Bundesliga Premier League Transfer News

ဆန္ခ်ဳိမဟုတ္ဘဲ ေနာက္ထပ္မန္စီးတီးကစားသမားေဟာင္းကို ခ်ိန္ရြယ္ေနတဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ အသင္းရဲ႕ ေတာင္ပံတုိက္စစ္ကို ထပ္မံအင္အားျဖည့္ဖို႔ စီစဥ္ေနၿပီး ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးကစားသမားေဟာင္းတစ္ေယာက္ကို ခ်ိန္ရြယ္ေနရာမွာ ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ကာကစားသမား ရက္ဘီ မာတြန္ဒိုကို ပစ္မွတ္ထားလာခဲ့ပါတယ္။

ဘြန္ဒက္စ္လီဂါက မန္စီးတီးကစားသမားေဟာင္းျဖစ္ေပမယ့္ ဆန္ခ်ဳိေတာ့ မဟုတ္တဲ့ ဒီကစားသမားဟာ အသက္ ၁၉ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္သန္းဆယ္ဂဏန္းသာ အသုံးျပဳရႏိုင္သလို အသင္းအေနနဲ႔ ဒန္နီယယ္လ္ ဂ်ိမ္းစ္လိုပဲ စြန္႔စားမွဳနည္းတဲ့ ေခၚယူမွဳအျဖစ္ ျပဳလုပ္ဖို႔ စဥ္းစားေနတာလည္းျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ေဝးလ္စ္ေတာင္ပံကစားသမားဟာ ကြန္ဂိုလူမ်ဳိးမိဘေတြက အဂၤလန္ႏိုင္ငံ လီဗာပူးလ္ၿမဳိ႕မွာ ေမြးဖြားခဲ့သူျဖစ္ၿပီး ငယ္စဥ္ကတည္းက ေဝးလ္စ္ေဒသကို ေျပာင္းေရႊ႕ခဲ့သူျဖစ္လုိ႔ ေနာက္ပုိင္းမွာေတာ့ ႐ိုင္ယန္ဂစ္ရဲ႕ ေဝးလ္စ္လက္ေရြးစင္အသင္းမွာ အသက္ ၁၈ ႏွစ္ အရြယ္ကတည္းက ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ေဆာင္းရာသီကမွ ေရွာ္လ္ကာအသင္းကို ေပါင္ ၁၁ သန္းနဲ႔ ေျပာင္းေရႊ႕သြားတဲ့ ကစားသမားအတြက္ ယူႏုိက္တက္တုိ႔အေနနဲ႔ မူလေျပာင္းေရႊ႕ေၾကးရဲ႕ ႏွစ္ဆကေန သုံးဆအထိ ေပးေခ်ရႏုိင္ၿပီး မာတြန္ဒိုအေနနဲ႔ ဘြန္ဒက္စ္လီဂါမွာ စုစုေပါင္း ၁၉ ပြဲကစားၿပီး ၁ ဂိုး သြင္းယူႏိုင္တယ္လို႔လည္း သိရပါတယ္။

ဒီေနာက္ပုိင္းႏွစ္ေတြမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေဝးလ္စ္နည္းျပ ႐ိုင္ယန္ဂစ္နဲ႔ ေတာ္ေတာ္ေလး အခ်ိတ္အဆက္ရွိေနၿပီး ကစားသမားေခၚယူမွဳေတြအတြက္ေတာ့ သူေထာက္ခံခ်က္ေပးထားခဲ့တဲ့ ကစားသမားေတြကို အဓိကထား စဥ္းစားေနသလို ဆန္ခ်ဳိကို ေခၚယူဖို႔ မေအာင္ျမင္တာနဲ႔ မာတြန္ဒိုကို စတင္ကမ္းလွမ္းသြားမွာျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ တောင်ပံတိုက်စစ်ကို ထပ်မံအင်အားဖြည့်ဖို့ စီစဉ်နေပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကစားသမားဟောင်းတစ်ယောက်ကို ချိန်ရွယ်နေရာမှာ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကာကစားသမား ရက်ဘီ မာတွန်ဒိုကို ပစ်မှတ်ထားလာခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါက မန်စီးတီးကစားသမားဟောင်းဖြစ်ပေမယ့် ဆန်ချိုတော့ မဟုတ်တဲ့ ဒီကစားသမားဟာ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်းဆယ်ဂဏန်းသာ အသုံးပြုရနိုင်သလို အသင်းအနေနဲ့ ဒန်နီယယ်လ် ဂျိမ်းစ်လိုပဲ စွန့်စားမှုနည်းတဲ့ ခေါ်ယူမှုအဖြစ် ပြုလုပ်ဖို့ စဉ်းစားနေတာလည်းဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဝေးလ်စ်တောင်ပံကစားသမားဟာ ကွန်ဂိုလူမျိုးမိဘတွေက အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက ဝေးလ်စ်ဒေသကို ပြောင်းရွှေ့ခဲ့သူဖြစ်လို့ နောက်ပိုင်းမှာတော့ ရိုင်ယန်ဂစ်ရဲ့ ဝေးလ်စ်လက်ရွေးစင်အသင်းမှာ အသက် ၁၈ နှစ် အရွယ်ကတည်းက ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဆောင်းရာသီကမှ ရှော်လ်ကာအသင်းကို ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ကစားသမားအတွက် ယူနိုက်တက်တို့အနေနဲ့ မူလပြောင်းရွှေ့ကြေးရဲ့ နှစ်ဆကနေ သုံးဆအထိ ပေးချေရနိုင်ပြီး မာတွန်ဒိုအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ စုစုပေါင်း ၁၉ ပွဲကစားပြီး ၁ ဂိုး သွင်းယူနိုင်တယ်လို့လည်း သိရပါတယ်။

ဒီနောက်ပိုင်းနှစ်တွေမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝေးလ်စ်နည်းပြ ရိုင်ယန်ဂစ်နဲ့ တော်တော်လေး အချိတ်အဆက်ရှိနေပြီး ကစားသမားခေါ်ယူမှုတွေအတွက်တော့ သူထောက်ခံချက်ပေးထားခဲ့တဲ့ ကစားသမားတွေကို အဓိကထား စဉ်းစားနေသလို ဆန်ချိုကို ခေါ်ယူဖို့ မအောင်မြင်တာနဲ့ မာတွန်ဒိုကို စတင်ကမ်းလှမ်းသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.