Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၁၈.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ တနင်္လာနေ့၊ သမားညို။
တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၆:၀၇ အထိ တိထီ ၁၁ လုံး။ ကျော်လျှင် ၁၂ လုံး။ ၁၁ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၁၂ လုံးတွင်၊ လောင်ကျွမ်းယုဂ်၊ လွှသွားယုဂ်၊ ယာဇ်မီးယုဂ်၊ အဖျက်သဘောဆောင်သောကိစ္စရပ်များအတွက် ပူဇော်ဆုတောင်း ဓာတ်ရိုက်ဓာတ်ဆင်များ ပြုလုပ်နိုင်။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၇:၅၆ အထိ ဥတ္တရာဘဒြပိုဒ်နက္ခတ်။ ကျော်လျှင် ရေဝတီနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၂၇ အထိ ပီတိယုဂ်၊ နှစ်သက်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါ့ပေါ့ပါးပါးအလုပ်များ၊ အပန်းဖြေခြင်းများစသည်တို့ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၆:၀၇ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ နောက်တစ်နေ့နံနက် ၅:၂၀ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ညနေ ၁၆:၀၇ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)