Bundesliga Premier League Transfer News

ေပါ့ဘာကို ေရာင္းထုတ္သြားမွာ ေသခ်ာသေလာက္ရွိေနၿပီး အစားထိုးမွဳအတြက္ မန္ယူခ်ိတ္ဆက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကုိ ျပန္လည္ေရာင္းခ်သြားဖို႔ ေသခ်ာသေလာက္ရွိေနၿပီး ျပန္လည္အစားထုိးဖို႔အတြက္ ျပင္သစ္သားတစ္ဦးပဲျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ ကိုရြန္တင္ တုိလစ္ဆိုကို ခ်ိတ္ဆက္ေနေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ အငွားနဲ႔ ေခၚယူဖို႔ ႀကဳိးစားခဲ့ဖူးတဲ့ တိုလစ္ဆုိအတြက္ ဒီတစ္ခါမွာေတာ့ ယူႏုိက္တက္တုိ႔အေနနဲ႔ အၿပီးသတ္ေခၚယူဖို႔ ႀကဳိးစားလာခဲ့တာျဖစ္ၿပီး ဘာေဗးရီးယားအေျခစိုက္ ဂ်ာမန္အသင္းကလည္း အေရာင္းစာရင္းတင္ထားတဲ့အတြက္ ေပါင္သန္း ၃၀ကေန ၃၅ သန္းၾကားမွာ အေရာင္းအဝယ္ ျဖစ္လာႏုိင္ေျခရွိပါတယ္။

ျပင္သစ္လီဂူးဝမ္းကလပ္ လီယြန္အသင္းမွာ ေျခစြမ္းျပမွဳနဲ႔အတူ ဘုိင္ယန္ျမဴးနစ္ကို ၂၀၁၇ ေႏြရာသီက ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၇ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ တုိလစ္ဆုိဟာ တန္ေၾကးနဲ႔ ကိုက္ညီတဲ့ ေျခစြမ္းမ်ဳိးကိုေတာ့ ျပသထားႏုိင္ျခင္းမရွိဘဲ ဒါကလည္း သူ႕ရဲ႕ ဒဏ္ရာေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ ကံဆုိးမွဳေတြေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

အသင္းရဲ႕ ကြင္းလယ္မွာ ေပါ့ဘာကို ဂ်ဴဗင္တပ္စ္ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္အသင္းဆီကို ေရာင္းထုတ္ၿပီး အစားထိုးမယ့္ တုိလစ္ဆိုသာ ႀကံ့ခိုင္မွဳ ျပည့္ဝမယ္ဆုိရင္ အသင္းလိုက္ကစားသမားျဖစ္တဲ့ ဝါရင့္တစ္ဦးကို သက္သာတဲ့ ႏွဳန္းထားနဲ႔ ရရွိတယ္လို႔ ဆုိႏုိင္မွာျဖစ္သလို ယူႏုိက္တက္အတြက္လည္း ေငြေၾကးအက်ဳိးအျမတ္ပါ ရရွိဖြယ္ရွိပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဘက္က ဂႏၴဝင္ကစားသမားေဟာင္းတခ်ဳိ႕ကလည္း အီတလီေျမနဲ႔ အံသိပ္မဝင္တဲ့ အာဆင္နယ္ကစားသမားေဟာင္း အာရြန္ ရမ္ေဆးကို ျပန္လည္ေရာင္းထုတ္သြားဖို႔ တုိက္တြန္းေနၿပီး ေပါ့ဘာအတြက္ အလိုက္ေပးေခၚယူဖို႔ တုိက္တြန္းေနၾကတာေၾကာင့္ သူ႕ရဲ႕ အေျပာင္းအေရႊ႕ကို ေစာင့္ၾကည့္ရဖို႔ ရွိေနၿပီး ယူႏုိက္တက္ပရိသတ္ေတြအတြက္ေတာ့ ၿပဳိင္ဘက္ကစားသမားေဟာင္းထက္ ကစားသမားသစ္ တိုလစ္ဆိုကိုပဲ ပုိမိုျမင္ခ်င္ၾကမွာျဖစ္ေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ပြန်လည်ရောင်းချသွားဖို့ သေချာသလောက်ရှိနေပြီး ပြန်လည်အစားထိုးဖို့အတွက် ပြင်သစ်သားတစ်ဦးပဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကိုရွန်တင် တိုလစ်ဆိုကို ချိတ်ဆက်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ တိုလစ်ဆိုအတွက် ဒီတစ်ခါမှာတော့ ယူနိုက်တက်တို့အနေနဲ့ အပြီးသတ်ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး ဘာဗေးရီးယားအခြေစိုက် ဂျာမန်အသင်းကလည်း အရောင်းစာရင်းတင်ထားတဲ့အတွက် ပေါင်သန်း ၃၀ကနေ ၃၅ သန်းကြားမှာ အရောင်းအဝယ် ဖြစ်လာနိုင်ခြေရှိပါတယ်။

ပြင်သစ်လီဂူးဝမ်းကလပ် လီယွန်အသင်းမှာ ခြေစွမ်းပြမှုနဲ့အတူ ဘိုင်ယန်မြူးနစ်ကို ၂၀၁၇ နွေရာသီက ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ တိုလစ်ဆိုဟာ တန်ကြေးနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုးကိုတော့ ပြသထားနိုင်ခြင်းမရှိဘဲ ဒါကလည်း သူ့ရဲ့ ဒဏ်ရာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကံဆိုးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အသင်းရဲ့ ကွင်းလယ်မှာ ပေါ့ဘာကို ဂျူဗင်တပ်စ် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောင်းထုတ်ပြီး အစားထိုးမယ့် တိုလစ်ဆိုသာ ကြံ့ခိုင်မှု ပြည့်ဝမယ်ဆိုရင် အသင်းလိုက်ကစားသမားဖြစ်တဲ့ ဝါရင့်တစ်ဦးကို သက်သာတဲ့ နှုန်းထားနဲ့ ရရှိတယ်လို့ ဆိုနိုင်မှာဖြစ်သလို ယူနိုက်တက်အတွက်လည်း ငွေကြေးအကျိုးအမြတ်ပါ ရရှိဖွယ်ရှိပါတယ်။

ဂျူဗင်တပ်စ်အသင်းဘက်က ဂန္ထဝင်ကစားသမားဟောင်းတချို့ကလည်း အီတလီမြေနဲ့ အံသိပ်မဝင်တဲ့ အာဆင်နယ်ကစားသမားဟောင်း အာရွန် ရမ်ဆေးကို ပြန်လည်ရောင်းထုတ်သွားဖို့ တိုက်တွန်းနေပြီး ပေါ့ဘာအတွက် အလိုက်ပေးခေါ်ယူဖို့ တိုက်တွန်းနေကြတာကြောင့် သူ့ရဲ့ အပြောင်းအရွှေ့ကို စောင့်ကြည့်ရဖို့ ရှိနေပြီး ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ပြိုင်ဘက်ကစားသမားဟောင်းထက် ကစားသမားသစ် တိုလစ်ဆိုကိုပဲ ပိုမိုမြင်ချင်ကြမှာဖြစ်ကြောင်းလည်း သုံးသပ်ရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.