မွာ ဂိုးသမား ရွမိုက္ကယ္ကို အႏိုင္ယူၿပီး ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈ မယူဘဲ ထိေရာက္တဲ့ တိုက္စစ္ဆင္မႈေတြပဲလုပ္တဲ့ ဘ႐ိုက္တန္တို႔က ေမာ္ေပရဲ႕ တစ္ဂိုးတည္းနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ကစားေနက် ေကာင္တာပုံစံ မဟုတ္ဘဲ ေခ်ပဂိုး ျပန္ရဖို႔ ေဘာလုံးကိုင္ၿပီး ႀကိဳးစားေနတဲ့ လက္စတာအစား အိမ္ရွင္ေတြကပဲ ဂိုးထပ္ယူခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ေဆာ္လီ မာ့ခ်္ေၾကာင့္ ရရွိခဲ့တဲ့ ညာျခမ္းက ဖရီးကစ္ကို ထေရာ့ဆတ္ ကန္တင္ေပးရာမွာ တိုက္စစ္မႉး ဝဲလ္ဘက္က ေရွ႕က ရွိေနေပမယ့္ သိပ္မခုန္ႏိုင္ခဲ့တဲ့ ဗာဒီရဲ႕ ေခါင္းနဲ႔ မထိလိုက္ဘဲ လြတ္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေျမေထာက္တိုက္သြင္းယူႏိုင္ခဲ့လို႔ ဘ႐ိုက္တန္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဖိကစားေနတဲ့ လက္စတာတို႔ တစ္ဂိုးျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ညာျခမ္းက ပါရဲရားက ဂိုးဧရိယာထဲ ခ်ိဳးေပးတာကို ကြင္းလယ္လူ တီးလီးမန္းက ဘယ္ဘယ္ဂိုးတိုင္ဘက္ကို အနီးကပ္ ျပန္လည္ျဖတ္တင္ေပးရာမွာ ဗာဒီက ဗဲလ္မန္းနဲ႔ ဝက္ဘ္စတာတို႔ၾကားက ေျပးပိတ္ၿပီး ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဘာထရန္ရဲ႕ ညာေထာင့္ကန္ေဘာကေန လူစားဝင္တိုက္စစ္မႉး လြတ္ခ္မန္းက အနီးကပ္ ပိတ္သြင္းယူႏိုင္ခဲ့ေပမယ့္ သူ႔ကန္မသြင္းခင္မွာ လက္စတာေတာင္ပံကစားသမား ဟာဗီဘန္းစ္က လူကြၽံအေနအထားနဲ႔ ဂိုးသမား ဆန္ခ်က္ဇ္ရဲ႕ ျမင္ကြင္းကို ကြယ္ေနခဲ့တယ္ဆိုၿပီး ပယ္ဖ်က္သြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဒန္ဘန္းစ္နဲ႔ မိုဒါတို႔ကို ထည့္သြင္းၿပီး ဘ႐ိုက္တန္တို႔ ခံစစ္အားျပဳခဲ့ေပမယ့္ လက္စတာတို႔ရဲ႕ တိုက္စစ္ဆင္မႈကို ထိန္းသိမ္းႏိုင္တဲ့ အေနအထားမ်ိဳးမွာ မရွိခဲ့ဘဲ ပြဲခ်ိန္ ၈၅ မိနစ္မွာ အန္ဒီဒီက ေထာင့္ကန္ေဘာကေန ေနာက္တစ္ႀကိမ္ ေခါင္းတိုက္သြင္းႏိုင္ခဲ့ေပမယ့္ ဟာဗီ ဘန္းစ္ပဲ ေနာက္တစ္ႀကိမ္ ဂိုးသမားျမင္ကြင္းကို ပိတ္ဆို႔မႈနဲ႔ လူကြၽံေဘာအျဖစ္ ကံဆိုးခဲ့ရျပန္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘ႐ိုက္တန္တို႔ တစ္သင္းလုံး စုၿပဳံပိတ္ဆို႔ၿပီး တစ္ဂိုးအသာရမႈကို ထိန္းသိမ္းရယူသြားခဲ့ၿပီး ျပဳတ္လုတဲတဲ သုံးမွတ္ကို အားလုံးကာကြယ္ခဲ့ၾကၿပီး ေနာက္ဆုံးမိနစ္ေတြမွာေတာ့ လက္စတာတို႔ ကံမေကာင္းႏိုင္ေတာ့ဘဲ ပရီးမီးယားလိဂ္မွာ ႏွစ္ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့သလို အဆင့္ ၁၂ အထိ က်ဆင္းသြားခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔မွာ အိမ္ကြင္းႏိုင္ပြဲရခဲ့တဲ့ ဘ႐ိုက္တန္တို႔ကေတာ့ ၅ ပြဲမွာ ၄ ပြဲအႏိုင္နဲ႔ ၁၂ မွတ္အထိ စုေဆာင္းႏိုင္ခဲ့သလို သူတို႔ေတြအေနနဲ႔ ၂၀၁၇-၁၈ ရာသီမွာ တန္းတက္လာခဲ့ကတည္းက ၅ ပြဲကစားအၿပီး အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တာက ထူးျခားတဲ့ ေအာင္ျမင္မႈတစ္ရပ္လည္းျဖစ္ခဲ့ၿပီး ဂေရဟမ္ ေပါ့တာနဲ႔ ပင္လယ္စင္ေရာ္ေတြ ဘယ္လိုပဲ ေဝဖန္ေဝဖန္ အျမင့္ပ်ံႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.