Match Report Premier League

အိမ်ကွင်းမှာ ပျားတုပ်ခံလိုက်ရပြန်တဲ့ ဝံပုလွေအုပ်နဲ့ ခပ်ညံ့ညံ့ ဘရူနို လာဂျီ

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တို့ကတော့ နည်းပြသစ် ဘရူနို လာဂျီရဲ့ စာအုပ်ကြီး ကစားကွက်တွေနဲ့အတူ ဒီနေ့မှာလည်း အိမ်ကွင်းမှာ အရှက်ကွဲပြန်ပြီး တန်းတက် ဘရန့်ဖို့ဒ်တို့ရဲ့ နှစ်ဂိုး-ဂိုးမရှိနဲ့ နှိပ်ကွပ်ခြင်းကို ခံခဲ့ရပြန်သလို ၅ ပွဲကစား ၃ မှတ်နဲ့ တော်တော်လေး အခြေအနေဆိုးခဲ့ပြီး ဂိုးပေါက်တစ်ကြိမ်မှ မတည့်ဘဲနဲ့ ပရိသတ်တွေကို အားနာစရာပဲဖြစ်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်ကတော့ အောက်သက်ကြေတဲ့ နည်းပြပီပီ အသင်းကို ကျစ်ကျစ်လျစ်လျစ်နဲ့ ပုံစံတကျတည်ဆောက်ထားပြီး ဒီနေ့ပွဲမှာ နှစ်သင်းကြား ကွာဟသွားခဲ့တာက အဲ့ဒီအချက်ဖြစ်သလို အောက်သင်းဖြစ်တဲ့ ပျားတွေက အိမ်ရှင်တွေကို ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ ၂ ဂိုးရယူပြီး ကွင်းလယ်လူ ရှန်ဒန် ဘက်ပ်တစ္စတေ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပေမယ့် နောက်ဆုံး ၂၆ မိနစ်ကို ၁၀ ယောက်နဲ့ တောင့်ခံသွားနိုင်ခဲ့ကြတာပါ။

ဘင်ဖီကာလို ထိပ်သီးအသင်းကို အိမ်ကွင်း ၅ ပွဲဆက်တိုက် အနိုင်မရအောင် ကိုင်တွယ်ခဲ့သလို ၁၃ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရှိခဲ့လို့ အသင်းက အထုတ်ခံခဲ့ရပြီးကတည်းက ဘောလုံးလောကနဲ့ တစ်နှစ်ကျော် ဝေးကွာနေတဲ့ ပေါ်တူဂီသား လာဂျီရဲ့ လက်ထဲကို ယုံပြီး ပုံအပ်လိုက်တဲ့ ဝုလ်ဗ်စ်တို့ကတော့ ဒီတစ်ပွဲတင် မဟုတ်ဘဲ တစ်ရာသီစာ ပျားတုပ်သွားခဲ့တာဖြစ်ပြီး ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားလျက်နဲ့ ဘာမှ အဖြစ်မရှိသေးတာလည်းဖြစ်ပါတယ်။

အသင်းမှာ ပေါ်တူဂီသား ၉ ယောက်အထိ စုဆောင်းထားတဲ့ ဝုလ်ဗ်စ်ဟာ ထရင်ကာအိုကို ဘာစီလိုနာကနေ အငှားနဲ့ ခေါ်ယူခဲ့ပြီး ထရာအိုရေးရဲ့ ညာတောင်ပံမှာ နေရာပေးခဲ့ချိန်မှာ မာလီနွယ်ဖွား စပိန်သားအနေနဲ့ ဘယ်ခြမ်းကို ပြောင်းကစားခဲ့ရပြီး ဒဏ်ရာက သက်သာလာတဲ့ ရာအူး ဟီမီနက်ဇ်နဲ့အတူ ခြေစွမ်းမပြနိုင်ဘဲလည်းဖြစ်ခဲ့တာပါ။

ဒီနေ့ပွဲအတွက် တန်းတက်အမြင့်ပျံ ဘရန့်ဖို့ဒ်အတွက် အဖွင့်ဂိုးကိုတော့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်စစ်မှူး တိုနီကို ဖက်လှဲခဲ့တဲ့ ဝုလ်ဗ်စ်နောက်ခံလူ မာဆယ်လ်ကြောင့် ရတဲ့ ပင်နယ်တီကို ၂၅ နှစ်သား ဂိုးသွင်းဘုရင် သူကိုယ်တိုင်ပဲ ဂိုးသမား ဂျိုဆေးဆာနဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်တို့အတွက် ပွဲချိန် ၃၁ မိနစ်မှာ ချေပဂိုးရဖို့ နီးစပ်ခဲ့သေးပေမယ့် ထရာအိုရေးရဲ့ ကန်ချက်က ဘားထိပြီး ပြန်ထွက်ခဲ့သလို ပွဲချိန် ၃၄ မိနစ်မှာတော့ တိုနီရဲ့ ဖန်တီးမှုကနေ သူ့ရဲ့ တွဲဖက်တောင်ပံသမား အမ်ဘူးမိုက ရယ်စရာပုံစံနဲ့ ခံစစ်ကစားနေကြတဲ့ တစ်ဖက်နောက်ခံလူတွေဖြစ်ကြတဲ့ ကီလ်မန်းနဲ့ မာဆယ်လ်တို့ရဲ့ကြားထဲက ပြေးထွက်ပိတ်သွင်းပြီး ဒုတိယဂိုးကို ရယူသွားခဲ့တာပါ။

ဒီနှစ်ဂိုးကပဲ ဒီပွဲရဲ့ အဖြေကို ပေါ်ထွက်စေဖို့ လုံလောက်ခဲ့တာဖြစ်ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တဲ့ပွဲမှာ ဝုလ်ဗ်စ်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်း၊ ဂိုးကန်ချက် ၁၁ ကြိမ်၊ ဂိုးပေါက် တစ်ခါမှ မတည့်ဘဲ အရှက်ကွဲခဲ့ကြတာလည်းဖြစ်ပြီး ဒီပွဲအပြီးမှာတော့ အဆင့် ၁၆ ကို ကျဆင်းသွားခဲ့သလို ဘရန့်ဖို့ဒ်တို့ကတော့ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၉ မှာ ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္တို႔ကေတာ့ နည္းျပသစ္ ဘ႐ူႏို လာဂ်ီရဲ႕ စာအုပ္ႀကီး ကစားကြက္ေတြနဲ႔အတူ ဒီေန႔မွာလည္း အိမ္ကြင္းမွာ အရွက္ကြဲျပန္ၿပီး တန္းတက္ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ႏွိပ္ကြပ္ျခင္းကို ခံခဲ့ရျပန္သလို ၅ ပြဲကစား ၃ မွတ္နဲ႔ ေတာ္ေတာ္ေလး အေျခအေနဆိုးခဲ့ၿပီး ဂိုးေပါက္တစ္ႀကိမ္မွ မတည့္ဘဲနဲ႔ ပရိသတ္ေတြကို အားနာစရာပဲျဖစ္ခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကေတာ့ ေအာက္သက္ေၾကတဲ့ နည္းျပပီပီ အသင္းကို က်စ္က်စ္လ်စ္လ်စ္နဲ႔ ပုံစံတက်တည္ေဆာက္ထားၿပီး ဒီေန႔ပြဲမွာ ႏွစ္သင္းၾကား ကြာဟသြားခဲ့တာက အဲ့ဒီအခ်က္ျဖစ္သလို ေအာက္သင္းျဖစ္တဲ့ ပ်ားေတြက အိမ္ရွင္ေတြကို ဂိုးေပါက္တည့္မႈ ၃ ႀကိမ္မွာ ၂ ဂိုးရယူၿပီး ကြင္းလယ္လူ ရွန္ဒန္ ဘက္ပ္တစၥေတ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရေပမယ့္ ေနာက္ဆုံး ၂၆ မိနစ္ကို ၁၀ ေယာက္နဲ႔ ေတာင့္ခံသြားႏိုင္ခဲ့ၾကတာပါ။

ဘင္ဖီကာလို ထိပ္သီးအသင္းကို အိမ္ကြင္း ၅ ပြဲဆက္တိုက္ အႏိုင္မရေအာင္ ကိုင္တြယ္ခဲ့သလို ၁၃ ပြဲမွာ ႏိုင္ပြဲ ၂ ပြဲသာ ရွိခဲ့လို႔ အသင္းက အထုတ္ခံခဲ့ရၿပီးကတည္းက ေဘာလုံးေလာကနဲ႔ တစ္ႏွစ္ေက်ာ္ ေဝးကြာေနတဲ့ ေပၚတူဂီသား လာဂ်ီရဲ႕ လက္ထဲကို ယုံၿပီး ပုံအပ္လိုက္တဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ ဒီတစ္ပြဲတင္ မဟုတ္ဘဲ တစ္ရာသီစာ ပ်ားတုပ္သြားခဲ့တာျဖစ္ၿပီး ကစားသမားေကာင္းေတြကို ပိုင္ဆိုင္ထားလ်က္နဲ႔ ဘာမွ အျဖစ္မရွိေသးတာလည္းျဖစ္ပါတယ္။

အသင္းမွာ ေပၚတူဂီသား ၉ ေယာက္အထိ စုေဆာင္းထားတဲ့ ဝုလ္ဗ္စ္ဟာ ထရင္ကာအိုကို ဘာစီလိုနာကေန အငွားနဲ႔ ေခၚယူခဲ့ၿပီး ထရာအိုေရးရဲ႕ ညာေတာင္ပံမွာ ေနရာေပးခဲ့ခ်ိန္မွာ မာလီႏြယ္ဖြား စပိန္သားအေနနဲ႔ ဘယ္ျခမ္းကို ေျပာင္းကစားခဲ့ရၿပီး ဒဏ္ရာက သက္သာလာတဲ့ ရာအူး ဟီမီနက္ဇ္နဲ႔အတူ ေျခစြမ္းမျပႏိုင္ဘဲလည္းျဖစ္ခဲ့တာပါ။

ဒီေန႔ပြဲအတြက္ တန္းတက္အျမင့္ပ်ံ ဘရန႔္ဖို႔ဒ္အတြက္ အဖြင့္ဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ဖို႔ ႀကိဳးစားခဲ့တဲ့ တိုက္စစ္မႉး တိုနီကို ဖက္လွဲခဲ့တဲ့ ဝုလ္ဗ္စ္ေနာက္ခံလူ မာဆယ္လ္ေၾကာင့္ ရတဲ့ ပင္နယ္တီကို ၂၅ ႏွစ္သား ဂိုးသြင္းဘုရင္ သူကိုယ္တိုင္ပဲ ဂိုးသမား ဂ်ိဳေဆးဆာနဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္စ္တို႔အတြက္ ပြဲခ်ိန္ ၃၁ မိနစ္မွာ ေခ်ပဂိုးရဖို႔ နီးစပ္ခဲ့ေသးေပမယ့္ ထရာအိုေရးရဲ႕ ကန္ခ်က္က ဘားထိၿပီး ျပန္ထြက္ခဲ့သလို ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ တိုနီရဲ႕ ဖန္တီးမႈကေန သူ႔ရဲ႕ တြဲဖက္ေတာင္ပံသမား အမ္ဘူးမိုက ရယ္စရာပုံစံနဲ႔ ခံစစ္ကစားေနၾကတဲ့ တစ္ဖက္ေနာက္ခံလူေတြျဖစ္ၾကတဲ့ ကီလ္မန္းနဲ႔ မာဆယ္လ္တို႔ရဲ႕ၾကားထဲက ေျပးထြက္ပိတ္သြင္းၿပီး ဒုတိယဂိုးကို ရယူသြားခဲ့တာပါ။

ဒီႏွစ္ဂိုးကပဲ ဒီပြဲရဲ႕ အေျဖကို ေပၚထြက္ေစဖို႔ လုံေလာက္ခဲ့တာျဖစ္ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့တဲ့ပြဲမွာ ဝုလ္ဗ္စ္တို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၆၂ ရာခိုင္ႏႈန္း၊ ဂိုးကန္ခ်က္ ၁၁ ႀကိမ္၊ ဂိုးေပါက္ တစ္ခါမွ မတည့္ဘဲ အရွက္ကြဲခဲ့ၾကတာလည္းျဖစ္ၿပီး ဒီပြဲအၿပီးမွာေတာ့ အဆင့္ ၁၆ ကို က်ဆင္းသြားခဲ့သလို ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၉ မွာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.