Analysis Premier League

အာဆင်နယ်တို့ ညာနောက်ခံမှာ မက်စ် အာရွန်အစား တိုမီယာစုကို ဘာဖြစ်လို့ ရွေးချယ်ခဲ့တာလဲ

ပြီးခဲ့တဲ့ နော့ဝစ်ချ်နဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူသစ် တာကဲဟီရို တိုမီယာစုအနေနဲ့ ပရိသတ်တွေ မျှော်လင့်တဲ့ Attacking Full Back တစ်ဦးအဖြစ် ကစားမပြနိုင်ခဲ့သေးပေမယ့် သူ့ရဲ့ ပုံစံမှာ ကျေနပ်စရာတချို့ကို တွေ့မြင်ခဲ့ရပြီး တစ်ဖက်နောက်ခံလူ မက်စ် အာရွန်စ်နဲ့ ယှဉ်ရင်တော့ ဝိဝါဒ ကွဲစရာဖြစ်နေပေမယ့် နည်းပြ မီခယ်လ် အာတီတာရဲ့ စိတ်ကြိုက်နောက်ခံလူကို ဘာဖြစ်လို့ ရွေးချယ်ခဲ့သလဲဆိုတာကို ကျွမ်းကျင်သူတွေက သုံးသပ်သွားခဲ့ကြပါတယ်။

အရပ်အမောင်းအားဖြင့် ၆ ပေနဲ့ ၂ လက်မ ရှိတဲ့ ဂျပန်သားဟာ အသင်းရဲ့ လေထဲမှာ ဘောလုံးယှဉ်လုမှုတွေပါ တွေ့ကြုံခဲ့တဲ့ ၈ ကြိမ်မှာ ၇ ကြိမ် အောင်မြင်နိုင်ခဲ့ပြီး ၈၈ ရာခိုင်နှုန်း မှတ်တမ်းရခဲ့ချိန်မှာ တစ်ဖက်က အရပ် ၅ ပေ ၁၀ လက်မရှိတဲ့ အာရွန်စ်ကတော့ ၁၄ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ပြီး ဒါဟာ သူ့ရဲ့ အရပ်အမောင်းနဲ့ဆိုရင် ဒီထက်ပိုပြီး လုပ်ပြနိုင်ခဲ့သင့်တာလည်းဖြစ်ပါတယ်။

အမြန်နှုန်းနဲ့ တိုက်စစ်ပိုင်းကို အဓိက လေ့ကျင့်ထားတဲ့ ပေါင်သန်း ၃၀ တန် နော့ဝစ်ချ်နောက်ခံလူဟာ သေးငယ်တဲ့ ကိုယ်လုံးကိုယ်ထည်ကြောင့် ရှိရင်းစွဲအရပ်ထက် ပိုနိမ့်တယ်လို့လည်း ထင်ရပြီး ဂိုးဧရိယာအစပ်က ခြိမ်းခြောက်မှုတချို့ လုပ်နိုင်ပေမယ့် ခံစစ်ပိုင်းမှာတော့ အူဘာမီယန်းနဲ့ ဆာကာတို့ကို မထိန်းနိုင်ဘဲ ရုန်းကန်ခဲ့ရတာပါ။

ပရီးမီးယားလိဂ်အတွေ့အကြုံများတဲ့ အာရွန်စ်ကို တချို့ပရိသတ်တွေရဲ့ စိတ်ထဲမှာ တိုက်ရိုက်ယှဉ်ပြိုင်ခဲ့ရတဲ့ တိုမီယာစုကတော့ အီတလီမြေမှာ ရရှိထားခဲ့တဲ့ ခံစစ်အတွေ့အကြုံတွေနဲ့ အာဆင်နယ်တို့ရဲ့ ဘာကာရီ ဆက်ဂ်ညာနောက်ပိုင်း အားနည်းနေတဲ့ ညာနောက်ခံကို ဖြည့်ဆည်းနိုင်ခဲ့ပြီး လာမယ့် ပွဲတွေမှာ ပိုမိုတိုးတက်လာနိုင်တယ်လို့ ပွဲအပြီးမှာ မျှော်မှန်းခံထားရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ် ဂျပန်သားအနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ သူ့ရဲ့ အားနည်းချက်အဖြစ် ဝေဖန်ခံခဲ့ရတဲ့ ညာတောင်ပံတိုက်စစ်သမားကို လိုက်ပါကူညီနိုင်မှု မရှိဘူးဆိုတဲ့ အချက်ကို ဖြေရှင်းရမှာဖြစ်ပြီး နီကိုလာ ပေပေနဲ့ ဘူကာယို ဆာကာတို့ ဘယ်သူကစားကစား လိုက်ပါပံ့ပိုးနိုင်ဖို့ လုပ်ရမှာဖြစ်သလို ဒါမှလည်း ပရိသတ်တွေရဲ့ အမြင်ကြည်လင်မှုကို ရယူနိုင်မှာပါ။

ဒီပွဲမှာ သူ့ရဲ့ တစ်ကြိမ်တိုက်စစ်လိုက်ပါမှုနဲ့ ကန်သွင်းပြခဲ့တဲ့ Volley ကန်ချက်ကတော့ ဂိုးမဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ တန်းဝင်နိုင်တဲ့ Attacking Full Back တစ်ယောက်ဖြစ်လာဖို့ အရည်အသွေးကို ပြသနိုင်ခဲ့သလို ခံစစ်မှာလည်း အားကိုးခဲ့ရတာကြောင့် တစ်ဖက်အသင်းက နှိုင်းယှဉ်စရာ အာရွန်စ်နဲ့ဆိုရင်တော့ ပိုပြီးတန်ဖိုးရှိခဲ့တယ်လို့ ဆိုနေကြပါတယ်။

အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ နောက်တန်းကို ခံစစ်ကစပြီး တိုက်စစ်ဆီ သွားနိုင်ဖို့ လုပ်ဆောင်နေရာမှာ အာတီတာအတွက် တိုမီယာစုရဲ့ ခံစစ် ကွာလတီက ပိုမိုအဓိကကျနေပြီး ဒီကနေ တစ်ဆင့်မှ ပရီးမီးယားလိဂ်တန်းဝင် တိုက်စစ်လိုက်ပါမှုမျိုး ပြုလုပ်နိုင်ဖို့ ပြောင်းလဲပေးသွားဖွယ်ရှိပြီး ဂန်းနားတွေအနေနဲ့ အာရွန်စ်အစား သူ့ကို ခေါ်ယူမှု မမှားခဲ့ဘူးလို့တော့ တော်တော်များများက သုံးသပ်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူသစ္ တာကဲဟီ႐ို တိုမီယာစုအေနနဲ႔ ပရိသတ္ေတြ ေမွ်ာ္လင့္တဲ့ Attacking Full Back တစ္ဦးအျဖစ္ ကစားမျပႏိုင္ခဲ့ေသးေပမယ့္ သူ႔ရဲ႕ ပုံစံမွာ ေက်နပ္စရာတခ်ိဳ႕ကို ေတြ႕ျမင္ခဲ့ရၿပီး တစ္ဖက္ေနာက္ခံလူ မက္စ္ အာ႐ြန္စ္နဲ႔ ယွဥ္ရင္ေတာ့ ဝိဝါဒ ကြဲစရာျဖစ္ေနေပမယ့္ နည္းျပ မီခယ္လ္ အာတီတာရဲ႕ စိတ္ႀကိဳက္ေနာက္ခံလူကို ဘာျဖစ္လို႔ ေ႐ြးခ်ယ္ခဲ့သလဲဆိုတာကို ကြၽမ္းက်င္သူေတြက သုံးသပ္သြားခဲ့ၾကပါတယ္။

အရပ္အေမာင္းအားျဖင့္ ၆ ေပနဲ႔ ၂ လက္မ ရွိတဲ့ ဂ်ပန္သားဟာ အသင္းရဲ႕ ေလထဲမွာ ေဘာလုံးယွဥ္လုမႈေတြပါ ေတြ႕ႀကဳံခဲ့တဲ့ ၈ ႀကိမ္မွာ ၇ ႀကိမ္ ေအာင္ျမင္ႏိုင္ခဲ့ၿပီး ၈၈ ရာခိုင္ႏႈန္း မွတ္တမ္းရခဲ့ခ်ိန္မွာ တစ္ဖက္က အရပ္ ၅ ေပ ၁၀ လက္မရွိတဲ့ အာ႐ြန္စ္ကေတာ့ ၁၄ ရာခိုင္ႏႈန္းသာ ေအာင္ျမင္ခဲ့ၿပီး ဒါဟာ သူ႔ရဲ႕ အရပ္အေမာင္းနဲ႔ဆိုရင္ ဒီထက္ပိုၿပီး လုပ္ျပႏိုင္ခဲ့သင့္တာလည္းျဖစ္ပါတယ္။

အျမန္ႏႈန္းနဲ႔ တိုက္စစ္ပိုင္းကို အဓိက ေလ့က်င့္ထားတဲ့ ေပါင္သန္း ၃၀ တန္ ေနာ့ဝစ္ခ်္ေနာက္ခံလူဟာ ေသးငယ္တဲ့ ကိုယ္လုံးကိုယ္ထည္ေၾကာင့္ ရွိရင္းစြဲအရပ္ထက္ ပိုနိမ့္တယ္လို႔လည္း ထင္ရၿပီး ဂိုးဧရိယာအစပ္က ၿခိမ္းေျခာက္မႈတခ်ိဳ႕ လုပ္ႏိုင္ေပမယ့္ ခံစစ္ပိုင္းမွာေတာ့ အူဘာမီယန္းနဲ႔ ဆာကာတို႔ကို မထိန္းႏိုင္ဘဲ ႐ုန္းကန္ခဲ့ရတာပါ။

ပရီးမီးယားလိဂ္အေတြ႕အႀကဳံမ်ားတဲ့ အာ႐ြန္စ္ကို တခ်ိဳ႕ပရိသတ္ေတြရဲ႕ စိတ္ထဲမွာ တိုက္႐ိုက္ယွဥ္ၿပိဳင္ခဲ့ရတဲ့ တိုမီယာစုကေတာ့ အီတလီေျမမွာ ရရွိထားခဲ့တဲ့ ခံစစ္အေတြ႕အႀကဳံေတြနဲ႔ အာဆင္နယ္တို႔ရဲ႕ ဘာကာရီ ဆက္ဂ္ညာေနာက္ပိုင္း အားနည္းေနတဲ့ ညာေနာက္ခံကို ျဖည့္ဆည္းႏိုင္ခဲ့ၿပီး လာမယ့္ ပြဲေတြမွာ ပိုမိုတိုးတက္လာႏိုင္တယ္လို႔ ပြဲအၿပီးမွာ ေမွ်ာ္မွန္းခံထားရတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်ပန္သားအေနနဲ႔ ၿပီးခဲ့တဲ့ပြဲမွာ သူ႔ရဲ႕ အားနည္းခ်က္အျဖစ္ ေဝဖန္ခံခဲ့ရတဲ့ ညာေတာင္ပံတိုက္စစ္သမားကို လိုက္ပါကူညီႏိုင္မႈ မရွိဘူးဆိုတဲ့ အခ်က္ကို ေျဖရွင္းရမွာျဖစ္ၿပီး နီကိုလာ ေပေပနဲ႔ ဘူကာယို ဆာကာတို႔ ဘယ္သူကစားကစား လိုက္ပါပံ့ပိုးႏိုင္ဖို႔ လုပ္ရမွာျဖစ္သလို ဒါမွလည္း ပရိသတ္ေတြရဲ႕ အျမင္ၾကည္လင္မႈကို ရယူႏိုင္မွာပါ။

ဒီပြဲမွာ သူ႔ရဲ႕ တစ္ႀကိမ္တိုက္စစ္လိုက္ပါမႈနဲ႔ ကန္သြင္းျပခဲ့တဲ့ Volley ကန္ခ်က္ကေတာ့ ဂိုးမျဖစ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ တန္းဝင္ႏိုင္တဲ့ Attacking Full Back တစ္ေယာက္ျဖစ္လာဖို႔ အရည္အေသြးကို ျပသႏိုင္ခဲ့သလို ခံစစ္မွာလည္း အားကိုးခဲ့ရတာေၾကာင့္ တစ္ဖက္အသင္းက ႏႈိင္းယွဥ္စရာ အာ႐ြန္စ္နဲ႔ဆိုရင္ေတာ့ ပိုၿပီးတန္ဖိုးရွိခဲ့တယ္လို႔ ဆိုေနၾကပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ေနာက္တန္းကို ခံစစ္ကစၿပီး တိုက္စစ္ဆီ သြားႏိုင္ဖို႔ လုပ္ေဆာင္ေနရာမွာ အာတီတာအတြက္ တိုမီယာစုရဲ႕ ခံစစ္ ကြာလတီက ပိုမိုအဓိကက်ေနၿပီး ဒီကေန တစ္ဆင့္မွ ပရီးမီးယားလိဂ္တန္းဝင္ တိုက္စစ္လိုက္ပါမႈမ်ိဳး ျပဳလုပ္ႏိုင္ဖို႔ ေျပာင္းလဲေပးသြားဖြယ္ရွိၿပီး ဂန္းနားေတြအေနနဲ႔ အာ႐ြန္စ္အစား သူ႔ကို ေခၚယူမႈ မမွားခဲ့ဘူးလို႔ေတာ့ ေတာ္ေတာ္မ်ားမ်ားက သုံးသပ္ခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.