Other Premier League

CR7ကြောင့် စည်းလုံးမှုပြိုကွဲနိုင်ပြီး ဥရောပမှာ အောင်မြင်ချင်ရင် ဉာဏ်ပိုကောင်းရမယ်လို့ ဆိုးလ်ရှားကို သတိပေးလိုက်တဲ့ ဘာဘာတော့ဗ်

မန်ယူနိုက်တက်အသင်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို အိမ်ပြန်လာခဲ့လို့ အိုးထရက်ဖို့ဒ်မှာ ဧရာမသက်ရောက်မှုဖြစ်လာခဲ့ပြီး ပျော်ရွှင်စရာကောင်းခဲ့ပေမယ့် ကျန်ကစားသမားတွေ ပွဲထွက်ခွင့်ဆုံးရှူံးသွားတော့မှာဖြစ်လို့ အသင်းတွင်းစည်းလုံးပြိုကွဲသွားနိုင်တယ်လို့ သရဲနီတိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က သတိပေးသွားခဲ့ပါတယ်။

” ရော်နယ်လ်ဒိုရောက်လာတော့ ယူနိုက်တက်မှာ ဖြစ်ပေါ်လာတဲ့ ရုတ်ချည်းသက်​ရောက်မှုကို ကျွန်တော်မအံ့သြမိပါဘူး။ ဒီရာသီခရီးရှည်မှာ သူက ပိုပြီးတော့တောင် ကောင်းလာပါလိမ့်ဦးမယ်။ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကို ခင်ဗျားမေးခွန်းထုတ်လို့မရပါဘူး။ နောက်ပြီး သူ့ရဲ့သြဇာလွှမ်းမိုးမှုကိုရောပေါ့”

” စိတ်ဝင်စားမိတာကတော့ အိုလေအနေနဲ့ ကျန်တဲ့အသင်းသားတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါပဲ။ အက်ဒ်ဆန် ကာဗာနီနဲ့ အန်ထော်နီ မာစီယယ်လ်တို့ကို သူဘယ်လိုသုံးစွဲမလဲ။ ကစားသမားတွေကို ပျော်အောင် ဘယ်လိုထားမလဲ။ ပါရမီရှင်တွေနဲ့ လူအင်အားတောင့်တင်းနေတဲ့ အသင်းမှာ ဒီအချက်က သိပ်အခက်တွေ့စေမှာပါ။ ကျန်တဲ့သူတွေ မကစားရရင်လည်း ခံရခက်ကြမှာပါ”

” ကျွန်တော်မျှော်လင့်ပါတယ်။ အိုလေဟာ ကာဗာနီအတွက် ချမှတ်ထားတဲ့ အစီအစဥ်တွေကို ပွင့်ပွင့်လင်းလင်း စကားပြောဆိုပြီးလိမ့်မယ်ဆိုတာကိုပေါ့။ ဒီလိုအသင်းအနေအထားမှာ အကောင်းဆုံးလူစာရင်းကိုပဲ ရွေးထုတ်ရမှာ မန်နေဂျာရဲ့ အလုပ်တာဝန်ပါ။ ပွဲထွက်ကစားချင်ကြပေမယ့် ချန်လှပ်ခံရတဲ့ ကစားသမားတွေရဲ့ မပျော်ရွှင်မှုနဲ့ စိတ်ပျက်မှုကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ဒါ့အပြင် ဆွစ်ဇာလန်ကလပ် BSC ယန်းဘွိုင်းအသင်းကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အရေးနိမ့်ပြီး အရှက်ကွဲခဲ့ရတာနဲ့ ပတ်သက်လို့” အာရွန် ဝမ်ဘစ်ဆာကာရဲ့ အနီကတ်က အထိနာတယ်ဆိုပေမယ့် သရဲနီတွေက ပွဲကို အခုထက်ပိုကောင်းအောင် ထိန်းနိုင်ခဲ့သင့်ပါတယ်။ ၁၀ ယောက်တည်းနဲ့ ကစားရတဲ့အခါ အာရုံပိုစိုက်ရပါတယ်။ ဥာဏ်ပိုကောင်းရပါတယ်။ ယူနိုက်တက်မှာတော့ ဒီနှစ်ချက်လုံးပျောက်ဆုံးနေခဲ့ပြီး ဂျက်စီ လင်ဂတ်ရဲ့ သတိတချက်လွတ်တဲ့ အမှားကနေ ရှုံးပွဲနဲ့ တွေ့သွားရပါတယ်”

” ဒီရလဒ်ကိုကြည့်ရင် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ လူရည်မလည်သေးပါဘူး။ အဝေးကွင်းကစားရတဲ့ပွဲရဲ့ ပထမပိုင်းမှာတင် ကိုယ့်ကစားသမားတွေ အနီကတ်မထိသင့်ပါဘူး။ ဒါပေမယ့် ကစားသမားတယောက်လောလွန်းနေပြီး စိတ်မှောက်မှားနေတဲ့အချိန်မှာတော့ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သရေရလဒ်ကသာ အကောင်းဆုံးရလဒ်ဖြစ်ခဲ့သင့်ပါတယ်” လို့လည်း ၂၀၁၀-၁၁ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် ဘူလ်ဂေးရီးယားသားကြီးက သူ့အမြင်နဲ့အတူ ထောက်ပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ယူႏိုက္တက္အသင္းအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒို အိမ္ျပန္လာခဲ့လို႔ အိုးထရက္ဖို႔ဒ္မွာ ဧရာမသက္ေရာက္မႈျဖစ္လာခဲ့ၿပီး ေပ်ာ္႐ႊင္စရာေကာင္းခဲ့ေပမယ့္ က်န္ကစားသမားေတြ ပြဲထြက္ခြင့္ဆုံးရႉံးသြားေတာ့မွာျဖစ္လို႔ အသင္းတြင္းစည္းလုံးၿပိဳကြဲသြားႏိုင္တယ္လို႔ သရဲနီတိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က သတိေပးသြားခဲ့ပါတယ္။

” ေရာ္နယ္လ္ဒိုေရာက္လာေတာ့ ယူႏိုက္တက္မွာ ျဖစ္ေပၚလာတဲ့ ႐ုတ္ခ်ည္းသက္​ေရာက္မႈကို ကြၽန္ေတာ္မအံ့ၾသမိပါဘူး။ ဒီရာသီခရီးရွည္မွာ သူက ပိုၿပီးေတာ့ေတာင္ ေကာင္းလာပါလိမ့္ဦးမယ္။ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ကို ခင္ဗ်ားေမးခြန္းထုတ္လို႔မရပါဘူး။ ေနာက္ၿပီး သူ႔ရဲ႕ၾသဇာလႊမ္းမိုးမႈကိုေရာေပါ့”

” စိတ္ဝင္စားမိတာကေတာ့ အိုေလအေနနဲ႔ က်န္တဲ့အသင္းသားေတြကို ဘယ္လိုစီမံခန္႔ခြဲမလဲဆိုတာပါပဲ။ အက္ဒ္ဆန္ ကာဗာနီနဲ႔ အန္ေထာ္နီ မာစီယယ္လ္တို႔ကို သူဘယ္လိုသုံးစြဲမလဲ။ ကစားသမားေတြကို ေပ်ာ္ေအာင္ ဘယ္လိုထားမလဲ။ ပါရမီရွင္ေတြနဲ႔ လူအင္အားေတာင့္တင္းေနတဲ့ အသင္းမွာ ဒီအခ်က္က သိပ္အခက္ေတြ႕ေစမွာပါ။ က်န္တဲ့သူေတြ မကစားရရင္လည္း ခံရခက္ၾကမွာပါ”

” ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ အိုေလဟာ ကာဗာနီအတြက္ ခ်မွတ္ထားတဲ့ အစီအစဥ္ေတြကို ပြင့္ပြင့္လင္းလင္း စကားေျပာဆိုၿပီးလိမ့္မယ္ဆိုတာကိုေပါ့။ ဒီလိုအသင္းအေနအထားမွာ အေကာင္းဆုံးလူစာရင္းကိုပဲ ေ႐ြးထုတ္ရမွာ မန္ေနဂ်ာရဲ႕ အလုပ္တာဝန္ပါ။ ပြဲထြက္ကစားခ်င္ၾကေပမယ့္ ခ်န္လွပ္ခံရတဲ့ ကစားသမားေတြရဲ႕ မေပ်ာ္႐ႊင္မႈနဲ႔ စိတ္ပ်က္မႈကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္” လို႔ ေျပာၾကားသြားခဲ့တာပါ။

ဒါ့အျပင္ ဆြစ္ဇာလန္ကလပ္ BSC ယန္းဘြိဳင္းအသင္းကို ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ အေရးနိမ့္ၿပီး အရွက္ကြဲခဲ့ရတာနဲ႔ ပတ္သက္လို႔” အာ႐ြန္ ဝမ္ဘစ္ဆာကာရဲ႕ အနီကတ္က အထိနာတယ္ဆိုေပမယ့္ သရဲနီေတြက ပြဲကို အခုထက္ပိုေကာင္းေအာင္ ထိန္းႏိုင္ခဲ့သင့္ပါတယ္။ ၁၀ ေယာက္တည္းနဲ႔ ကစားရတဲ့အခါ အာ႐ုံပိုစိုက္ရပါတယ္။ ဥာဏ္ပိုေကာင္းရပါတယ္။ ယူႏိုက္တက္မွာေတာ့ ဒီႏွစ္ခ်က္လုံးေပ်ာက္ဆုံးေနခဲ့ၿပီး ဂ်က္စီ လင္ဂတ္ရဲ႕ သတိတခ်က္လြတ္တဲ့ အမွားကေန ရႈံးပြဲနဲ႔ ေတြ႕သြားရပါတယ္”

” ဒီရလဒ္ကိုၾကည့္ရင္ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္မွာ လူရည္မလည္ေသးပါဘူး။ အေဝးကြင္းကစားရတဲ့ပြဲရဲ႕ ပထမပိုင္းမွာတင္ ကိုယ့္ကစားသမားေတြ အနီကတ္မထိသင့္ပါဘူး။ ဒါေပမယ့္ ကစားသမားတေယာက္ေလာလြန္းေနၿပီး စိတ္ေမွာက္မွားေနတဲ့အခ်ိန္မွာေတာ့ ဒါမ်ိဳးက ျဖစ္ေလ့ျဖစ္ထရွိပါတယ္။ သေရရလဒ္ကသာ အေကာင္းဆုံးရလဒ္ျဖစ္ခဲ့သင့္ပါတယ္” လို႔လည္း ၂၀၁၀-၁၁ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရွင္ ဘူလ္ေဂးရီးယားသားႀကီးက သူ႔အျမင္နဲ႔အတူ ေထာက္ျပသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.