Premier League

လူေဟာင္းေတြကိုပဲ ဆက္လက္ထိန္းသိမ္းဖို႔ ဆႏၵရွိေနတဲ့ လမ္းပတ္

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ ဒီႏွစ္အတြက္ အဝင္အထြက္ေတာ္ေတာ္မ်ားမ်ားကို ေတြ႕ျမင္ရမယ္လို႔ ထင္ေနၾကေပမယ့္ နည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ သူ႕အေနနဲ႔ လူေဟာင္းေတြနဲ႔ပဲ လက္တြဲအလုပ္လုပ္ခ်င္ေၾကာင္း ျပသေနခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုနဲ႔ ကန္ေတကိုလည္း ေရာင္းခ်ဖို႔ ဆႏၵမရွိဘူးလို႔ ဆုိလိုက္ပါတယ္။

နည္းျပ ေမာ္ရီဇီယို ဆာရီလက္ထက္က ေခၚယူခဲ့ၿပီး လက္ရွိဂ်ဴဗင္တပ္စ္နည္းျပျဖစ္ေနတဲ့ အီတလီသားႀကီးက အသည္းအသန္အလိုရွိေနတဲ့ ကမာၻ႕အဆင့္ Deep Lying Playmaker ေဂ်ာ္ဂ်င္ဟိုကို တူရင္သားေတြက ကြင္းလယ္လူ မီရာလမ္ ပ်ာနစ္ခ်္နဲ႔ အလိုက္ေပးၿပီး ကမ္းလွမ္းထားေပမယ့္ လမ္းပတ္ကေတာ့ သူ႕လူကို အဆုံးရွဳံးမခံႏုိင္ဘူးျဖစ္ေနတာပါ။

ခ်ဲလ္ဆီးအသင္းမွာ လက္ေထာက္အသင္းေခါင္းေဆာင္အျဖစ္ပါ ရာထူးတုိးတက္ရရွိထားတဲ့ ေဂ်ာ္ဂ်င္ဟိုဟာ အသင္းရဲ႕ ကစားကြက္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏုိင္သူျဖစ္ၿပီး သူ႕ရဲ႕ပါးနပ္တဲ့ ေဘာလုံးေပးပုိ႔မွဳနဲ႔ ပြဲရွိန္အတင္အခ်ေတြဟာ အသင္းကို ရလဒ္ေကာင္းေတြလည္း ယူေဆာင္ေပးႏုိင္လို႔ အသက္ ၄၁ ႏွစ္အရြယ္ နည္းျပကေတာ့ လက္မလႊတ္ခ်င္တာလည္းျဖစ္ပါတယ္။

လမ္းပတ္အေနနဲ႔ အဓိကကြင္းလယ္လူတစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔ လန္ဒန္မွာ အသားက်ၿပီးျဖစ္တဲ့ ျပင္သစ္လက္ေရြးစင္ အန္ဂိုလို ကန္ေတကိုလည္း ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတုိ႔နဲ႔ သတင္းေတြ ထြက္ေနေပမယ့္ ေရာင္းခ်သြားဖို႔ မရွိဘူးလို႔ ေျပာလုိက္ၿပီး ဘယ္ေနာက္ခံလူနဲ႔ တုိက္စစ္မွဴးေနရာေတြကိုသာ အားျဖည့္သြားဖို႔လည္း ရွိေနပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးဂႏၴဝင္ကြင္းလယ္လူေဟာင္းအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ သေဘာတူညီမွဳ ပ်က္ျပယ္ခဲ့တဲ့ ဘရာဇီးလ္ေတာင္ပံကစားသမား ဝီလီယန္ကိုလည္း လက္က်န္အခ်ိန္ေတြအတြင္းမွာ သက္တမ္းတုိးႏုိင္ဖို႔ ေမွ်ာ္လင့္ေနၿပီး သူ႕ကို လက္မလႊတ္ရဖို႔ အစြမ္းကုန္ႀကဳိးစားသြားမယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒီနှစ်အတွက် အဝင်အထွက်တော်တော်များများကို တွေ့မြင်ရမယ်လို့ ထင်နေကြပေမယ့် နည်းပြ ဖရန့် လမ်းပတ်ကတော့ သူ့အနေနဲ့ လူဟောင်းတွေနဲ့ပဲ လက်တွဲအလုပ်လုပ်ချင်ကြောင်း ပြသနေခဲ့ပြီး ဂျော်ဂျင်ဟိုနဲ့ ကန်တေကိုလည်း ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ဆိုလိုက်ပါတယ်။

နည်းပြ မော်ရီဇီယို ဆာရီလက်ထက်က ခေါ်ယူခဲ့ပြီး လက်ရှိဂျူဗင်တပ်စ်နည်းပြဖြစ်နေတဲ့ အီတလီသားကြီးက အသည်းအသန်အလိုရှိနေတဲ့ ကမ္ဘာ့အဆင့် Deep Lying Playmaker ဂျော်ဂျင်ဟိုကို တူရင်သားတွေက ကွင်းလယ်လူ မီရာလမ် ပျာနစ်ချ်နဲ့ အလိုက်ပေးပြီး ကမ်းလှမ်းထားပေမယ့် လမ်းပတ်ကတော့ သူ့လူကို အဆုံးရှုံးမခံနိုင်ဘူးဖြစ်နေတာပါ။

ချဲလ်ဆီးအသင်းမှာ လက်ထောက်အသင်းခေါင်းဆောင်အဖြစ်ပါ ရာထူးတိုးတက်ရရှိထားတဲ့ ဂျော်ဂျင်ဟိုဟာ အသင်းရဲ့ ကစားကွက်ကို ကောင်းကောင်းထိန်းချုပ်နိုင်သူဖြစ်ပြီး သူ့ရဲ့ပါးနပ်တဲ့ ဘောလုံးပေးပို့မှုနဲ့ ပွဲရှိန်အတင်အချတွေဟာ အသင်းကို ရလဒ်ကောင်းတွေလည်း ယူဆောင်ပေးနိုင်လို့ အသက် ၄၁ နှစ်အရွယ် နည်းပြကတော့ လက်မလွှတ်ချင်တာလည်းဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ လန်ဒန်မှာ အသားကျပြီးဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် အန်ဂိုလို ကန်တေကိုလည်း ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ သတင်းတွေ ထွက်နေပေမယ့် ရောင်းချသွားဖို့ မရှိဘူးလို့ ပြောလိုက်ပြီး ဘယ်နောက်ခံလူနဲ့ တိုက်စစ်မှူးနေရာတွေကိုသာ အားဖြည့်သွားဖို့လည်း ရှိနေပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဂန္ထဝင်ကွင်းလယ်လူဟောင်းအနေနဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ပျက်ပြယ်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဝီလီယန်ကိုလည်း လက်ကျန်အချိန်တွေအတွင်းမှာ သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေပြီး သူ့ကို လက်မလွှတ်ရဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.