Analysis Premier League

ပရီးမီးယားလိဂ်ပွဲစဉ် ၅ ရဲ့ ပွဲကြီးပွဲကောင်းတွေအပါအဝင် ခန့်မှန်းချက်များ- ပေါလ်မာဆန်

ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၅ ရဲ့ ပွဲကြီးပွဲကောင်းအဖြစ် စပါးစ် Vs ချယ်လ်ဆီးပွဲကို အဓိကစောင့်ကြည့်ရမှာဖြစ်ပြီး ကျန်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့ရဲ့ပွဲစဉ်တွေမှာ အသင်းကြီးတိုင်း ရမှတ် ၃ မှတ်စုဆောင်းသွားနိုင်ဖို့ အခြေအနေကောင်းနေပြီး ဘောလုံးကျွမ်းကျင်သူ ပေါလ်မာဆန်ကလည်း ရလဒ်ခန့်မှန်းချက်ပြုလုပ်သွားခဲ့ပါတယ်။

ဘန်လေ Vs အာဆင်နယ်ပွဲမှာတော့ ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်အရ ခြေကောင်းခဲ့ပေမယ့် အဲဗာတန်ကို ကံမကောင်းစွာပဲ အရေးနိမ့်ခဲ့ရတဲ့ ဘန်လေအသင်းက ခြေစွာနေတယ်ပေမယ့် ဒီပွဲမှာတော့ နော်ဝစ်ချ်အသင်းကို အနိုင်ယူထားပြီး အောင်ပွဲတွေ မဖြစ်မနေလိုနေတဲ့ ဂန်းနားတို့ကပဲ နှစ်ပွဲဆက်အောင်ပွဲဆင်ဖို့ အလားအလာကောင်းနေပြီး အာဆင်နယ်အသင်းက ဘန်လေကို စိုးမိုးထားတဲ့ အစဉ်အလာမပြတ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားမယ်လို့ ဆိုပါတယ်။

လီဗာပူးလ် Vs ခရစ္စတယ်လ်ပဲလေ့စ်ပွဲစဉ်မှာတော့ ချန်ပီယံလိဂ်မှာ အေစီမီလန်အသင်းကို အနိုင်ကစားပြထားတဲ့ လီဗာပူးလ်အသင်းမှာ အနားပေးခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဗာဂျီးလ် ဗန်ဒိုက်ပြန်လည်ပွဲထွက်လာဖွယ်ရှိနေပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာလည်း အနီရောင်တို့က ၇ ဂိုးပြတ် အနိုင်ရခဲ့သင့်ပေမယ့် တိုက်စစ်က ဂိုးဖြုန်းတီးနေခဲ့တယ်လို့ ပေါလ်မာဆန်က အားမလိုအားမရ ဖြစ်နေခဲ့တာပါ။

ဒါပေမယ့် စပါးစ်အသင်းကို အနိုင်ယူပြီး ဒီရာသီမှာ ပထမဆုံးနိုင်ပွဲတွေ့ထားတဲ့ ပဲလေ့စ်အနေနဲ့ အန်ဖီးလ်ကွင်းမှာတော့ ထပ်မံတောက်ပနိုင်မှာမဟုတ်ဘဲ အိမ်ရှင်လီဗာပူးလ်ကပဲ ၃ ဂိုးပြတ်တီးသွားမယ်လို့ သူက ခန့်မှန်းထားပါတယ်။ လက်ရှိမှာ အဆင့် ၃ နေရာက လီဗာပူးလ်အသင်းအပါအဝင် အဆင့် ၁ နေရရာက မန်ယူနိုက်တက်၊ အဆင့် ၂ နေရာက ချယ်လ်ဆီးနဲ့ အဆင့် ၄ နေရာက အဲဗာတန်အသင်းတို့နဲ့အတူ ရမှတ်တူ ၁၀ မှတ်နဲ့ ချန်ပီယံပြေးလမ်းကြောင်းကို ဦးဆောင်နေတာပါ။

ယူနိုက်တက်တို့ကတော့ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားကစားရမှာဖြစ်ပြီး ဟမ်းမားတို့ဘက်က ပရီးမီးယားလိဂ် တစ်လအကောင်းဆုံးဆုရှင်ဖြစ်ထားတဲ့ တိုက်စစ်မှူး အန်တိုနီယိုပါဝင်လာရင်တော့ သရဲနီတို့ကို ဒုက္ခလှလှတွေ့စေနိုင်မယ်လို့ ပေါလ်မာဆန်က ယူဆထားပြီး တဦးကောင်းစွမ်းဆောင်ရည်တွေနဲ့ ရမှတ်တွေကို စုဆောင်းထားတဲ့ ယူနိုက်တက်ဘက်ကို ရလဒ်ကောင်းထပ်ယူနိုင်ပါ့မလားလို့ သံသယရှိနေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲပွဲမှာ အန်တိုနီယိုတိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံရလို့ ၃ ပွဲပယ် ပြစ်ဒစ်ခံနေရလို့ ယခုပွဲမှာ မပါဝင်နိုင်တဲ့အတွက် ပရီးမီးယားလိဂ်မှာတော့ ခံစစ်ကစားပုံကောင်းမွန်တဲ့ ယူနိုက်တက်အတွက် ရလဒ်ခပ်ပါးပါးနဲ့ အနိုင်ရဖို့ဖြစ်လာမယ်လို့ သူကဆိုသွားခဲ့ပြီး ချန်ပီယံလိဂ်မှာ BSC ယန်းဘွိုင်းအသင်းကို အရှက်တကွဲ ရှူံးခဲ့ရတဲ့ အိပ်မက်ဆိုးကနေ ပြန်လည်ရုန်းထဖို့ လိုအပ်နေချိန်မှာ နည်းပြ ဆိုးလ်ရှားတယောက် ၁ ဂိုးအသာနဲ့ ခပ်ကျဉ်းကျဉ်းအနိုင်ရသွားမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်ကတော့ လန်ဒန်ဒါဘီပွဲကြီးပွဲကောင်းဖြစ်ပြီး မန်စီးတီးကို အနိုင်ယူထားတဲ့ စပါးစ်တို့ ချယ်လ်ဆီးကို ထပ်ကျော်ဖြတ်နိုင်ဦးမလားလို့ စောင့်ကြည့်ရမှာပါ။ ခရစ်စတယ်ပဲလေ့စ်အသင်းကို နောက်ကျဂိုး ၂ ဂိုးပေးပြီး ရှူံးနိမ့်ခဲ့ရတဲ့ စပါးစ်တို့ကတော့ စိတ်မချရတဲ့အနေအထားမှာရှိနေတယ်လို့ သူကဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့လက်နက်က တိုက်စစ်မှူး ရိုမီလူ လူကာကူးဖြစ်လာလိမ့်မယ်ဆိုတဲ့ သုံးသပ်မှုအရ စပါးစ်အနေနဲ့ ၁ ဂိုးဦးဆောင်ထားနိုင်ရင်တောင် ၃ မှတ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိချိန်မှာ မနေ့ညက ကစားတဲ့ ယူရိုပါကွန်ဖရန့်လိဂ်ပွဲမှာ လူးကပ်စ် မော်ရာနဲ့ဘာ့ဂ်ဗိန်းတို့ဒဏ်ရာထပ်ရသွာတဲ့အတွက် နည်းပြ တူဟယ်လ်ရဲ့ နေရာစုံတောင့်တင်းပြီး မာကျောလွန်းတဲ့အသင်းကို ပိုသာအောင် ကစားပြဖို့ မဖြစ်နိုင်သလို ဝှိုက်ဟတ်လိန်းမှာ အပြာရောင်တို့ကပဲ ၂ ဂိုး ၁ ဂိုးနဲ့ အသာစီးရသွားလိမ့်မယ်လို့ သူကပြောသွားခဲ့ပါတယ်။

မန်စီးတီး Vs ဆောက်သမ်တန်ပွဲစဉ်မှာတော့ စီတီဇန်တို့ကပဲ ဂိုးတွေကို နိုင်သလောက်အိမ်ပြန်သွားမယ်လို့ ပေါလ်မာဆန်က သုံးသပ်ခဲ့ပြီး ဒီဘရိုင်းနားပါဝင်လာရင်တော့ ဂိုးမိုးရွာချပစ်ဖို့ ရှိနေသလို အနိမ့်ဆုံး ၄ ဂိုးပြတ်တီးပြီး တမှတ်အကွာမှာရှိနေတဲ် ဇယားထိပ်က ၄ သင်းကို ဖိအားပေးဦးမယ်လို့ ဆိုသွားခဲ့ပါတယ်။

တခြားအကြိတ်အနယ် ပွဲကောင်းတွေအဖြစ် ခံစားရဦးမယ့် အခြားပွဲစဉ် ၅ ပွဲမှာတော့ အက်စတန် ဗီလာ ၂-၂ အဲဗာတန်၊ ဘရိုက်တန် ၁-၁ လက်စတာ၊ နယူးကာဆယ် 2-2 လိဒ်စ်ယူနိုက်တက်တို့ပွဲစဉ်တွေကို သရေရလဒ်နဲ့ပွဲသိမ်းသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး ဝုဗ်စ် ၂-၀ ဘရန့်ဖို့ဒ် ၊ နော့ဝှစ်ချ် ၁-၂ ဝက်ဖို့ဒ် စသဖြင့် ခန့်မှန်းမှုတွေ ပြုလုပ်သွားခဲ့ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီတပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ ၅ ရဲ႕ ပြဲႀကီးပြဲေကာင္းအျဖစ္ စပါးစ္ Vs ခ်ယ္လ္ဆီးပြဲကို အဓိကေစာင့္ၾကည့္ရမွာျဖစ္ၿပီး က်န္အသင္းႀကီးေတြျဖစ္တဲ့ အာဆင္နယ္၊ လီဗာပူးလ္၊ မန္စီးတီး၊ မန္ယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္ေတြမွာ အသင္းႀကီးတိုင္း ရမွတ္ ၃ မွတ္စုေဆာင္းသြားႏိုင္ဖို႔ အေျခအေနေကာင္းေနၿပီး ေဘာလုံးကြၽမ္းက်င္သူ ေပါလ္မာဆန္ကလည္း ရလဒ္ခန႔္မွန္းခ်က္ျပဳလုပ္သြားခဲ့ပါတယ္။

ဘန္ေလ Vs အာဆင္နယ္ပြဲမွာေတာ့ ေပါလ္မာဆန္ရဲ႕ ခန႔္မွန္းခ်က္အရ ေျခေကာင္းခဲ့ေပမယ့္ အဲဗာတန္ကို ကံမေကာင္းစြာပဲ အေရးနိမ့္ခဲ့ရတဲ့ ဘန္ေလအသင္းက ေျခစြာေနတယ္ေပမယ့္ ဒီပြဲမွာေတာ့ ေနာ္ဝစ္ခ်္အသင္းကို အႏိုင္ယူထားၿပီး ေအာင္ပြဲေတြ မျဖစ္မေနလိုေနတဲ့ ဂန္းနားတို႔ကပဲ ႏွစ္ပြဲဆက္ေအာင္ပြဲဆင္ဖို႔ အလားအလာေကာင္းေနၿပီး အာဆင္နယ္အသင္းက ဘန္ေလကို စိုးမိုးထားတဲ့ အစဥ္အလာမျပတ္ ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရသြားမယ္လို႔ ဆိုပါတယ္။

လီဗာပူးလ္ Vs ခရစၥတယ္လ္ပဲေလ့စ္ပြဲစဥ္မွာေတာ့ ခ်န္ပီယံလိဂ္မွာ ေအစီမီလန္အသင္းကို အႏိုင္ကစားျပထားတဲ့ လီဗာပူးလ္အသင္းမွာ အနားေပးခံခဲ့ရတဲ့ အသင္းေခါင္းေဆာင္ ဗာဂ်ီးလ္ ဗန္ဒိုက္ျပန္လည္ပြဲထြက္လာဖြယ္ရွိေနၿပီး လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာလည္း အနီေရာင္တို႔က ၇ ဂိုးျပတ္ အႏိုင္ရခဲ့သင့္ေပမယ့္ တိုက္စစ္က ဂိုးျဖဳန္းတီးေနခဲ့တယ္လို႔ ေပါလ္မာဆန္က အားမလိုအားမရ ျဖစ္ေနခဲ့တာပါ။

ဒါေပမယ့္ စပါးစ္အသင္းကို အႏိုင္ယူၿပီး ဒီရာသီမွာ ပထမဆုံးႏိုင္ပြဲေတြ႕ထားတဲ့ ပဲေလ့စ္အေနနဲ႔ အန္ဖီးလ္ကြင္းမွာေတာ့ ထပ္မံေတာက္ပႏိုင္မွာမဟုတ္ဘဲ အိမ္ရွင္လီဗာပူးလ္ကပဲ ၃ ဂိုးျပတ္တီးသြားမယ္လို႔ သူက ခန႔္မွန္းထားပါတယ္။ လက္ရွိမွာ အဆင့္ ၃ ေနရာက လီဗာပူးလ္အသင္းအပါအဝင္ အဆင့္ ၁ ေနရရာက မန္ယူႏိုက္တက္၊ အဆင့္ ၂ ေနရာက ခ်ယ္လ္ဆီးနဲ႔ အဆင့္ ၄ ေနရာက အဲဗာတန္အသင္းတို႔နဲ႔အတူ ရမွတ္တူ ၁၀ မွတ္နဲ႔ ခ်န္ပီယံေျပးလမ္းေၾကာင္းကို ဦးေဆာင္ေနတာပါ။

ယူႏိုက္တက္တို႔ကေတာ့ ဝက္စ္ဟမ္းအသင္းကို အေဝးကြင္းမွာ သြားကစားရမွာျဖစ္ၿပီး ဟမ္းမားတို႔ဘက္က ပရီးမီးယားလိဂ္ တစ္လအေကာင္းဆုံးဆုရွင္ျဖစ္ထားတဲ့ တိုက္စစ္မႉး အန္တိုနီယိုပါဝင္လာရင္ေတာ့ သရဲနီတို႔ကို ဒုကၡလွလွေတြ႕ေစႏိုင္မယ္လို႔ ေပါလ္မာဆန္က ယူဆထားၿပီး တဦးေကာင္းစြမ္းေဆာင္ရည္ေတြနဲ႔ ရမွတ္ေတြကို စုေဆာင္းထားတဲ့ ယူႏိုက္တက္ဘက္ကို ရလဒ္ေကာင္းထပ္ယူႏိုင္ပါ့မလားလို႔ သံသယရွိေနတာေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲပြဲမွာ အန္တိုနီယိုတိုက္႐ိုက္အနီကဒ္နဲ႔ အထုတ္ခံရလို႔ ၃ ပြဲပယ္ ျပစ္ဒစ္ခံေနရလို႔ ယခုပြဲမွာ မပါဝင္ႏိုင္တဲ့အတြက္ ပရီးမီးယားလိဂ္မွာေတာ့ ခံစစ္ကစားပုံေကာင္းမြန္တဲ့ ယူႏိုက္တက္အတြက္ ရလဒ္ခပ္ပါးပါးနဲ႔ အႏိုင္ရဖို႔ျဖစ္လာမယ္လို႔ သူကဆိုသြားခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ BSC ယန္းဘြိဳင္းအသင္းကို အရွက္တကြဲ ရႉံးခဲ့ရတဲ့ အိပ္မက္ဆိုးကေန ျပန္လည္႐ုန္းထဖို႔ လိုအပ္ေနခ်ိန္မွာ နည္းျပ ဆိုးလ္ရွားတေယာက္ ၁ ဂိုးအသာနဲ႔ ခပ္က်ဥ္းက်ဥ္းအႏိုင္ရသြားမယ္လို႔ ခန႔္မွန္းသြားခဲ့ပါတယ္။

ေနာက္ထပ္ပြဲစဥ္ကေတာ့ လန္ဒန္ဒါဘီပြဲႀကီးပြဲေကာင္းျဖစ္ၿပီး မန္စီးတီးကို အႏိုင္ယူထားတဲ့ စပါးစ္တို႔ ခ်ယ္လ္ဆီးကို ထပ္ေက်ာ္ျဖတ္ႏိုင္ဦးမလားလို႔ ေစာင့္ၾကည့္ရမွာပါ။ ခရစ္စတယ္ပဲေလ့စ္အသင္းကို ေနာက္က်ဂိုး ၂ ဂိုးေပးၿပီး ရႉံးနိမ့္ခဲ့ရတဲ့ စပါးစ္တို႔ကေတာ့ စိတ္မခ်ရတဲ့အေနအထားမွာရွိေနတယ္လို႔ သူကဆိုသြားခဲ့ပါတယ္။

ခ်ယ္လ္ဆီးရဲ႕လက္နက္က တိုက္စစ္မႉး ႐ိုမီလူ လူကာကူးျဖစ္လာလိမ့္မယ္ဆိုတဲ့ သုံးသပ္မႈအရ စပါးစ္အေနနဲ႔ ၁ ဂိုးဦးေဆာင္ထားႏိုင္ရင္ေတာင္ ၃ မွတ္ကို ထိန္းသိမ္းႏိုင္စြမ္းမရွိခ်ိန္မွာ မေန႔ညက ကစားတဲ့ ယူ႐ိုပါကြန္ဖရန႔္လိဂ္ပြဲမွာ လူးကပ္စ္ ေမာ္ရာနဲ႔ဘာ့ဂ္ဗိန္းတို႔ဒဏ္ရာထပ္ရသြာတဲ့အတြက္ နည္းျပ တူဟယ္လ္ရဲ႕ ေနရာစုံေတာင့္တင္းၿပီး မာေက်ာလြန္းတဲ့အသင္းကို ပိုသာေအာင္ ကစားျပဖို႔ မျဖစ္ႏိုင္သလို ဝႈိက္ဟတ္လိန္းမွာ အျပာေရာင္တို႔ကပဲ ၂ ဂိုး ၁ ဂိုးနဲ႔ အသာစီးရသြားလိမ့္မယ္လို႔ သူကေျပာသြားခဲ့ပါတယ္။

မန္စီးတီး Vs ေဆာက္သမ္တန္ပြဲစဥ္မွာေတာ့ စီတီဇန္တို႔ကပဲ ဂိုးေတြကို ႏိုင္သေလာက္အိမ္ျပန္သြားမယ္လို႔ ေပါလ္မာဆန္က သုံးသပ္ခဲ့ၿပီး ဒီဘ႐ိုင္းနားပါဝင္လာရင္ေတာ့ ဂိုးမိုး႐ြာခ်ပစ္ဖို႔ ရွိေနသလို အနိမ့္ဆုံး ၄ ဂိုးျပတ္တီးၿပီး တမွတ္အကြာမွာရွိေနတဲ္ ဇယားထိပ္က ၄ သင္းကို ဖိအားေပးဦးမယ္လို႔ ဆိုသြားခဲ့ပါတယ္။

တျခားအႀကိတ္အနယ္ ပြဲေကာင္းေတြအျဖစ္ ခံစားရဦးမယ့္ အျခားပြဲစဥ္ ၅ ပြဲမွာေတာ့ အက္စတန္ ဗီလာ ၂-၂ အဲဗာတန္၊ ဘ႐ိုက္တန္ ၁-၁ လက္စတာ၊ နယူးကာဆယ္ 2-2 လိဒ္စ္ယူႏိုက္တက္တို႔ပြဲစဥ္ေတြကို သေရရလဒ္နဲ႔ပြဲသိမ္းသြားလိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၿပီး ဝုဗ္စ္ ၂-၀ ဘရန႔္ဖို႔ဒ္ ၊ ေနာ့ဝွစ္ခ်္ ၁-၂ ဝက္ဖို႔ဒ္ စသျဖင့္ ခန႔္မွန္းမႈေတြ ျပဳလုပ္သြားခဲ့ေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.