Premier League

ေဂ်ဆူးကို အသင္းမွာ ဆက္ရွိေနေစဖို႔ လစာတုိးျမႇင့္ေပးသြားမယ့္ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဥေရာပအသင္းႀကီးေတြက စိတ္ဝင္စားေနခဲ့တဲ့ သူတုိ႔ရဲ႕ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးကို အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားႏိုင္ဖို႔အတြက္ လက္ရွိရရွိေနတဲ့ လစာေငြကို တုိးျမႇင့္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိသြားဖို႔ရွိေနေၾကာင္း ESPN က ေဖာ္ျပလုိက္ပါတယ္။

အစ္တီဟတ္ကြင္းကို ေရာက္ကတည္းက အသင္းအတြက္ ၁၃၈ ပြဲမွာ ၆၃ ဂိုး သြင္းယူေပးထားၿပီး ဒီရာသီမွာလည္း အသင္းအတြက္ ၁၉ ဂိုး သြင္းယူေပးထားခဲ့တဲ့ ေဂ်ဆူးဟာ စီနီယာတုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ဝန္ထုပ္ဝန္ပုိးေတြကို ေလွ်ာ့ခ်ေပးႏိုင္ခဲ့သလို အနာဂတ္မွာလည္း အသင္းရဲ႕ တုိက္စစ္ကို ဦးေဆာင္သူျဖစ္လာႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾကပါတယ္။

လက္ရွိမွာ တစ္ပတ္လုပ္ခ ေပါင္ကိုးေသာင္းရရွိေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ တုိက္စစ္မွဴးအတြက္ မန္ခ်က္စတာစီးတီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းႏွစ္ေသာင္းအထိ တုိးတက္ေပးေခ်သြားမွာျဖစ္ၿပီး အဓိကအားျဖင့္ေတာ့ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ရန္ကေန ကာကြယ္သြားဖို႔ ရည္ရြယ္တယ္လုိ႔ ဆုိပါတယ္။

မန္စီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔လည္း ေဂ်ဆူးကို ေရာင္းခ်ဖို႔ စိတ္ကူးမရွိဘဲ အသင္းရဲ႕ အနာဂတ္အတြက္ ရည္ရြယ္ထားသလို လက္ရွိ ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးမတည္ၿငိမ္မွဳေတြေၾကာင့္ ခံစစ္ပုိင္းကို အဓိက အားျဖည့္သြားရမယ့္အခ်ိန္မွာ တုိက္စစ္အတြက္ ေငြပိုေငြလွ်ံ ေလ်ာ့နည္းေနလို႔ ငါးႏွစ္စာခ်ဳပ္နဲ႔ ထိန္းသိမ္းသြားဖို႔ ရွိေနပါတယ္။

လက္ရွိမွာ အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ထားတဲ့ ေဂ်ဆူးရဲ႕ ေဈးကြက္ေပါက္ေဈးကေတာ့ ယူ႐ိုသန္း ၅၀ ရဲ႕ အထက္မွာ ရွိေနၿပီး ဥေရာပအသင္းႀကီးေတြအေနနဲ႔ေတာ့ ေခၚယူမယ္ဆုိရင္ ယူ႐ိုသန္း ၈၀ ေလာက္အထိ အသုံးျပဳလာႏုိင္တာမို႔ သူ႕ရဲ႕ လက္က်န္စာခ်ဳပ္တန္ဖိုးကို တုိးျမႇင့္ဖို႔ မန္စီးတီးအေနနဲ႔ အပူတျပင္းလုပ္ေဆာင္ေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေခဲ့တဲ့ သူတို့ရဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့အတွက် လက်ရှိရရှိနေတဲ့ လစာငွေကို တိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိနေကြောင်း ESPN က ဖော်ပြလိုက်ပါတယ်။

အစ်တီဟတ်ကွင်းကို ရောက်ကတည်းက အသင်းအတွက် ၁၃၈ ပွဲမှာ ၆၃ ဂိုး သွင်းယူပေးထားပြီး ဒီရာသီမှာလည်း အသင်းအတွက် ၁၉ ဂိုး သွင်းယူပေးထားခဲ့တဲ့ ဂျေဆူးဟာ စီနီယာတိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ခဲ့သလို အနာဂတ်မှာလည်း အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သူဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်ကိုးသောင်းရရှိနေတဲ့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးအတွက် မန်ချက်စတာစီးတီးအသင်းတာဝန်ရှိသူတွေအနေနဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနှစ်သောင်းအထိ တိုးတက်ပေးချေသွားမှာဖြစ်ပြီး အဓိကအားဖြင့်တော့ ဂျူဗင်တပ်စ်အသင်းရဲ့ ရန်ကနေ ကာကွယ်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့လည်း ဂျေဆူးကို ရောင်းချဖို့ စိတ်ကူးမရှိဘဲ အသင်းရဲ့ အနာဂတ်အတွက် ရည်ရွယ်ထားသလို လက်ရှိ ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးမတည်ငြိမ်မှုတွေကြောင့် ခံစစ်ပိုင်းကို အဓိက အားဖြည့်သွားရမယ့်အချိန်မှာ တိုက်စစ်အတွက် ငွေပိုငွေလျှံ လျော့နည်းနေလို့ ငါးနှစ်စာချုပ်နဲ့ ထိန်းသိမ်းသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ထားတဲ့ ဂျေဆူးရဲ့ ဈေးကွက်ပေါက်ဈေးကတော့ ယူရိုသန်း ၅၀ ရဲ့ အထက်မှာ ရှိနေပြီး ဥရောပအသင်းကြီးတွေအနေနဲ့တော့ ခေါ်ယူမယ်ဆိုရင် ယူရိုသန်း ၈၀ လောက်အထိ အသုံးပြုလာနိုင်တာမို့ သူ့ရဲ့ လက်ကျန်စာချုပ်တန်ဖိုးကို တိုးမြှင့်ဖို့ မန်စီးတီးအနေနဲ့ အပူတပြင်းလုပ်ဆောင်နေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.