Analysis Premier League

အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး ကျောနံပါတ် ၁၀ ပိုင်ရှင် ကစားသမား ၅ ဦး

အာဆင်နယ်အသင်းမှာတော့ ဒီနှစ်နွေရာသီမှာ လူငယ်ကစားသမား အီမီးလ် စမစ်ရိုးကို နံပါတ် ၁၀ ပေးအပ်ပြီး အသင်းက ထွက်မသွားအောင် စည်းရုံးခဲ့ရတာကတော့ ဒီအသက်အရွယ်မှာ တကယ်ပဲ ထိုက်တန်ပြီလားလို့ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ရတာပါ။ ဒီအချိန်မှာ ဂန်းနားတွေအတွက် ဒီနံပါတ်ကို နောက်ဆုံးဝတ်ဆင်ထားပြီး သူတို့ကို အကျိုးအပြုနိုင်ဆုံးဖြစ်ခဲ့တဲ့ (နောက်ခံလူ ဝီလီယမ် ဂါးလက်စ်မပါ) ကစားသမား ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ မီဆွတ် အိုဇေးလ် (၂၀၁၈-၁၉ မှ ၂၀၁၉-၂၀)
အာဆင်နယ်အသင်းရဲ့ ခန့်မှန်းမရနိုင်အောင် အနီးအဝေး ဖန်တီးမှုတွေကို ပြုလုပ်ပေးခဲ့ဖူးတဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင်ဟာ သူ့ရဲ့ နောက်ဆုံး နှစ်ရာသီမှာ အသင်းအတွက် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခဲ့ဖူးသူပါ။ ဒီမတိုင်ခင်မှာတော့ ကျောနံပါတ် ၁၁ နဲ့ ပိုမိုအသားကျခဲ့ပြီး အကောင်းဆုံးဖန်တီးမှု တွေနဲ့ ၂၀၁၅-၁၆ ရာသီမှာ အသင်းရဲ့ အကောင်းဆုံးဆုကို ရယူဖူးသလို မြန်နှုန်းမြင့် တိုက်စစ်ဆင်မှုတွေကလည်း သူ့ကို ပရိသတ်တွေ ပိုချစ်စေပါတယ်။

ဒါပေမယ့် နံပါတ် ၁၀ ကို ပြောင်းလဲအပြီး အာဆင်ဝင်းဂါးလည်း မရှိတော့ချိန်မှာ သူ့ကို ဆက်ခံတဲ့ နည်းပြတွေဖြစ်ကြတဲ့ အူနိုင်း အမ်မရီ လက်ထက်မှာ လုပ်အားနှုန်းပြဿနာနဲ့ မီခယ်လ် အာတီတာလက်ထက်မှာ တရုတ်ပြည်က ဝီဂါတွေကိစ္စပြဿနာတွေ ဖြစ်ပွားခဲ့ပြီး သူ့ကံကြမ္မာက ဆိုးရွားသွားခဲ့ပါတယ်။ ဂျာမနီမှာ နံပါတ် ၈ ဝတ်ခဲ့သလို အရင်နံပါတ် ၁၁ နဲ့တုန်းက ကောင်းနေခဲ့တဲ့ သူ့အတွက် နံပါတ်စီးတယ်တောင် ပြောရမလား မသိတော့ချိန်မှာ ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂျာမနီနဲ့ အာဆင်နယ်အသင်းတွေက ရှင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။

၄။ ဂျက်ခ် ဝီလ်ရှီးယား (၂၀၁၂-၁၃ မှ ၂၀၁၇-၁၈)
အာဆင်နယ်အသင်းရဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် ကွင်းလယ်လူဟာ သူ့ရဲ့ အကောင်းဆုံးအချိန်တွေမှာတုန်းက မြန်နှုန်းမြင့် ကစားဟန်၊ အကွက်မြင်တဲ့ ဖန်တီးမှု၊ ဂိုးသွင်းယူမှုအပိုင်းတွေမှာ အပြည့်စုံဆုံးဖြစ်ခဲ့သလို ခံစစ်ပိုင်းမှာ ပါဝင်ဖျက်ထုတ်ပြီး ဘောလုံးပြန်ရယူဖို့လည်း စိတ်အားထက်သန်တဲ့သူတစ်ယောက်ပါ။ ရော်ဘင် ဗန်ပါစီရဲ့ နံပါတ်ကို ဆက်ခံခဲ့အပြီးမှာတော့ ဒဏ်ရာတဖြည်းဖြည်း များပြားလာခဲ့ပြီး ဘုန်းမောက်ကိုပါ အငှားထွက်ကစားခဲ့ရသလို အမ်းမရိတ်မှာ ရပ်တည်နိုင်ဖို့ ခက်ခဲခဲ့ပြီး ကစားခွင့်မရတော့တာကြောင့် အသင်းနဲ့ လမ်းခွဲသွားခဲ့ရပါတယ်။

၃။ ရော်ဘင် ဗန်ပါစီ (၂၀၁၀-၁၁ မှ ၂၀၁၁-၁၂)
ဒီနံပါတ်ကို နှစ်ရာသီကြာ ဝတ်ဆင်ခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူးကတော့ နံပါတ် ၁၀ နဲ့ လမိုင်းကပ်တယ်လို့ပဲ ပြောရမှာဖြစ်ပြီး သူ့ရဲ့ အဲ့ဒီ နှစ်ရာသီမှာ ပထမရာသီမှာ ၂၂ ဂိုးနဲ့ နောက်တစ်ရာသီမှာ ၃၇ ဂိုး ရယူသွားနိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ၂၀၁၁-၁၂ ရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်နဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပြီး တခြားတစ်ဦးချင်းဆုတွေလည်း အများကြီးသိမ်းပိုက်ခဲ့သလို မန်ချက်စတာယူနိုက်တက်ကို ပြောင်းမသွားခင် အကောင်းဆုံးခြေစွမ်းပြခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုးရွားတာတာကတော့ သူ့ရဲ့ အကောင်းဆုံးအချိန်မှာ အသင်းရဲ့ ညံ့ဖျင်းလွန်းတဲ့ စီမံခန့်ခွဲမှုကြောင့် လက်လွှတ်ခဲ့ရလို့ နှမြောစရာလည်းဖြစ်ပြီး အသင်းကို ချန်ပီယံဆုတွေ စိန်ခေါ်နိုင်မယ့် ကစားသမားသစ်တွေကို အားဖြည့်ခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုကြောင့် အနာဂတ်ကို မယုံကြည်တော့လို့ ပြောင်းရွှေ့သွားခဲ့ချိန်မှာ ပြိုင်ဘက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကိုပါ ရယူသွားခဲ့လို့ မိအေးနှစ်ခါနာခဲ့ရတာပါ။

၂။ ပေါလ် မာဆန် (၁၉၈၈-၈၉ မှ ၁၉၉၄-၉၅)
နည်းပြ ဂျော့ချ် ‌ဂရေဟမ်လက်ထက်မှာ တောက်ပလာခဲ့တဲ့ လက်ရှိ စကိုင်းစပို့စ်က ဘောလုံးကျွမ်းကျင်သူဟာ အာဆင်နယ်ရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ခြေစွမ်းပြခဲ့သူဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်မှာပဲ စမစ်ရိုးလိုမျိုး နံပါတ် ၁၀ ကို ဝတ်ဆင်ခွင့်ရခဲ့သူပါ။ အာဆင်နယ်အသင်းအတွက် အမှတ်ပေးချန်ပီယံနှစ်ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်၊ လိဂ်ဖလားတစ်ကြိမ်နဲ့ ဥရောပ Cup Winners’ Cup ကိုလည်း ရယူပေးနိုင်ခဲ့ပြီး ၁၉၉၅-၉၆ ရာသီမှာ တိုက်စစ်မှူးသစ် ဒင်းနစ္စ ဘားကမ့်ကို ကျောနံပါတ်လွှဲပြောင်းပေးခဲ့ရတဲ့ မာဆန်ဟာ အာဆင်ဝင်းဂါးလက်ထက်မှာမှ အသင်းက ကမ်းလှမ်းတဲ့ နှစ်နှစ်စာချုပ်ကို သဘောမကျခဲ့လို့ မစ်ဒယ်ဘရော့ဆီ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

၁။ ဒင်းနစ္စ ဘားကမ့် (၁၉၉၅-၉၆ မှ ၂၀၀၅-၀၆)
ပေါလ်မာဆန်ရဲ့ နံပါတ်ကို လွှဲပြောင်းပေးအပ်ခံခဲ့ရတဲ့ ဘားကမ့်ဟာ အင်တာမီလန်အသင်းကနေ အာဆင်နယ်ဆီကို ရောက်ရှိလာချိန်ကတည်းက အသင်းကနေ အနားယူသွားချိန်အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး နံပါတ် ၁၀ နဲ့ အသင်းမှာ ၁၁ ရာသီ ကစားပေးခဲ့တာပါ။ ကစားခဲ့သမျှ ရာသီတိုင်းမှာ ဂိုးမသွင်းနိုင်တဲ့ ရာသီ မရှိဖူးတဲ့ ဒတ်ချ်တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ လေယာဉ်ကြောက်တဲ့ ရောဂါကြောင့် Non-Flying Dutchman လို့ နာမည်ပြောင်ရခဲ့သလို အသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့တာဖြစ်ပါတယ်။

၁၉၉၅-၉၆ ရာသီမှာ နည်းပြ ဘရုစ် ရီယို့ချ်ရဲ့ ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဘားကမ့်ဟာ စကော့တလန်သားကို ဆက်ခံတဲ့ သက်တော်ရှည်နည်းပြကြီး အာဆင်ဝင်းဂါးအတွက်မှာ အဓိကလူဖြစ်ခဲ့ပြီး အီယန်ရိုက်၊ အနယ်လ်ကာ၊ အွန်နရီတို့ကို တွဲဖက်ထိန်းကျောင်းပေးခဲ့သလို အသင်းနဲ့ အောင်မြင်မှုတွေအဖြစ် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ဥရောပအဆင့်တွေမှာလည်း ဖိုင်နယ်ရောက်အသင်းတွေမှာ ပါဝင်နိုင်သလို ပရိသတ်တွေ အားလုံးရဲ့ အကောင်းဆုံး နံပါတ် ၁၀ အဖြစ် တစ်ညီတစ်ညွတ်တည်း သတ်မှတ်ခံထားခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းမွာေတာ့ ဒီႏွစ္ေႏြရာသီမွာ လူငယ္ကစားသမား အီမီးလ္ စမစ္႐ိုးကို နံပါတ္ ၁၀ ေပးအပ္ၿပီး အသင္းက ထြက္မသြားေအာင္ စည္း႐ုံးခဲ့ရတာကေတာ့ ဒီအသက္အ႐ြယ္မွာ တကယ္ပဲ ထိုက္တန္ၿပီလားလို႔ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ရတာပါ။ ဒီအခ်ိန္မွာ ဂန္းနားေတြအတြက္ ဒီနံပါတ္ကို ေနာက္ဆုံးဝတ္ဆင္ထားၿပီး သူတို႔ကို အက်ိဳးအျပဳႏိုင္ဆုံးျဖစ္ခဲ့တဲ့ (ေနာက္ခံလူ ဝီလီယမ္ ဂါးလက္စ္မပါ) ကစားသမား ၅ ဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၅။ မီဆြတ္ အိုေဇးလ္ (၂၀၁၈-၁၉ မွ ၂၀၁၉-၂၀)
အာဆင္နယ္အသင္းရဲ႕ ခန႔္မွန္းမရႏိုင္ေအာင္ အနီးအေဝး ဖန္တီးမႈေတြကို ျပဳလုပ္ေပးခဲ့ဖူးတဲ့ ဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ဟာ သူ႔ရဲ႕ ေနာက္ဆုံး ႏွစ္ရာသီမွာ အသင္းအတြက္ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ခဲ့ဖူးသူပါ။ ဒီမတိုင္ခင္မွာေတာ့ ေက်ာနံပါတ္ ၁၁ နဲ႔ ပိုမိုအသားက်ခဲ့ၿပီး အေကာင္းဆုံးဖန္တီးမႈ ေတြနဲ႔ ၂၀၁၅-၁၆ ရာသီမွာ အသင္းရဲ႕ အေကာင္းဆုံးဆုကို ရယူဖူးသလို ျမန္ႏႈန္းျမင့္ တိုက္စစ္ဆင္မႈေတြကလည္း သူ႔ကို ပရိသတ္ေတြ ပိုခ်စ္ေစပါတယ္။

ဒါေပမယ့္ နံပါတ္ ၁၀ ကို ေျပာင္းလဲအၿပီး အာဆင္ဝင္းဂါးလည္း မရွိေတာ့ခ်ိန္မွာ သူ႔ကို ဆက္ခံတဲ့ နည္းျပေတြျဖစ္ၾကတဲ့ အူႏိုင္း အမ္မရီ လက္ထက္မွာ လုပ္အားႏႈန္းျပႆနာနဲ႔ မီခယ္လ္ အာတီတာလက္ထက္မွာ တ႐ုတ္ျပည္က ဝီဂါေတြကိစၥျပႆနာေတြ ျဖစ္ပြားခဲ့ၿပီး သူ႔ကံၾကမၼာက ဆိုး႐ြားသြားခဲ့ပါတယ္။ ဂ်ာမနီမွာ နံပါတ္ ၈ ဝတ္ခဲ့သလို အရင္နံပါတ္ ၁၁ နဲ႔တုန္းက ေကာင္းေနခဲ့တဲ့ သူ႔အတြက္ နံပါတ္စီးတယ္ေတာင္ ေျပာရမလား မသိေတာ့ခ်ိန္မွာ ျပႆနာအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဂ်ာမနီနဲ႔ အာဆင္နယ္အသင္းေတြက ရွင္းထုတ္ျခင္းကို ခံခဲ့ရပါတယ္။

၄။ ဂ်က္ခ္ ဝီလ္ရွီးယား (၂၀၁၂-၁၃ မွ ၂၀၁၇-၁၈)
အာဆင္နယ္အသင္းရဲ႕ ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ ကြင္းလယ္လူဟာ သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြမွာတုန္းက ျမန္ႏႈန္းျမင့္ ကစားဟန္၊ အကြက္ျမင္တဲ့ ဖန္တီးမႈ၊ ဂိုးသြင္းယူမႈအပိုင္းေတြမွာ အျပည့္စုံဆုံးျဖစ္ခဲ့သလို ခံစစ္ပိုင္းမွာ ပါဝင္ဖ်က္ထုတ္ၿပီး ေဘာလုံးျပန္ရယူဖို႔လည္း စိတ္အားထက္သန္တဲ့သူတစ္ေယာက္ပါ။ ေရာ္ဘင္ ဗန္ပါစီရဲ႕ နံပါတ္ကို ဆက္ခံခဲ့အၿပီးမွာေတာ့ ဒဏ္ရာတျဖည္းျဖည္း မ်ားျပားလာခဲ့ၿပီး ဘုန္းေမာက္ကိုပါ အငွားထြက္ကစားခဲ့ရသလို အမ္းမရိတ္မွာ ရပ္တည္ႏိုင္ဖို႔ ခက္ခဲခဲ့ၿပီး ကစားခြင့္မရေတာ့တာေၾကာင့္ အသင္းနဲ႔ လမ္းခြဲသြားခဲ့ရပါတယ္။

၃။ ေရာ္ဘင္ ဗန္ပါစီ (၂၀၁၀-၁၁ မွ ၂၀၁၁-၁၂)
ဒီနံပါတ္ကို ႏွစ္ရာသီၾကာ ဝတ္ဆင္ခဲ့တဲ့ နယ္သာလန္တိုက္စစ္မႉးကေတာ့ နံပါတ္ ၁၀ နဲ႔ လမိုင္းကပ္တယ္လို႔ပဲ ေျပာရမွာျဖစ္ၿပီး သူ႔ရဲ႕ အဲ့ဒီ ႏွစ္ရာသီမွာ ပထမရာသီမွာ ၂၂ ဂိုးနဲ႔ ေနာက္တစ္ရာသီမွာ ၃၇ ဂိုး ရယူသြားႏိုင္ခဲ့တာပါ။ အာဆင္နယ္အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးဆုကို ၂၀၁၁-၁၂ ရာသီမွာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္နဲ႔အတူ ဆြတ္ခူးႏိုင္ခဲ့ၿပီး တျခားတစ္ဦးခ်င္းဆုေတြလည္း အမ်ားႀကီးသိမ္းပိုက္ခဲ့သလို မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းမသြားခင္ အေကာင္းဆုံးေျခစြမ္းျပခဲ့တာလည္း ျဖစ္ပါတယ္။

ဆိုး႐ြားတာတာကေတာ့ သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္မွာ အသင္းရဲ႕ ညံ့ဖ်င္းလြန္းတဲ့ စီမံခန႔္ခြဲမႈေၾကာင့္ လက္လႊတ္ခဲ့ရလို႔ ႏွေျမာစရာလည္းျဖစ္ၿပီး အသင္းကို ခ်န္ပီယံဆုေတြ စိန္ေခၚႏိုင္မယ့္ ကစားသမားသစ္ေတြကို အားျဖည့္ခဲ့ျခင္း မရွိတာနဲ႔ ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈေၾကာင့္ အနာဂတ္ကို မယုံၾကည္ေတာ့လို႔ ေျပာင္းေ႐ႊ႕သြားခဲ့ခ်ိန္မွာ ၿပိဳင္ဘက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကိုပါ ရယူသြားခဲ့လို႔ မိေအးႏွစ္ခါနာခဲ့ရတာပါ။

၂။ ေပါလ္ မာဆန္ (၁၉၈၈-၈၉ မွ ၁၉၉၄-၉၅)
နည္းျပ ေဂ်ာ့ခ်္ ‌ဂေရဟမ္လက္ထက္မွာ ေတာက္ပလာခဲ့တဲ့ လက္ရွိ စကိုင္းစပို႔စ္က ေဘာလုံးကြၽမ္းက်င္သူဟာ အာဆင္နယ္ရဲ႕ ဆုဖလား ေအာင္ျမင္မႈေတြမွာ အဓိက အခန္းက႑ကေန ေျခစြမ္းျပခဲ့သူျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္မွာပဲ စမစ္႐ိုးလိုမ်ိဳး နံပါတ္ ၁၀ ကို ဝတ္ဆင္ခြင့္ရခဲ့သူပါ။ အာဆင္နယ္အသင္းအတြက္ အမွတ္ေပးခ်န္ပီယံႏွစ္ႀကိမ္၊ အက္ဖ္ေအဖလားတစ္ႀကိမ္၊ လိဂ္ဖလားတစ္ႀကိမ္နဲ႔ ဥေရာပ Cup Winners’ Cup ကိုလည္း ရယူေပးႏိုင္ခဲ့ၿပီး ၁၉၉၅-၉၆ ရာသီမွာ တိုက္စစ္မႉးသစ္ ဒင္းနစၥ ဘားကမ့္ကို ေက်ာနံပါတ္လႊဲေျပာင္းေပးခဲ့ရတဲ့ မာဆန္ဟာ အာဆင္ဝင္းဂါးလက္ထက္မွာမွ အသင္းက ကမ္းလွမ္းတဲ့ ႏွစ္ႏွစ္စာခ်ဳပ္ကို သေဘာမက်ခဲ့လို႔ မစ္ဒယ္ဘေရာ့ဆီ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

၁။ ဒင္းနစၥ ဘားကမ့္ (၁၉၉၅-၉၆ မွ ၂၀၀၅-၀၆)
ေပါလ္မာဆန္ရဲ႕ နံပါတ္ကို လႊဲေျပာင္းေပးအပ္ခံခဲ့ရတဲ့ ဘားကမ့္ဟာ အင္တာမီလန္အသင္းကေန အာဆင္နယ္ဆီကို ေရာက္ရွိလာခ်ိန္ကတည္းက အသင္းကေန အနားယူသြားခ်ိန္အထိ ေျခစြမ္းျပႏိုင္ခဲ့ၿပီး နံပါတ္ ၁၀ နဲ႔ အသင္းမွာ ၁၁ ရာသီ ကစားေပးခဲ့တာပါ။ ကစားခဲ့သမွ် ရာသီတိုင္းမွာ ဂိုးမသြင္းႏိုင္တဲ့ ရာသီ မရွိဖူးတဲ့ ဒတ္ခ်္တိုက္စစ္မႉးႀကီးဟာ သူ႔ရဲ႕ ေလယာဥ္ေၾကာက္တဲ့ ေရာဂါေၾကာင့္ Non-Flying Dutchman လို႔ နာမည္ေျပာင္ရခဲ့သလို အသင္းရဲ႕ အေကာင္းဆုံးေခၚယူမႈတစ္ခုအျဖစ္လည္း မွတ္တမ္းဝင္ထားခဲ့တာျဖစ္ပါတယ္။

၁၉၉၅-၉၆ ရာသီမွာ နည္းျပ ဘ႐ုစ္ ရီယို႔ခ်္ရဲ႕ ေခၚယူမႈျဖစ္ခဲ့တဲ့ ဘားကမ့္ဟာ စေကာ့တလန္သားကို ဆက္ခံတဲ့ သက္ေတာ္ရွည္နည္းျပႀကီး အာဆင္ဝင္းဂါးအတြက္မွာ အဓိကလူျဖစ္ခဲ့ၿပီး အီယန္႐ိုက္၊ အနယ္လ္ကာ၊ အြန္နရီတို႔ကို တြဲဖက္ထိန္းေက်ာင္းေပးခဲ့သလို အသင္းနဲ႔ ေအာင္ျမင္မႈေတြအျဖစ္ ပရီးမီးယားလိဂ္ဖလား ၃ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္နဲ႔ ဥေရာပအဆင့္ေတြမွာလည္း ဖိုင္နယ္ေရာက္အသင္းေတြမွာ ပါဝင္ႏိုင္သလို ပရိသတ္ေတြ အားလုံးရဲ႕ အေကာင္းဆုံး နံပါတ္ ၁၀ အျဖစ္ တစ္ညီတစ္ၫြတ္တည္း သတ္မွတ္ခံထားခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.