Match Report Premier League

ငယ်နိုင် ပဲလေ့စ်ကို အထက်စီးက ချေမှုန်းပြီး ဇယားထိပ်တက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ နောက်ခံလူသစ် အီဘရာဟီမာ ကိုနာတေကို စတင်ပွဲထွက်ခွင့်ပြုခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ နေရာတွေမှာလည်း မီလ်နာနဲ့ ဆီမီကတ်စ်တို့ကို သုံးစွဲသွားခဲ့ပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂိုနဲ့ တိုက်စစ်မှာတော့ ဂျိုတာ၊ ဆာလားနဲ့ မာနေးတို့ ကစားခဲ့ကြပါတယ်။

ပဲလေ့စ်နည်းပြ ဗီယာရာကတော့ သူ့ရဲ့ အတွဲအဖက် မိနေတဲ့ လူစာရင်းကိုပဲ ဆက်လက်သုံးစွဲခဲ့ပေမယ့် အန်းဖီးလ်ဆိုတာတော့ သူတို့တစ်တွေ ခြေစွမ်းပြနိုင်မယ့် နေရာမျိုး မဟုတ်ကြောင်း သိရှိသွားခဲ့ရသလို ဘယ်တောင်ပံက ဇာဟာအနေနဲ့ ညာနောက်ခံလူစစ်စစ် မဟုတ်တဲ့ အဘိုးကြီး မီလ်နာကို ပွဲချိန် ၂ မိနစ်က ဖရီးကစ်ကို ထိုးဖောက်မှုကလွဲလို့ သိပ်ပြီး ဒုက္ခမပေးနိုင်ခဲ့တာကိုလည်း ထူးဆန်းအံ့ဩဖွယ်ရာ တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ မာနေးရဲ့ ဖြတ်တင်ဘောကို အသင်းခေါင်းဆောင် ဟန်ဒါဆန် ပိတ်သွင်းခဲ့ပေမယ့် ဂိုးသမား ဂွိုင်တာ ကာကွယ်သွားနိုင်ခဲ့လို့ လီဗာပူးလ်တို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရသလို နောက်ခံလူ ကိုနာတေကတော့ ပရီးမီးယားလိဂ်နဲ့ အလျင်အမြန် အသားကျတာကို တွေ့မြင်ခဲ့ရပြီး ရှင်းထုတ်မှုတွေနဲ့ တစ်ဦးချင်း ထိန်းချုပ်မှုတွေမှာ ချီးကျူးစရာဖြစ်နေခဲ့တာပါ။

ပထမပိုင်းမှာ လီဗာပူးလ်တို့အနေနဲ့ ပဲလေ့စ်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပြီး ဘယ်နောက်ခံလူ ဆီမီကတ်စ်ရဲ့ တိုက်စစ်လိုက်ပါမှုနဲ့ ဖြတ်တင်ဘောတွေကို အဓိက အသုံးချခဲ့သလို တိုက်စစ်ဆင်မှုတွေက ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ ဂျိုတာ၊ ဆာလားနဲ့ သီယာဂိုတို့က လွဲချော်နေခဲ့လို့ သူတို့ရဲ့ အဖွင့်ဂိုးက တော်တော်လေး စောင့်ဆိုင်းခဲ့ရပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဆီမီကတ်စ်က ပဲလေ့စ်နောက်တန်းတွေ နေရာယူထားတဲ့နေရာနဲ့ အတော်လှမ်းလှမ်းကို တင်ပေးခဲ့ရာမှာ ဆာလားရဲ့ ပြေးဝင်ခေါင်းတိုက်ချက်ကို ဂွိုင်တာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် အနားမှာ ရှိနေတဲ့ မာနေးက ထပ်ဆင့် ပိတ်သွင်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ ဂိုးစရခဲ့ပြီး ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း ဆာလားနဲ့ ဟန်ဒါဆန်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြဘဲ ပဲလေ့စ်တို့ကတောင်မှ အနည်းငယ် ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ သီယာဂိုအစား ကီးတား ဝင်ကစားခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ မာနေးနဲ့ ဆာလားတို့ရဲ့ ဆက်တိုက်ကန်သွင်းချက်တွေကို စပိန်ဂိုးသမား ဂွိုင်တာ ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ဆီမီကတ်စ်ရဲ့ ထောင့်ကန်ဘောကနေပဲ နောက်ခံလူ ဗန်ဒိုက်က ခေါင်းတိုက်ပြီး ပြန်ကျလာခဲ့တဲ့ ဘောလုံးကို နောက်ခံလူတွေနဲ့ ဂိုးသမား ရှင်းမထုတ်နိုင်ခင် ဆာလားက အနီးကပ် ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ အန်းဖီးလ်မှာ အိမ်ရှင်တွေ ပဲလေ့စ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ တိုက်ဆိုင်လွန်းတယ်လို့ပဲ ပြောရမယ့် တတိယဂိုးကို လီဗာပူးလ်တို့ သွင်းယူနိုင်ခဲ့ပြီး ညာထောင့်ကန်ဘောကို ဆာလား ကန်တင်ပေးရာမှာ ဂိုးသမား ဂွိုင်တာ ဦးအောင်ခုန်ပုတ်ထုတ်နိုင်ခဲ့လို့ ထွက်လာခဲ့တဲ့ ဘောလုံး ဧရိယာထိပ်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ကီးတားက မြေမကျ Half Volley ကန်သွင်းခဲ့ရာမှာ သပ်ရပ်လွန်းခဲ့တာကြောင့် ပဲလေ့စ်တို့ ထိုးနှက်ခံခဲ့ရပြီး လက်နက်ချခဲ့ကြရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ အန်းဖီးလ်မှာ ခရစ္စတယ်လ်ပဲလေ့စ်တို့ကို အထက်စီးကနေ ကစားပြီး သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ငါးပွဲကစားပြီးချိန်မှာ လေးပွဲနိုင် တစ်ပွဲသရေ၊ ရမှတ် ၁၃ မှတ်နဲ့ စနေနေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ေနာက္ခံလူသစ္ အီဘရာဟီမာ ကိုနာေတကို စတင္ပြဲထြက္ခြင့္ျပဳခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ ေနရာေတြမွာလည္း မီလ္နာနဲ႔ ဆီမီကတ္စ္တို႔ကို သုံးစြဲသြားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ တိုက္စစ္မွာေတာ့ ဂ်ိဳတာ၊ ဆာလားနဲ႔ မာေနးတို႔ ကစားခဲ့ၾကပါတယ္။

ပဲေလ့စ္နည္းျပ ဗီယာရာကေတာ့ သူ႔ရဲ႕ အတြဲအဖက္ မိေနတဲ့ လူစာရင္းကိုပဲ ဆက္လက္သုံးစြဲခဲ့ေပမယ့္ အန္းဖီးလ္ဆိုတာေတာ့ သူတို႔တစ္ေတြ ေျခစြမ္းျပႏိုင္မယ့္ ေနရာမ်ိဳး မဟုတ္ေၾကာင္း သိရွိသြားခဲ့ရသလို ဘယ္ေတာင္ပံက ဇာဟာအေနနဲ႔ ညာေနာက္ခံလူစစ္စစ္ မဟုတ္တဲ့ အဘိုးႀကီး မီလ္နာကို ပြဲခ်ိန္ ၂ မိနစ္က ဖရီးကစ္ကို ထိုးေဖာက္မႈကလြဲလို႔ သိပ္ၿပီး ဒုကၡမေပးႏိုင္ခဲ့တာကိုလည္း ထူးဆန္းအံ့ဩဖြယ္ရာ ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာ မာေနးရဲ႕ ျဖတ္တင္ေဘာကို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ပိတ္သြင္းခဲ့ေပမယ့္ ဂိုးသမား ဂြိဳင္တာ ကာကြယ္သြားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ အဖြင့္ဂိုးနဲ႔ ေဝးခဲ့ရသလို ေနာက္ခံလူ ကိုနာေတကေတာ့ ပရီးမီးယားလိဂ္နဲ႔ အလ်င္အျမန္ အသားက်တာကို ေတြ႕ျမင္ခဲ့ရၿပီး ရွင္းထုတ္မႈေတြနဲ႔ တစ္ဦးခ်င္း ထိန္းခ်ဳပ္မႈေတြမွာ ခ်ီးက်ဴးစရာျဖစ္ေနခဲ့တာပါ။

ပထမပိုင္းမွာ လီဗာပူးလ္တို႔အေနနဲ႔ ပဲေလ့စ္ကို ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားခဲ့ၿပီး ဘယ္ေနာက္ခံလူ ဆီမီကတ္စ္ရဲ႕ တိုက္စစ္လိုက္ပါမႈနဲ႔ ျဖတ္တင္ေဘာေတြကို အဓိက အသုံးခ်ခဲ့သလို တိုက္စစ္ဆင္မႈေတြက ေကာင္းခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ ဂ်ိဳတာ၊ ဆာလားနဲ႔ သီယာဂိုတို႔က လြဲေခ်ာ္ေနခဲ့လို႔ သူတို႔ရဲ႕ အဖြင့္ဂိုးက ေတာ္ေတာ္ေလး ေစာင့္ဆိုင္းခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဆီမီကတ္စ္က ပဲေလ့စ္ေနာက္တန္းေတြ ေနရာယူထားတဲ့ေနရာနဲ႔ အေတာ္လွမ္းလွမ္းကို တင္ေပးခဲ့ရာမွာ ဆာလားရဲ႕ ေျပးဝင္ေခါင္းတိုက္ခ်က္ကို ဂြိဳင္တာ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ေပမယ့္ အနားမွာ ရွိေနတဲ့ မာေနးက ထပ္ဆင့္ ပိတ္သြင္းႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးစရခဲ့ၿပီး ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာလည္း ဆာလားနဲ႔ ဟန္ဒါဆန္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကဘဲ ပဲေလ့စ္တို႔ကေတာင္မွ အနည္းငယ္ ျပန္လည္ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဒဏ္ရာရသြားတဲ့ သီယာဂိုအစား ကီးတား ဝင္ကစားခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ မာေနးနဲ႔ ဆာလားတို႔ရဲ႕ ဆက္တိုက္ကန္သြင္းခ်က္ေတြကို စပိန္ဂိုးသမား ဂြိဳင္တာ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၿပီး ဆီမီကတ္စ္ရဲ႕ ေထာင့္ကန္ေဘာကေနပဲ ေနာက္ခံလူ ဗန္ဒိုက္က ေခါင္းတိုက္ၿပီး ျပန္က်လာခဲ့တဲ့ ေဘာလုံးကို ေနာက္ခံလူေတြနဲ႔ ဂိုးသမား ရွင္းမထုတ္ႏိုင္ခင္ ဆာလားက အနီးကပ္ ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ အန္းဖီးလ္မွာ အိမ္ရွင္ေတြ ပဲေလ့စ္ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ တိုက္ဆိုင္လြန္းတယ္လို႔ပဲ ေျပာရမယ့္ တတိယဂိုးကို လီဗာပူးလ္တို႔ သြင္းယူႏိုင္ခဲ့ၿပီး ညာေထာင့္ကန္ေဘာကို ဆာလား ကန္တင္ေပးရာမွာ ဂိုးသမား ဂြိဳင္တာ ဦးေအာင္ခုန္ပုတ္ထုတ္ႏိုင္ခဲ့လို႔ ထြက္လာခဲ့တဲ့ ေဘာလုံး ဧရိယာထိပ္မွာ အသင့္ေစာင့္ဆိုင္းေနတဲ့ ကီးတားက ေျမမက် Half Volley ကန္သြင္းခဲ့ရာမွာ သပ္ရပ္လြန္းခဲ့တာေၾကာင့္ ပဲေလ့စ္တို႔ ထိုးႏွက္ခံခဲ့ရၿပီး လက္နက္ခ်ခဲ့ၾကရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ အန္းဖီးလ္မွာ ခရစၥတယ္လ္ပဲေလ့စ္တို႔ကို အထက္စီးကေန ကစားၿပီး သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ငါးပြဲကစားၿပီးခ်ိန္မွာ ေလးပြဲႏိုင္ တစ္ပြဲသေရ၊ ရမွတ္ ၁၃ မွတ္နဲ႔ စေနေန႔မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ထိပ္ဆုံးကေန ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.