Other Leagues Premier League Transfer News

ေဆးလ္ဗားလက္သစ္အျဖစ္ ဂြါဒီယိုလာ သတ္မွတ္ထားတဲ့သူကို မန္စီးတီးေခၚယူမည္

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အသင္းကေန ထြက္ခြာေတာ့မယ့္ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ေနရာမွာ အစားထိုးဖို႔ ေဈးႏွဳန္းသက္သက္သာသာနဲ႔ ရရွိႏိုင္မယ့္ အာဂ်င္တီးနားလူငယ္ကို ေစာင့္ၾကည့္ေနၿပီး နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ ေထာက္ခံခ်က္နဲ႔အတူ ေခၚယူသြားဖို႔ ရွိေနပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ သီယာဂို အယ္လ္မာဒါဟာ အာဂ်င္တီးနားကလပ္ ဗယ္လက္ဇ္ ဆာဖီးလ္ဒ္အသင္းမွာ ကစားေနသူျဖစ္ၿပီး သူ႕ရဲ႕အသင္းနဲ႔ ေနာက္ဆုံးစာခ်ဳပ္အတြက္ သေဘာတူညီမွဳ ရရွိမထားဘဲ ပ်က္ျပယ္ခဲ့သူျဖစ္လို႔ ေခၚယူလုိတဲ့အသင္းေတြအေနနဲ႔ ေပါင္ ၁၅ သန္းနဲ႔ ရရွိႏုိင္မွာလည္းျဖစ္ပါတယ္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ ရွဳျမင္မွဳအရေတာ့ သူဟာ ကြင္းလယ္တုိက္စစ္မွာ အသင္းကေန ထြက္ခြာေတာ့မယ္ စပိန္သားကို အစားထိုးဖို႔ သင့္ေတာ္သူ လက္သစ္လို႔ ဆုိေပမယ့္ ကစားသမားကေတာ့ သူ႕ရဲ႕ စံျပကစားသမားက တုိက္စစ္မွဴး ကားလုိ႔စ္ တီဗက္ဇ္ျဖစ္ၿပီး တုိက္စစ္နဲ႔ ကြင္းလယ္ကို ဟန္ခ်က္ညီညီကစားႏုိင္ေအာင္ေတာ့ လမ္းညႊန္ေပးရဖို႔လည္း ရွိေတာပါ။

ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္အသင္းကလည္း သူ႕ကို ေစာင့္ၾကည့္ေနတယ္လို႔ ဆုိေပမယ့္ နည္းစနစ္ပုိင္းအရေတာ့ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားရဲ႕ ပုံစံနဲ႔ အံဝင္ဖို႔ ခက္ခဲႏုိင္ၿပီး ကၽြမ္းက်င္မွဳနဲ႔ ကစားကြက္ပုံေဖာ္မွဳကို ဦးစားေပးတဲ့ မန္စီးတီးအသင္းနဲ႔ပဲ ပိုမိုအံဝင္ဖို႔လည္း ရွိႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ဗယ္လက္ဇ္ ဆာဖီးလ္ဒ္နဲ႔ စတင္ပြဲထြက္ခြင့္ရရွိခဲ့တဲ့ အယ္လ္မာဒါကို အသင္းဘက္ကေတာ့ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၁၅ သန္းနဲ႔ ေအာင္ျမင္မွဳေတြအရ ခံစားခြင့္ေတြကို အလိုရွိေနၿပီး အသင္းကို ေရာက္ရွိလာရင္ေတာ့ အဂၤလန္လူငယ္ၾကယ္ပြင့္ ဖီးလ္ ဖိုဒန္နဲ႔ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပဳိင္သြားရဖြယ္ရွိေပမယ့္ လူငယ္ႏွစ္ဦးစလုံးအေနနဲ႔ အနာဂတ္မွာ အသင္းရဲ႕ ေဒါက္တုိင္ေတြ ျဖစ္လာႏုိင္ေၾကာင္းလည္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသင်းကနေ ထွက်ခွာတော့မယ့် ဒေးဗစ် ဆေးလ်ဗားရဲ့ နေရာမှာ အစားထိုးဖို့ ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိနိုင်မယ့် အာဂျင်တီးနားလူငယ်ကို စောင့်ကြည့်နေပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ ထောက်ခံချက်နဲ့အတူ ခေါ်ယူသွားဖို့ ရှိနေပါတယ်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ သီယာဂို အယ်လ်မာဒါဟာ အာဂျင်တီးနားကလပ် ဗယ်လက်ဇ် ဆာဖီးလ်ဒ်အသင်းမှာ ကစားနေသူဖြစ်ပြီး သူ့ရဲ့အသင်းနဲ့ နောက်ဆုံးစာချုပ်အတွက် သဘောတူညီမှု ရရှိမထားဘဲ ပျက်ပြယ်ခဲ့သူဖြစ်လို့ ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပေါင် ၁၅ သန်းနဲ့ ရရှိနိုင်မှာလည်းဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ ရှုမြင်မှုအရတော့ သူဟာ ကွင်းလယ်တိုက်စစ်မှာ အသင်းကနေ ထွက်ခွာတော့မယ် စပိန်သားကို အစားထိုးဖို့ သင့်တော်သူ လက်သစ်လို့ ဆိုပေမယ့် ကစားသမားကတော့ သူ့ရဲ့ စံပြကစားသမားက တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ဖြစ်ပြီး တိုက်စစ်နဲ့ ကွင်းလယ်ကို ဟန်ချက်ညီညီကစားနိုင်အောင်တော့ လမ်းညွှန်ပေးရဖို့လည်း ရှိတောပါ။

မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူ့ကို စောင့်ကြည့်နေတယ်လို့ ဆိုပေမယ့် နည်းစနစ်ပိုင်းအရတော့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ပုံစံနဲ့ အံဝင်ဖို့ ခက်ခဲနိုင်ပြီး ကျွမ်းကျင်မှုနဲ့ ကစားကွက်ပုံဖော်မှုကို ဦးစားပေးတဲ့ မန်စီးတီးအသင်းနဲ့ပဲ ပိုမိုအံဝင်ဖို့လည်း ရှိနိုင်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဗယ်လက်ဇ် ဆာဖီးလ်ဒ်နဲ့ စတင်ပွဲထွက်ခွင့်ရရှိခဲ့တဲ့ အယ်လ်မာဒါကို အသင်းဘက်ကတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ အောင်မြင်မှုတွေအရ ခံစားခွင့်တွေကို အလိုရှိနေပြီး အသင်းကို ရောက်ရှိလာရင်တော့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်နဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်သွားရဖွယ်ရှိပေမယ့် လူငယ်နှစ်ဦးစလုံးအနေနဲ့ အနာဂတ်မှာ အသင်းရဲ့ ဒေါက်တိုင်တွေ ဖြစ်လာနိုင်ကြောင်းလည်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.