Bundesliga Premier League Transfer News

မုိရာတာကို အၿပီးသတ္ေရာင္းၿပီး ဆန္ခ်ဳိကို ေခၚယူဖို႔ ႀကဳိးစားလာတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေဆြးေႏြးမွဳေတြ ေႏွာင့္ေႏွးရပ္တန္႔ေနခဲ့တဲ့ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္က ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကို ၾကားျဖတ္ေခၚယူဖို႔ ႀကဳိးစားေနၿပီး လက္ရွိေဈးကြက္ရဲ႕ တန္ေၾကးေတြ က်ဆင္းလာတဲ့ အေျခအေနကို အေကာင္းဆုံး အသုံးခ်ႏုိင္ဖို႔ ရည္ရြယ္ေနပါတယ္။

အသက္ ၂၀ အရြယ္ အဂၤလန္ေတာင္ပံကစားသမားအတြက္ေတာ့ ဘြန္ဒက္စ္လီဂါဟာ အျမင့္ကို တက္ေရာက္ဖို႔ ေလွကားထစ္တစ္ခုလိုပဲျဖစ္ၿပီး လက္ရွိမွာေတာ့ သူရည္ရြယ္တဲ့ ပရီးမီးယားလိဂ္ကစားသမားဘဝကို ျပန္လည္ေရာက္ရွိလာဖို႔အတြက္ ေကာင္းေကာင္းႀကီး လုံေလာက္တဲ့ ေျခစြမ္းေတြကိုလည္း ျပသထားႏုိင္ခဲ့တာပါ။

မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္းကို ေရာက္ဖို႔ ကနဦးက သတင္းထြက္ခဲ့ၿပီး လီဗာပူးလ္ကလည္း စိတ္ဝင္စားေနတယ္လုိ႔ဆုိေပမယ့္ ခ်က္ခ်င္းသုံးစြဲၿပီး ေနရာေပးမယ့္အသင္းမ်ဳိးကေတာ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးတုိ႔သာ ရွိေနတာျဖစ္ၿပီး အေနာက္လန္ဒန္အသင္းကေတာ့ သူတုိ႔ရဲ႕ လက္လႊတ္ရမယ့္ ေတာင္ပံကစားသမား ဝီလီယန္ေနရာအတြက္ အလိုရွိေနတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဆန္ခ်ဳိရဲ႕ အေျပာင္းအေရႊ႕အတြက္ ပထမဆုံးေျခလွမ္းအျဖစ္ အက္သလက္တီကို မက္ဒရစ္ကို အငွားခ်ထားၿပီး ရာသီကုန္မွာ ေပါင္သန္း ၅၀ နဲ႔ ေခၚယူဖို႔ ထည့္သြင္းထားတဲ့ တုိက္စစ္မွဴး အဲလ္ဗာ႐ို မိုရာတာကို ေရာင္းခ်ဖို႔ အျမန္ဆုံးလုပ္ေဆာင္သြားမွာျဖစ္ၿပီး အၿပီးသတ္ႏုိင္ဖို႔ တာဝန္ရွိသူေတြက ေမွ်ာ္လင့္ေနပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ ေခၚယူႏုိင္ခဲ့ရင္ အတုိင္းထက္အလြန္ တံခြန္နဲ႔ ကုကၠားျဖစ္မယ့္ ဆန္ခ်ဳိကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္ ၇၈ သန္းနဲ႔ ကမ္းလွမ္းသြားမယ္လို႔ သိရၿပီး ဒီအတြက္ တျခားကြင္းလယ္လူတစ္ဦးျဖစ္တဲ့ တီမူး ဘာကာယိုကိုကိုပါ ေငြေၾကးအင္အားျဖည့္တင္းဖို႔အတြက္ ေရာင္းခ်သြားဖို႔လည္း စီစဥ္ေနေၾကာင္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ နှောင့်နှေးရပ်တန့်နေခဲ့တဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်က တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားနေပြီး လက်ရှိဈေးကွက်ရဲ့ တန်ကြေးတွေ ကျဆင်းလာတဲ့ အခြေအနေကို အကောင်းဆုံး အသုံးချနိုင်ဖို့ ရည်ရွယ်နေပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားအတွက်တော့ ဘွန်ဒက်စ်လီဂါဟာ အမြင့်ကို တက်ရောက်ဖို့ လှေကားထစ်တစ်ခုလိုပဲဖြစ်ပြီး လက်ရှိမှာတော့ သူရည်ရွယ်တဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝကို ပြန်လည်ရောက်ရှိလာဖို့အတွက် ကောင်းကောင်းကြီး လုံလောက်တဲ့ ခြေစွမ်းတွေကိုလည်း ပြသထားနိုင်ခဲ့တာပါ။

မန်ချက်စတာမြို့ခံနှစ်သင်းကို ရောက်ဖို့ ကနဦးက သတင်းထွက်ခဲ့ပြီး လီဗာပူးလ်ကလည်း စိတ်ဝင်စားနေတယ်လို့ဆိုပေမယ့် ချက်ချင်းသုံးစွဲပြီး နေရာပေးမယ့်အသင်းမျိုးကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့သာ ရှိနေတာဖြစ်ပြီး အနောက်လန်ဒန်အသင်းကတော့ သူတို့ရဲ့ လက်လွှတ်ရမယ့် တောင်ပံကစားသမား ဝီလီယန်နေရာအတွက် အလိုရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် ပထမဆုံးခြေလှမ်းအဖြစ် အက်သလက်တီကို မက်ဒရစ်ကို အငှားချထားပြီး ရာသီကုန်မှာ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ထည့်သွင်းထားတဲ့ တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာကို ရောင်းချဖို့ အမြန်ဆုံးလုပ်ဆောင်သွားမှာဖြစ်ပြီး အပြီးသတ်နိုင်ဖို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။

နည်းပြ ဖရန့် လမ်းပတ်အတွက်တော့ ခေါ်ယူနိုင်ခဲ့ရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဖြစ်မယ့် ဆန်ချိုကို ချဲလ်ဆီးအသင်းအနေနဲ့ ပေါင် ၇၈ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပြီး ဒီအတွက် တခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ တီမူး ဘာကာယိုကိုကိုပါ ငွေကြေးအင်အားဖြည့်တင်းဖို့အတွက် ရောင်းချသွားဖို့လည်း စီစဉ်နေကြောင်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.