Match Report Premier League

အော်ဒီဂွါဒ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ နှစ်ပွဲမှာ ခြောက်မှတ်ရသွားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ကစားရခက်တဲ့ ဘန်လေအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ကစားဖို့အတွက် ဂိုးသမား ရမ်းစ်ဒေးလ်ကို ဆက်သုံးခဲ့သလို တိုမီယာစု၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်၊ တီယာနီတို့ ခံစစ်တန်းရှေ့မှာ ပါတေးကို ထုတ်သုံးလာပြီး တိုက်စစ်မှာတော့ အူဘာမီယန်းနောက်က ဆာကာ၊ အော်ဒီဂွါဒ်၊ စမစ်ရိုးနဲ့ ပေပေတို့ကို ခင်းကျင်းလာခဲ့ပါတယ်။

အိမ်ရှင် ဘန်လေကတော့ သူတို့ကျွမ်းကျင်တဲ့ အမြင့်ဘောတွေနဲ့ပဲ တိုက်စစ်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အာဆင်နယ်နောက်တန်းမှာ ပြန်လည် ပါဝင်လာတဲ့ ဘရာဇီးလ်သား ဂါဘရီယယ်လ်ကတော့ တော်တော်လေး ခေါင်းဦးနေခဲ့သလို ဘောလုံးလမ်းကြောင်း တွက်ဆပုံက ဒီနေ့ပွဲမှာ တော်တော်လေး ကောင်းမွန်ခဲ့လို့ ဂန်းနားတွေ ထင်သလောက် ရင်မပူခဲ့ရတာပါ။

ဘန်ဝှိုက်ကတော့ အတက်အဆင်းနဲ့ အတွဲအဖက်တွေမှာ အားနည်းနေခဲ့ပြီး ပေါင်သန်း ၅၀ ဆိုတဲ့ ပြောင်းရွှေ့ကြေးရဲ့ တဝက်မပြောနဲ့၊ ငါးပုံတစ်ပုံတောင် မတန်တဲ့ ပုံစံမျိုးကို ပြသနေခဲ့သလို ခံစစ်မှာ အရောင်းအဝယ်ကြမ်းနေပြီး သူ့ရဲ့ ဟာကွက်ကို တိုမီယာစုနဲ့ ဂါဘရီယယ်လ်တို့သာ အန္တရာယ်ကို ကြိုမြင်တတ်မှုနဲ့ ဖြည့်မကစားနိုင်ခဲ့ရင် အာဆင်နယ်တို့ ဗျာများသွားရဖို့ ရှိနေခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဘန်လေဂိုးဧရိယာထိပ်မှာ ဆာကာကြောင့် ရရှိခဲ့တဲ့ ဖရီးကစ်ကို ကွင်းလယ်လူ အော်ဒီဂွါဒ်က ဘယ်ခြေနဲ့ ဘယ်ဘက်ဂိုးထောင့်ကို ဝေ့ဝိုက်ကန်သွင်းသွားခဲ့ရာမှာ ဂိုးသမား နစ်ခ် ပုပ် အငိုက်မိခဲ့ပြီး နော်ဝေသားအတွက် ဒီရာသီ ပထမဆုံးဂိုးကို ခွင့်ပြုပေးခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာ ဘန်လေရဲ့ တိုက်စစ်ဆင်လာမှုကို အာဆင်နယ်နောက်ခံလူတွေ ကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့် ပြောစရာလူကတော့ ဘန်ဝှိုက်ပဲဖြစ်နေပြီး တစ်ဖက်တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူ့နောက်ကို ပြေးဝင်လိုက်နိုင်တာနဲ့ ဂိုးသွင်းခွင့်ကို ရှာဖွေနိုင်ဖို့ဖြစ်နေသလို နောက်ကျောဘက်ကို လုံးဝ မစစ်ဆေးတတ်တဲ့ပုံစံက အသင်းအတွက် အထိနာသွားနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာတော့ အော်ဒီဂွါဒ် တင်ပေးလိုက်တာကို ပေပေက ညာတောင်ပံမှာ ထိန်းသိမ်းရယူပြီး အတွင်းကို ပြန်ချိုးပေးရာမှာ စမစ်ရိုးရဲ့ ကန်ချက်နဲ့ အသင်းရဲ့ တိုက်စစ်တွဲလုံးက ပညာသားပါခဲ့ပေမယ့် ဂိုးဘားပေါ်ကျော်သွားလို့ အာဆင်နယ်တို့ နစ်နာခဲ့ရပေမယ့် ဒီလိုပုံစံမျိုးတွေ များများ လုပ်နိုင်ခဲ့ရင် လာမယ့်ပွဲတွေမှာ ပိုကောင်းလာဖို့လည်း ရှိနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး အူဘာမီယန်းကတော့ ဂိုးရှေ့မှာ အလုပ်မဖြစ်ပေမယ့် ခင်းပေးတတ်တဲ့ ဘောလုံးတွေက မဆိုးခဲ့သလို ခံစစ်မှာတော့ ဂိုးသမား ရမ်းစ်ဒေးလ်က အင်္ဂလိပ်ပီပီ ပါးပါးနပ်နပ်နဲ့ နေရာယူပုံနဲ့ ကာကွယ်မှုတွေက တည်ငြိမ်ခဲ့ပြီး သူ့ရှေ့က လီနိုထက် သာလွန်တဲ့ ပုံစံကို ပြသနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ဂါဘရီယယ်လ် ဂိုးဧရိယာထဲမှာ မှားခဲ့တာကို နောက်ခံလူ ကော်နေး ကန်ခွင့်ရခဲ့ပေမယ့် ရမ်းစ်ဒေးလ် အမှားအယွင်းမရှိ ကာကွယ်သွားခဲ့သလို အာဆင်နယ်ရဲ့ ခံစစ်စုဖွဲ့ပုံကတော့ အနည်းငယ် ပျက်ပြားနေပြီး နောက်တန်းတွေရဲ့ရှေ့မှာ ကွင်းလယ်အဖျက်ကစားသမားတွေက ဧရိယာထိပ်လောက်က ကာကွယ်ပေးနေရမယ့်အစား အကုန်ဂိုးနား ရောက်နေခဲ့တာကို နေရာယူမှု အားနည်းချက်အဖြစ်လည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ ဘန်ဝှိုက် ထပ်ရောင်းခဲ့တဲ့ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဘန်လေတိုက်စစ်မှူး ဗစ်ဒရာ ရယူဖို့ ကြိုးစားခဲ့ရာမှာ ကြိုးစားဖျက်ထုတ်ခဲ့တဲ့ ဂိုးသမား ရမ်းစ်ဒေးလ်နဲ့အတွေ့ လဲကျသွားခဲ့တာကို ဒိုင်လူကြီး အန်ထော်နီ တေလာ ပင်နယ်တီ သတ်မှတ်ပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဘောလုံးကို အရင်ထိခဲ့တာကြောင့် ပြန်လည်ပယ်ဖျက်ပေးသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ အနိုင်ဂိုးကို ထိန်းသိမ်းနိုင်ခဲ့သလို ဘန်လေရဲ့ အမြင့်ဘောတွေကိုလည်း ဂါဘရီယယ်လ်တို့အဖွဲ့က ထိန်းချုပ်သွားနိုင်ခဲ့လို့ မိနစ် ၉၀ အပြည့်မှာတော့ အဝေးကွင်းမှာ ရရှိခဲ့တဲ့ အဖိုးတန်သုံးမှတ်နဲ့ နှစ်ပွဲဆက်တိုက် ခြောက်မှတ် စုဆောင်းနိုင်ခဲ့ပြီး တန်းဆင်းဇုန်ကနေ အဆင့် ၁၂ နေရာအထိ ရုန်းထွက်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ အာဆင်နယ်ရဲ့ အကြီးမားဆုံး အန္တရာယ်က ဘန်ဝှိုက်ပဲဖြစ်ခဲ့ပြီး နောက်မှာ တစ်ဖက်ကစားသမားရှိမှန်း မသိဘဲ လုပ်ချင်သလို လုပ်နေခဲ့တာတွေနဲ့ လူကျွံထောင်ချောက်တွေကို ဖျက်ဆီးနေခဲ့တာဟာ အာတီတာကို ရာထူးပြုတ်အောင်လုပ်မယ့် ဆူပါပါဝါဖြစ်နေခဲ့သလို သုံးယောက်တန်း ညာအစွန်လူအဖြစ် သုံးစွဲဖို့ ဝယ်ယူထားခဲ့ချိန်မှာ ကစားကွက်က 3 Back မဟုတ်ခဲ့ရင်တော့ တိုမီယာစုကို အလယ်ပြန်ထည့်ပြီး သူ့ကို သုံးချင်လွန်းရင် ညာနောက်ခံလူအဖြစ်သာ နေရာချမှ စိတ်အေးနိုင်မှာလည်းဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ကစားရခက္တဲ့ ဘန္ေလအသင္းကို အေဝးကြင္းမွာ ရင္ဆိုင္ကစားဖို႔အတြက္ ဂိုးသမား ရမ္းစ္ေဒးလ္ကို ဆက္သုံးခဲ့သလို တိုမီယာစု၊ ဘန္ဝႈိက္၊ ဂါဘရီယယ္လ္၊ တီယာနီတို႔ ခံစစ္တန္းေရွ႕မွာ ပါေတးကို ထုတ္သုံးလာၿပီး တိုက္စစ္မွာေတာ့ အူဘာမီယန္းေနာက္က ဆာကာ၊ ေအာ္ဒီဂြါဒ္၊ စမစ္႐ိုးနဲ႔ ေပေပတို႔ကို ခင္းက်င္းလာခဲ့ပါတယ္။

အိမ္ရွင္ ဘန္ေလကေတာ့ သူတို႔ကြၽမ္းက်င္တဲ့ အျမင့္ေဘာေတြနဲ႔ပဲ တိုက္စစ္ဆင္ဖို႔ ႀကိဳးစားလာခဲ့ၿပီး အာဆင္နယ္ေနာက္တန္းမွာ ျပန္လည္ ပါဝင္လာတဲ့ ဘရာဇီးလ္သား ဂါဘရီယယ္လ္ကေတာ့ ေတာ္ေတာ္ေလး ေခါင္းဦးေနခဲ့သလို ေဘာလုံးလမ္းေၾကာင္း တြက္ဆပုံက ဒီေန႔ပြဲမွာ ေတာ္ေတာ္ေလး ေကာင္းမြန္ခဲ့လို႔ ဂန္းနားေတြ ထင္သေလာက္ ရင္မပူခဲ့ရတာပါ။

ဘန္ဝႈိက္ကေတာ့ အတက္အဆင္းနဲ႔ အတြဲအဖက္ေတြမွာ အားနည္းေနခဲ့ၿပီး ေပါင္သန္း ၅၀ ဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ တဝက္မေျပာနဲ႔၊ ငါးပုံတစ္ပုံေတာင္ မတန္တဲ့ ပုံစံမ်ိဳးကို ျပသေနခဲ့သလို ခံစစ္မွာ အေရာင္းအဝယ္ၾကမ္းေနၿပီး သူ႔ရဲ႕ ဟာကြက္ကို တိုမီယာစုနဲ႔ ဂါဘရီယယ္လ္တို႔သာ အႏၲရာယ္ကို ႀကိဳျမင္တတ္မႈနဲ႔ ျဖည့္မကစားႏိုင္ခဲ့ရင္ အာဆင္နယ္တို႔ ဗ်ာမ်ားသြားရဖို႔ ရွိေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဦးေဆာင္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဘန္ေလဂိုးဧရိယာထိပ္မွာ ဆာကာေၾကာင့္ ရရွိခဲ့တဲ့ ဖရီးကစ္ကို ကြင္းလယ္လူ ေအာ္ဒီဂြါဒ္က ဘယ္ေျခနဲ႔ ဘယ္ဘက္ဂိုးေထာင့္ကို ေဝ့ဝိုက္ကန္သြင္းသြားခဲ့ရာမွာ ဂိုးသမား နစ္ခ္ ပုပ္ အငိုက္မိခဲ့ၿပီး ေနာ္ေဝသားအတြက္ ဒီရာသီ ပထမဆုံးဂိုးကို ခြင့္ျပဳေပးခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာ ဘန္ေလရဲ႕ တိုက္စစ္ဆင္လာမႈကို အာဆင္နယ္ေနာက္ခံလူေတြ ႀကံ့ႀကံ့ခံႏိုင္ခဲ့ေပမယ့္ ေျပာစရာလူကေတာ့ ဘန္ဝႈိက္ပဲျဖစ္ေနၿပီး တစ္ဖက္တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ သူ႔ေနာက္ကို ေျပးဝင္လိုက္ႏိုင္တာနဲ႔ ဂိုးသြင္းခြင့္ကို ရွာေဖြႏိုင္ဖို႔ျဖစ္ေနသလို ေနာက္ေက်ာဘက္ကို လုံးဝ မစစ္ေဆးတတ္တဲ့ပုံစံက အသင္းအတြက္ အထိနာသြားႏိုင္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပထမပိုင္းၿပီးခါနီးမွာေတာ့ ေအာ္ဒီဂြါဒ္ တင္ေပးလိုက္တာကို ေပေပက ညာေတာင္ပံမွာ ထိန္းသိမ္းရယူၿပီး အတြင္းကို ျပန္ခ်ိဳးေပးရာမွာ စမစ္႐ိုးရဲ႕ ကန္ခ်က္နဲ႔ အသင္းရဲ႕ တိုက္စစ္တြဲလုံးက ပညာသားပါခဲ့ေပမယ့္ ဂိုးဘားေပၚေက်ာ္သြားလို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရေပမယ့္ ဒီလိုပုံစံမ်ိဳးေတြ မ်ားမ်ား လုပ္ႏိုင္ခဲ့ရင္ လာမယ့္ပြဲေတြမွာ ပိုေကာင္းလာဖို႔လည္း ရွိေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံး အျပန္အလွန္တိုက္စစ္ဆင္ခဲ့ၾကၿပီး အူဘာမီယန္းကေတာ့ ဂိုးေရွ႕မွာ အလုပ္မျဖစ္ေပမယ့္ ခင္းေပးတတ္တဲ့ ေဘာလုံးေတြက မဆိုးခဲ့သလို ခံစစ္မွာေတာ့ ဂိုးသမား ရမ္းစ္ေဒးလ္က အဂၤလိပ္ပီပီ ပါးပါးနပ္နပ္နဲ႔ ေနရာယူပုံနဲ႔ ကာကြယ္မႈေတြက တည္ၿငိမ္ခဲ့ၿပီး သူ႔ေရွ႕က လီႏိုထက္ သာလြန္တဲ့ ပုံစံကို ျပသႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ဂါဘရီယယ္လ္ ဂိုးဧရိယာထဲမွာ မွားခဲ့တာကို ေနာက္ခံလူ ေကာ္ေနး ကန္ခြင့္ရခဲ့ေပမယ့္ ရမ္းစ္ေဒးလ္ အမွားအယြင္းမရွိ ကာကြယ္သြားခဲ့သလို အာဆင္နယ္ရဲ႕ ခံစစ္စုဖြဲ႕ပုံကေတာ့ အနည္းငယ္ ပ်က္ျပားေနၿပီး ေနာက္တန္းေတြရဲ႕ေရွ႕မွာ ကြင္းလယ္အဖ်က္ကစားသမားေတြက ဧရိယာထိပ္ေလာက္က ကာကြယ္ေပးေနရမယ့္အစား အကုန္ဂိုးနား ေရာက္ေနခဲ့တာကို ေနရာယူမႈ အားနည္းခ်က္အျဖစ္လည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာ ဘန္ဝႈိက္ ထပ္ေရာင္းခဲ့တဲ့ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဘန္ေလတိုက္စစ္မႉး ဗစ္ဒရာ ရယူဖို႔ ႀကိဳးစားခဲ့ရာမွာ ႀကိဳးစားဖ်က္ထုတ္ခဲ့တဲ့ ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔အေတြ႕ လဲက်သြားခဲ့တာကို ဒိုင္လူႀကီး အန္ေထာ္နီ ေတလာ ပင္နယ္တီ သတ္မွတ္ေပးခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ေဘာလုံးကို အရင္ထိခဲ့တာေၾကာင့္ ျပန္လည္ပယ္ဖ်က္ေပးသြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ အႏိုင္ဂိုးကို ထိန္းသိမ္းႏိုင္ခဲ့သလို ဘန္ေလရဲ႕ အျမင့္ေဘာေတြကိုလည္း ဂါဘရီယယ္လ္တို႔အဖြဲ႕က ထိန္းခ်ဳပ္သြားႏိုင္ခဲ့လို႔ မိနစ္ ၉၀ အျပည့္မွာေတာ့ အေဝးကြင္းမွာ ရရွိခဲ့တဲ့ အဖိုးတန္သုံးမွတ္နဲ႔ ႏွစ္ပြဲဆက္တိုက္ ေျခာက္မွတ္ စုေဆာင္းႏိုင္ခဲ့ၿပီး တန္းဆင္းဇုန္ကေန အဆင့္ ၁၂ ေနရာအထိ ႐ုန္းထြက္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အာဆင္နယ္ရဲ႕ အႀကီးမားဆုံး အႏၲရာယ္က ဘန္ဝႈိက္ပဲျဖစ္ခဲ့ၿပီး ေနာက္မွာ တစ္ဖက္ကစားသမားရွိမွန္း မသိဘဲ လုပ္ခ်င္သလို လုပ္ေနခဲ့တာေတြနဲ႔ လူကြၽံေထာင္ေခ်ာက္ေတြကို ဖ်က္ဆီးေနခဲ့တာဟာ အာတီတာကို ရာထူးျပဳတ္ေအာင္လုပ္မယ့္ ဆူပါပါဝါျဖစ္ေနခဲ့သလို သုံးေယာက္တန္း ညာအစြန္လူအျဖစ္ သုံးစြဲဖို႔ ဝယ္ယူထားခဲ့ခ်ိန္မွာ ကစားကြက္က 3 Back မဟုတ္ခဲ့ရင္ေတာ့ တိုမီယာစုကို အလယ္ျပန္ထည့္ၿပီး သူ႔ကို သုံးခ်င္လြန္းရင္ ညာေနာက္ခံလူအျဖစ္သာ ေနရာခ်မွ စိတ္ေအးႏိုင္မွာလည္းျဖစ္ပါေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.