Premier League Serie A Transfer News

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုအတွက် ကစားသမားအလိုက်ပေးပြီး ဂျူဗင်တပ်စ်ကမ်းလှမ်း

ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအတွက် ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းလိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးအပြင် ကွင်းလယ်လူ မီရာလမ် ပျာနစ်ခ်ျကိုလည်း အလိုက်ပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ဆိုနေကြပါတယ်။


အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ဖွား အီတလီလက်ရွေးစင်ကွင်းလယ်လူကိုတော့ နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ကမ်းလှမ်းမှုကောင်း ရရှိရင် လက်လွှတ်သွားနိုင်တဲ့ အနေအထားလည်းဖြစ်ပြီး မရှိမဖြစ် ကစားသမားအဖြစ် သတ်မှတ်ထားခြင်းမရှိလို့ ပျာနစ်ခ်ျကိုသာ အစားပြန်ရရခဲ့ရင် အဆင်ပြေနိုင်ပါတယ်။


တကယ်လို့ ပျာနစ်ခ်ျသာ အသင်းကို ရောက်ရှိလာခဲ့ရင် ကွင်းလယ်လူနောက်တစ်ဦးဖြစ်တဲ့ အန်ဂိုလို ကန်တေဟာလည်း သူ့ရဲ့ အကောင်းဆုံး ပုံစံဖြစ်တဲ့ အဖျက်သက်သက် ပြန်လည်ကစားနိုင်ပြီး အရင်ခြေစွမ်းကို ပြန်မြင်လာရနိုင်သလို လမ်းပတ်အတွက် ပိုမိုကောင်းမွန်တဲ့ ကစားကွက်ကို ပိုင်ဆိုင်လာနိုင်တဲ့အတွက် အလဲအထပ်ပြုလုပ်ဖြစ်ခဲ့ရင် ချဲလ်ဆီးအသင်းဘက်က လုံးဝမနစ်နာနိုင်ဘူးလို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအတွက် ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းလိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးအပြင် ကွင်းလယ်လူ မီရာလမ် ပျာနစ်ချ်ကိုလည်း အလိုက်ပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ ဆိုနေကြပါတယ်။

ဂျော်ဂျင်ဟိုကို အသည်းအသန်အလိုရှိနေတဲ့ နည်းပြဟောင်း မော်ရီဇီယို ဆာရီကတော့ သူ့ရဲ့ နာပိုလီက တပည့်ဟောင်းနဲ့ သုံးသင်းဆက်တိုက် လက်တွဲဖို့ ကြံရွယ်နေတာဖြစ်ပြီး ကစားသမားနဲ့ တူရင်အသင်းကြားမှာ ပုဂ္ဂိုလ်ရေးအချက်အလက်တွေတောင် သဘောတူညီမှု ရရှိပြီးပြီလို့လည်း သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ဖွား အီတလီလက်ရွေးစင်ကွင်းလယ်လူကိုတော့ နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ကမ်းလှမ်းမှုကောင်း ရရှိရင် လက်လွှတ်သွားနိုင်တဲ့ အနေအထားလည်းဖြစ်ပြီး မရှိမဖြစ် ကစားသမားအဖြစ် သတ်မှတ်ထားခြင်းမရှိလို့ ပျာနစ်ချ်ကိုသာ အစားပြန်ရရခဲ့ရင် အဆင်ပြေနိုင်ပါတယ်။

ဥရောပအသင်းကြီးတွေက အလိုရှိနေကြတဲ့ ဘော့စနီးယားလက်ရွေးစင်ကွင်းလယ်လူဟာ ချန်ပီယံလိဂ်မှာ အတွေ့အကြုံရင့် ကစားသမားတစ်ဦးလည်းဖြစ်လို့ ဘာစီလိုနာကလည်း ချိတ်ဆက်နေပေမယ့် ဂျူဗင်တပ်စ်ကတော့ ဂျော်ဂျင်ဟိုအတွက် အကျိုးရှိအောင် အသုံးပြုသွားဖို့ကိုပဲ ပိုမိုစိတ်ဝင်စားနေပါတယ်။

တကယ်လို့ ပျာနစ်ချ်သာ အသင်းကို ရောက်ရှိလာခဲ့ရင် ကွင်းလယ်လူနောက်တစ်ဦးဖြစ်တဲ့ အန်ဂိုလို ကန်တေဟာလည်း သူ့ရဲ့ အကောင်းဆုံး ပုံစံဖြစ်တဲ့ အဖျက်သက်သက် ပြန်လည်ကစားနိုင်ပြီး အရင်ခြေစွမ်းကို ပြန်မြင်လာရနိုင်သလို လမ်းပတ်အတွက် ပိုမိုကောင်းမွန်တဲ့ ကစားကွက်ကို ပိုင်ဆိုင်လာနိုင်တဲ့အတွက် အလဲအထပ်ပြုလုပ်ဖြစ်ခဲ့ရင် ချဲလ်ဆီးအသင်းဘက်က လုံးဝမနစ်နာနိုင်ဘူးလို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREIT TO OWNERS
SPORTS A2Z.