Bundesliga Premier League

လာမယ့္ရာသီအတြက္ တီမို ဗာနာကို လီဗာပူးလ္ ေခၚယူေတာ့မွာလား…

လီဗာပူးလ္အသင္းက ေႏြရာသီမွာ RB လိုက္ပ္ဇစ္အသင္းတိုက္စစ္မွဴး တီမို ဗာနာကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဗာနာကို ေခၚယူမယ္ဆိုရင္ သူတို႔ရဲ႕ အျခားပစ္မွတ္ေတြျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳ၊ ခိုင္ ဟာဗတ္ဇ္တို႔ထက္ ကုန္က်စရိတ္သက္သာမွာလည္းျဖစ္ပါတယ္။

ဗာနာဟာ ဒီရာသီမွာ ၂၉ ပြဲ ကစား ၂၅ ဂိုး သြင္းယူထားၿပီး ဂ်ာမန္ ဘြန္ဒက္စ္လီဂါဖလားကို ခ်န္ပီယံဆုအတြက္ RB လိုက္ပ္ဇစ္ရဲ႕ ဘုိင္ယန္ျမဴးနစ္နဲ႔ အၿပဳိင္ စိန္ေခၚမွဳမွာ အဓိကက်သူတစ္ဦးလည္းျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအပါအ၀င္ ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္၀င္တစား ေစာင့္ၾကည့္ျခင္းကို ခံေနရသူလည္း ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာလည္း ေနာက္ႏွစ္ရာသီ ဇန္န၀ါရီလနဲ႔ ေဖေဖာ္၀ါရီလတို႔မွာ က်င္းပမယ့္ အာဖရိကဖလားေၾကာင့္ သူတို႔ရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယိုမာေနးတို႔ဟာ ႏိုင္ငံအသင္းမွာသြားကစားေပးရမွာ ျဖစ္တာေၾကာင့္ ​၆ပတ္ေလာက္ လက္လႊတ္ရဖြယ္ ရွိေနလို႔ တိုက္စစ္အင္အားကို ပြဲက်ပ္ကာလမွာ ထိခိုက္ေစမွာျဖစ္ပါတယ္။

နည္းျပႀကီး ယာဂန္ကေလာ့ပ္ကလည္း လိုအပ္လာမယ့္ တိုက္စစ္ပိုင္းအတြက္ ဗာနာကို ပစ္မွတ္ထားလာခဲ့ၿပီး အသက္ ၂၃ ႏွစ္အရြယ္ ဂ်ာမန္တိုက္စစ္မွဴးရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကေတာ့ ေပါင္ ၅၁သန္း(ယူ႐ုိ သန္း ၆၀)ကုန္က်မွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ အျခားပစ္မွတ္ေတြျဖစ္တဲ့ ေလဗာကူဆင္အသင္းက ဟာဗတ္ဇ္၊ ေဒါ့မြန္အသင္းက ေဂ်ဒန္ ဆန္ခ်ိဳတို႔ကေတာ့ ေပါင္သန္း ၁၀၀ ထက္ ပိုမိုကုန္က်ႏိုင္တဲ့အတြက္ ၀ါနာကို ေခၚယူျခင္းကသာ စီးပြားေရးအရ ပိုမိုတြက္ေခ်ကိုက္ႏိုင္တာ ျဖစ္ပါတယ္။ ၀ါနာကလည္း ခ်န္ပီယံလိဂ္ရဖို႔ ေရပန္းစားေနတဲ့ အသင္းတစ္သင္းက ကမ္းလွမ္းလာရင္ ျငင္းဆန္ရခက္ခဲမယ္လို႔ ေျပာဆိုထားတာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းက နွေရာသီမှာ RB လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး တီမို ဗာနာကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဗာနာကို ခေါ်ယူမယ်ဆိုရင် သူတို့ရဲ့ အခြားပစ်မှတ်တွေဖြစ်တဲ့ ဂျေဒန် ဆန်ချို၊ ခိုင် ဟာဗတ်ဇ်တို့ထက် ကုန်ကျစရိတ်သက်သာမှာလည်းဖြစ်ပါတယ်။

ဗာနာဟာ ဒီရာသီမှာ ၂၉ ပွဲ ကစား ၂၅ ဂိုး သွင်းယူထားပြီး ဂျာမန် ဘွန်ဒက်စ်လီဂါဖလားကို ချန်ပီယံဆုအတွက် RB လိုက်ပ်ဇစ်ရဲ့ ဘိုင်ယန်မြူးနစ်နဲ့ အပြိုင် စိန်ခေါ်မှုမှာ အဓိကကျသူတစ်ဦးလည်းဖြစ်နေပါတယ်။ ဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအပါအဝင် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာလည်း နောက်နှစ်ရာသီ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတို့မှာ ကျင်းပမယ့် အာဖရိကဖလားကြောင့် သူတို့ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ဆာဒီယိုမာနေးတို့ဟာ နိုင်ငံအသင်းမှာသွားကစားပေးရမှာ ဖြစ်တာကြောင့် ၆ပတ်လောက် လက်လွှတ်ရဖွယ် ရှိနေလို့ တိုက်စစ်အင်အားကို ပွဲကျပ်ကာလမှာ ထိခိုက်စေမှာဖြစ်ပါတယ်။

နည်းပြကြီး ယာဂန်ကလော့ပ်ကလည်း လိုအပ်လာမယ့် တိုက်စစ်ပိုင်းအတွက် ဗာနာကို ပစ်မှတ်ထားလာခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် ၅၁သန်း(ယူရို သန်း ၆၀)ကုန်ကျမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အခြားပစ်မှတ်တွေဖြစ်တဲ့ လေဗာကူဆင်အသင်းက ဟာဗတ်ဇ်၊ ဒေါ့မွန်အသင်းက ဂျေဒန် ဆန်ချိုတို့ကတော့ ပေါင်သန်း ၁၀၀ ထက် ပိုမိုကုန်ကျနိုင်တဲ့အတွက် ဝါနာကို ခေါ်ယူခြင်းကသာ စီးပွားရေးအရ ပိုမိုတွက်ချေကိုက်နိုင်တာ ဖြစ်ပါတယ်။ ဝါနာကလည်း ချန်ပီယံလိဂ်ရဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်းက ကမ်းလှမ်းလာရင် ငြင်းဆန်ရခက်ခဲမယ်လို့ ပြောဆိုထားတာကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.