Premier League Serie A

ေႏြရာသီမွာ ခ်ဲလ္ဆီးကေန ေဂ်ာ္ဂ်င္ဟို ထြက္ခြာႏုိင္တယ္လုိ႔ ေအးဂ်င့္ေျပာၾကား

လာမယ့္ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကေန သူ႕ရဲ႕ကစားသမားအေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ ထြက္ခြာႏုိင္ေၾကာင္းဆုိခဲ့ၿပီး ဒါကလည္း ေဂ်ာ္ဂ်င္ဟိုကို အသင္းကေန ေရာင္းခ်မွပဲျဖစ္ႏိုင္လိမ့္မယ္လို႔ ေအးဂ်င့္ျဖစ္သူက ေျပာၾကားလုိက္ပါတယ္။

ဒီရာသီမွာ ဖရန္႔ လမ္းပတ္အတြက္ ၃၂ ပြဲအထိ ပါဝင္ကစားေပးထားခဲ့ၿပီးျဖစ္တဲ့ ဘရာဇီးလ္ဖြား အီတလီကြင္းလယ္လူကို စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားေနတယ္လုိ႔ သိရၿပီး နည္းျပ ေမာ္ရီဇီယို ဆာရီအတြက္ တတိယအႀကိမ္ေျမာက္ ကစားေပးဦးမလားဆုိတာကို ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္ဖန္တီးရွင္ရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ သူ႕ရဲ႕ကစားသမားကို ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားေနတယ္လုိ႔ ဝန္ခံသြားခဲ့ေပမယ့္ ေျပာင္းေရႊ႕ဖို႔အတြက္ကိုေတာ့ ခ်ဲလ္ဆီးအသင္းဘက္က ေရာင္းခ်ခ်င္စိတ္ရွိမွ ျဖစ္လိမ့္မယ္လို႔လည္း သုံးသပ္သြားခဲ့ပါတယ္။

“ေဈးကြက္ထဲမွာေတာ့ အရာအားလုံးက ျဖစ္ႏုိင္တာပဲဗ်။ ကၽြန္ေတာ္ကေတာ့ ဘာလုိ႔ မျဖစ္ႏုိင္ရမလဲလို႔ပဲ ျပန္ေမးမွာပဲ။ ေဂ်ာ္ဂ်င္ဟိုမွာ အသင္းနဲ႔ သုံးႏွစ္စာခ်ဳပ္ က်န္ေနေသးတာကေတာ့ အတားအဆီးတစ္ခုျဖစ္ႏုိင္ၿပီး ဂ်ဴဗင္တပ္စ္က စိတ္ဝင္စားေနေပမယ့္ ပထမဦးစားေပးအစီအစဥ္ကေတာ့ ခ်ဲလ္ဆီးမွာပဲ ဆက္ေနဖို႔ပါ”လို႔ ေအးဂ်င့္ျဖစ္သူ ဂ်ဳိအာအို ကားလို႔စ္က ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ ကားလို႔စ္က သူ႕ရဲ႕ကစားသမားအေနနဲ႔ အေျပာင္းအေရႊ႕ကာလတုိင္းမွာ အီတလီ၊ ျပင္သစ္နဲ႔ အဂၤလန္က စိတ္ဝင္စားမွဳေတြ ရရွိခဲ့ၿပီး ခ်ဲလ္ဆီးမွာ ဆက္မေနျဖစ္ခဲ့ဘူးဆုိရင္ေတာ့ သူ႕ရဲ႕နည္းျပေဟာင္း ဆာရီနဲ႔ ပူးေပါင္းဖို႔က ပထမေနရာမွာ ရွိလိမ့္မွာျဖစ္ေၾကာင္းလည္း အီတလီမီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ သူ့ရဲ့ကစားသမားအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ထွက်ခွာနိုင်ကြောင်းဆိုခဲ့ပြီး ဒါကလည်း ဂျော်ဂျင်ဟိုကို အသင်းကနေ ရောင်းချမှပဲဖြစ်နိုင်လိမ့်မယ်လို့ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်ပါတယ်။

ဒီရာသီမှာ ဖရန့် လမ်းပတ်အတွက် ၃၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီးဖြစ်တဲ့ ဘရာဇီးလ်ဖွား အီတလီကွင်းလယ်လူကို စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပြီး နည်းပြ မော်ရီဇီယို ဆာရီအတွက် တတိယအကြိမ်မြောက် ကစားပေးဦးမလားဆိုတာကို စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ကစားသမားကို ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတယ်လို့ ဝန်ခံသွားခဲ့ပေမယ့် ပြောင်းရွှေ့ဖို့အတွက်ကိုတော့ ချဲလ်ဆီးအသင်းဘက်က ရောင်းချချင်စိတ်ရှိမှ ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

“ဈေးကွက်ထဲမှာတော့ အရာအားလုံးက ဖြစ်နိုင်တာပဲဗျ။ ကျွန်တော်ကတော့ ဘာလို့ မဖြစ်နိုင်ရမလဲလို့ပဲ ပြန်မေးမှာပဲ။ ဂျော်ဂျင်ဟိုမှာ အသင်းနဲ့ သုံးနှစ်စာချုပ် ကျန်နေသေးတာကတော့ အတားအဆီးတစ်ခုဖြစ်နိုင်ပြီး ဂျူဗင်တပ်စ်က စိတ်ဝင်စားနေပေမယ့် ပထမဦးစားပေးအစီအစဉ်ကတော့ ချဲလ်ဆီးမှာပဲ ဆက်နေဖို့ပါ”လို့ အေးဂျင့်ဖြစ်သူ ဂျိုအာအို ကားလို့စ်က ပြောကြားသွားပါတယ်။

ဒါ့အပြင် ကားလို့စ်က သူ့ရဲ့ကစားသမားအနေနဲ့ အပြောင်းအရွှေ့ကာလတိုင်းမှာ အီတလီ၊ ပြင်သစ်နဲ့ အင်္ဂလန်က စိတ်ဝင်စားမှုတွေ ရရှိခဲ့ပြီး ချဲလ်ဆီးမှာ ဆက်မနေဖြစ်ခဲ့ဘူးဆိုရင်တော့ သူ့ရဲ့နည်းပြဟောင်း ဆာရီနဲ့ ပူးပေါင်းဖို့က ပထမနေရာမှာ ရှိလိမ့်မှာဖြစ်ကြောင်းလည်း အီတလီမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.