Match Report Premier League UCL&UEL

ဒက်ကလန်ရိုက်စ်ရဲ့ တောက်ပမှုနဲ့ ယူရိုပါလိဂ် အဖွင့်လှခဲ့တဲ့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်သရေကျပြီး ခြေချော်ခဲ့မှုကို ဒီနေ့မှာ အကောင်းဆုံးတုံ့ပြန်သွားနိုင်ခဲ့သလို နည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ သူ့ရဲ့ ကစားသမားသစ်နဲ့ အဟောင်းတွေကို တွဲဖက်စမ်းသပ်ခဲ့တဲ့ပွဲမှာ အသင်းကပ္ပတိန် ဒက်ကလန် ရိုက်စ်နဲ့ တိုက်စစ်မှူး မီခေးလ် အန်တိုနီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒီနာမို ဇာဂရက်ဘ်ကို အနိုင်ပြီး ယူရိုပါလိဂ် အုပ်စုအဆင့်ကို အဖွင့်လှသွားနိုင်ခဲ့ပါတယ်။

ခံစစ်မှာ ဇူးမားနဲ့ ဒီယော့ပ်တို့ကို တွဲပေးခဲ့ပြီး ညာနောက်ခံမှာ ဆိုဖာလ်အစား ဖရက်ဒရစ်ခ်ကို သုံးခဲ့တဲ့ပွဲမှာ ကွင်းလယ်မှာလည်း အရန်ခုံထိုင်နေတဲ့ လန်ဇီနီနဲ့ ကစားသမားသစ် ဗလာချစ်တို့ကို ဖော်နယ်လ်စ်၊ ရိုက်စ်တို့နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်အထောင်မှာတော့ လာမယ့်ပွဲမှာ ပွဲပယ်ခံရမယ့် အန်တိုနီယိုကို အနီကတ်အတွက် အမှားကို ချေဖျက်ဖို့ သုံးစွဲလာခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဝက်စ်ဟမ်းတို့ ဂိုးစရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကာဒစ်ဖ်နဲ့ တစ်ရာသီ ကစားခဲ့ဖူးတဲ့ ဒီနာမို ဇာဂရက်ဘ်နောက်ခံလူ သီယိုဖီလီ ကက်သရင်းရဲ့ ဟိုမရောက် ဒီမရောက် နောက်ပြန်ပေးမှုကို တိုက်စစ်မှူး အန်တိုနီယိုက ဆွဲစားသွားခဲ့ပြီး ဂိုးသမားနဲ့ ဘောလုံးအပြိုင်လုယူပြီး ကန်သွင်းမှုကို တွဲဖက်နောက်ခံလူ လော်ရစ်ဆန်ပါ အငိုက်မိသွားခဲ့လို့ ဟမ်းမားတွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ အန်တိုနီယို ပေးတာကို နောက်ခံလူ ဖရက်ဒရစ် ဂိုးသမားနဲ့ တစ်ဦးချင်းကန်ခွင့်ရခဲ့ပေမယ့် ထောင့်ကျဉ်းအနေအထားက ဖြစ်နေတာကြောင့် အသုံးမချနိုင်ခဲ့သလို လန်ဇီနီရဲ့ ကန်ချက်ကလည်း ဂိုးပေါက်မတည့်တာကြောင့် ဒီနာမိုရဲ့ အော်ဆစ်ချ်ကို လန်ဒန်သားတွေ ထိန်းချုပ်ထားနိုင်ချိန်မှာ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီးမှာတော့ ပွဲချိန်မိနစ် ၅၀ မှာ တန်ပြန်တိုက်စစ်ကနေ ဝက်စ်ဟမ်းတို့ အနိုင်သေချာစေမယ့် ဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပြီး ကွင်းလယ်လူ ရိုက်စ်က ဘယ်ခြမ်းကနေ တောက်လျှောက်ဆွဲပြေးပြီး အတွင်းကို ပြန်အဝင်မှာ စောင့်နေတဲ့ အန်တိုနီယိုဆီ ပေးတော့မလိုလိုနဲ့ မပေးဘဲ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးသမား လီဗာကိုဗစ်ချ်ရဲ့ ပေါင်ကြားထဲက ဝင်သွားခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

အသင်းနဲ့ ပွဲ ၁၅၀ ပြည့်မြောက်ခဲ့တဲ့ ဒက်ကလန် ရိုက်စ်အတွက်တော့ ဒီနေ့ပွဲမှာ ပုံမှန် ပွဲထွက်ခွင့်မရတဲ့ အသင်းခေါင်းဆောင် နိုဘယ်လ်ဆီက လက်ပတ်ကို ဆက်ခံထားမှုနဲ့အတူ အသက် ၂၂ နှစ်အရွယ်မှာ ဝက်စ်ဟမ်းအတွက် ၂၂ နှစ်အတွင်း ပထမဆုံးနိုင်ပွဲမှာ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ချိန်မှာ ဖရန့် လမ်းပတ်နောက်ပိုင်း အသက်အငယ်ဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဝက်စ်ဟမ်းဘက်က ဘင်ရာမာ၊ ဘိုဝင်၊ နိုဘယ်လ်၊ မာဆူအာကူနဲ့ ယာမိုလန်ကိုတို့ ဝင်ကစားသွားခဲ့ပြီး လာမယ့် မန်ချက်စတာယူနိုက်တက်ပွဲအတွက် ကစားကွက်ကို စမ်းသပ်သွားခဲ့သလို ပွဲက နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့ပြီး နည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ အဖွင့်လှခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်အပြီး တနင်္ဂနွေနေ့မှာတော့ ယူကရိန်းတိုက်စစ်မှူးကို ထုတ်သုံးလာဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ႏွစ္ပြဲဆက္သေရက်ၿပီး ေျခေခ်ာ္ခဲ့မႈကို ဒီေန႔မွာ အေကာင္းဆုံးတုံ႔ျပန္သြားႏိုင္ခဲ့သလို နည္းျပ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ သူ႔ရဲ႕ ကစားသမားသစ္နဲ႔ အေဟာင္းေတြကို တြဲဖက္စမ္းသပ္ခဲ့တဲ့ပြဲမွာ အသင္းကပၸတိန္ ဒက္ကလန္ ႐ိုက္စ္နဲ႔ တိုက္စစ္မႉး မီေခးလ္ အန္တိုနီယိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဒီနာမို ဇာဂရက္ဘ္ကို အႏိုင္ၿပီး ယူ႐ိုပါလိဂ္ အုပ္စုအဆင့္ကို အဖြင့္လွသြားႏိုင္ခဲ့ပါတယ္။

ခံစစ္မွာ ဇူးမားနဲ႔ ဒီေယာ့ပ္တို႔ကို တြဲေပးခဲ့ၿပီး ညာေနာက္ခံမွာ ဆိုဖာလ္အစား ဖရက္ဒရစ္ခ္ကို သုံးခဲ့တဲ့ပြဲမွာ ကြင္းလယ္မွာလည္း အရန္ခုံထိုင္ေနတဲ့ လန္ဇီနီနဲ႔ ကစားသမားသစ္ ဗလာခ်စ္တို႔ကို ေဖာ္နယ္လ္စ္၊ ႐ိုက္စ္တို႔နဲ႔ တြဲေပးခဲ့ၿပီး တိုက္စစ္အေထာင္မွာေတာ့ လာမယ့္ပြဲမွာ ပြဲပယ္ခံရမယ့္ အန္တိုနီယိုကို အနီကတ္အတြက္ အမွားကို ေခ်ဖ်က္ဖို႔ သုံးစြဲလာခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ဝက္စ္ဟမ္းတို႔ ဂိုးစရခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ကာဒစ္ဖ္နဲ႔ တစ္ရာသီ ကစားခဲ့ဖူးတဲ့ ဒီနာမို ဇာဂရက္ဘ္ေနာက္ခံလူ သီယိုဖီလီ ကက္သရင္းရဲ႕ ဟိုမေရာက္ ဒီမေရာက္ ေနာက္ျပန္ေပးမႈကို တိုက္စစ္မႉး အန္တိုနီယိုက ဆြဲစားသြားခဲ့ၿပီး ဂိုးသမားနဲ႔ ေဘာလုံးအၿပိဳင္လုယူၿပီး ကန္သြင္းမႈကို တြဲဖက္ေနာက္ခံလူ ေလာ္ရစ္ဆန္ပါ အငိုက္မိသြားခဲ့လို႔ ဟမ္းမားေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ အန္တိုနီယို ေပးတာကို ေနာက္ခံလူ ဖရက္ဒရစ္ ဂိုးသမားနဲ႔ တစ္ဦးခ်င္းကန္ခြင့္ရခဲ့ေပမယ့္ ေထာင့္က်ဥ္းအေနအထားက ျဖစ္ေနတာေၾကာင့္ အသုံးမခ်ႏိုင္ခဲ့သလို လန္ဇီနီရဲ႕ ကန္ခ်က္ကလည္း ဂိုးေပါက္မတည့္တာေၾကာင့္ ဒီနာမိုရဲ႕ ေအာ္ဆစ္ခ်္ကို လန္ဒန္သားေတြ ထိန္းခ်ဳပ္ထားႏိုင္ခ်ိန္မွာ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီးမွာေတာ့ ပြဲခ်ိန္မိနစ္ ၅၀ မွာ တန္ျပန္တိုက္စစ္ကေန ဝက္စ္ဟမ္းတို႔ အႏိုင္ေသခ်ာေစမယ့္ ဂိုးတစ္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ကြင္းလယ္လူ ႐ိုက္စ္က ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး အတြင္းကို ျပန္အဝင္မွာ ေစာင့္ေနတဲ့ အန္တိုနီယိုဆီ ေပးေတာ့မလိုလိုနဲ႔ မေပးဘဲ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးသမား လီဗာကိုဗစ္ခ်္ရဲ႕ ေပါင္ၾကားထဲက ဝင္သြားခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

အသင္းနဲ႔ ပြဲ ၁၅၀ ျပည့္ေျမာက္ခဲ့တဲ့ ဒက္ကလန္ ႐ိုက္စ္အတြက္ေတာ့ ဒီေန႔ပြဲမွာ ပုံမွန္ ပြဲထြက္ခြင့္မရတဲ့ အသင္းေခါင္းေဆာင္ ႏိုဘယ္လ္ဆီက လက္ပတ္ကို ဆက္ခံထားမႈနဲ႔အတူ အသက္ ၂၂ ႏွစ္အ႐ြယ္မွာ ဝက္စ္ဟမ္းအတြက္ ၂၂ ႏွစ္အတြင္း ပထမဆုံးႏိုင္ပြဲမွာ ပထမဆုံးဂိုးကို သြင္းယူေပးႏိုင္ခဲ့ခ်ိန္မွာ ဖရန႔္ လမ္းပတ္ေနာက္ပိုင္း အသက္အငယ္ဆုံးကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဝက္စ္ဟမ္းဘက္က ဘင္ရာမာ၊ ဘိုဝင္၊ ႏိုဘယ္လ္၊ မာဆူအာကူနဲ႔ ယာမိုလန္ကိုတို႔ ဝင္ကစားသြားခဲ့ၿပီး လာမယ့္ မန္ခ်က္စတာယူႏိုက္တက္ပြဲအတြက္ ကစားကြက္ကို စမ္းသပ္သြားခဲ့သလို ပြဲက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့ၿပီး နည္းျပ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ အဖြင့္လွခဲ့တဲ့ ယူ႐ိုပါလိဂ္အုပ္စုအဆင့္အၿပီး တနဂၤေႏြေန႔မွာေတာ့ ယူကရိန္းတိုက္စစ္မႉးကို ထုတ္သုံးလာဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.