Premier League

ဇာဟာကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ အသံထြက္လာတဲ့ နယူးကာဆယ္လ္

ေဆာ္ဒီလုပ္ငန္းစုကေန လႊဲေျပာင္းရယူဖို႔ စီစဥ္ေနတဲ့ နယူးကာဆယ္လ္ ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းကို ႀကီးႀကီးမားမား ေျပာင္းလဲဖို႔ စီစဥ္ေနၿပီး ခရစၥတယ္လ္ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံကစားသမား ဝီလ္ဖရီးဒ္ ဇာဟာကို ေခၚယူသြားဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဇာဟာအတြက္ ေပါင္သန္း ၆၀ အသုံးျပဳသြားမယ္လို႔ သိရၿပီး အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးလည္း ျဖစ္လာမွာျဖစ္သလို ပရီးမီးယားလိဂ္ရဲ႕ ခ်ိန္ခြင္လွ်ာကလည္း အနည္းနဲ႔အမ်ား ေျပာင္းလဲမွဳေတြ ျဖစ္ေပၚလာဖို႔ ရွိေနပါတယ္။

လက္ရွိမွာေတာ့ ငွက္က်ားေတြကို လႊဲေျပာင္းမွဳအတြက္ အားကစားနဲ႔ ဘာမွမဆုိင္တဲ့ ႏုိင္ငံေရး အေျခခံတဲ့ကိစၥေတြျဖစ္တဲ့ ကာတာရဲ႕ Be In Sports ကို ေဆာ္ဒီႏုိင္ငံတြင္းမွာ တရားမဝင္ထုတ္လႊင့္ေနတာကို အေၾကာင္းျပၿပီး ကန္႔ကြက္ေနၾကၿပီး နယူးကာဆယ္လ္ကို ဝယ္ယူမွဳနဲ႔ ဘာမွမဆုိင္တဲ့ အေၾကာင္းျပခ်က္ကေတာ့ ရယ္စရာလည္းျဖစ္ေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္အသင္းတခ်ဳိ႕နဲ႔ Be In Sports တုိ႔ ပူးေပါင္းၿပီး ကန္႔ကြက္မွဳေတြကို လုပ္ေဆာင္ေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပေနၾကၿပီး ဒါကိုေတာ့ တာဝန္ရွိသူေတြအေနနဲ႔ လက္ခံစဥ္းစားေကာင္းစဥ္းစားႏုိင္မွာျဖစ္ေပမယ့္ စီးပြားေရးတုိးတက္လာေစမယ့္ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို လက္လႊတ္ရေလာက္ေအာင္ေတာ့ သူတုိ႔ေတြ မမိုက္မဲဘူးလို႔ ယူဆရပါတယ္။

နယူးကာဆယ္လ္အသင္းအေနနဲ႔ အေျပာင္းအလဲမွာ ကစားသမားေဟာင္းေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနရာမွာ ပရီးမီးယားလိဂ္အသင္းႀကီး ေတြက ေဈးမ်ားလုိ႔ မေခၚယူျဖစ္တဲ့ ဇာဟာနဲ႔ နာမည္ႀကီးေနာက္ခံလူ ခါလီဒူး ကူလီေဘလီတုိ႔ ပါဝင္ေနၿပီး နည္းျပ စတိဗ္ ဘ႐ုစ္ကိုလည္း ထုတ္ပယ္ဖို႔ စဥ္းစားေနသလို ေမာ္ရီစီယို ပိုခ်က္တီႏိုနဲ႔ အစားထိုးသြားဖို႔လည္း နီးစပ္ေနေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဆော်ဒီလုပ်ငန်းစုကနေ လွှဲပြောင်းရယူဖို့ စီစဉ်နေတဲ့ နယူးကာဆယ်လ် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကို ကြီးကြီးမားမား ပြောင်းလဲဖို့ စီစဉ်နေပြီး ခရစ္စတယ်လ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဝီလ်ဖရီးဒ် ဇာဟာကို ခေါ်ယူသွားဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

နယူးကာဆယ်လ်အသင်းအနေနဲ့ ဇာဟာအတွက် ပေါင်သန်း ၆၀ အသုံးပြုသွားမယ်လို့ သိရပြီး အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးလည်း ဖြစ်လာမှာဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ချိန်ခွင်လျှာကလည်း အနည်းနဲ့အများ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ငှက်ကျားတွေကို လွှဲပြောင်းမှုအတွက် အားကစားနဲ့ ဘာမှမဆိုင်တဲ့ နိုင်ငံရေး အခြေခံတဲ့ကိစ္စတွေဖြစ်တဲ့ ကာတာရဲ့ Be In Sports ကို ဆော်ဒီနိုင်ငံတွင်းမှာ တရားမဝင်ထုတ်လွှင့်နေတာကို အကြောင်းပြပြီး ကန့်ကွက်နေကြပြီး နယူးကာဆယ်လ်ကို ဝယ်ယူမှုနဲ့ ဘာမှမဆိုင်တဲ့ အကြောင်းပြချက်ကတော့ ရယ်စရာလည်းဖြစ်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်းတချို့နဲ့ Be In Sports တို့ ပူးပေါင်းပြီး ကန့်ကွက်မှုတွေကို လုပ်ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဒါကိုတော့ တာဝန်ရှိသူတွေအနေနဲ့ လက်ခံစဉ်းစားကောင်းစဉ်းစားနိုင်မှာဖြစ်ပေမယ့် စီးပွားရေးတိုးတက်လာစေမယ့် ရင်းနှီးမြှုပ်နှံသူတွေကို လက်လွှတ်ရလောက်အောင်တော့ သူတို့တွေ မမိုက်မဲဘူးလို့ ယူဆရပါတယ်။

နယူးကာဆယ်လ်အသင်းအနေနဲ့ အပြောင်းအလဲမှာ ကစားသမားဟောင်းတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေရာမှာ ပရီးမီးယားလိဂ်အသင်းကြီး တွေက ဈေးများလို့ မခေါ်ယူဖြစ်တဲ့ ဇာဟာနဲ့ နာမည်ကြီးနောက်ခံလူ ခါလီဒူး ကူလီဘေလီတို့ ပါဝင်နေပြီး နည်းပြ စတိဗ် ဘရုစ်ကိုလည်း ထုတ်ပယ်ဖို့ စဉ်းစားနေသလို မော်ရီစီယို ပိုချက်တီနိုနဲ့ အစားထိုးသွားဖို့လည်း နီးစပ်နေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.