Match Report Premier League

ရှုံးပွဲမရှိသေးတဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ ဒုတိယပိုင်းဂိုးတွေနဲ့ ဝုန်းလိုက်တဲ့ ဗီလာ

အဲဗာတန်အသင်းကို အကောင်းဆုံးမောင်းနှင်ပေးနေတဲ့ ရာဖာ ဘင်နီတက်ဇ်ရဲ့ ကိုင်တွယ်မှုတွေအရ ဒီနေ့ပွဲမှာ သူတို့တွေအနေနဲ့ အနည်းဆုံး သရေတစ်မှတ်ကို ဗီလာပါ့ခ်မှာ ရယူနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ဒင်းန် စမစ်ရဲ့ ဗီလိန်တွေက ပိုကောင်းခဲ့ပြီး ဒုတိယပိုင်းမှာတော့ မာဆေးဆိုက်က ရှုံးပွဲ မရှိသေးတဲ့ အပြာရောင်တွေကို မလိုချင်တဲ့ ရှုံးပွဲလက်ဆောင် ပေးသွားနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

အိမ်ကွင်းမှာ အံမဝင်လို့ အဟားခံနေရတဲ့ ဘွင်ဒီယာကလွဲလို့ လူစုံထုတ်လာခဲ့တဲ့ ဗီလာတို့ကို ဂိုးသမား ပစ်ခ်ဖို့ဒ်၊ နောက်ခံလူ ကိုးလ်မန်း၊ တိုက်စစ်က ရစ်ချာလစ်ဆန်နဲ့ ကဲလ်ဗတ်-လူဝင်တို့လို First Line-up ကစားသမားတွေ ပါဝင်မလာခဲ့တဲ့ ယှဉ်ပြိုင်လာရတဲ့ အဲဗာတန်တို့အနေနဲ့ ဒီပွဲမှာတော့ ခက်ခဲခဲ့တာပါ။

နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်ခဲ့ကြပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ ပွဲချိန် မိနစ် ၄၀ မှာတော့ ခေါင်းကို ထိမိခဲ့တဲ့ ကွင်းလယ်လူ မက်ဂင်းကို နာကမ်ဘာနဲ့ အက်စတန်ဗီလာတို့ လူစားလဲခဲ့ရပြီး ပထမပိုင်းမှာတော့ နှစ်သင်းစလုံး သိပ်အလုပ်မဖြစ်ခဲ့ဘဲ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲရဲ့ ဒုတိယပိုင်းမိနစ်တွေကတော့ ပိုမိုအသက်ဝင်လာခဲ့ပြီး ဗီလာတို့ဘက်က တောင်ပံကစားသမား လီယွန် ဘိုင်လီကို နောက်ခံလူ တားဂက်နေရာ ထည့်သွင်းလိုက်အပြီးမှာတော့ ကစားအားပိုကောင်းလာခဲ့သလို အဲဗာတန်တို့ကတော့ ခြေစွမ်းပြနေသူနှစ်ဦးဖြစ်တဲ့ တောင်းဆန်းနဲ့ ဂရေးတို့ရဲ့ အင်အားနဲ့ ကောင်တာချောင်းကစားလာခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဗီလာတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ခင်းပေးတာကို ညာနောက်ခံလူ မက်တီ ကက်ရှ်က ဂိုးဧရိယာထဲ ချိုးဝင်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းအဆုံးသတ်ခဲ့ရာမှာ အဲဗာတန်ဂိုးသမား ဘီဂိုဗစ်ချ် ပိတ်ထားခဲ့တဲ့ အပေါ်ထောင့်ကို ဝင်သွားခဲ့ပြီး ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

နောက်ထပ် သုံးမိနစ်အကြာ ပွဲချိန် ၆၉ မိနစ်မှာတော့ ဗီလာတို့ လက်ဆောင်ဂိုး ရရှိခဲ့ပြီး ဘိုင်လီရဲ့ ထောင့်ကန်ဘောကို အာရုံ စူးစိုက်မှု အနည်းငယ်လျော့နေတဲ့ အဲဗာတန်နောက်ခံလူ ဒီညီရဲ့ ခေါင်းတိုက်ရှင်းထုတ်မှုက နောက်ကျခဲ့ချိန်မှာ ခေါင်းနဲ့ ရှပ်ထိပြီး ဂိုးထဲ ဝင်သွားခဲ့သလို ဂိုးသမားနဲ့ ခံစစ်တွေ အငိုက်မိသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဒန်နီအင်းစ် ညာခြမ်းကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းက ပြေးတက်လာတဲ့ ဘိုင်လီက လိုက်လံရယူခဲ့ပြီး ဂိုးသမား ဘီဂိုဗစ်ချ်နဲ့ တစ်ဦးချင်းတွေ့ပြီး ကန်သွင်းခွင့်ရခဲ့ရာမှာ အကောင်းဆုံးကန်ချက်နဲ့ ခပ်ပြင်းပြင်း အဆုံးသတ်နိုင်ခဲ့လို့ ဗီလာတို့ တတိယဂိုးရခဲ့ပြီး အိမ်ကွင်းမှာ အဲဗာတန်တို့ကို ဦးချိုးပစ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ လူစားဝင်ပြီး တစ်ဂိုးဖန်တီးခဲ့သလို တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အင်္ကျီချွတ်မှုနဲ့ တစ်ဝါထိသွားခဲ့တဲ့ ဘိုင်လီ ဒဏ်ရာရသွားခဲ့တာကြောင့် ဝါရင့်ကစားသမား အက်ရှ်လီယန်းနဲ့ လူစားလဲခဲ့ရပြီး အဲဗာတန်တို့ကတော့ ရလဒ်ကို ပြောင်းလဲနိုင်မယ့် ကစားသမားမျိုး အရန်ခုံမှာ ပါမလာတာကြောင့် ပွဲအပြီးမှာ သုံးဂိုး-ဂိုးမရှိနဲ့ ဗီလာတို့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် အဲဗာတန်တို့ရဲ့ ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းက ကျိုးပျက်သွားခဲ့ရသလို မြို့ခံပြိုင်ဘက် လီဗာပူးလ်ကိုတော့ ထပ်ကြပ်မကွာ မလိုက်နိုင်တော့ဘဲ ဦးဆောင်ခွင့်ပြုလိုက်ရပြီး ဂရီးလစ်ရှ် ထွက်ခွာသွားအပြီးမှာ ပုံစံကောင်းမရသေးတဲ့ ဗီလာတို့ကတော့ နိုင်ပွဲနဲ့အတူ အဆင့် ၁၀ နေရာမှာ ပြန်လည်ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းကို အေကာင္းဆုံးေမာင္းႏွင္ေပးေနတဲ့ ရာဖာ ဘင္နီတက္ဇ္ရဲ႕ ကိုင္တြယ္မႈေတြအရ ဒီေန႔ပြဲမွာ သူတို႔ေတြအေနနဲ႔ အနည္းဆုံး သေရတစ္မွတ္ကို ဗီလာပါ့ခ္မွာ ရယူႏိုင္လိမ့္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ ဒင္းန္ စမစ္ရဲ႕ ဗီလိန္ေတြက ပိုေကာင္းခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ မာေဆးဆိုက္က ရႈံးပြဲ မရွိေသးတဲ့ အျပာေရာင္ေတြကို မလိုခ်င္တဲ့ ရႈံးပြဲလက္ေဆာင္ ေပးသြားႏိုင္ခဲ့ၾကတာပဲျဖစ္ပါတယ္။

အိမ္ကြင္းမွာ အံမဝင္လို႔ အဟားခံေနရတဲ့ ဘြင္ဒီယာကလြဲလို႔ လူစုံထုတ္လာခဲ့တဲ့ ဗီလာတို႔ကို ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ေနာက္ခံလူ ကိုးလ္မန္း၊ တိုက္စစ္က ရစ္ခ်ာလစ္ဆန္နဲ႔ ကဲလ္ဗတ္-လူဝင္တို႔လို First Line-up ကစားသမားေတြ ပါဝင္မလာခဲ့တဲ့ ယွဥ္ၿပိဳင္လာရတဲ့ အဲဗာတန္တို႔အေနနဲ႔ ဒီပြဲမွာေတာ့ ခက္ခဲခဲ့တာပါ။

ႏွစ္သင္းစလုံး အျပန္အလွန္ထိုးေဖာက္ခဲ့ၾကေပမယ့္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ေခါင္းကို ထိမိခဲ့တဲ့ ကြင္းလယ္လူ မက္ဂင္းကို နာကမ္ဘာနဲ႔ အက္စတန္ဗီလာတို႔ လူစားလဲခဲ့ရၿပီး ပထမပိုင္းမွာေတာ့ ႏွစ္သင္းစလုံး သိပ္အလုပ္မျဖစ္ခဲ့ဘဲ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲရဲ႕ ဒုတိယပိုင္းမိနစ္ေတြကေတာ့ ပိုမိုအသက္ဝင္လာခဲ့ၿပီး ဗီလာတို႔ဘက္က ေတာင္ပံကစားသမား လီယြန္ ဘိုင္လီကို ေနာက္ခံလူ တားဂက္ေနရာ ထည့္သြင္းလိုက္အၿပီးမွာေတာ့ ကစားအားပိုေကာင္းလာခဲ့သလို အဲဗာတန္တို႔ကေတာ့ ေျခစြမ္းျပေနသူႏွစ္ဦးျဖစ္တဲ့ ေတာင္းဆန္းနဲ႔ ဂေရးတို႔ရဲ႕ အင္အားနဲ႔ ေကာင္တာေခ်ာင္းကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဗီလာတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ ခင္းေပးတာကို ညာေနာက္ခံလူ မက္တီ ကက္ရွ္က ဂိုးဧရိယာထဲ ခ်ိဳးဝင္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းအဆုံးသတ္ခဲ့ရာမွာ အဲဗာတန္ဂိုးသမား ဘီဂိုဗစ္ခ်္ ပိတ္ထားခဲ့တဲ့ အေပၚေထာင့္ကို ဝင္သြားခဲ့ၿပီး ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ေနာက္ထပ္ သုံးမိနစ္အၾကာ ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဗီလာတို႔ လက္ေဆာင္ဂိုး ရရွိခဲ့ၿပီး ဘိုင္လီရဲ႕ ေထာင့္ကန္ေဘာကို အာ႐ုံ စူးစိုက္မႈ အနည္းငယ္ေလ်ာ့ေနတဲ့ အဲဗာတန္ေနာက္ခံလူ ဒီညီရဲ႕ ေခါင္းတိုက္ရွင္းထုတ္မႈက ေနာက္က်ခဲ့ခ်ိန္မွာ ေခါင္းနဲ႔ ရွပ္ထိၿပီး ဂိုးထဲ ဝင္သြားခဲ့သလို ဂိုးသမားနဲ႔ ခံစစ္ေတြ အငိုက္မိသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဒန္နီအင္းစ္ ညာျခမ္းကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းက ေျပးတက္လာတဲ့ ဘိုင္လီက လိုက္လံရယူခဲ့ၿပီး ဂိုးသမား ဘီဂိုဗစ္ခ်္နဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး ကန္သြင္းခြင့္ရခဲ့ရာမွာ အေကာင္းဆုံးကန္ခ်က္နဲ႔ ခပ္ျပင္းျပင္း အဆုံးသတ္ႏိုင္ခဲ့လို႔ ဗီလာတို႔ တတိယဂိုးရခဲ့ၿပီး အိမ္ကြင္းမွာ အဲဗာတန္တို႔ကို ဦးခ်ိဳးပစ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ လူစားဝင္ၿပီး တစ္ဂိုးဖန္တီးခဲ့သလို တစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အက်ႌခြၽတ္မႈနဲ႔ တစ္ဝါထိသြားခဲ့တဲ့ ဘိုင္လီ ဒဏ္ရာရသြားခဲ့တာေၾကာင့္ ဝါရင့္ကစားသမား အက္ရွ္လီယန္းနဲ႔ လူစားလဲခဲ့ရၿပီး အဲဗာတန္တို႔ကေတာ့ ရလဒ္ကို ေျပာင္းလဲႏိုင္မယ့္ ကစားသမားမ်ိဳး အရန္ခုံမွာ ပါမလာတာေၾကာင့္ ပြဲအၿပီးမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ဗီလာတို႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အဲဗာတန္တို႔ရဲ႕ ဒီရာသီ ရႈံးပြဲမရွိေသးတဲ့ မွတ္တမ္းက က်ိဳးပ်က္သြားခဲ့ရသလို ၿမိဳ႕ခံၿပိဳင္ဘက္ လီဗာပူးလ္ကိုေတာ့ ထပ္ၾကပ္မကြာ မလိုက္ႏိုင္ေတာ့ဘဲ ဦးေဆာင္ခြင့္ျပဳလိုက္ရၿပီး ဂရီးလစ္ရွ္ ထြက္ခြာသြားအၿပီးမွာ ပုံစံေကာင္းမရေသးတဲ့ ဗီလာတို႔ကေတာ့ ႏိုင္ပြဲနဲ႔အတူ အဆင့္ ၁၀ ေနရာမွာ ျပန္လည္ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.