Match Report Premier League

ဒိုက်ဗင်တွေ အလုပ်မဖြစ်ပေမယ့် ဒဟေးယားနဲ့လင်ဂတ်တို့ကျေးဇူးနဲ့ အနိုင်ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲမှာ သူတို့ရဲ့ ကစားသမားသစ် ဆန်ချိုကို ချန်လှပ်ထားခဲ့ပြီး ပေါ့ဘာကိုတော့ ဘယ်တောင်ပံမှာ ပြန်လည်သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ ဖရက်ဒ်နဲ့ မက်တော်မီနေးကို တွဲဖက်ပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ ရော်နယ်လ်ဒို၊ ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

နှစ်ဝါတစ်နီထိထားတဲ့ တိုက်စစ်မှူး အန်တိုနီယို မပါနိုင်တဲ့ ဝက်စ်ဟမ်းအသင်းကတော့ ၄-၅-၁ အစား ၄-၄-၂ ပုံစံ ပြောင်းကစားခဲ့ပြီး တကယ်တမ်းမှာတော့ ၄-၆-၀ ပုံစံဖြစ်သွားခဲ့သလို ဘင်ရာမာရော ဘိုဝင်ပါ ဘယ်သူမှ အထောင်မှာ မနေခဲ့တဲ့ ပုံစံနဲ့ အဆင်ပြေတဲ့သူက ဂိုးရှေ့ကို ဝင်ကစားခဲ့ကြတဲ့ ကစားကွက်အရှင် ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာ လက်ပစ်ဘောကနေ ဘောလုံးရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား အူကြောင်ကြောင်လုပ်တာကို ဘိုဝင်က ဖိအားပေး နေတုန်းမှာ ဘင်ရာမာက ဖြတ်ယူသွားခဲ့ပြီး ပြန်ချိုးပေးတာကို ဘိုဝင်ကပဲ ပြန်ပိတ်ခဲ့ရာမှာ လာဘ်မြင်တဲ့ ဝန်ဘစ်ဆာကာ ဝင်ပြီး ကိုယ်လုံးနဲ့ ကာသွားခဲ့လို့ ယူနိုက်တက်တို့ စောစောစီးစီး ဂိုးမပေးရဘဲ သက်သာခဲ့ရတာလည်းဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုနည်းနည်းပဲ ရယူထားနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ ဘောလုံးကိုင်ထားတဲ့ ယူနိုက်တက်ကို တန်ပြန်တိုက်စစ်တွေကနေ ထိုးနှက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဂိုးလာဘ်ရှိတဲ့ အန်တိုနီယို ပါမလာတာက သူတို့အတွက် ခက်ခဲခဲ့ပြီး ပွဲချိန်မိနစ် ၂၀ မှာ ဘိုဝင်ရဲ့ ကန်ချက်ကို ဒဟေးယား ခြေထောက်နဲ့ ကာကွယ်ခဲ့ရသလို ပြန်ထွက်လာတာကို ပိတ်သွင်းတဲ့ ဆိုးချက်ခ်ရဲ့ ကန်ချက်ကတော့ ထောင်တက်သွားခဲ့ပြီး လွဲချော်ခဲ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ရော်နယ်လ်ဒို ကန်ခွင့်ရပေမယ့် ဂိုးသမားတည့်တည့်ပဲ ဖြစ်နေခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာ ထောင့်ကန်ဘောက ကျလာတာကို ကန်သွင်းတဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ တိုင်ထိခဲ့သလို ပြန်ထွက်လာတာကို ဆက်လက်တိုက်စစ်ဆင်တဲ့ လုခ်ရှောက ဖရက်ဒ်ပေးတာကို လှမ်းကန်ရာမှာတော့ ဝက်စ်ဟမ်းရဲ့ ဖာဘီယန်စကီးက အမိဖမ်းသွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ အိမ်ရှင် ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ညာခြမ်းကနေ ဘိုဝင် အတွင်းကို ဆွဲဝင်လာပြီး ပြန်ချပေးတာကို ဘင်ရာမာက လှမ်းကန်ခဲ့ရာမှာ ဘောလုံးလမ်းကြောင်းကို ပြေးပိတ်ဖို့ ကြိုးစားတဲ့ နောက်ခံလူ ဗာရွန်းနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် ယူနိုက်တက်ဂိုးသမား ဒဟေးယား ဘာမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဧည့်သည် ယူနိုက်တက်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် ဘယ်ခြမ်းကနေ လှမ်းမ,လိုက်တဲ့ ဘောလုံးကို ဂရင်းဝုဒ် ခေါင်းတိုက်ဖို့ ကြိုးစားတာကနေ မထိဘဲ ကျော်ပြီးကျလာတာကို ရော်နယ်လ်ဒိုက ပိတ်သွင်းခဲ့ရာမှာ ဖာဘီယန်စကီး ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို သူကပဲ ပြေးဝင်ပိတ်ပြီး ချေပနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးအတွက် VAR အဆုံးအဖြတ် ခံယူခဲ့ရပြီး ဂရင်းဝုဒ်နဲ့ ထိသွားခဲ့ရင် ရော်နယ်လ်ဒို လူကျွံနေမှာဖြစ်ပေမယ့် အကယ်ဒမီထွက်လူငယ်တိုက်စစ်မှူးနဲ့ မထိခဲ့လို့ ဂိုးဖြစ်ခဲ့ပြီး ပွဲချိန် ၄၂ မိနစ်က ရော်နယ်လ်ဒိုရဲ့ ထောင့်ကျဉ်းကန်ချက်ကိုတော့ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်ကတော့ သူ့ရဲ့ အသင်းမှာ ဈေးကြီးပေးခေါ်ထားပြီး အလုပ်မဖြစ်သေးတဲ့ ကွင်းလယ်လူ ဗလာဆစ်ချ်ကို စောစောစီးစီး လူစားလဲဖို့ ပျက်ကွက်ခဲ့တာကြောင့် တိုက်စစ်မှာ တစ်ယောက်လျော့နဲ့ ကစားရသလို ဖြစ်နေခဲ့ပြီး ကစားကွက်တည်ဖို့ ခက်နေခဲ့သလို ယူနိုက်တက်တို့ကပဲ ဒုတိယပိုင်းမှာ ပွဲကို ဆက်လက်စိုးမိုးထားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ် ခင်းပေးတဲ့ ဘောလုံးကို ဂိုးသမားနဲ့ နီးနေပေမယ့် အခွင့်အရေးပိုကောင်းပြီး လွတ်နေတဲ့ ဂရင်းဝုဒ်ကို မပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကန်ပစ်တဲ့ ရော်နယ်လ်ဒိုကြောင့် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့ရသလို ပေါ့ဘာကတော့ ဒီနေ့ပွဲမှာ သိပ်အလုပ်မဖြစ်ဘဲ အခွင့်အရေးတွေကို ဖြုန်းတီးပစ်နေခဲ့ပါတယ်။

ဝက်စ်ဟမ်းတို့ အထောင်တိုက်စစ်မှူး မပါခဲ့တာက ဒီပွဲမှာ ဂိုးရဖို့ ခက်နေခဲ့ပြီး ယာမိုလန်ကို,ကို စောစောစီးစီး ထည့်ခဲ့ရင် ပျာယာခတ်နေတဲ့ ယူနိုက်တက်နောက်တန်းကြောင့် ဂိုးတွေရနိုင်ပေမယ့် ဒေးဗစ်မွိုက်စ် အဲ့ဒီလောက် ဉာဏ်မကောင်းခဲ့တာက ခက်ခဲစေခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာတော့ အိုးနင်းခွက်နင်းဖျက်တဲ့ ဝန်ဘစ်ဆာကာကြောင့် ပင်နယ်တီ ပေးရနိုင်ခဲ့ပေမယ့် အဖျက်ခံရတဲ့ ဆိုးချက်ခ် လူကျွံနေခဲ့တာက ကံကောင်းသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပေါ့ဘာအစား လင်ဂတ်နဲ့ ဂရင်းဝုဒ်အစား ဆန်ချိုတို့ ဝင်လာခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ ဘောလုံးခေါက်တာက တစ်ဖက်၊ လွတ်နိုင်ရဲ့သားနဲ့ ဘောလုံးနောက်ပြေးမလိုက်ဘဲ ဆိုဖာလ်ကို ဝင်တိုက်ပြီး ဒိုက်ဗင်ထိုးတာက တစ်ဖက်ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီ ရှာဖွေမှုကို ဒိုင်လူကြီး မာတင် အက်ကင်ဆန်က ပယ်ချသွားခဲ့တာကြောင့် ယူနိုက်တက်တို့ စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၉ မိနစ်မှာတော့ သူတို့အတွက် ကယ်တင်ရှင်က ပေါ်ထွက်လာခဲ့ပြီး ပိတ်ဆို့ထားတဲ့ ဝက်စ်ဟမ်းကွင်းလယ်ကြားကနေ ဖရက်ဒ်အစား ဝင်လာတဲ့ မာတစ်ချ်ရဲ့ အကွက်မြင်လွန်းတဲ့ ပေးပို့မှုကနေ ဘောလုံးရသွားခဲ့တဲ့ လင်ဂတ်က ပြေးပိတ်ရမှာကို လွှတ်ထားခဲ့တဲ့ ဒက်ကလန် ရိုက်စ်ကြောင့် ကန်ခွင့်ရသွားခဲ့ချိန်မှာ ဖာဘီယန်စကီးရဲ့ အဝေးတိုင် အပေါ်ထောင့်ကို စနိုက်ပါကန်ချက်နဲ့ ပြောင်းမလိုဖြစ်ခဲ့ဖူးတဲ့ အသင်းကို ထိုးနှက်သွားခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာလည်း ရော်နယ်လ်ဒိုရဲ့ ဒိုက်ဗင်နဲ့ ပင်နယ်တီ ရှာဖွေမှုက ကတ်ဇူးမားရဲ့ ခြေထောက်နဲ့ မထိခင် လှဲချမိခဲ့လို့ မအောင်မြင်ဘဲဖြစ်ခဲ့ရပြီး ၂ မိနစ်မှာတော့ ယာမိုလန်ကိုရဲ့ ဖြတ်တင်ဘောကို နောက်ခံလူ လုခ်ရှော တားဆီးရာမှာ ဆန့်ထုတ်ထားတဲ့ လက်နဲ့ ထိခဲ့တာကြောင့် အက်ကင်ဆန်ကို ဝက်စ်ဟမ်းတို့ ဝိုင်းဝန်းဖိအားပေးခဲ့ကြအပြီးမှာ VAR နဲ့ ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ရပါတယ်။

ဒီပင်နယ်တီအတွက် လွဲပြီးရင်းလွဲနေတဲ့ နည်းပြ ဒေးဗစ် မွိုက်စ်ကတော့ ကွင်းထဲက လန်းဆန်းနေဆဲ ဝါရင့်တွေဖြစ်တဲ့ ယာမိုလန်ကိုနဲ့ လန်ဇီနီတို့ကို ကန်ခိုင်းရမယ့်အစား ဘုရားစူး ကစားထားရတဲ့ တရားဝင်ကပ္ပတိန် မာ့ခ် နိုဘယ်လ်ကို ထည့်ကန်ခိုင်းရာမှာတော့ ခပ်ပိန်းပိန်းကန်ချက်ကို ဒဟေးယားက ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မှန်မှန်ကန်ကန် ခန့်မှန်းကာကွယ်သွားနိုင်ခဲ့လို့ ဝက်စ်ဟမ်းတို့ အတတ်ကြူး၊ အရူးဖြစ်ခဲ့ရတာပါ။

ပွဲအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အမှတ်ပေးဇယားရပ်တည်မှုမှာတော့ လီဗာပူးလ်ရဲ့နောက် အဆင့် ၂ နေရာကို အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဆင်းပေးခဲ့ရပြီး မက်ဆီလင်ဂတ် လော့ဒ်လင်ဂတ်အနေနဲ့တော့ ယန်းဘွိုင်းစ်နဲ့ပွဲက အမှားကို သူ့ရဲ့ ဆေးထိုးထားတဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက် ဖြေဆေးပေးပြီး အကောင်းဆုံး ပြန်လည်ချေဖျက်ပြသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီပြဲမွာ သူတို႔ရဲ႕ ကစားသမားသစ္ ဆန္ခ်ိဳကို ခ်န္လွပ္ထားခဲ့ၿပီး ေပါ့ဘာကိုေတာ့ ဘယ္ေတာင္ပံမွာ ျပန္လည္သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးကို တြဲဖက္ေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ေရာ္နယ္လ္ဒို၊ ဖာနန္ဒက္စ္နဲ႔ ဂရင္းဝုဒ္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ႏွစ္ဝါတစ္နီထိထားတဲ့ တိုက္စစ္မႉး အန္တိုနီယို မပါႏိုင္တဲ့ ဝက္စ္ဟမ္းအသင္းကေတာ့ ၄-၅-၁ အစား ၄-၄-၂ ပုံစံ ေျပာင္းကစားခဲ့ၿပီး တကယ္တမ္းမွာေတာ့ ၄-၆-၀ ပုံစံျဖစ္သြားခဲ့သလို ဘင္ရာမာေရာ ဘိုဝင္ပါ ဘယ္သူမွ အေထာင္မွာ မေနခဲ့တဲ့ ပုံစံနဲ႔ အဆင္ေျပတဲ့သူက ဂိုးေရွ႕ကို ဝင္ကစားခဲ့ၾကတဲ့ ကစားကြက္အရွင္ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာ လက္ပစ္ေဘာကေန ေဘာလုံးရတဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား အူေၾကာင္ေၾကာင္လုပ္တာကို ဘိုဝင္က ဖိအားေပး ေနတုန္းမွာ ဘင္ရာမာက ျဖတ္ယူသြားခဲ့ၿပီး ျပန္ခ်ိဳးေပးတာကို ဘိုဝင္ကပဲ ျပန္ပိတ္ခဲ့ရာမွာ လာဘ္ျမင္တဲ့ ဝန္ဘစ္ဆာကာ ဝင္ၿပီး ကိုယ္လုံးနဲ႔ ကာသြားခဲ့လို႔ ယူႏိုက္တက္တို႔ ေစာေစာစီးစီး ဂိုးမေပးရဘဲ သက္သာခဲ့ရတာလည္းျဖစ္ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈနည္းနည္းပဲ ရယူထားႏိုင္ခဲ့တဲ့ ဝက္စ္ဟမ္းတို႔အေနနဲ႔ ေဘာလုံးကိုင္ထားတဲ့ ယူႏိုက္တက္ကို တန္ျပန္တိုက္စစ္ေတြကေန ထိုးႏွက္ဖို႔ ျပင္ဆင္ခဲ့ေပမယ့္ ဂိုးလာဘ္ရွိတဲ့ အန္တိုနီယို ပါမလာတာက သူတို႔အတြက္ ခက္ခဲခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၂၀ မွာ ဘိုဝင္ရဲ႕ ကန္ခ်က္ကို ဒေဟးယား ေျခေထာက္နဲ႔ ကာကြယ္ခဲ့ရသလို ျပန္ထြက္လာတာကို ပိတ္သြင္းတဲ့ ဆိုးခ်က္ခ္ရဲ႕ ကန္ခ်က္ကေတာ့ ေထာင္တက္သြားခဲ့ၿပီး လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ေရာ္နယ္လ္ဒို ကန္ခြင့္ရေပမယ့္ ဂိုးသမားတည့္တည့္ပဲ ျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာ ေထာင့္ကန္ေဘာက က်လာတာကို ကန္သြင္းတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ တိုင္ထိခဲ့သလို ျပန္ထြက္လာတာကို ဆက္လက္တိုက္စစ္ဆင္တဲ့ လုခ္ေရွာက ဖရက္ဒ္ေပးတာကို လွမ္းကန္ရာမွာေတာ့ ဝက္စ္ဟမ္းရဲ႕ ဖာဘီယန္စကီးက အမိဖမ္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ အိမ္ရွင္ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန ဘိုဝင္ အတြင္းကို ဆြဲဝင္လာၿပီး ျပန္ခ်ေပးတာကို ဘင္ရာမာက လွမ္းကန္ခဲ့ရာမွာ ေဘာလုံးလမ္းေၾကာင္းကို ေျပးပိတ္ဖို႔ ႀကိဳးစားတဲ့ ေနာက္ခံလူ ဗာ႐ြန္းနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာေၾကာင့္ ယူႏိုက္တက္ဂိုးသမား ဒေဟးယား ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ဧည့္သည္ ယူႏိုက္တက္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ ဘယ္ျခမ္းကေန လွမ္းမ,လိုက္တဲ့ ေဘာလုံးကို ဂရင္းဝုဒ္ ေခါင္းတိုက္ဖို႔ ႀကိဳးစားတာကေန မထိဘဲ ေက်ာ္ၿပီးက်လာတာကို ေရာ္နယ္လ္ဒိုက ပိတ္သြင္းခဲ့ရာမွာ ဖာဘီယန္စကီး ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို သူကပဲ ေျပးဝင္ပိတ္ၿပီး ေခ်ပႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးအတြက္ VAR အဆုံးအျဖတ္ ခံယူခဲ့ရၿပီး ဂရင္းဝုဒ္နဲ႔ ထိသြားခဲ့ရင္ ေရာ္နယ္လ္ဒို လူကြၽံေနမွာျဖစ္ေပမယ့္ အကယ္ဒမီထြက္လူငယ္တိုက္စစ္မႉးနဲ႔ မထိခဲ့လို႔ ဂိုးျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္က ေရာ္နယ္လ္ဒိုရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကိုေတာ့ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မြိဳက္စ္ကေတာ့ သူ႔ရဲ႕ အသင္းမွာ ေဈးႀကီးေပးေခၚထားၿပီး အလုပ္မျဖစ္ေသးတဲ့ ကြင္းလယ္လူ ဗလာဆစ္ခ်္ကို ေစာေစာစီးစီး လူစားလဲဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ တိုက္စစ္မွာ တစ္ေယာက္ေလ်ာ့နဲ႔ ကစားရသလို ျဖစ္ေနခဲ့ၿပီး ကစားကြက္တည္ဖို႔ ခက္ေနခဲ့သလို ယူႏိုက္တက္တို႔ကပဲ ဒုတိယပိုင္းမွာ ပြဲကို ဆက္လက္စိုးမိုးထားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ခင္းေပးတဲ့ ေဘာလုံးကို ဂိုးသမားနဲ႔ နီးေနေပမယ့္ အခြင့္အေရးပိုေကာင္းၿပီး လြတ္ေနတဲ့ ဂရင္းဝုဒ္ကို မေပးဘဲ တစ္ကိုယ္ေကာင္းဆန္ဆန္ ကန္ပစ္တဲ့ ေရာ္နယ္လ္ဒိုေၾကာင့္ အပိုင္ဂိုးတစ္ဂိုး နစ္နာခဲ့ရသလို ေပါ့ဘာကေတာ့ ဒီေန႔ပြဲမွာ သိပ္အလုပ္မျဖစ္ဘဲ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ေနခဲ့ပါတယ္။

ဝက္စ္ဟမ္းတို႔ အေထာင္တိုက္စစ္မႉး မပါခဲ့တာက ဒီပြဲမွာ ဂိုးရဖို႔ ခက္ေနခဲ့ၿပီး ယာမိုလန္ကို,ကို ေစာေစာစီးစီး ထည့္ခဲ့ရင္ ပ်ာယာခတ္ေနတဲ့ ယူႏိုက္တက္ေနာက္တန္းေၾကာင့္ ဂိုးေတြရႏိုင္ေပမယ့္ ေဒးဗစ္မြိဳက္စ္ အဲ့ဒီေလာက္ ဉာဏ္မေကာင္းခဲ့တာက ခက္ခဲေစခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ အိုးနင္းခြက္နင္းဖ်က္တဲ့ ဝန္ဘစ္ဆာကာေၾကာင့္ ပင္နယ္တီ ေပးရႏိုင္ခဲ့ေပမယ့္ အဖ်က္ခံရတဲ့ ဆိုးခ်က္ခ္ လူကြၽံေနခဲ့တာက ကံေကာင္းသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေပါ့ဘာအစား လင္ဂတ္နဲ႔ ဂရင္းဝုဒ္အစား ဆန္ခ်ိဳတို႔ ဝင္လာခဲ့ၿပီး ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ေဘာလုံးေခါက္တာက တစ္ဖက္၊ လြတ္ႏိုင္ရဲ႕သားနဲ႔ ေဘာလုံးေနာက္ေျပးမလိုက္ဘဲ ဆိုဖာလ္ကို ဝင္တိုက္ၿပီး ဒိုက္ဗင္ထိုးတာက တစ္ဖက္ျဖစ္ခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ပင္နယ္တီ ရွာေဖြမႈကို ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္က ပယ္ခ်သြားခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ စိတ္ပ်က္ခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ သူတို႔အတြက္ ကယ္တင္ရွင္က ေပၚထြက္လာခဲ့ၿပီး ပိတ္ဆို႔ထားတဲ့ ဝက္စ္ဟမ္းကြင္းလယ္ၾကားကေန ဖရက္ဒ္အစား ဝင္လာတဲ့ မာတစ္ခ်္ရဲ႕ အကြက္ျမင္လြန္းတဲ့ ေပးပို႔မႈကေန ေဘာလုံးရသြားခဲ့တဲ့ လင္ဂတ္က ေျပးပိတ္ရမွာကို လႊတ္ထားခဲ့တဲ့ ဒက္ကလန္ ႐ိုက္စ္ေၾကာင့္ ကန္ခြင့္ရသြားခဲ့ခ်ိန္မွာ ဖာဘီယန္စကီးရဲ႕ အေဝးတိုင္ အေပၚေထာင့္ကို စႏိုက္ပါကန္ခ်က္နဲ႔ ေျပာင္းမလိုျဖစ္ခဲ့ဖူးတဲ့ အသင္းကို ထိုးႏွက္သြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာလည္း ေရာ္နယ္လ္ဒိုရဲ႕ ဒိုက္ဗင္နဲ႔ ပင္နယ္တီ ရွာေဖြမႈက ကတ္ဇူးမားရဲ႕ ေျခေထာက္နဲ႔ မထိခင္ လွဲခ်မိခဲ့လို႔ မေအာင္ျမင္ဘဲျဖစ္ခဲ့ရၿပီး ၂ မိနစ္မွာေတာ့ ယာမိုလန္ကိုရဲ႕ ျဖတ္တင္ေဘာကို ေနာက္ခံလူ လုခ္ေရွာ တားဆီးရာမွာ ဆန႔္ထုတ္ထားတဲ့ လက္နဲ႔ ထိခဲ့တာေၾကာင့္ အက္ကင္ဆန္ကို ဝက္စ္ဟမ္းတို႔ ဝိုင္းဝန္းဖိအားေပးခဲ့ၾကအၿပီးမွာ VAR နဲ႔ ပင္နယ္တီအျဖစ္ သတ္မွတ္ခဲ့ရပါတယ္။

ဒီပင္နယ္တီအတြက္ လြဲၿပီးရင္းလြဲေနတဲ့ နည္းျပ ေဒးဗစ္ မြိဳက္စ္ကေတာ့ ကြင္းထဲက လန္းဆန္းေနဆဲ ဝါရင့္ေတြျဖစ္တဲ့ ယာမိုလန္ကိုနဲ႔ လန္ဇီနီတို႔ကို ကန္ခိုင္းရမယ့္အစား ဘုရားစူး ကစားထားရတဲ့ တရားဝင္ကပၸတိန္ မာ့ခ္ ႏိုဘယ္လ္ကို ထည့္ကန္ခိုင္းရာမွာေတာ့ ခပ္ပိန္းပိန္းကန္ခ်က္ကို ဒေဟးယားက ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ မွန္မွန္ကန္ကန္ ခန႔္မွန္းကာကြယ္သြားႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ အတတ္ၾကဴး၊ အ႐ူးျဖစ္ခဲ့ရတာပါ။

ပြဲအၿပီးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အမွတ္ေပးဇယားရပ္တည္မႈမွာေတာ့ လီဗာပူးလ္ရဲ႕ေနာက္ အဆင့္ ၂ ေနရာကို အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ဆင္းေပးခဲ့ရၿပီး မက္ဆီလင္ဂတ္ ေလာ့ဒ္လင္ဂတ္အေနနဲ႔ေတာ့ ယန္းဘြိဳင္းစ္နဲ႔ပြဲက အမွားကို သူ႔ရဲ႕ ေဆးထိုးထားတဲ့ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ ေျဖေဆးေပးၿပီး အေကာင္းဆုံး ျပန္လည္ေခ်ဖ်က္ျပသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.