Premier League

အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ ချိတ်ဆက်နေတဲ့ နည်းပြ ကွန်တီ ဘယ်အသင်းကိုရွေးမလဲ

ချဲလ်ဆီးအသင်းနဲ့ အင်တာမီလန်နည်းပြဟောင်း အန်တိုနီယို ကွန်တေဟာ ပရီးမီးယားလိဂ်ကို တကျော့ပြန်အခြေချဖို့ တံခါးဖွင့်ထားကြောင်း သိရပြီး မီခေးလ် အာတီတာနဲ့ အိုလီဂန်နာ ဆိုးလ်ရှားတို့ နည်းပြထိုင်ခုံလှုပ်နေတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

အီတလီသားကြီးရဲ့ အလိုအရ ‘ရေရှည်အဆင့်အောင်မြင်မှု’ ပရောဂျက်ကို တည်ဆောက်မယ့် အသင်းကိုသာ ရွေးချယ်သွားလိုနေပြီး သူဟာ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ စပါးစ်အသင်းနဲ့လည်း စကားပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် အဆိုပါကလပ်ရဲ့ ရေတိုအောင်မြင်မှုကိုသာ ဦးစားပေးထားတဲ့ လမ်းစဥ်ကြောင့် သဘောမတွေ့ဘဲ အသင်းကြီးတစ်သင်းကိုသာ ကိုင်တွယ်လိုနေတာလည်းဖြစ်ပါတယ်။

အသက် ၅၂ နှစ်သားဟာ ပရီးမီးယားလိဂ် တာထွက်မလှခဲ့တဲ့ နည်းပြ အာတီတာ၊ လူစာရင်းမှ အားမနာဘဲ ချန်ပီယံလိဂ်မှာ BSC ယန်းဘွိုင်းစ်အသင်းကို ရုပ်ပျက်ဆင်းပျက်နဲ့ အရေးနိမ့်ခဲ့တဲ့ ဆိုးလ်ရှားတို့ရဲ့နေရာကို အစားထိုးဖို့ ပစ်မှတ်ထားခံနေရပေမယ့် သူ့အနေနဲ့ အာဆင်နယ်အသင်းကို စာရင်းထဲက နှုတ်ထားကြောင်းလည်း သိရှိရပါတယ်။

Sky Sports Italia ရဲ့ ဂျာနယ်လစ် ဒီမာဇီယိုရဲ့သတင်းအရ ကွန်တီကို ဆွဲဆောင်နိုင်တဲ့ ပရီးမီးယားလိဂ်အသင်းဟာ တစ်သင်းတည်းသာရှိနေတယ်လို့ သိရပြီး ဆုဖလားတွေအတွက် မျှော်ကိုးလို့မရသေးတဲ့ အာဆင်နယ်အသင်းထက်စာရင် ယူနိုက်တက်ရဲ့ ချဥ်းကပ်မှုကို ပိုမိုမျက်စိကျနေတယ်လို့ ယူဆစရာဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းကိုတော့ ခြားနားတဲ့ အနေအထားတခုအဖြစ် ရှုမြင်ထားချိန်မှာ သရဲနီတို့ဘက်က ရေရာတဲ့ ကမ်းလှမ်းမှုတခုကို ပြုလုပ်လာခဲ့ရင်တော့ လိုလိုလားလား လက်ခံစဥ်းစားသွားဖွယ်ရှိနေပြီး အသင်းတာဝန်ရှိသူတွေရဲ့ အလေးအနက် ချဥ်းကပ်မှုကို စောင့်ဆိုင်းနေတယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်မှာဆိုရင် ကမ္ဘာ့အဆင့်မှာ သက်သေပြပြီးသား ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရာဖေးလ် ဗာရွန်းတို့နဲ့ သူ့စိတ်ကြိုက် ပုံဖော်သွားနိုင်မယ့် ၃-၅-၂ ကစားကွက်အတွက် ကြီးမားတဲ့ အထောက်အပံ့တခုဖြစ်နေသလို ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ဥပမာအတိုင်း ဆုဖလားအောင်မြင်မှုတွေကို အချိန်တိုအတွင်း ဆွတ်ခူးနိုင်မယ်လို့ သူက ယုံကြည်နေတာပါ။

လက်ရှိမှာတော့ သတင်းတွေ ထွက်နေပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေဟာ ကွန်တီကို တရားဝင်ကမ်းလှမ်းမှုတော့ ပြုလုပ်ထားခြင်း မရှိသေးသလို ချန်ပီယံလိဂ်မှာ ရုပ်ပျက်ခဲ့တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ အစွမ်းအစကို အချိန်တစ်ခု ပေးသွားဖွယ်ရှိနေဆဲဖြစ်တယ်လို့ သိရပြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ နော်ဝေသားကြီးကိုသာ ဆက်လက်ယုံကြည်နေဆဲလို့ သိရှိထားရသလို့ ကွန်တီအနေနဲ့ ဘယ်အသင်းကိုမဆို ရွေးချယ်သွားနိုင်နေပါသေးတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းနဲ့ စပါးစ်နောက်ခံလူဟောင်း ဂျေဆန် ကန်ဒီက “ယန်းဘွိုင်းစ်နဲ့ပွဲကို ကြည့်ရင် အိုလီ ဘယ်လောက်ဖျင်းလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ကြရလိမ့်မယ်။ ကျွန်တော်သာဆိုရင်တော့ သူ့ကို ထုတ်ပစ်လိုက်ပါပြီ။ နည်းပြ ကွန်တီတစ်ယောက်လုံးကို ခေါ်ယူခွင့်ရှိနေတာ မဟုတ်လား။ ဘယ်သူက ပိုကောင်းတဲ့နည်းပြလို့ ခင်ဗျားထင်သလဲ”

“ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ အိုလီကို ဘာကြောင့် စောစောမထုတ်မိခဲ့တာလဲဆိုတဲ့ အခြေအနေတစ်ခုကို ရောက်လာပါလိမ့်မယ်။ သူက ချန်ပီယံလိဂ်မှာ မနှစ်ကလည်း အုပ်စုကျွတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ယူရိုပါလိဂ်ဆင်းကန်ရတော့လည်း လွယ်ကူလှတဲ့ ဖလားလမ်းကြောင်း ဆုဖလားမယူနိုင်ခဲ့ပြန်ပါဘူး”လို့ ထောက်ပြသွားခဲ့တာကြောင့် လတ်တလောမှာတော့ အာတီတာထက် အရင်အထုတ်ခံရမယ့်သူက ဆိုးလ်ရှားဖြစ်လာမလား၊ ကွန်တီက ယူနိုက်တက်နည်းပြသစ် ဖြစ်လာမလားဆိုတဲ့ မေးခွန်းတွေက အတော်လေး မြင့်တက်နေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနဲ႔ အင္တာမီလန္နည္းျပေဟာင္း အန္တိုနီယို ကြန္ေတဟာ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္အေျခခ်ဖို႔ တံခါးဖြင့္ထားေၾကာင္း သိရၿပီး မီေခးလ္ အာတီတာနဲ႔ အိုလီဂန္နာ ဆိုးလ္ရွားတို႔ နည္းျပထိုင္ခုံလႈပ္ေနတဲ့ အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔နဲ႔ ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။

အီတလီသားႀကီးရဲ႕ အလိုအရ ‘ေရရွည္အဆင့္ေအာင္ျမင္မႈ’ ပေရာဂ်က္ကို တည္ေဆာက္မယ့္ အသင္းကိုသာ ေ႐ြးခ်ယ္သြားလိုေနၿပီး သူဟာ ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ဖို႔ စပါးစ္အသင္းနဲ႔လည္း စကားေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ အဆိုပါကလပ္ရဲ႕ ေရတိုေအာင္ျမင္မႈကိုသာ ဦးစားေပးထားတဲ့ လမ္းစဥ္ေၾကာင့္ သေဘာမေတြ႕ဘဲ အသင္းႀကီးတစ္သင္းကိုသာ ကိုင္တြယ္လိုေနတာလည္းျဖစ္ပါတယ္။

အသက္ ၅၂ ႏွစ္သားဟာ ပရီးမီးယားလိဂ္ တာထြက္မလွခဲ့တဲ့ နည္းျပ အာတီတာ၊ လူစာရင္းမွ အားမနာဘဲ ခ်န္ပီယံလိဂ္မွာ BSC ယန္းဘြိဳင္းစ္အသင္းကို ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ အေရးနိမ့္ခဲ့တဲ့ ဆိုးလ္ရွားတို႔ရဲ႕ေနရာကို အစားထိုးဖို႔ ပစ္မွတ္ထားခံေနရေပမယ့္ သူ႔အေနနဲ႔ အာဆင္နယ္အသင္းကို စာရင္းထဲက ႏႈတ္ထားေၾကာင္းလည္း သိရွိရပါတယ္။

Sky Sports Italia ရဲ႕ ဂ်ာနယ္လစ္ ဒီမာဇီယိုရဲ႕သတင္းအရ ကြန္တီကို ဆြဲေဆာင္ႏိုင္တဲ့ ပရီးမီးယားလိဂ္အသင္းဟာ တစ္သင္းတည္းသာရွိေနတယ္လို႔ သိရၿပီး ဆုဖလားေတြအတြက္ ေမွ်ာ္ကိုးလို႔မရေသးတဲ့ အာဆင္နယ္အသင္းထက္စာရင္ ယူႏိုက္တက္ရဲ႕ ခ်ဥ္းကပ္မႈကို ပိုမိုမ်က္စိက်ေနတယ္လို႔ ယူဆစရာျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကိုေတာ့ ျခားနားတဲ့ အေနအထားတခုအျဖစ္ ရႈျမင္ထားခ်ိန္မွာ သရဲနီတို႔ဘက္က ေရရာတဲ့ ကမ္းလွမ္းမႈတခုကို ျပဳလုပ္လာခဲ့ရင္ေတာ့ လိုလိုလားလား လက္ခံစဥ္းစားသြားဖြယ္ရွိေနၿပီး အသင္းတာဝန္ရွိသူေတြရဲ႕ အေလးအနက္ ခ်ဥ္းကပ္မႈကို ေစာင့္ဆိုင္းေနတယ္လို႔လည္း သိရပါတယ္။

ယူႏိုက္တက္မွာဆိုရင္ ကမာၻ႔အဆင့္မွာ သက္ေသျပၿပီးသား ကစားသမားေတြျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ ရာေဖးလ္ ဗာ႐ြန္းတို႔နဲ႔ သူ႔စိတ္ႀကိဳက္ ပုံေဖာ္သြားႏိုင္မယ့္ ၃-၅-၂ ကစားကြက္အတြက္ ႀကီးမားတဲ့ အေထာက္အပံ့တခုျဖစ္ေနသလို ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ဥပမာအတိုင္း ဆုဖလားေအာင္ျမင္မႈေတြကို အခ်ိန္တိုအတြင္း ဆြတ္ခူးႏိုင္မယ္လို႔ သူက ယုံၾကည္ေနတာပါ။

လက္ရွိမွာေတာ့ သတင္းေတြ ထြက္ေနေပမယ့္ ယူႏိုက္တက္တာဝန္ရွိသူေတြဟာ ကြန္တီကို တရားဝင္ကမ္းလွမ္းမႈေတာ့ ျပဳလုပ္ထားျခင္း မရွိေသးသလို ခ်န္ပီယံလိဂ္မွာ ႐ုပ္ပ်က္ခဲ့တဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ အစြမ္းအစကို အခ်ိန္တစ္ခု ေပးသြားဖြယ္ရွိေနဆဲျဖစ္တယ္လို႔ သိရၿပီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေထာက္ခံမႈကို ရရွိထားတဲ့ ေနာ္ေဝသားႀကီးကိုသာ ဆက္လက္ယုံၾကည္ေနဆဲလို႔ သိရွိထားရသလို႔ ကြန္တီအေနနဲ႔ ဘယ္အသင္းကိုမဆို ေ႐ြးခ်ယ္သြားႏိုင္ေနပါေသးတယ္။

တစ္ဖက္မွာလည္း ခ်ဲလ္ဆီးအသင္းနဲ႔ စပါးစ္ေနာက္ခံလူေဟာင္း ေဂ်ဆန္ ကန္ဒီက “ယန္းဘြိဳင္းစ္နဲ႔ပြဲကို ၾကည့္ရင္ အိုလီ ဘယ္ေလာက္ဖ်င္းလဲဆိုတာ ခင္ဗ်ားတို႔ ျမင္ေတြ႕ၾကရလိမ့္မယ္။ ကြၽန္ေတာ္သာဆိုရင္ေတာ့ သူ႔ကို ထုတ္ပစ္လိုက္ပါၿပီ။ နည္းျပ ကြန္တီတစ္ေယာက္လုံးကို ေခၚယူခြင့္ရွိေနတာ မဟုတ္လား။ ဘယ္သူက ပိုေကာင္းတဲ့နည္းျပလို႔ ခင္ဗ်ားထင္သလဲ”

“ဒီရာသီမွာ ယူႏိုက္တက္အေနနဲ႔ အိုလီကို ဘာေၾကာင့္ ေစာေစာမထုတ္မိခဲ့တာလဲဆိုတဲ့ အေျခအေနတစ္ခုကို ေရာက္လာပါလိမ့္မယ္။ သူက ခ်န္ပီယံလိဂ္မွာ မႏွစ္ကလည္း အုပ္စုကြၽတ္တဲ့သူမ်ိဳး မဟုတ္ပါဘူး။ ယူ႐ိုပါလိဂ္ဆင္းကန္ရေတာ့လည္း လြယ္ကူလွတဲ့ ဖလားလမ္းေၾကာင္း ဆုဖလားမယူႏိုင္ခဲ့ျပန္ပါဘူး”လို႔ ေထာက္ျပသြားခဲ့တာေၾကာင့္ လတ္တေလာမွာေတာ့ အာတီတာထက္ အရင္အထုတ္ခံရမယ့္သူက ဆိုးလ္ရွားျဖစ္လာမလား၊ ကြန္တီက ယူႏိုက္တက္နည္းျပသစ္ ျဖစ္လာမလားဆိုတဲ့ ေမးခြန္းေတြက အေတာ္ေလး ျမင့္တက္ေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.