Other Premier League

အီတီဟတ်ဆီရောက်မှ ချစ်သူနဲ့ကွဲခဲ့ရပြီး မာရက်ဇ်လမ်းစဉ်ကို လိုက်ခဲ့ပြန်တဲ့ ရူဘင် ဒီယာ့စ်

မန်စီးတီးကြယ်ပွင့် ရူဘင် ဒီယာ့စ်ဟာ ၃ နှစ်နီးပါးတွဲခုတ်လာတဲ့ သူ့ရဲ့ချစ်သူ အဆိုတော်ကောင်မလေးနဲ့ ခွာပြဲသွားခဲ့ပြီဖြစ်ကြောင်း ပေါ်တူဂီကလာတဲ့ သတင်းတွေက ရေးသားသွားခဲ့ကြတာပါ။ ပေါ်တူဂီသားအနေနဲ့ သူ့ရဲ့လူမှုကွန်ရက်မှာ သူ့ချစ်သူနဲ့ ပတ်သက်သမျှ ဓာတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်းတွေကို လက်စဖျောက်ပစ်လိုက်ပြီးနောက် ဒီသတင်းက အခိုင်အမာထွက်လာခဲ့ပါတယ်။

ပေါ်တူဂီဆယ်လီဘရစ်တီမဂ္ဂဇင်းတခုဖြစ်တဲ့ FLASH! က အမြော်အမြင်ရှိပြီး အနေအထိုင်ဆင်ခြင်တတ်တဲ့ ဒီယာ့စ်နဲ့ အပျော်အပါးမက်တဲ့ ပေါ့စတား အဆိုတော်မ​လေးတို့ဟာ လူမှုဘဝခံယူချက်ချင်း ခြားနားသွားခဲ့ခြင်းဖြစ်တာကြောင့် လမ်းခွဲခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။

အဆိုပါမဂ္ဂဇင်းရဲ့အဆိုအရ အခုချိန်မှာတော့ အဆက်ဟောင်းတွေဖြစ်သွားခဲ့ကြတဲ့ သူတို့စုံတွဲဟာ မန်ချက်စတာမြို့ကအိမ်မှာ အတူနေထိုင်ခဲ့ကြတာဖြစ်ပြီး ပေါ့အဆိုတော်လေးဟာ ဒီယာ့စ်နဲ့နီးစပ်ဖို့ အတူနေချစ်သူတွေအဖြစ် လာရောက်နေထိုင်နေတဲ့တဖက်မှာလည်း လန်ဒန်မြို့မှာ သူ့ရဲ့အဆိုတော်ဘဝတိုးတက်ဖို့ ကြိုးစားနေခဲ့တာဖြစ်ကြောင်းဖော်ပြသွားခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ပေါ်တူဂီလူမျိုးတူတွေဖြစ်ကြသလို ၂၀၁၈ ခုနှစ်အကုန်မှာ စတင်တွဲခုတ်ခဲ့ကြရာက ၂၀၁၉ ခုနှစ်ရဲ့ နှစ်သစ်ကူးကာလမှာ လူသိရှင်ကြားကြေငြာပြီး ထင်ထင်ပေါ်ပေါ်တွဲလာခဲ့ကြသလို အခုသတင်းနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်က တစုံတရာမှတ်ချက်ပေးသွားခဲ့ခြင်း မရှိပါဘူး။

ပေါ့စတားကြယ်ပွင့်လေးရဲ့ ဘဝကိုကြည့်မယ်ဆိုရင်တော့ သူ့ရဲ့အမည်ရင်းက မာရီယာနာ ဂွန်ကာဗက်စ်ဖြစ်ပြီး ကိုယ်တိုင်ရေးသားပြီး သီဆိုတင်ဆက်ထားတဲ့ ‘Be ok’ ဆိုတဲ့ သီချင်းနဲ့ သူ့ရဲ့ဇာတိနိုင်ငံမှာ ပေါက်ထားပြီးဖြစ်သလို အဆိုပါသီချင်းဖန်တီးမှုနဲ့အတူ National Radio Airplay List မှာလည်း ထိပ်သီးစာရင်းဝင်ခဲ့ပြီး ပေါ်တူဂီက Spotify၊ You Yube နဲ့ iTunes တို့မှာလည်း နံပါတ်တစ်ချိတ်ထားခဲ့သူပါ။

အသက် ၂၂ နှစ်အရွယ် မာရီယာနာဟာ ၂၀၁၇ ခုနှစ်ရဲ့ ပေါ်တူဂီရွှေကမ္ဘာလုံးဆုမှာလည်း အကောင်းဆုံး မျက်နှာသစ်အနုပညာရှင်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ဖူးသလို အသက် ၉ နှစ်သမီးကတည်း​က ဂစ်တာတီးနိုင်ခဲ့သူပါ။ သူ့ကောင်လေး ဒီယာ့စ်ပါဝင်တဲ့ ဗွီဒီယိုကလစ်တွေကိုလည်း ဆိုရှယ်မီဒီယာမှာ မျှဝေထားခဲ့သေးတာပါ။

ပြီးခဲ့တဲ့နှစ် နွေဦးကာလတုန်းက အင်စတေဂရမ်မှာ တင်ထားဖူးတဲ့ သူတို့နှစ်ဦး အတူပါိဝင်ထားပြီး အတူဂစ်တာတီးထားကြတဲ့ ဗွီဒီယိုလေးတခုဟာလည်း အတော်လေးကြည်နူးစရာကောင်းပြီး မာရီယာနာအနေနဲ့တော့ အခုလို ဆိုရှယ်မီဒီယာပေါ်က ချစ်သူနှစ်ဦးရဲ့ အမှတ်တရဟောင်းတွေကိုတော့ ဖြုတ်ချပစ်ခြင်းမရှိသလို ဒီ အလှပဂေးလေးဟာ ဒီနှစ်နွေရာသီတုန်းက သူ့ရဲ့ ၂၂ နှစ်ပြည့်မွေးနေ့အကြိုမှာ ဆာဒီးနီးယားက ပျော်ရွှင်စရာဓာတ်ပုံတွေကို ဆက်လက်တင်ရှိထားတာကို တွေ့ရတာမို့ သံယောဇဥ်အမျှင်တန်းနေတုန်းလို့ ဆိုရမှာပါ။

ကိုဗစ်လော့ဒေါင်းကာလမတိုင်မီက ဂီတလောကထဲမှယ ထပ်မံတိုးဝင်ဖို့ ပိုမိုခိုင်မာတဲ့ နာမည်တလုံးကို တည်ဆောက်ဖို့ လန်ဒန်ကို ရောက်ရှိလာခဲ့ခြင်းဖြစ်သလို ဒီယာ့စ်ဟာလည်း ၂၀၂၀ ဒီဇင်ဘာလမှာ ဘင်ဖီယာအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

” အချိန်တိုင်းမှာ သူက ကျွန်တော်ဘောလုံးပွဲကြည့်နေရင် ရစ်တတ်ပါတယ်။ ဟင်… နောက်တပွဲထပ်ကြည့်ဦးမှာလားဆိုပြီးတော့ပေါ့။ ငါ့ရဲ့သင်ယူလေ့လာမှုကိုတော့ ခွင့်ပြုပေးပါလို့ သူ့ကို အမြဲတမ်းပြန်လည်နောက်ပြောင်ခဲ့ရပါတယ်။” လို့ သူ့ရဲ့ ဘောလုံးအပေါ် အရူးအမူးစွဲလန်းစိတ်နဲ့ သူ့ရဲ့ချစ်သူ အရမ်းရစ်တတ်တဲ့အကြောင်းတွေကို အသက် ၂၄ နှစ်သားကလည်း Uefa ဝက်ဘ်ဆိုက်ကနေတဆင့် လူသိရှင်ကြားထုတ်ပြောထားခဲ့ဖူးတာပါ။

” တကယ်တော့ သင်ယူလေ့လာဖို့ အခွင့်အရေးသစ်က အမြဲရှိနေတာပါ။ ပွဲတပွဲကိုကြည့်နေရင်း ခင်ဗျားကိုယ်တိုင် ဝေဖန်သုံးသပ်နိုင်ပါတယ်။ အသင်းတသင်းက ဂိုးပေးလိုက်ရပုံ၊ ဂိုးပေးရအောင် အမှားတွေ ဘယ်လိုလုပ်ခဲ့လဲ၊ သို့မဟုတ် ဂိုးမပေးရအောင် ဘယ်လိုတားဆီးနိုင်ခဲ့လဲ… ဒီအရာတွေကို အမြဲကြည့်ရှုနေတတ်တာပါ”

” ငယ်ငယ်ကတည်းက အဖေအားပေးခဲ့သလိုပဲ မြင်သမျှ အရာရာတိုင်းဆီက တခုခုရအောင် စူးစမ်းသင်ယူတတ်လေ့ရှိပါတယ်။ ဘောလုံးပွဲတပွဲကို ဖျော်ဖြေမှုတခုလို အရသာခံပြီးကြည့်တာဖြစ်ပြီး သင်ခန်းစာတခုလို လေ့လာသုံးသပ်ဖြစိတာပါ။ ကျွန်တော်က ကစားသမား ၂ ဦး၊ ၃ ဦးဆီက သင်ယူခဲ့တာမဟုတ်ဘူး။ ကစားသမားပေါင်း ၂၀၊ ၃၀ ကိုကြည့်ပြီး သင်ယူစရာတွေ တွေ့ခဲ့တာပါ။ တွေ့မြင်သမျှ အရာတိုင်းဆီက သင်ယူပါတယ်” လို့ ဒီယာ့စ်က ပြောခဲ့ဖူးတာပါ။

သူတို့ချစ်သူနှစ်ဦးဟာ အခုနှစ်နွေရာသီအားလပ်ရက်ကာလရဲ့ ဇူလိုင်လအစပိုင်းမှာ ဂရိနိုင်ငံကို အပန်းဖြေခရီးထွက်ခဲ့ကြပြီးနောက် ရက်သတ္တပတ်ပိုင်းအတွင်းမှာပဲ လမ်းခွဲခဲ့ကြခြင်းဖြစ်တယ်လို့လည်း သတင်းကဖော်ပြခဲ့ပြီး ပေါ်တူဂီအဆိုတော်မလေး ဧပရယ်ဟာ ဥရောပရဲ့လိင်ဆွဲဆောင်မှုအရှိဆုံး ထိပ်သီး WAG ၁၀ ဦးစာရင်းမှာ GOAT ကြီး CR7 ရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့အတူ အမြဲလိုလိုရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: