Premier League Transfer News

18 Sep နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ ဥရောပအကောင်းဆုံးလူငယ်ဆု Golden Boy ရဲ့ ပဏာမ အယောက် ၄၀ စာရင်းမှာ ပါဝင်လာတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကြောင့် နည်းပြ မီခယ်လ် အာတီတာကို ဒေါသထွက်နေကြပြီး ဒီလို ကစားသမားမျိုးကို အငှားချထားတဲ့ ဆိုးရွားတဲ့ ပုံစံနဲ့ လူမျိုးက အသင်းကို ကိုင်တွယ်နေတာကို အလိုမရှိဘူးလို့ ဆိုနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းကို အားကိုးလို့ မရတော့တဲ့ တိုက်စစ်ပိုင်းအတွက် ဇန်နဝါရီမှာ ခေါ်ယူဖို့ လူသစ်ရှာဖွေနေပြီး ဆီဗီလာအသင်းမှာ ခြေစွမ်းပြနေတဲ့ မော်ရိုကိုတိုက်စစ်မှူး ယူဆက်ဖ် အင်နက်ဆီရီကို ယူရိုသန်း ၄၀ ဝန်းကျင်နဲ့ ရရှိနိုင်ဖို့ မျှော်လင့်နေ။

– ဘန်လေအသင်းနဲ့ အဝေးကွင်းမှာ ကစားရမယ့် စနေနေ့ညပွဲစဉ်အတွက် အာဆင်နယ်နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းနဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီတို့အနေနဲ့ ပါဝင်နိုင်ဦးမှာမဟုတ်ဘဲ နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂရာနစ် ချာကာကတော့ သူ့ရဲ့ သုံးပွဲပယ်ပြစ်ဒဏ်ရဲ့ ဒုတိယမြောက်ပွဲသာဖြစ်သေးတာကြောင့် ကစားနိုင်ဖို့ မရှိသေးကြောင်း သိရ။

– နယူးကာဆယ်လ်အသင်းအတွက် ပြီးခဲ့တဲ့ ရာသီကတည်းကနေ လက်ရှိအချိန်အထိ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အကောင်းဆုံးကစားပြနေတဲ့ တောင်ပံကစားသမား အယ်လန် စန်မက်ဇီမန်ကို ခေါ်ယူပေးဖို့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းနည်းစနစ်ဒါရိုက်တာ အီဒူးကို စာရေးသားတောင်းဆိုခဲ့ကြ။

– ဘန်လေအသင်းနဲ့ ကစားရမယ့်ပွဲစဉ်ကို ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နှစ်ဝါတစ်နီနဲ့ ဒီနာမိုကိဗ်ကစားသမား ဂါမက်ရှ်ကို မှားယွင်း ထုတ်ပယ်ခဲ့တဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာက ကိုင်တွယ်မှာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ သူ့ရဲ့ စုစုပေါင်း ၃၉ ပွဲ ကိုင်တွယ်မှုမှာ ၂၁ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၆ ပွဲရှုံး မှတ်တမ်းကို ရရှိထားပြီး အဝါကတ် ၆၀ နဲ့ နှစ်ဝါတစ်နီ ၃ ကြိမ်၊ အနီကတ် ၃ ကြိမ် အပြခံထားရ။

– အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်တစ်ပွဲမှ ပွဲထွက်ခွင့်မရသေးတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ အသင်းအတွက် အနာဂတ်မရှိတော့တဲ့သူမို့လို့ ချန်လှပ်ထားခဲ့တာဆိုတဲ့ သတင်းတွေကို နည်းပြ အာတီတာက ငြင်းဆိုလိုက်ပြီး ပြင်သစ် တိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ အစီအစဉ်တွေမှာ အဓိကနေရာက ပါဝင်ဆဲဖြစ်ကြောင်းဆို။

– နော့ဝစ်ချ်လို အသင်းမျိုးကို အနိုင်ရခဲ့တာကို သူ့ရဲ့ နည်းပြဘဝမှာ ရင်အခုန်ရဆုံး အခိုက်အတန့်လို့ ပြောနေတဲ့ နည်းပြ အာတီတာအနေနဲ့ မဟုတ်ကဟုတ်က နိုင်ပွဲကို အကြွားပိုနေဖို့ မသင့်ဘဲ ရလဒ်ကောင်းတွေကို ပြန်လည်ရယူနိုင်ခြင်းမရှိရင် အသင်းကနေ ထွက်သွားသင့်ပြီလို့ နာမည်ကြီး ဂန်းနားဖန် ပီးယားစ် မော်ဂန် တိုက်ခိုက်သွား။

– အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား နီကိုလာ ပေပေက သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ကျော်ဖြတ်ဖို့ အခက်ခဲဆုံး ပြိုင်ဘက် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ညာနောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာဖြစ်ပြီး အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ဟောင်းဟာ တိုက်စစ်ရော ခံစစ်ပါ ထူးချွန်တယ်လို့ ချီးကျူးသွား။

– ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်အနေနဲ့ အသင်းမှာ လက်ရှိ ကစားခွင့်ရမှု အနေအထားအပေါ် ပျော်ရွှင်ခြင်း မရှိဘူးလို့ သိရပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာလည်း ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းဆီ အငှား သို့မဟုတ် အပြီးသတ်နဲ့ ပြောင်းရွှေ့ဖို့ တွန်းအားပေးလာနိုင်ကြောင်း ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ထုတ္ျပန္လိုက္တဲ့ ဥေရာပအေကာင္းဆုံးလူငယ္ဆု Golden Boy ရဲ႕ ပဏာမ အေယာက္ ၄၀ စာရင္းမွာ ပါဝင္လာတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာေၾကာင့္ နည္းျပ မီခယ္လ္ အာတီတာကို ေဒါသထြက္ေနၾကၿပီး ဒီလို ကစားသမားမ်ိဳးကို အငွားခ်ထားတဲ့ ဆိုး႐ြားတဲ့ ပုံစံနဲ႔ လူမ်ိဳးက အသင္းကို ကိုင္တြယ္ေနတာကို အလိုမရွိဘူးလို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို အားကိုးလို႔ မရေတာ့တဲ့ တိုက္စစ္ပိုင္းအတြက္ ဇန္နဝါရီမွာ ေခၚယူဖို႔ လူသစ္ရွာေဖြေနၿပီး ဆီဗီလာအသင္းမွာ ေျခစြမ္းျပေနတဲ့ ေမာ္႐ိုကိုတိုက္စစ္မႉး ယူဆက္ဖ္ အင္နက္ဆီရီကို ယူ႐ိုသန္း ၄၀ ဝန္းက်င္နဲ႔ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– ဘန္ေလအသင္းနဲ႔ အေဝးကြင္းမွာ ကစားရမယ့္ စေနေန႔ညပြဲစဥ္အတြက္ အာဆင္နယ္ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းနဲ႔ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီတို႔အေနနဲ႔ ပါဝင္ႏိုင္ဦးမွာမဟုတ္ဘဲ ေနာက္ထပ္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဂရာနစ္ ခ်ာကာကေတာ့ သူ႔ရဲ႕ သုံးပြဲပယ္ျပစ္ဒဏ္ရဲ႕ ဒုတိယေျမာက္ပြဲသာျဖစ္ေသးတာေၾကာင့္ ကစားႏိုင္ဖို႔ မရွိေသးေၾကာင္း သိရ။

– နယူးကာဆယ္လ္အသင္းအတြက္ ၿပီးခဲ့တဲ့ ရာသီကတည္းကေန လက္ရွိအခ်ိန္အထိ တည္ၿငိမ္တဲ့ ေျခစြမ္းနဲ႔ အေကာင္းဆုံးကစားျပေနတဲ့ ေတာင္ပံကစားသမား အယ္လန္ စန္မက္ဇီမန္ကို ေခၚယူေပးဖို႔ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသင္းနည္းစနစ္ဒါ႐ိုက္တာ အီဒူးကို စာေရးသားေတာင္းဆိုခဲ့ၾက။

– ဘန္ေလအသင္းနဲ႔ ကစားရမယ့္ပြဲစဥ္ကို ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ႏွစ္ဝါတစ္နီနဲ႔ ဒီနာမိုကိဗ္ကစားသမား ဂါမက္ရွ္ကို မွားယြင္း ထုတ္ပယ္ခဲ့တဲ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက ကိုင္တြယ္မွာျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ သူ႔ရဲ႕ စုစုေပါင္း ၃၉ ပြဲ ကိုင္တြယ္မႈမွာ ၂၁ ပြဲႏိုင္၊ ၁၂ ပြဲသေရ၊ ၆ ပြဲရႈံး မွတ္တမ္းကို ရရွိထားၿပီး အဝါကတ္ ၆၀ နဲ႔ ႏွစ္ဝါတစ္နီ ၃ ႀကိမ္၊ အနီကတ္ ၃ ႀကိမ္ အျပခံထားရ။

– အာဆင္နယ္အသင္းအတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္တစ္ပြဲမွ ပြဲထြက္ခြင့္မရေသးတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ဟာ အသင္းအတြက္ အနာဂတ္မရွိေတာ့တဲ့သူမို႔လို႔ ခ်န္လွပ္ထားခဲ့တာဆိုတဲ့ သတင္းေတြကို နည္းျပ အာတီတာက ျငင္းဆိုလိုက္ၿပီး ျပင္သစ္ တိုက္စစ္မႉးအေနနဲ႔ သူ႔ရဲ႕ အစီအစဥ္ေတြမွာ အဓိကေနရာက ပါဝင္ဆဲျဖစ္ေၾကာင္းဆို။

– ေနာ့ဝစ္ခ်္လို အသင္းမ်ိဳးကို အႏိုင္ရခဲ့တာကို သူ႔ရဲ႕ နည္းျပဘဝမွာ ရင္အခုန္ရဆုံး အခိုက္အတန႔္လို႔ ေျပာေနတဲ့ နည္းျပ အာတီတာအေနနဲ႔ မဟုတ္ကဟုတ္က ႏိုင္ပြဲကို အႂကြားပိုေနဖို႔ မသင့္ဘဲ ရလဒ္ေကာင္းေတြကို ျပန္လည္ရယူႏိုင္ျခင္းမရွိရင္ အသင္းကေန ထြက္သြားသင့္ၿပီလို႔ နာမည္ႀကီး ဂန္းနားဖန္ ပီးယားစ္ ေမာ္ဂန္ တိုက္ခိုက္သြား။

– အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား နီကိုလာ ေပေပက သူ႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ အခက္ခဲဆုံး ၿပိဳင္ဘက္ ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ညာေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာျဖစ္ၿပီး အဂၤလန္ယူ-၂၁ လက္ေ႐ြးစင္ေဟာင္းဟာ တိုက္စစ္ေရာ ခံစစ္ပါ ထူးခြၽန္တယ္လို႔ ခ်ီးက်ဴးသြား။

– ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္အေနနဲ႔ အသင္းမွာ လက္ရွိ ကစားခြင့္ရမႈ အေနအထားအေပၚ ေပ်ာ္႐ႊင္ျခင္း မရွိဘူးလို႔ သိရၿပီး လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာလည္း ပုံမွန္ကစားခြင့္ရမယ့္ အသင္းတစ္သင္းဆီ အငွား သို႔မဟုတ္ အၿပီးသတ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ တြန္းအားေပးလာႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.