Ligue1 Match Report

မက်ဆီကို လူစားလဲအပြီးမှာမှ သူ့ရန်ဘက် အီကာဒီရဲ့ဂိုးနဲ့ လီယွန်ကို အောင်ပွဲခံတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ လီဂူးဝမ်းရဲ့ အဓိက ပြိုင်ဘက်တစ်သင်းဖြစ်တဲ့ လီယွန်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပြီး နည်းပြ ပိုချက်တီနိုအနေနဲ့ ကြိုက်ကြိုက် မကြိုက်ကြိုက် လူစာရင်းထဲ ထည့်ပေးရမယ့် မက်ဆီကို ဒီနေ့မှာတော့ တိုက်စစ်မှူးနောက်က နံပါတ် ၁၀ အဖြစ် သုံးစွဲခဲ့သလို အမ်ဘာပေကို အထောင်ထားပြီး နေမာ၊ ဒီမာရီယာတို့နဲ့ တိုက်စစ်ကို ခင်းကျင်းလာခဲ့ပါတယ်။

ကွင်းလယ်မှာတော့ ယူရိုချန်ပီယံ အီတလီအသင်းမှာ မိုးပျံနေအောင် ကောင်းခဲ့တဲ့ ဗာရက်တီတစ်ယောက် ဒဏ်ရာကြောင့် လွဲချော်နေချိန်မှာ အန်ဒါ ဟာရဲရားနဲ့ ဂါနာ ဂေးယီကို သုံးစွဲခဲ့ရပြီး ခံစစ်မှာ ဂိုးသမား ဒွန်နာရမ်မာ ပွဲဦးထွက်ခဲ့သလို ဟာကီမီကိုတော့ အနားပေးခဲ့ချိန်မှာ လူသစ် နူနို မန်ဒက်စ်ကို ပွဲထွက်ကစားသမားအဖြစ် ဘယ်နောက်ခံမှာ အသုံးပြုလာခဲ့တာပါ။

လီယွန်တို့အနေနဲ့ ပီအက်စ်ဂျီကို ရှိန်မနေဘဲ အဝေးကွင်းမှာ ပွဲစကတည်းက ဖိကစားနေခဲ့သလို မကြာခဏဆိုသလို ဂိုးပေါက်ခြိမ်းခြောက်နေခဲ့ပြီး မက်ဆီကတော့ ပြန်လှန်ရရှိခဲ့တဲ့ အခွင့်အရေးမှာ ဘယ်လ်ဂျီယမ်ခံစစ်မှူး ဒီနေယာရဲ့ ဖျက်ထုတ်ခြင်းခံခဲ့ရလို့ သူ့ရဲ့ ပီအက်စ်ဂျီအတွက် ပထမဆုံးသွင်းဂိုးနဲ့ ဝေးကွာနေခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ လီယွန်နောက်တန်းကြား ဆရာကြီးလုပ်ပြနေခဲ့တဲ့ အမ်ဘာပေ ပြန်ချပေးတာကို မက်ဆီ ကန်ပေမယ့် ကန်ချက်က ပျော့ခဲ့လို့ ဂိုးသမား အန်ထော်နီ လိုပက်စ် ဖမ်းမိသွားခဲ့သလို သိပ်မကြာခင်မှာ လီယွန်ဘက်က လီဗာပူးလ်တောင်ပံသမားဟောင်း ရှာကျီရီက ဒွန်နာရမ်မာကို ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မက်ဆီကတော့ တော်တော်လေး လောကြီးနေခဲ့တာကို တွေ့ရပြီး ပွဲချိန် ၃၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ သူကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နေမာက အတွင်းကို ကန်မလိုပုံစံနဲ့ ချိုးဝင်သွားပြီးမှ နောက်ပေါက်နဲ့ ချန်ထားပေးခဲ့တာကို ဂိုးဧရိယာအတွင်းအထိ ဆွဲယူခွင့်ရခဲ့ပေမယ့် အဆုံးသတ်မှုကတော့ သူမဟုတ်သလိုဘဲ သာမန်ပုံစံကန်ချက်နဲ့ ဂိုးသမားကိုပဲ ထိသွားခဲ့ပြီး ထောင့်ကန်ဘောဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ လီယွန်ဂိုးရှေ့ရခဲ့တဲ့ ဖရီးကစ်ကနေ မက်ဆီ ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ကန်ချက်က ဘားထောင့်စွန်းကိုပဲ ထိထွက်သွားခဲ့ပြီး ကံခေခဲ့ရသလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့ပြီး ပီအက်စ်ဂျီတို့အနေနဲ့ အဆုံးသတ်ပိုင်းတွေမှာ တစ်သင်းလုံးအနေနဲ့ကို အားနည်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဧည့်သည် လီယွန်တို့ တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ တောင်ပံတိုက်စစ်မှူး တိုကို အီကမ်ဘီရဲ့ အမြော်အမြင်ရှိရှိ ပေးပို့လိုက်တဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဘရာဇီးလ်ကွင်းလယ်လူ လူးကပ်စ် ပါကေးတာက အနီးတိုင် ထောင့်ကျဉ်းထဲကို ပိတ်သွင်းယူပြီး ဂိုးသမား ဒွန်နာရမ်မာကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ကံကြမ္မာအတက်ဘက်ကို ရောက်လာခဲ့ပြီး ဂိုးဧရိယာထဲမှာ နေမာကို ဖိတွန်းပြီး ဘောလုံးလုယူဖို့ ကြိုးစားတဲ့ ၁၈ နှစ်သား နောက်ခံလူ ဂူစတိုအတွက် ကံဆိုးမှုနဲ့အတူ ချော်လဲခဲ့တာက ဘရာဇီးလ်သားကိုပါ တစ်ပါတည်း ဆွဲချသလိုဖြစ်ခဲ့လို့ ပင်နယ်တီအဖြစ် နာမည်ကြီးဒိုင် ကလေမွန် တာပင်က သတ်မှတ်ပေးခဲ့ပါတယ်။

ဒီပင်နယ်တီအတွက် လီယွန်တို့ စောဒကတက်ခဲ့ကြသလို လူစားလဲမှုတွေပါ ပြုလုပ်နေခဲ့လို့ ၃ မိနစ်ကြာအောင် ကန်ဖို့ စောင့်ဆိုင်းခဲ့ရပြီး ယူရို ၂၂၂ သန်းတန် ပြောင်းရွှေ့ကြေးရှင်က သူကိုယ်တိုင်ပဲ ကန်နေကျပုံစံအတိုင်း အချိန်ယူပြီးမှ ဂိုးသမားအလှုပ်ကို စောင့်ပြီး ညာဘက်ကို ကန်ထည့်သွားခဲ့လို့ ပီအက်စ်ဂျီတို့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဘေးကန်ချက်တွေနဲ့ ကွင်းထဲ လမ်းလျှောက်မှုတွေ ပိုများလာခဲ့တဲ့ အာဂျင်တီးနား GOAT ကို နည်းပြ ပိုချက်တီနိုက အနားပေးထားခဲ့တဲ့ ဟာကီမီနဲ့ လူစားပြောင်းလဲခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာတော့ သူနဲ့ မတည့်တဲ့ တိုက်စစ်မှူး အီကာဒီကိုလည်း ဂိုးရဖို့အတွက် တောင်ပံက ဒီမာရီယာအစား ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဟာရဲရားအစား ဗိုင်နယ်လ်ဒွမ် ဝင်ရောက်ကစားခဲ့ပြီး အနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်လာခဲ့သလို နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘယ်တောင်ပံကနေ အမ်ဘာပေ လှမ်းမ,ပေးတဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး အီကာဒီက လီယွန်နောက်ခံလူ ဒီနေယာနဲ့ အီမာဆန် ပယ်လ်မီယာရီတို့ကြားက ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့လို့ ပီအက်စ်ဂျီတို့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ လီဂူးဝမ်းမှာ ၅ ပွဲကစားပြီး ရာနှုန်းပြည့်အနိုင်မှတ်တမ်းကို ဆက်လက်ပိုင်ဆိုင်သွားခဲ့သလို မက်ဆီကတော့ အသင်းဖော်တွေကြောင့်လား နည်းပြကြောင့်လား သူကိုယ်တိုင်ကြောင့်လားတော့ မသိဘဲ လွယ်ကူတဲ့ အဆင့်အတန်းကြောင့် Farmer’s League လို့ ခေါ်နေကြတဲ့ ပြင်သစ်မြေက ပြိုင်ပွဲမှာ အသင်းအတွက် တစ်ဂိုးမှ မရနိုင်သေးဘဲဖြစ်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ လီဂူးဝမ္းရဲ႕ အဓိက ၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ လီယြန္ကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရၿပီး နည္းျပ ပိုခ်က္တီႏိုအေနနဲ႔ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ လူစာရင္းထဲ ထည့္ေပးရမယ့္ မက္ဆီကို ဒီေန႔မွာေတာ့ တိုက္စစ္မႉးေနာက္က နံပါတ္ ၁၀ အျဖစ္ သုံးစြဲခဲ့သလို အမ္ဘာေပကို အေထာင္ထားၿပီး ေနမာ၊ ဒီမာရီယာတို႔နဲ႔ တိုက္စစ္ကို ခင္းက်င္းလာခဲ့ပါတယ္။

ကြင္းလယ္မွာေတာ့ ယူ႐ိုခ်န္ပီယံ အီတလီအသင္းမွာ မိုးပ်ံေနေအာင္ ေကာင္းခဲ့တဲ့ ဗာရက္တီတစ္ေယာက္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနခ်ိန္မွာ အန္ဒါ ဟာရဲရားနဲ႔ ဂါနာ ေဂးယီကို သုံးစြဲခဲ့ရၿပီး ခံစစ္မွာ ဂိုးသမား ဒြန္နာရမ္မာ ပြဲဦးထြက္ခဲ့သလို ဟာကီမီကိုေတာ့ အနားေပးခဲ့ခ်ိန္မွာ လူသစ္ ႏူႏို မန္ဒက္စ္ကို ပြဲထြက္ကစားသမားအျဖစ္ ဘယ္ေနာက္ခံမွာ အသုံးျပဳလာခဲ့တာပါ။

လီယြန္တို႔အေနနဲ႔ ပီအက္စ္ဂ်ီကို ရွိန္မေနဘဲ အေဝးကြင္းမွာ ပြဲစကတည္းက ဖိကစားေနခဲ့သလို မၾကာခဏဆိုသလို ဂိုးေပါက္ၿခိမ္းေျခာက္ေနခဲ့ၿပီး မက္ဆီကေတာ့ ျပန္လွန္ရရွိခဲ့တဲ့ အခြင့္အေရးမွာ ဘယ္လ္ဂ်ီယမ္ခံစစ္မႉး ဒီေနယာရဲ႕ ဖ်က္ထုတ္ျခင္းခံခဲ့ရလို႔ သူ႔ရဲ႕ ပီအက္စ္ဂ်ီအတြက္ ပထမဆုံးသြင္းဂိုးနဲ႔ ေဝးကြာေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ လီယြန္ေနာက္တန္းၾကား ဆရာႀကီးလုပ္ျပေနခဲ့တဲ့ အမ္ဘာေပ ျပန္ခ်ေပးတာကို မက္ဆီ ကန္ေပမယ့္ ကန္ခ်က္က ေပ်ာ့ခဲ့လို႔ ဂိုးသမား အန္ေထာ္နီ လိုပက္စ္ ဖမ္းမိသြားခဲ့သလို သိပ္မၾကာခင္မွာ လီယြန္ဘက္က လီဗာပူးလ္ေတာင္ပံသမားေဟာင္း ရွာက်ီရီက ဒြန္နာရမ္မာကို ျပန္လည္ၿခိမ္းေျခာက္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မက္ဆီကေတာ့ ေတာ္ေတာ္ေလး ေလာႀကီးေနခဲ့တာကို ေတြ႕ရၿပီး ပြဲခ်ိန္ ၃၂ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန သူကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေနမာက အတြင္းကို ကန္မလိုပုံစံနဲ႔ ခ်ိဳးဝင္သြားၿပီးမွ ေနာက္ေပါက္နဲ႔ ခ်န္ထားေပးခဲ့တာကို ဂိုးဧရိယာအတြင္းအထိ ဆြဲယူခြင့္ရခဲ့ေပမယ့္ အဆုံးသတ္မႈကေတာ့ သူမဟုတ္သလိုဘဲ သာမန္ပုံစံကန္ခ်က္နဲ႔ ဂိုးသမားကိုပဲ ထိသြားခဲ့ၿပီး ေထာင့္ကန္ေဘာျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ လီယြန္ဂိုးေရွ႕ရခဲ့တဲ့ ဖရီးကစ္ကေန မက္ဆီ ဂိုးသြင္းႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ကန္ခ်က္က ဘားေထာင့္စြန္းကိုပဲ ထိထြက္သြားခဲ့ၿပီး ကံေခခဲ့ရသလို ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရျဖစ္ေနခဲ့ၿပီး ပီအက္စ္ဂ်ီတို႔အေနနဲ႔ အဆုံးသတ္ပိုင္းေတြမွာ တစ္သင္းလုံးအေနနဲ႔ကို အားနည္းေနခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ဧည့္သည္ လီယြန္တို႔ တန္ျပန္တိုက္စစ္ကေန ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေတာင္ပံတိုက္စစ္မႉး တိုကို အီကမ္ဘီရဲ႕ အေျမာ္အျမင္ရွိရွိ ေပးပို႔လိုက္တဲ့ အနိမ့္ေဘာ ျဖတ္တင္မႈကို ဘရာဇီးလ္ကြင္းလယ္လူ လူးကပ္စ္ ပါေကးတာက အနီးတိုင္ ေထာင့္က်ဥ္းထဲကို ပိတ္သြင္းယူၿပီး ဂိုးသမား ဒြန္နာရမ္မာကို အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ကံၾကမၼာအတက္ဘက္ကို ေရာက္လာခဲ့ၿပီး ဂိုးဧရိယာထဲမွာ ေနမာကို ဖိတြန္းၿပီး ေဘာလုံးလုယူဖို႔ ႀကိဳးစားတဲ့ ၁၈ ႏွစ္သား ေနာက္ခံလူ ဂူစတိုအတြက္ ကံဆိုးမႈနဲ႔အတူ ေခ်ာ္လဲခဲ့တာက ဘရာဇီးလ္သားကိုပါ တစ္ပါတည္း ဆြဲခ်သလိုျဖစ္ခဲ့လို႔ ပင္နယ္တီအျဖစ္ နာမည္ႀကီးဒိုင္ ကေလမြန္ တာပင္က သတ္မွတ္ေပးခဲ့ပါတယ္။

ဒီပင္နယ္တီအတြက္ လီယြန္တို႔ ေစာဒကတက္ခဲ့ၾကသလို လူစားလဲမႈေတြပါ ျပဳလုပ္ေနခဲ့လို႔ ၃ မိနစ္ၾကာေအာင္ ကန္ဖို႔ ေစာင့္ဆိုင္းခဲ့ရၿပီး ယူ႐ို ၂၂၂ သန္းတန္ ေျပာင္းေ႐ႊ႕ေၾကးရွင္က သူကိုယ္တိုင္ပဲ ကန္ေနက်ပုံစံအတိုင္း အခ်ိန္ယူၿပီးမွ ဂိုးသမားအလႈပ္ကို ေစာင့္ၿပီး ညာဘက္ကို ကန္ထည့္သြားခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ေဘးကန္ခ်က္ေတြနဲ႔ ကြင္းထဲ လမ္းေလွ်ာက္မႈေတြ ပိုမ်ားလာခဲ့တဲ့ အာဂ်င္တီးနား GOAT ကို နည္းျပ ပိုခ်က္တီႏိုက အနားေပးထားခဲ့တဲ့ ဟာကီမီနဲ႔ လူစားေျပာင္းလဲခဲ့ၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ သူနဲ႔ မတည့္တဲ့ တိုက္စစ္မႉး အီကာဒီကိုလည္း ဂိုးရဖို႔အတြက္ ေတာင္ပံက ဒီမာရီယာအစား ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဟာရဲရားအစား ဗိုင္နယ္လ္ဒြမ္ ဝင္ေရာက္ကစားခဲ့ၿပီး အႏိုင္ရဖို႔အတြက္ တိုက္စစ္ဖြင့္လာခဲ့သလို နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန အမ္ဘာေပ လွမ္းမ,ေပးတဲ့ ေဘာလုံးကို လူစားဝင္တိုက္စစ္မႉး အီကာဒီက လီယြန္ေနာက္ခံလူ ဒီေနယာနဲ႔ အီမာဆန္ ပယ္လ္မီယာရီတို႔ၾကားက ေျပးထြက္ၿပီး ေခါင္းတိုက္သြင္းယူခဲ့လို႔ ပီအက္စ္ဂ်ီတို႔ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ဒီပြဲေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ လီဂူးဝမ္းမွာ ၅ ပြဲကစားၿပီး ရာႏႈန္းျပည့္အႏိုင္မွတ္တမ္းကို ဆက္လက္ပိုင္ဆိုင္သြားခဲ့သလို မက္ဆီကေတာ့ အသင္းေဖာ္ေတြေၾကာင့္လား နည္းျပေၾကာင့္လား သူကိုယ္တိုင္ေၾကာင့္လားေတာ့ မသိဘဲ လြယ္ကူတဲ့ အဆင့္အတန္းေၾကာင့္ Farmer’s League လို႔ ေခၚေနၾကတဲ့ ျပင္သစ္ေျမက ၿပိဳင္ပြဲမွာ အသင္းအတြက္ တစ္ဂိုးမွ မရႏိုင္ေသးဘဲျဖစ္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.