Analysis Premier League

ပေပေကို ပွဲထွက်ဖို့ မတန်ဘူးလို့ ပြောနေကြသလို ဆာကာနဲ့ ဂါဘရီယယ်လ်တို့ ပေါက်ကွဲ

ပြီးခဲ့တဲ့ နော့ဝစ်ချ်နဲ့ပွဲမှာ တစ်ခါထိန်းရင် ခြောက်ပေလောက် ဘောလုံးလွင့်ထွက်သွားခဲ့သလို ဘန်လေနဲ့ပွဲမှာလည်း အသင်းအတွက် ပူးပေါင်း ကစားတဲ့ ပုံစံတွေက တလွဲဖြစ်နေခဲ့တဲ့ တောင်ပံကစားသမား နီကိုလာ ပေပေကို အာဆင်နယ်အသင်းဖော်တွေဖြစ်ကြတဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်နဲ့ ဘူကာယို ဆာကာတို့က ပေါက်ကွဲနေခဲ့ကြပါတယ်။

အသက် ၂၆ နှစ်အရွယ် အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ အာဆင်နယ်အသင်းအတွက် ဘယ်တုန်းကမှ မျှော်လင့်ထားတဲ့ အဆင့်အတန်းမျိုးကို ရောက်မလာခဲ့သေးသလို သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းကို အလဟဿဖြစ်သွားမှာစိုးလို့ နည်းပြတွေအနေနဲ့ ဝတ်ကျေတန်းကျေ သုံးစွဲနေရတဲ့ ပုံစံမျိုးလည်းဖြစ်နေပြီး အသင်းမှာ အချိုးမပြေဘဲ ထွက်သွားသူ ရာအူးလ် ဆန်ယီအီရဲ့ အရှုပ်အထွေးလည်းဖြစ်ခဲ့တာပါ။

နေမာကို ဆန်းတို့စ်က ခေါ်ယူစဉ်က ဘာစီလိုနာရဲ့ Under Table စာရင်းလိမ်တဲ့ လက်မဲကြီးစာရင်းမှာ ပါဝင်ခဲ့တဲ့ ဆန်ယီအီဟာ အာဆင်နယ်မှာလည်း ပေပေ အတွက် အမှန်တကယ် ပေးချေရတဲ့ ငွေကြေးကို ပိုပြောပြီး လိုင်လီနဲ့ ပေါင်းရိုက်သွားခဲ့တယ်လို့ သတင်းထွက်ခဲ့သလို ဒီပြောင်းရွှေ့ကြေးဟာ လုံးဝ မတန်ဘူးလို့ ယူဆသူတွေလည်း များနေခဲ့ပါတယ်။

လက်ရှိမှာတော့ ပေပေဟာ သူ့ရဲ့ ကောက်ရိုးမီး ကစားပုံအတွက် အဝေဖန်ခံနေခဲ့ရသလို ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာလည်း နေရာအသင့်ယူထားတဲ့ ဆာကာအတွက် ဂိုးသွင်းယူနိုင်ဖို့ ဖန်တီးပေးခဲ့တာဟာ နေရာထက် နောက်ကို ရောက်နေခဲ့လို့ အင်္ဂလန်လက်ရွေးစင်ရဲ့ အော်ဟစ်ပေါက်ကွဲခြင်းကို ခံခဲ့ရသလို ထူးထူးခြားခြား တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့တာပါ။

ဒါ့အပြင် အသင်းရဲ့ နောက်တန်းမှာ လက်ပတ်ဝတ်မထားတဲ့ ခေါင်းဆောင်လို့ ချီးကျူးခံနေရတဲ့ ဘရာဇီးလ်သား ဂါဘရီယယ်လ်အနေနဲ့လည်း တန်ပြန်တိုက်စစ်ဆင်ရာမှာ ပေပေရဲ့ ဘောလုံးပေးပို့မှု အမှားကျူးလွန်ခဲ့အပြီး အပျက်မှာ နောက်ကို ပြန်ပြေးမလိုက်ဘဲ ဆရာကြီးစတိုင်နဲ့ ရပ်နေခဲ့တာ အတွက်လည်း ပေါက်ကွဲနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပေပေရဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ခြင်း မရှိတဲ့ ခြေစွမ်းတွေကြောင့် အသင်းရလဒ်တွေနဲ့ ကစားပုံမှာပါ အဆိုး သက်ရောက်မှုတွေ ရှိနေခဲ့တာ မဟုတ်သလို သူ့ကို ညာတောင်ပံမှာ မဖြစ်မနေ နေရာပေးထားရတဲ့အတွက် ဒီနေရာမှာပဲ ခြေစွမ်းပြနိုင်ခဲ့တဲ့ အကယ်ဒမီထွက် ကစားသမား ဆာကာတစ်ယောက် ဘယ်ခြမ်းမှာ ခြေစွမ်းပျောက်ဆုံးသွားမယ့်အရေးနဲ့လည်း ရင်ဆိုင်နေခဲ့ရတာပါ။

ပရိသတ်တွေကတော့ အသင်းရဲ့ ကွင်းလယ်တိုက်စစ်မှာ စမစ်ရိုး၊ ဆာကာတို့ကို အော်ဒီဂွါဒ်နဲ့အတူ ယှဉ်တွဲကစားတာကို တွေ့မြင်လိုနေကြပြီး ဒါမှာလည်း တိုက်စစ်အထောင်မှာ အူဘာမီယန်းနဲ့ လာကာဇက်ကို ဘယ်သူပဲသုံးသုံး ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးနေပြီး လက်ရှိမှာ အသင်းဖော်တွေက အမြင်မကြည်တော့တဲ့ ပေပေကို အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ လာမယ့်ပွဲတွေမှာ ဘယ်လိုစီမံမလဲကတော့ လီနို-ရမ်းစ်ဒေးလ် ကိစ္စတုန်းကလိုပဲ စိတ်ဝင်စားစရာ ဖြစ်နေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ တစ္ခါထိန္းရင္ ေျခာက္ေပေလာက္ ေဘာလုံးလြင့္ထြက္သြားခဲ့သလို ဘန္ေလနဲ႔ပြဲမွာလည္း အသင္းအတြက္ ပူးေပါင္း ကစားတဲ့ ပုံစံေတြက တလြဲျဖစ္ေနခဲ့တဲ့ ေတာင္ပံကစားသမား နီကိုလာ ေပေပကို အာဆင္နယ္အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္နဲ႔ ဘူကာယို ဆာကာတို႔က ေပါက္ကြဲေနခဲ့ၾကပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ဟာ အာဆင္နယ္အသင္းအတြက္ ဘယ္တုန္းကမွ ေမွ်ာ္လင့္ထားတဲ့ အဆင့္အတန္းမ်ိဳးကို ေရာက္မလာခဲ့ေသးသလို သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၂ သန္းကို အလဟႆျဖစ္သြားမွာစိုးလို႔ နည္းျပေတြအေနနဲ႔ ဝတ္ေက်တန္းေက် သုံးစြဲေနရတဲ့ ပုံစံမ်ိဳးလည္းျဖစ္ေနၿပီး အသင္းမွာ အခ်ိဳးမေျပဘဲ ထြက္သြားသူ ရာအူးလ္ ဆန္ယီအီရဲ႕ အရႈပ္အေထြးလည္းျဖစ္ခဲ့တာပါ။

ေနမာကို ဆန္းတို႔စ္က ေခၚယူစဥ္က ဘာစီလိုနာရဲ႕ Under Table စာရင္းလိမ္တဲ့ လက္မဲႀကီးစာရင္းမွာ ပါဝင္ခဲ့တဲ့ ဆန္ယီအီဟာ အာဆင္နယ္မွာလည္း ေပေပ အတြက္ အမွန္တကယ္ ေပးေခ်ရတဲ့ ေငြေၾကးကို ပိုေျပာၿပီး လိုင္လီနဲ႔ ေပါင္း႐ိုက္သြားခဲ့တယ္လို႔ သတင္းထြက္ခဲ့သလို ဒီေျပာင္းေ႐ႊ႕ေၾကးဟာ လုံးဝ မတန္ဘူးလို႔ ယူဆသူေတြလည္း မ်ားေနခဲ့ပါတယ္။

လက္ရွိမွာေတာ့ ေပေပဟာ သူ႔ရဲ႕ ေကာက္႐ိုးမီး ကစားပုံအတြက္ အေဝဖန္ခံေနခဲ့ရသလို ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ပြဲမွာလည္း ေနရာအသင့္ယူထားတဲ့ ဆာကာအတြက္ ဂိုးသြင္းယူႏိုင္ဖို႔ ဖန္တီးေပးခဲ့တာဟာ ေနရာထက္ ေနာက္ကို ေရာက္ေနခဲ့လို႔ အဂၤလန္လက္ေ႐ြးစင္ရဲ႕ ေအာ္ဟစ္ေပါက္ကြဲျခင္းကို ခံခဲ့ရသလို ထူးထူးျခားျခား တိုက္စစ္မွာ ေျခစြမ္းျပႏိုင္ျခင္းမရွိခဲ့တာပါ။

ဒါ့အျပင္ အသင္းရဲ႕ ေနာက္တန္းမွာ လက္ပတ္ဝတ္မထားတဲ့ ေခါင္းေဆာင္လို႔ ခ်ီးက်ဴးခံေနရတဲ့ ဘရာဇီးလ္သား ဂါဘရီယယ္လ္အေနနဲ႔လည္း တန္ျပန္တိုက္စစ္ဆင္ရာမွာ ေပေပရဲ႕ ေဘာလုံးေပးပို႔မႈ အမွားက်ဴးလြန္ခဲ့အၿပီး အပ်က္မွာ ေနာက္ကို ျပန္ေျပးမလိုက္ဘဲ ဆရာႀကီးစတိုင္နဲ႔ ရပ္ေနခဲ့တာ အတြက္လည္း ေပါက္ကြဲေနခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ေပေပရဲ႕ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္ျခင္း မရွိတဲ့ ေျခစြမ္းေတြေၾကာင့္ အသင္းရလဒ္ေတြနဲ႔ ကစားပုံမွာပါ အဆိုး သက္ေရာက္မႈေတြ ရွိေနခဲ့တာ မဟုတ္သလို သူ႔ကို ညာေတာင္ပံမွာ မျဖစ္မေန ေနရာေပးထားရတဲ့အတြက္ ဒီေနရာမွာပဲ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အကယ္ဒမီထြက္ ကစားသမား ဆာကာတစ္ေယာက္ ဘယ္ျခမ္းမွာ ေျခစြမ္းေပ်ာက္ဆုံးသြားမယ့္အေရးနဲ႔လည္း ရင္ဆိုင္ေနခဲ့ရတာပါ။

ပရိသတ္ေတြကေတာ့ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္မွာ စမစ္႐ိုး၊ ဆာကာတို႔ကို ေအာ္ဒီဂြါဒ္နဲ႔အတူ ယွဥ္တြဲကစားတာကို ေတြ႕ျမင္လိုေနၾကၿပီး ဒါမွာလည္း တိုက္စစ္အေထာင္မွာ အူဘာမီယန္းနဲ႔ လာကာဇက္ကို ဘယ္သူပဲသုံးသုံး ဂိုးေတြ သြင္းယူႏိုင္လိမ့္မယ္လို႔ မွတ္ခ်က္ေပးေနၿပီး လက္ရွိမွာ အသင္းေဖာ္ေတြက အျမင္မၾကည္ေတာ့တဲ့ ေပေပကို အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ လာမယ့္ပြဲေတြမွာ ဘယ္လိုစီမံမလဲကေတာ့ လီႏို-ရမ္းစ္ေဒးလ္ ကိစၥတုန္းကလိုပဲ စိတ္ဝင္စားစရာ ျဖစ္ေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.