Match Report Premier League

၆ ဂိုးလောက်နဲ့ နိုင်ချင်ပေမယ့် လိုရစ်ကောင်းနေလို့ အပြည့်အဝ မကျေနပ်ခဲ့ရတဲ့ ချဲလ်ဆီး

လန်ဒန်ဒါဘီအဖြစ် ယှဉ်ပြိုင်ခဲ့ကြတဲ့ တော့တင်ဟမ်ဟော့စပါးစ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်တွေအနေနဲ့ ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝခြင်းနဲ့အတူ ဧည့်သည်တွေကို လက်မြှောက်အရှုံးပေးခဲ့ရပြီး တကယ်တမ်းမှာ ၆ ဂိုးလောက်ပြတ်သွားနိုင်တဲ့ အနေအထားကို ဂိုးသမား ဟူဂို လိုရစ် ကယ်တင်သွားခဲ့လို့သာ ပွဲက ကြည့်ကောင်းမှုရဲ့ ဟိုတစ်ဖက်ဆီကို ရောက်မသွားခဲ့ရတာလည်းဖြစ်ပါတယ်။

ကွန်တေကို မသုံးခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ ကိုဗာချစ်နဲ့ ဂျော်ဂျင်ညိုကိုပဲ ကွင်းလယ်မှာ ဆက်သုံးခဲ့ပြီး ရူဒီဂါ၊ သီယာဂို ဆေးလ်ဗား၊ ခရစ္စတင်ဆန်၊ အလွန်ဆိုနဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာတို့ရဲ့ ခိုင်မာတဲ့ ခံစစ်အတွဲအဖက်နဲ့ တိုက်စစ်မှာတော့ လူကာကူးကို ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့ပဲ ပံ့ပိုးပြီး ကစားဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။

စပါးစ်ကတော့ ဒဏ်ရာရ ဆွန်ဟောင်မင်နဲ့ အဲရစ် ဒိုင်ယာတို့ ပြန်လာနိုင်ခဲ့ကြပြီး တန်ဂန်ဂါ ပွဲပယ်ထိထားချိန်မှာ ဒေဗင်ဆင် ဆန်ချက်ဇ်ကိုတော့ အရန်ခုံမှာ ထားခဲ့သလို ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်ကို အန်ဒွမ်ဘီလီနဲ့ အားဖြည့်ခဲ့ပြီး တိုက်စစ်မှာတော့ ဟာရီကိန်းကို အထောင်ထားပြီး လိုဆဲလ်ဆိုလည်း ပြန်ကစားလာနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပွဲစစချင်းမှာ ဟာဗတ်ဇ်ကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီရဖို့ အခွင့်အရေးပေါ်ခဲ့ပေမယ့် လူကာကူး ကျွံနေလို့ခဲ့ ပျက်ပြယ်ခဲ့ရသလို သိပ်မကြာခင်မှာတော့ ဟာရီကိန်းရဲ့ လွတ်သွားရင် ဂိုးရနိုင်တဲ့ အခွင့်အရေးမျိုးကို ခရစ္စတင်ဆန်က လုံးဝ ဈေးဆစ်မခံဘဲ တားဆီးသွားခဲ့ပြီး မေဆန်မောင့်ကတော့ သူ့ရဲ့ Final Pass ဘောလုံးအခင်းအကျင်းတွေမှာ ပြေးလမ်းကြောင်းထဲ ထည့်မပေးနိုင်ဘဲ စောင့်ယူပေးနေရပြီး အစကနေ ပြန်လေ့ကျင့်ရမလိုဖြစ်နေခဲ့ပါတယ်။

စပါးစ်ကွင်းလယ်ရဲ့ ဘောလုံးထိန်းချုပ်နိုင်စွမ်းမရှိတာကတော့ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့တောင် ဂိုးသွင်းဖို့ ခံစစ်ကနေ တက်လာခဲ့ကြတဲ့အထိ သိသာနေခဲ့ပြီး ချဲလ်ဆီးဂိုးသမား ကီပါကတော့ နည်းပြ သောမတ်စ် တူဟယ်လ်လက်ထက်မှာ သူ့ကို မယုံကြည်ရတဲ့နေ့တွေ ကုန်လွန်ခဲ့ပြီဆိုတာကို ဆွန်ဟောင်မင် ခြေထောက်ထဲက ဝင်လုဖမ်းပြီး အစမ်းသပ်ခံပြသနေခဲ့တာပါ။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး ပွဲပြန်လည်စတင်ချိန်မှာ နည်းပြ တူဟယ်လ်အနေနဲ့ ကွင်းလယ်မှာ ခြေစွမ်းကျနေတဲ့ မောင့်အစား ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ အန်ဂိုလို ကွန်တေကို ထည့်သွင်းသွားခဲ့သလို ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ချောမွေ့မှုနဲ့ တိုက်စစ်ဆင်မှုတွေက သိသိသာသာကို ထိုးတက်လာခဲ့ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာ သီယာဂို ဆေးလ်ဗားရဲ့ ကောင်းမွန်တဲ့ ပေးပို့မှုကို ဘယ်ခြမ်းက အလွန်ဆိုက ထောင့်ကျဉ်းအနေအထားကနေ မနားတမ်းကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် စပါးစ်ဂိုးသမား လိုရစ် ထောင့်ပိတ်ကာကွယ်သွားနိုင်ခဲ့လို့ တစ်ဂိုးနစ်နာခဲ့ရပေမယ့် ချဲလ်ဆီးတို့အနေနဲ့ ကစားကွက်ရဲ့ ထက်မြက်မှုကို စတင်ပြသလာနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ စပိန်သားကြီး အလွန်ဆိုရဲ့ ထောင့်ကန်ဘောကို သီယာဂို ဆေးလ်ဗားက သူ့ကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့တဲ့ စပါးစ်ကွင်းလယ်လူ ဒယ်လီ အလီရှေ့ကနေ ပြေးဝင်ခေါင်းတိုက်သွားခဲ့ရာမှာ ဂိုးသမား လိုရစ်ရဲ့ ဘယ်ဘက်အောက်ထောင့်ကို ဝင်သွားခဲ့တာကြောင့် ပြင်သစ်ကပ္ပတိန် ဘာမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရသလို ချဲလ်ဆီးတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဟာဗတ်ဇ်ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ဘောက ဂိုးရှေ့မှာ ဘယ်သူမှ မရယူနိုင်ဘဲ တစ်ဖက်ကို ရောက်လာခဲ့တာကို ညာခြမ်းက အက်ဇ်ပီလီကွေတာရဲ့ ပြန်ချိုးပေးမှုကို အလွန်ဆို ပိတ်သွင်းခဲ့ပေမယ့် နောက်ခံလူ အဲရစ် ဒိုင်ယာက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ တစ်ဂိုးနစ်နာခဲ့ရသလို ထောင့်ကန်ဘောကနေ ရူဒီဂါရဲ့ ခေါင်းတိုက်ခွင့်ကိုလည်း ဂိုးသမား လိုရစ် ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းက လိုဆဲလ်ဆိုရဲ့ ခြေထဲက ဘောလုံးကို လုယူနိုင်ခဲ့တဲ့ ကိုဗာချစ်က ပြန်ပေးခဲ့တာကို လူစားဝင်ကွင်းလယ်လူ ကွန်တေက အဝေးကနေ ကန်သွင်းခဲ့ရာမှာ စပါးစ်ခံစစ်က ကြိုးစားပိတ်ဆို့နေခဲ့တဲ့ ဒိုင်ယာနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိြဖစ်နေခဲ့ပါတယ်။

စပါးစ်တို့အနေနဲ့ အန်ဒွမ်ဘီလီနဲ့ လိုဆဲလ်ဆိုတို့နေရာမှာ စကစ်ပ်နဲ့ ဘရိုင်ယန် ဟေးလ်တို့ကို လဲကစားခဲ့ပေမယ့် သိပ်တော့ ထူးခြားလာခြင်း မရှိခဲ့ဘဲ ချဲလ်ဆီးတို့အနေနဲ့ ကွင်းလယ်ကနေ အကွက်ကျကျ ပိတ်ဆို့သွားနိုင်ခဲ့သလို ဟာရီကိန်းရဲ့ တိကျတဲ့ အဝေးကန်ချက်ကိုလည်း ကီပါက အမှားအယွင်းမရှိ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ လူကာကူးနဲ့ ကစားပေါက်ချင်း ထပ်နေတဲ့ ဟာဗတ်ဇ်အစား တီမို ဗာနာ လူစားဝင်လာခဲ့ရာမှာ ချဲလ်ဆီးတိုက်စစ်က ပိုလှုပ်လာခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ အလွန်ဆိုရဲ့ ထောင့်ကန်ဘောကနေ သီယာဂို ဆေးလ်ဗားက နောက်ပြန်ခေါင်းတိုက်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တာကိုလည်း စပါးစ်ကပ္ပတိန် လိုရစ်က ပုတ်ထုတ်သွားနိုင်ခဲ့လို့ နောက်ထပ်တစ်ဂိုးရနိုင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ လူကာကူးပေးတာကို ဗာနာ ထိန်းသိမ်းပုံ မကောင်းခဲ့လို့ အခွင့်အရေး ဆုံးရှုံးခဲ့ရသလို ၈၁ မိနစ်မှာတော့ ကွန်တေ ပေးတာကနေ ဗာနာပဲ အနီးကပ်ကန်ခဲ့ရတာကို လိုရစ် ကာကွယ်သွားခဲ့ပြီး ထွက်လာတာကို အလွန်ဆိုရဲ့ ထပ်မံကြိုးစားမှုကို အီမာဆန် ရွိုင်ရယ် ပိတ်ဆို့နိုင်ခဲ့သလို အက်ဇ်ပီလီကွေတာရဲ့ ညာခြမ်းက ထပ်ပြီး ခေါင်းတိုက်ခဲ့တာကိုလည်း ဗာနာ ကန်ခွင့်မရခင် လိုရစ်က ထပ်ပြီးပုတ်ထုတ်သွားခဲ့တာပါ။

ဒီနေ့ပွဲမှာ စပါးစ်ဂိုးသမား လိုရစ်ကတော့ ချဲလ်ဆီးရဲ့ ဂိုးရနိုင်ခွင့် ၆ ကြိမ်ကို တားဆီးသွားခဲ့ပြီး ပရိသတ်တွေကို မချင့်မရဲဖြစ်စေခဲ့သလို ပွဲချိန် ၈၆ မိနစ်မှာလည်း ဘယ်ခြမ်းက ရူဒီဂါ ဖြတ်တင်ပေးလိုက်တာကနေ လူကာကူးရဲ့ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ချက်ကိုလည်း အမိဖမ်းယူသွားခဲ့ပြီး နောက်ထပ် ကိုဗာချစ်ရဲ့ ထောင့်ကျဉ်းကန်ချက်ကိုလည်း တည်တည်ငြိမ်ငြိမ် ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အလွန်ဆိုရဲ့ ထောင့်ကန်ဘော ရှင်းထုတ်ခံရတာကနေ အက်ဇ်ပီလီကွေတာက ညာခြမ်းမှာ ရှိနေတဲ့ ဗာနာကို ပေးခဲ့ရာမှာ ဂျာမန်တိုက်စစ်မှူးက ကန်သွင်းမယ့်ပုံစံနဲ့ ဆွဲပြေးပြီးမှ နောက်ကို Cut Back လုပ်ပေးခဲ့ရာမှာ ဂိုးစည်းနားမှာ နေရာယူထားရာကနေ ပါးပါးနပ်နပ်နဲ့ နောက်ကို ပြန်ပြေးခဲ့တဲ့ ရူဒီဂါက ကန်သွင်းနိုင်ခဲ့လို့ ကွန်တေရဲ့ ဂိုးနောက်ပိုင်း အစွမ်းပြနေခဲ့တဲ့ လိုရစ်တို့အုပ်စု အငိုက်မိခဲ့ပြီး တတိယဂိုး ခွင့်ပြုခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ လန်ဒန်ဒါဘီကို သုံးဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ကြပြီး လီဗာပူးလ်နဲ့ သွင်းဂိုး၊ ပေးဂိုး တူညီနေချိန်မှာ နာမည်နဲ့စားပြီး အဆင့် ၁ မှာ ရပ်တည်နိုင်ခဲ့ကြပါတယ်။ လူကာကူးရဲ့ ဒီနေ့ ဂိုးပေါက်ပျောက်ဆုံးခဲ့မှုကတော့ တူဟယ်လ်အလေးထားရမယ့် စဉ်းစားရမယ့်ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ပြီး သူ့ရဲ့ ကစားပေါက်ကို မဖျက်ဘဲ ဖန်တီးပေးနိုင်မယ့် တီမို ဗာနာလို ကစားသမားမျိုးက ဟာဗတ်ဇ်၊ မောင့်တို့ထက် ပိုမိုသင့်တော်နိုင်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လန္ဒန္ဒါဘီအျဖစ္ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ ပြဲစဥ္မွာေတာ့ အိမ္ရွင္ေတြအေနနဲ႔ ကစားသမားေတြ ႀကံ့ခိုင္မႈ မျပည့္ဝျခင္းနဲ႔အတူ ဧည့္သည္ေတြကို လက္ေျမႇာက္အရႈံးေပးခဲ့ရၿပီး တကယ္တမ္းမွာ ၆ ဂိုးေလာက္ျပတ္သြားႏိုင္တဲ့ အေနအထားကို ဂိုးသမား ဟူဂို လိုရစ္ ကယ္တင္သြားခဲ့လို႔သာ ပြဲက ၾကည့္ေကာင္းမႈရဲ႕ ဟိုတစ္ဖက္ဆီကို ေရာက္မသြားခဲ့ရတာလည္းျဖစ္ပါတယ္။

ကြန္ေတကို မသုံးခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ကိုဗာခ်စ္နဲ႔ ေဂ်ာ္ဂ်င္ညိဳကိုပဲ ကြင္းလယ္မွာ ဆက္သုံးခဲ့ၿပီး ႐ူဒီဂါ၊ သီယာဂို ေဆးလ္ဗား၊ ခရစၥတင္ဆန္၊ အလြန္ဆိုနဲ႔ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာတို႔ရဲ႕ ခိုင္မာတဲ့ ခံစစ္အတြဲအဖက္နဲ႔ တိုက္စစ္မွာေတာ့ လူကာကူးကို ဟာဗတ္ဇ္နဲ႔ ေမဆန္ေမာင့္တို႔ပဲ ပံ့ပိုးၿပီး ကစားဖို႔ ျပင္ဆင္လာခဲ့ၾကပါတယ္။

စပါးစ္ကေတာ့ ဒဏ္ရာရ ဆြန္ေဟာင္မင္နဲ႔ အဲရစ္ ဒိုင္ယာတို႔ ျပန္လာႏိုင္ခဲ့ၾကၿပီး တန္ဂန္ဂါ ပြဲပယ္ထိထားခ်ိန္မွာ ေဒဗင္ဆင္ ဆန္ခ်က္ဇ္ကိုေတာ့ အရန္ခုံမွာ ထားခဲ့သလို ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္ကို အန္ဒြမ္ဘီလီနဲ႔ အားျဖည့္ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟာရီကိန္းကို အေထာင္ထားၿပီး လိုဆဲလ္ဆိုလည္း ျပန္ကစားလာႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပြဲစစခ်င္းမွာ ဟာဗတ္ဇ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ ပင္နယ္တီရဖို႔ အခြင့္အေရးေပၚခဲ့ေပမယ့္ လူကာကူး ကြၽံေနလို႔ခဲ့ ပ်က္ျပယ္ခဲ့ရသလို သိပ္မၾကာခင္မွာေတာ့ ဟာရီကိန္းရဲ႕ လြတ္သြားရင္ ဂိုးရႏိုင္တဲ့ အခြင့္အေရးမ်ိဳးကို ခရစၥတင္ဆန္က လုံးဝ ေဈးဆစ္မခံဘဲ တားဆီးသြားခဲ့ၿပီး ေမဆန္ေမာင့္ကေတာ့ သူ႔ရဲ႕ Final Pass ေဘာလုံးအခင္းအက်င္းေတြမွာ ေျပးလမ္းေၾကာင္းထဲ ထည့္မေပးႏိုင္ဘဲ ေစာင့္ယူေပးေနရၿပီး အစကေန ျပန္ေလ့က်င့္ရမလိုျဖစ္ေနခဲ့ပါတယ္။

စပါးစ္ကြင္းလယ္ရဲ႕ ေဘာလုံးထိန္းခ်ဳပ္ႏိုင္စြမ္းမရွိတာကေတာ့ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ေတာင္ ဂိုးသြင္းဖို႔ ခံစစ္ကေန တက္လာခဲ့ၾကတဲ့အထိ သိသာေနခဲ့ၿပီး ခ်ဲလ္ဆီးဂိုးသမား ကီပါကေတာ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္လက္ထက္မွာ သူ႔ကို မယုံၾကည္ရတဲ့ေန႔ေတြ ကုန္လြန္ခဲ့ၿပီဆိုတာကို ဆြန္ေဟာင္မင္ ေျခေထာက္ထဲက ဝင္လုဖမ္းၿပီး အစမ္းသပ္ခံျပသေနခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၿပီး ပြဲျပန္လည္စတင္ခ်ိန္မွာ နည္းျပ တူဟယ္လ္အေနနဲ႔ ကြင္းလယ္မွာ ေျခစြမ္းက်ေနတဲ့ ေမာင့္အစား ဒဏ္ရာကေန ျပန္လည္သက္သာလာတဲ့ အန္ဂိုလို ကြန္ေတကို ထည့္သြင္းသြားခဲ့သလို ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ေခ်ာေမြ႕မႈနဲ႔ တိုက္စစ္ဆင္မႈေတြက သိသိသာသာကို ထိုးတက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၄၇ မိနစ္မွာ သီယာဂို ေဆးလ္ဗားရဲ႕ ေကာင္းမြန္တဲ့ ေပးပို႔မႈကို ဘယ္ျခမ္းက အလြန္ဆိုက ေထာင့္က်ဥ္းအေနအထားကေန မနားတမ္းကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ စပါးစ္ဂိုးသမား လိုရစ္ ေထာင့္ပိတ္ကာကြယ္သြားႏိုင္ခဲ့လို႔ တစ္ဂိုးနစ္နာခဲ့ရေပမယ့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ကစားကြက္ရဲ႕ ထက္ျမက္မႈကို စတင္ျပသလာႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ေျခစြမ္းျပေနတဲ့ စပိန္သားႀကီး အလြန္ဆိုရဲ႕ ေထာင့္ကန္ေဘာကို သီယာဂို ေဆးလ္ဗားက သူ႔ကို ပိတ္ဆို႔ဖို႔ ႀကိဳးစားခဲ့တဲ့ စပါးစ္ကြင္းလယ္လူ ဒယ္လီ အလီေရွ႕ကေန ေျပးဝင္ေခါင္းတိုက္သြားခဲ့ရာမွာ ဂိုးသမား လိုရစ္ရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ကို ဝင္သြားခဲ့တာေၾကာင့္ ျပင္သစ္ကပၸတိန္ ဘာမွ မတတ္ႏိုင္ဘဲ ခြင့္ျပဳခဲ့ရသလို ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဟာဗတ္ဇ္ရဲ႕ ဘယ္ျခမ္းက ျဖတ္တင္ေဘာက ဂိုးေရွ႕မွာ ဘယ္သူမွ မရယူႏိုင္ဘဲ တစ္ဖက္ကို ေရာက္လာခဲ့တာကို ညာျခမ္းက အက္ဇ္ပီလီေကြတာရဲ႕ ျပန္ခ်ိဳးေပးမႈကို အလြန္ဆို ပိတ္သြင္းခဲ့ေပမယ့္ ေနာက္ခံလူ အဲရစ္ ဒိုင္ယာက ဂိုးစည္းေပၚကေန ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ တစ္ဂိုးနစ္နာခဲ့ရသလို ေထာင့္ကန္ေဘာကေန ႐ူဒီဂါရဲ႕ ေခါင္းတိုက္ခြင့္ကိုလည္း ဂိုးသမား လိုရစ္ ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒုတိယဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းက လိုဆဲလ္ဆိုရဲ႕ ေျခထဲက ေဘာလုံးကို လုယူႏိုင္ခဲ့တဲ့ ကိုဗာခ်စ္က ျပန္ေပးခဲ့တာကို လူစားဝင္ကြင္းလယ္လူ ကြန္ေတက အေဝးကေန ကန္သြင္းခဲ့ရာမွာ စပါးစ္ခံစစ္က ႀကိဳးစားပိတ္ဆို႔ေနခဲ့တဲ့ ဒိုင္ယာနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

စပါးစ္တို႔အေနနဲ႔ အန္ဒြမ္ဘီလီနဲ႔ လိုဆဲလ္ဆိုတို႔ေနရာမွာ စကစ္ပ္နဲ႔ ဘ႐ိုင္ယန္ ေဟးလ္တို႔ကို လဲကစားခဲ့ေပမယ့္ သိပ္ေတာ့ ထူးျခားလာျခင္း မရွိခဲ့ဘဲ ခ်ဲလ္ဆီးတို႔အေနနဲ႔ ကြင္းလယ္ကေန အကြက္က်က် ပိတ္ဆို႔သြားႏိုင္ခဲ့သလို ဟာရီကိန္းရဲ႕ တိက်တဲ့ အေဝးကန္ခ်က္ကိုလည္း ကီပါက အမွားအယြင္းမရွိ ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ လူကာကူးနဲ႔ ကစားေပါက္ခ်င္း ထပ္ေနတဲ့ ဟာဗတ္ဇ္အစား တီမို ဗာနာ လူစားဝင္လာခဲ့ရာမွာ ခ်ဲလ္ဆီးတိုက္စစ္က ပိုလႈပ္လာခဲ့ၿပီး ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ အလြန္ဆိုရဲ႕ ေထာင့္ကန္ေဘာကေန သီယာဂို ေဆးလ္ဗားက ေနာက္ျပန္ေခါင္းတိုက္ၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့တာကိုလည္း စပါးစ္ကပၸတိန္ လိုရစ္က ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ေနာက္ထပ္တစ္ဂိုးရႏိုင္ခြင့္ ဆုံးရႈံးခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လူကာကူးေပးတာကို ဗာနာ ထိန္းသိမ္းပုံ မေကာင္းခဲ့လို႔ အခြင့္အေရး ဆုံးရႈံးခဲ့ရသလို ၈၁ မိနစ္မွာေတာ့ ကြန္ေတ ေပးတာကေန ဗာနာပဲ အနီးကပ္ကန္ခဲ့ရတာကို လိုရစ္ ကာကြယ္သြားခဲ့ၿပီး ထြက္လာတာကို အလြန္ဆိုရဲ႕ ထပ္မံႀကိဳးစားမႈကို အီမာဆန္ ႐ြိဳင္ရယ္ ပိတ္ဆို႔ႏိုင္ခဲ့သလို အက္ဇ္ပီလီေကြတာရဲ႕ ညာျခမ္းက ထပ္ၿပီး ေခါင္းတိုက္ခဲ့တာကိုလည္း ဗာနာ ကန္ခြင့္မရခင္ လိုရစ္က ထပ္ၿပီးပုတ္ထုတ္သြားခဲ့တာပါ။

ဒီေန႔ပြဲမွာ စပါးစ္ဂိုးသမား လိုရစ္ကေတာ့ ခ်ဲလ္ဆီးရဲ႕ ဂိုးရႏိုင္ခြင့္ ၆ ႀကိမ္ကို တားဆီးသြားခဲ့ၿပီး ပရိသတ္ေတြကို မခ်င့္မရဲျဖစ္ေစခဲ့သလို ပြဲခ်ိန္ ၈၆ မိနစ္မွာလည္း ဘယ္ျခမ္းက ႐ူဒီဂါ ျဖတ္တင္ေပးလိုက္တာကေန လူကာကူးရဲ႕ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခ်က္ကိုလည္း အမိဖမ္းယူသြားခဲ့ၿပီး ေနာက္ထပ္ ကိုဗာခ်စ္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကိုလည္း တည္တည္ၿငိမ္ၿငိမ္ ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အလြန္ဆိုရဲ႕ ေထာင့္ကန္ေဘာ ရွင္းထုတ္ခံရတာကေန အက္ဇ္ပီလီေကြတာက ညာျခမ္းမွာ ရွိေနတဲ့ ဗာနာကို ေပးခဲ့ရာမွာ ဂ်ာမန္တိုက္စစ္မႉးက ကန္သြင္းမယ့္ပုံစံနဲ႔ ဆြဲေျပးၿပီးမွ ေနာက္ကို Cut Back လုပ္ေပးခဲ့ရာမွာ ဂိုးစည္းနားမွာ ေနရာယူထားရာကေန ပါးပါးနပ္နပ္နဲ႔ ေနာက္ကို ျပန္ေျပးခဲ့တဲ့ ႐ူဒီဂါက ကန္သြင္းႏိုင္ခဲ့လို႔ ကြန္ေတရဲ႕ ဂိုးေနာက္ပိုင္း အစြမ္းျပေနခဲ့တဲ့ လိုရစ္တို႔အုပ္စု အငိုက္မိခဲ့ၿပီး တတိယဂိုး ခြင့္ျပဳခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ လန္ဒန္ဒါဘီကို သုံးဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး လီဗာပူးလ္နဲ႔ သြင္းဂိုး၊ ေပးဂိုး တူညီေနခ်ိန္မွာ နာမည္နဲ႔စားၿပီး အဆင့္ ၁ မွာ ရပ္တည္ႏိုင္ခဲ့ၾကပါတယ္။ လူကာကူးရဲ႕ ဒီေန႔ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့မႈကေတာ့ တူဟယ္လ္အေလးထားရမယ့္ စဥ္းစားရမယ့္ပုစာၦတစ္ပုဒ္ျဖစ္ခဲ့ၿပီး သူ႔ရဲ႕ ကစားေပါက္ကို မဖ်က္ဘဲ ဖန္တီးေပးႏိုင္မယ့္ တီမို ဗာနာလို ကစားသမားမ်ိဳးက ဟာဗတ္ဇ္၊ ေမာင့္တို႔ထက္ ပိုမိုသင့္ေတာ္ႏိုင္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.