Premier League Transfer News

17 Sep နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးတိုက်စစ်မှူး ရိုမီလူ လူကာကူးရဲ့ ဘောလုံးရယူမှု နည်းပါးတဲ့ ကစားဟန်မှာ လေးဂိုးအထိ သွင်းယူနိုင်ခဲ့တာကို အံ့ဩချီးကျူးမိကြောင်း မြို့ခံပြိုင်ဘက် အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က ပြောကြားလိုက်ပြီး ဘယ်လ်ဂျီယမ်သားဟာ အပိုင် မဟုတ်တဲ့ ၅၀-၅၀ အခွင့်အရေးတွေကိုတောင် ဂိုးအဖြစ်ပြောင်းလဲနိုင်တယ်လို့ သုံးသပ်သွား။

– ချဲလ်ဆီးအသင်းကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ ရောက်လာခဲ့ပြီး ပွဲဦးထွက်မှာ ခြေစွမ်း မပြနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်အတွက် ပရိသတ်တွေ စိတ်မပူဖို့နဲ့ သူဟာ နည်းပြ သောမတ်စ် တူဟယ်လ်အတွက် အင်အားဖြစ်လာလိမ့်မယ်လို့ ဗြိတိန်အခြေစိုက် ဂျာနယ်လစ် ပေါလ် ဘရောင်း ပြောကြား။

– အသင်းရဲ့ နည်းစနစ်အကြံပေး ဂိုးသမားဟောင်းကြီး ပီတာချက်က သူ့အနေနဲ့ ချဲလ်ဆီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆက်ပြီး ကာကွယ်နိုင်လိမ့်မယ်လို့ တစ်ထစ်ချ မယုံကြည်ကြောင်းနဲ့ သူတို့တွေဆီကနေ လုယူသွားနိုင်မယ့် ဥရောပအသင်းကြီးတွေ များစွာရှိနေကြောင်း သတိပေးသွား။

– ပွဲဦးထွက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့အပေါ် သူ့ကို ပထမဆုံး အားပေးခဲ့သူဟာ အသင်းဖော်သစ် ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားဖြစ်ကြောင်းနဲ့ သူ့တုန်းက ဒီထက်ဆိုးတယ်လို့ ဘရာဇီးလ်သားကြီးက လက်ရှိပုံစံအတွက် မစိုးရိမ်ဖို့ ပြောကြားသွားခဲ့ကြောင်း ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်က ထုတ်ဖော်သွားခဲ့။

– လာမယ့် တနင်္ဂနွေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ဒိုင်ယာ၊ ဆန်းချက်၊ တန်ဂန်ဂါ၊ လိုဆဲလ်ဆို၊ ဘာ့ဂ်ဗိန်းနဲ့ ဆွန်ဟောင်မင်တို့ကို ဆုံးရှုံးထားရတဲ့ စပါးစ်အသင်းနည်းပြ နူနို ဆန်တိုအနေနဲ့ မိမိတို့အသင်းအခြေအနေက အလွန်ဆိုးရွားကြောင်း ညည်းတွားလိုက်ပြီး အိမ်ကွင်းဖြစ်လို့ ပရိသတ်အင်အားနဲ့ ရလဒ်ကောင်းနိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်လို့ဆို။

– ချဲလ်ဆီးအသင်းအနေနဲ့ ပီအက်စ်ဂျီကို ရောက်သွားတဲ့ ညာနောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို မခေါ်ယူနိုင်ခဲ့တာကို ဝမ်းမနည်းသင့်ဘူးလို့ နည်းပြဟောင်း အန်တိုနီယို ကွန်တီက ပြောကြားလိုက်ပြီး ဒီကစားသမားအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို အမြဲစိတ်ထဲရှိပြီး ပြန်ဖို့ ကြိုးစားနေလို့ အသင်းအတွက် ရေရှည်အားကိုးလို့ ရနိုင်မှာ မဟုတ်ကြောင်း သူနဲ့ လက်တွဲခဲ့ဖူးတဲ့ မော်ရိုကိုသားအကြောင်း ထုတ်ဖော်သွား။

– ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ် အာလင်း ဟားလန်း ထွက်ခွာသွားခဲ့ရင် ပြန်လည်အစားထိုးဖို့ တိုက်စစ်မှူး တီမို ဗာနာကို စိတ်ဝင်စားနေတဲ့ ဒေါ့မွန်ကြောင့် ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ သူ့ကို အသုံးပြုဖို့ နည်းလမ်းနဲ့ ပွဲထွက်ခွင့်အတွက် အာမခံချက် မပေးနိုင်ရင် ဆုံးရှုံးရဖို့ ဖြစ်လာနိုင်ပြီး ဂျာမန်တိုက်စစ်မှူးရဲ့ အနေအထားက စင်ပေါ်ပြန်ရောက်လာခဲ့။

– ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ အဆင်မပြေသေးတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ခေါ်ယူဖို့ စပါးစ်အသင်းက စိတ်ဝင်စားနေဆဲဖြစ်ပြီး လစာငွေမြင့်မြင့်မားမား တောင်းဆိုထားတာကို လိုက်လျောမပေးနိုင်သေးတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ဝှိုက်ဟတ်လိန်းကို ပြောင်းရွှေ့မှု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းနေကြ။

– ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီနာမို ဇာဂရက်ဘ်နဲ့ အဝေးကွင်းမှာ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဂိုးသွင်းယူပြခဲ့တဲ့ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန် ရိုက်စ်ကို ခေါ်ယူပေးဖို့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာကို ချဲလ်ဆီးပရိသတ်တွေ တွစ်တာမှာ ရေးသားတောင်းဆိုခဲ့ကြ။

– ချဲလ်ဆီးတာဝန်ရှိသူတွေအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှာ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားမှာ မဟုတ်တော့ဘဲ အသင်းရဲ့ တိုက်စစ်မှူးသစ် ရိုမီလူ လူကာကူး ထောက်ခံချက်ပေးထားတဲ့ အင်တာမီလန်နောက်ခံလူနှစ်ဦးဖြစ်တဲ့ မီလန် ရှကရီညာနဲ့ အလက်ဆန်ဒရို ဘတ်စတိုနီတို့နှစ်ဦးထဲက တစ်ဦးကိုပဲ ကြိုးစားသွားမယ်လို့ သတင်းထွက်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးတိုက္စစ္မႉး ႐ိုမီလူ လူကာကူးရဲ႕ ေဘာလုံးရယူမႈ နည္းပါးတဲ့ ကစားဟန္မွာ ေလးဂိုးအထိ သြင္းယူႏိုင္ခဲ့တာကို အံ့ဩခ်ီးက်ဴးမိေၾကာင္း ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္က ေျပာၾကားလိုက္ၿပီး ဘယ္လ္ဂ်ီယမ္သားဟာ အပိုင္ မဟုတ္တဲ့ ၅၀-၅၀ အခြင့္အေရးေတြကိုေတာင္ ဂိုးအျဖစ္ေျပာင္းလဲႏိုင္တယ္လို႔ သုံးသပ္သြား။

– ခ်ဲလ္ဆီးအသင္းကို အက္သလက္တီကို မက္ဒရစ္အသင္းကေန အေျပာင္းအေ႐ႊ႕ေနာက္ဆုံးအခ်ိန္မွာ ေရာက္လာခဲ့ၿပီး ပြဲဦးထြက္မွာ ေျခစြမ္း မျပႏိုင္ခဲ့တာေၾကာင့္ ေဝဖန္ခံေနရတဲ့ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္အတြက္ ပရိသတ္ေတြ စိတ္မပူဖို႔နဲ႔ သူဟာ နည္းျပ ေသာမတ္စ္ တူဟယ္လ္အတြက္ အင္အားျဖစ္လာလိမ့္မယ္လို႔ ၿဗိတိန္အေျခစိုက္ ဂ်ာနယ္လစ္ ေပါလ္ ဘေရာင္း ေျပာၾကား။

– အသင္းရဲ႕ နည္းစနစ္အႀကံေပး ဂိုးသမားေဟာင္းႀကီး ပီတာခ်က္က သူ႔အေနနဲ႔ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ဖလားကို ဆက္ၿပီး ကာကြယ္ႏိုင္လိမ့္မယ္လို႔ တစ္ထစ္ခ် မယုံၾကည္ေၾကာင္းနဲ႔ သူတို႔ေတြဆီကေန လုယူသြားႏိုင္မယ့္ ဥေရာပအသင္းႀကီးေတြ မ်ားစြာရွိေနေၾကာင္း သတိေပးသြား။

– ပြဲဦးထြက္မွာ ေျခစြမ္းမျပႏိုင္ခဲ့တဲ့အေပၚ သူ႔ကို ပထမဆုံး အားေပးခဲ့သူဟာ အသင္းေဖာ္သစ္ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားျဖစ္ေၾကာင္းနဲ႔ သူ႔တုန္းက ဒီထက္ဆိုးတယ္လို႔ ဘရာဇီးလ္သားႀကီးက လက္ရွိပုံစံအတြက္ မစိုးရိမ္ဖို႔ ေျပာၾကားသြားခဲ့ေၾကာင္း ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္က ထုတ္ေဖာ္သြားခဲ့။

– လာမယ့္ တနဂၤေႏြေန႔မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ရင္ဆိုင္ရမယ့္ ပြဲစဥ္အတြက္ ဒိုင္ယာ၊ ဆန္းခ်က္၊ တန္ဂန္ဂါ၊ လိုဆဲလ္ဆို၊ ဘာ့ဂ္ဗိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ကို ဆုံးရႈံးထားရတဲ့ စပါးစ္အသင္းနည္းျပ ႏူႏို ဆန္တိုအေနနဲ႔ မိမိတို႔အသင္းအေျခအေနက အလြန္ဆိုး႐ြားေၾကာင္း ညည္းတြားလိုက္ၿပီး အိမ္ကြင္းျဖစ္လို႔ ပရိသတ္အင္အားနဲ႔ ရလဒ္ေကာင္းႏိုင္ဖို႔ပဲ ေမွ်ာ္လင့္ရေတာ့မယ္လို႔ဆို။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပီအက္စ္ဂ်ီကို ေရာက္သြားတဲ့ ညာေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို မေခၚယူႏိုင္ခဲ့တာကို ဝမ္းမနည္းသင့္ဘူးလို႔ နည္းျပေဟာင္း အန္တိုနီယို ကြန္တီက ေျပာၾကားလိုက္ၿပီး ဒီကစားသမားအေနနဲ႔ ရီးရဲလ္မက္ဒရစ္ကို အၿမဲစိတ္ထဲရွိၿပီး ျပန္ဖို႔ ႀကိဳးစားေနလို႔ အသင္းအတြက္ ေရရွည္အားကိုးလို႔ ရႏိုင္မွာ မဟုတ္ေၾကာင္း သူနဲ႔ လက္တြဲခဲ့ဖူးတဲ့ ေမာ္႐ိုကိုသားအေၾကာင္း ထုတ္ေဖာ္သြား။

– ဥေရာပအသင္းႀကီးေတြရဲ႕ ပစ္မွတ္ အာလင္း ဟားလန္း ထြက္ခြာသြားခဲ့ရင္ ျပန္လည္အစားထိုးဖို႔ တိုက္စစ္မႉး တီမို ဗာနာကို စိတ္ဝင္စားေနတဲ့ ေဒါ့မြန္ေၾကာင့္ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ သူ႔ကို အသုံးျပဳဖို႔ နည္းလမ္းနဲ႔ ပြဲထြက္ခြင့္အတြက္ အာမခံခ်က္ မေပးႏိုင္ရင္ ဆုံးရႈံးရဖို႔ ျဖစ္လာႏိုင္ၿပီး ဂ်ာမန္တိုက္စစ္မႉးရဲ႕ အေနအထားက စင္ေပၚျပန္ေရာက္လာခဲ့။

– ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အဆင္မေျပေသးတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါကို ေခၚယူဖို႔ စပါးစ္အသင္းက စိတ္ဝင္စားေနဆဲျဖစ္ၿပီး လစာေငြျမင့္ျမင့္မားမား ေတာင္းဆိုထားတာကို လိုက္ေလ်ာမေပးႏိုင္ေသးတဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ဝႈိက္ဟတ္လိန္းကို ေျပာင္းေ႐ႊ႕မႈ ျဖစ္လာႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

– ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဒီနာမို ဇာဂရက္ဘ္နဲ႔ အေဝးကြင္းမွာ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဂိုးသြင္းယူျပခဲ့တဲ့ ဝက္စ္ဟမ္း အသင္းရဲ႕ ကြင္းလယ္ကစားသမား ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူေပးဖို႔ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာကို ခ်ဲလ္ဆီးပရိသတ္ေတြ တြစ္တာမွာ ေရးသားေတာင္းဆိုခဲ့ၾက။

– ခ်ဲလ္ဆီးတာဝန္ရွိသူေတြအေနနဲ႔ လာမယ့္အေျပာင္းအေ႐ႊ႕ကာလမွာ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ေခၚယူဖို႔ ဆက္လက္ႀကိဳးစားမွာ မဟုတ္ေတာ့ဘဲ အသင္းရဲ႕ တိုက္စစ္မႉးသစ္ ႐ိုမီလူ လူကာကူး ေထာက္ခံခ်က္ေပးထားတဲ့ အင္တာမီလန္ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ မီလန္ ရွကရီညာနဲ႔ အလက္ဆန္ဒ႐ို ဘတ္စတိုနီတို႔ႏွစ္ဦးထဲက တစ္ဦးကိုပဲ ႀကိဳးစားသြားမယ္လို႔ သတင္းထြက္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.