Bundesliga Match Report

ဘိုချမ်ကို ၇ ဂိုးပြတ်သွင်းပြီး ဝုလ်ဖ်စ်ဘတ်ကို ဖိအားပေးတဲ့ လက်ရှိချန်ပီယံ ဘိုင်ယန်

ဒီတစ်ပတ်ရဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၅ မှာတော့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက သူတို့ရဲ့ ဂိုးသွင်းစွမ်း Fire Power ကို ပြသတဲ့အနေနဲ့ အားနည်းတဲ့ ပြိုင်ဘက် ဘိုချမ်ကို အိမ်ကွင်း Allianz Arena မှာ ၇ ဂိုးအထိ သွင်းယူပြီး အညှာအတာ ကင်းမဲ့တဲ့ နိုင်ပွဲတစ်ရပ်ကို အလွယ်တကူ ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ ဘာဗေးရီးယားသားတွေအနေနဲ့ ဒီနေ့မှာ လူစုံထုတ်ကစားလာခဲ့ပြီး ညာနောက်ခံလူနေရာမှာ အကယ်ဒမီထွက် စတန်နီရှစ်ချ်ကို ကစားစေခဲ့တာကလွဲလို့ အင်ပြည့်အားပြည့် မောင်းတင်လာခဲ့သလို ပွဲချိန် ၁၇ မိနစ်မှာတည်းက အူကြောင်ကြောင်လုပ်ပြီး ဂိုးရှေ့မှာ နှစ်ယောက်တည်း လူတံတိုင်းကာတဲ့ ဘိုချမ်ကို လီရွိုင်း ဆာနေးက ဖရီးကစ်ကနေ အဖွင့်ဂိုးအဖြစ် ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ကွင်းလယ်ကနေ မူလာထိုးပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ဆာနေးက ပြန်ချိုးပေးတာကို ကွင်းလယ်မှာ ကစားနေတဲ့ ကင်းမစ်ချ်က ဂိုးဧရိယာထဲမှာ ထိန်းသိမ်းရယူပြီး တစ်ပတ်လှည့်ကန်သွင်းခဲ့ရာမှာ နောက်ခံလူနဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ဘိုင်ယန်တို့ တတိယဂိုး ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဘောလုံး ရယူလာတဲ့ မူလာက ညာခြမ်းကို ခင်းပေးခဲ့ရာမှာ မြန်နှုန်းမြင့် တိုက်စစ်မှူး ဂနာဘရီက တောက်လျှောက်ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အနိမ့်ဘောဖြတ်ကန်ပြီး ဂိုးရယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာတော့ ဘိုချမ်နောက်ခံလူ လမ်ပရိုပူးလော့စ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ အချိန်တဝက်ကျိုးချိန်မှာ ဘိုင်ယန်တို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၁ မိနစ်မှာတော့ တောက်လျှောက်ခြေစွမ်းပြနေခဲ့တဲ့ ဆာနေးရဲ့ ညာခြမ်းက ပေးပို့မှုကို ဂနာဘရီ ကန်သွင်းတာကနေ ပျက်ခဲ့တဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီးက ပိတ်သွင်းပြီး ပဉ္စမဂိုး ရယူနိုင်ခဲ့တာပါ။

လောဘကြီးတဲ့ ဘိုင်ယန်တို့ကတော့ ဒီလောက်နဲ့ ရပ်တန့်သွားခြင်း မရှိသေးဘဲ သုံးမိနစ်အကြာမှာ ဘောလုံးဆွဲယူလာတဲ့ ကင်းမစ်ချ်က ဂနာဘရီကို ပေးခဲ့ပြီး ဂနာဘရီ မ,ပေးလိုက်တဲ့ ဘောလုံးကို ဂိုရက်ဇ်ကာက ခေါင်းပြန်တိုက်ချပေးတာကို ဂိုးသမားနဲ့ အနီးကပ်အနေအထားမှာ ပြန်ရခဲ့တဲ့ ကင်းမစ်ချ်ကပဲ ပြန်လည်အဆုံးသတ်နိုင်ခဲ့လို့ ခြောက်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့ပါတယ်။

လက်ရှိချန်ပီယံအသင်းအတွက် ပွဲသိမ်းဂိုးကိုတော့ လီဗန်ဒေါ့ဗ်စကီးအစား ဝင်လာခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး ချူပိုမိုတင်းက ပွဲချိန် ၇၉ မိနစ်မှာ ဘိုချမ်ဂိုးသမား ရီးမန်းကို သနားလောက်စရာအဖြစ်နဲ့ သွင်းယူခဲ့ပြီး မူလာကန်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ကင်းမရွန်းသားက ဂိုးသမားနဲ့ သူ့ကြား သုံးကြိမ်တိတိ ရင်ဆိုင်ပိတ်သွင်းခဲ့ပြီးမှ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ခုနစ်ဂိုး-ဂိုးမရှိနဲ့ ဘိုင်ယန်မြူးနစ်တို့ အောင်ပွဲခံနိုင်ခဲ့ပြီး သူတို့ရဲ့ တိုက်စစ်အင်အားကို ၅ ပွဲမှာ ဂိုး ၂၀ သွင်းယူပြီး ပြသနိုင်ခဲ့သလို သရေတစ်ပွဲကျထားတဲ့ ဘာဗေးရီးယားသားတွေအနေနဲ့ ၄ ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါရဲ့ ဦးဆောင်သူ ဝုလ်ဖ်စ်ဘတ်ကို တစ်မှတ်အသာနဲ့ ကျော်တက်ပြီး ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒီတစ်ပတ်အတွက်တော့ ဘိုင်ယန်မြူးနစ်ရဲ့ ၇ ဂိုးပြတ်နိုင်ပွဲက ဂိုးသွင်းအများဆုံးတော့ မဟုတ်ခဲ့ဘဲ စီးရီးအေမှာ ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အင်တာမီလန်ကို အသာစီးယူနိုင်ခဲ့ပေမယ့် နယ်သာလန်ပထမတန်းမှာ SC ကမ်ဘာကို ကိုးဂိုး-ဂိုးမရှိ အနိုင်ယူခဲ့တဲ့ အိုင်းယက်စ်ရဲ့ နိုင်ပွဲကတော့ အကြီးမားဆုံးဖြစ်ခဲ့ကြောင်းလည်း စနေနေ့ညအပြီးမှာ စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတစ္ပတ္ရဲ႕ ဘြန္ဒက္စ္လီဂါ ပြဲစဥ္ ၅ မွာေတာ့ လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းက သူတို႔ရဲ႕ ဂိုးသြင္းစြမ္း Fire Power ကို ျပသတဲ့အေနနဲ႔ အားနည္းတဲ့ ၿပိဳင္ဘက္ ဘိုခ်မ္ကို အိမ္ကြင္း Allianz Arena မွာ ၇ ဂိုးအထိ သြင္းယူၿပီး အညႇာအတာ ကင္းမဲ့တဲ့ ႏိုင္ပြဲတစ္ရပ္ကို အလြယ္တကူ ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

၄-၂-၃-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့တဲ့ ဘာေဗးရီးယားသားေတြအေနနဲ႔ ဒီေန႔မွာ လူစုံထုတ္ကစားလာခဲ့ၿပီး ညာေနာက္ခံလူေနရာမွာ အကယ္ဒမီထြက္ စတန္နီရွစ္ခ်္ကို ကစားေစခဲ့တာကလြဲလို႔ အင္ျပည့္အားျပည့္ ေမာင္းတင္လာခဲ့သလို ပြဲခ်ိန္ ၁၇ မိနစ္မွာတည္းက အူေၾကာင္ေၾကာင္လုပ္ၿပီး ဂိုးေရွ႕မွာ ႏွစ္ေယာက္တည္း လူတံတိုင္းကာတဲ့ ဘိုခ်မ္ကို လီ႐ြိဳင္း ဆာေနးက ဖရီးကစ္ကေန အဖြင့္ဂိုးအျဖစ္ ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ကြင္းလယ္ကေန မူလာထိုးေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းကေန ဆာေနးက ျပန္ခ်ိဳးေပးတာကို ကြင္းလယ္မွာ ကစားေနတဲ့ ကင္းမစ္ခ်္က ဂိုးဧရိယာထဲမွာ ထိန္းသိမ္းရယူၿပီး တစ္ပတ္လွည့္ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူနဲ႔ထိၿပီး ဂိုးဝင္သြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ တတိယဂိုး ရရွိခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ေဘာလုံး ရယူလာတဲ့ မူလာက ညာျခမ္းကို ခင္းေပးခဲ့ရာမွာ ျမန္ႏႈန္းျမင့္ တိုက္စစ္မႉး ဂနာဘရီက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ အနိမ့္ေဘာျဖတ္ကန္ၿပီး ဂိုးရယူသြားခဲ့တာလည္း ျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာေတာ့ ဘိုခ်မ္ေနာက္ခံလူ လမ္ပ႐ိုပူးေလာ့စ္က ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့လို႔ အခ်ိန္တဝက္က်ိဳးခ်ိန္မွာ ဘိုင္ယန္တို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ၆၁ မိနစ္မွာေတာ့ ေတာက္ေလွ်ာက္ေျခစြမ္းျပေနခဲ့တဲ့ ဆာေနးရဲ႕ ညာျခမ္းက ေပးပို႔မႈကို ဂနာဘရီ ကန္သြင္းတာကေန ပ်က္ခဲ့တဲ့ ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီးက ပိတ္သြင္းၿပီး ပၪၥမဂိုး ရယူႏိုင္ခဲ့တာပါ။

ေလာဘႀကီးတဲ့ ဘိုင္ယန္တို႔ကေတာ့ ဒီေလာက္နဲ႔ ရပ္တန႔္သြားျခင္း မရွိေသးဘဲ သုံးမိနစ္အၾကာမွာ ေဘာလုံးဆြဲယူလာတဲ့ ကင္းမစ္ခ်္က ဂနာဘရီကို ေပးခဲ့ၿပီး ဂနာဘရီ မ,ေပးလိုက္တဲ့ ေဘာလုံးကို ဂိုရက္ဇ္ကာက ေခါင္းျပန္တိုက္ခ်ေပးတာကို ဂိုးသမားနဲ႔ အနီးကပ္အေနအထားမွာ ျပန္ရခဲ့တဲ့ ကင္းမစ္ခ်္ကပဲ ျပန္လည္အဆုံးသတ္ႏိုင္ခဲ့လို႔ ေျခာက္ဂိုး-ဂိုးမရွိ ျဖစ္ေနခဲ့ပါတယ္။

လက္ရွိခ်န္ပီယံအသင္းအတြက္ ပြဲသိမ္းဂိုးကိုေတာ့ လီဗန္ေဒါ့ဗ္စကီးအစား ဝင္လာခဲ့တဲ့ လူစားဝင္တိုက္စစ္မႉး ခ်ဴပိုမိုတင္းက ပြဲခ်ိန္ ၇၉ မိနစ္မွာ ဘိုခ်မ္ဂိုးသမား ရီးမန္းကို သနားေလာက္စရာအျဖစ္နဲ႔ သြင္းယူခဲ့ၿပီး မူလာကန္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ကင္းမ႐ြန္းသားက ဂိုးသမားနဲ႔ သူ႔ၾကား သုံးႀကိမ္တိတိ ရင္ဆိုင္ပိတ္သြင္းခဲ့ၿပီးမွ ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခုနစ္ဂိုး-ဂိုးမရွိနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ တိုက္စစ္အင္အားကို ၅ ပြဲမွာ ဂိုး ၂၀ သြင္းယူၿပီး ျပသႏိုင္ခဲ့သလို သေရတစ္ပြဲက်ထားတဲ့ ဘာေဗးရီးယားသားေတြအေနနဲ႔ ၄ ပြဲမွာ ရာႏႈန္းျပည့္ႏိုင္ပြဲ ရရွိထားတဲ့ ဘြန္ဒက္စ္လီဂါရဲ႕ ဦးေဆာင္သူ ဝုလ္ဖ္စ္ဘတ္ကို တစ္မွတ္အသာနဲ႔ ေက်ာ္တက္ၿပီး ဖိအားေပးႏိုင္ခဲ့ပါတယ္။

ဒီတစ္ပတ္အတြက္ေတာ့ ဘိုင္ယန္ျမဴးနစ္ရဲ႕ ၇ ဂိုးျပတ္ႏိုင္ပြဲက ဂိုးသြင္းအမ်ားဆုံးေတာ့ မဟုတ္ခဲ့ဘဲ စီးရီးေအမွာ ေျခာက္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ အင္တာမီလန္ကို အသာစီးယူႏိုင္ခဲ့ေပမယ့္ နယ္သာလန္ပထမတန္းမွာ SC ကမ္ဘာကို ကိုးဂိုး-ဂိုးမရွိ အႏိုင္ယူခဲ့တဲ့ အိုင္းယက္စ္ရဲ႕ ႏိုင္ပြဲကေတာ့ အႀကီးမားဆုံးျဖစ္ခဲ့ေၾကာင္းလည္း စေနေန႔ညအၿပီးမွာ စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.