Match Report Premier League

၆ မိနစ်အတွင်း ၃ ဂိုးသွင်းပြီး EPL ဦးဆောင်သူတွေကြား ပါဝင်လာခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ ဒီရာသီမှာ ထင်မှတ်မထားတဲ့ကြားက ပုံစံကောင်းတွေ ပြသနေခဲ့ပြီး အဓိကတိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင် မပါပေမယ့်လည်း လိုချင်တဲ့ ရလဒ်ကို အကောင်းဆုံး ရှာဖွေသွားနိုင်ခဲ့သလို နည်းပြ ရာဖာ ဘင်နီတက်ဇ်ရဲ့ ကစားပုံကောင်းထက် ရလဒ်ကောင်းကို ရယူတဲ့ ပုံစံနဲ့ ဇယားထိပ်ဦးဆောင်သူ အသင်းကြီးတွေကြား ရမှတ်တူ ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်အားသန်တဲ့ နောက်ခံအစွန်လူတွေ ပိုင်ဆိုင်ထားတဲ့ အဲဗာတန်အသင်းအနေနဲ့ မော်ဒန်ဘောလုံးလောကမှာ အသင်းလတ်တွေအတွက် အကောင်းဆုံး Formation ဖြစ်လာတဲ့ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဒူကူရေး၊ အယ်လန်အထိုင်နဲ့ ရှေ့က တောင်ဆန်း၊ ရစ်ချာလစ်ဆန်၊ ဂရေးတို့ရဲ့ အတွဲအဖက်က ဒီနောက်ပိုင်းပွဲတွေမှာ စောင့်ကြည့်စရာလည်းဖြစ်လာခဲ့တာပါ။

ပထမပိုင်းမှာ ကစားကွက်ဖော်ဖို့ ကြိုးစားနေတဲ့ အဲဗာတန်တို့ကို ဘာပညာသားမှ မပါတဲ့ ရှောင်ဒိုက်ချ်ရဲ့ ဘန်လေအသင်းက အမြင့်ဘောတွေနဲ့ တော်တော်လေး ခြိမ်းခြောက်နိုင်ခဲ့ပြီး ခရစ္စဝုဒ်ကို ယယ်ရီ မီနာတို့အဖွဲ့ အတော်လေး ထိန်းချုပ်ခဲ့ရသလို ဒူကူရေးရဲ့ ကန်ချက်က ဂိုးသမားတည့်တည့် ကန်မိခဲ့သလို ဒီမာရိုင် ဂရေးကတော့ တိုင်ဘေးကို ကန်ခဲ့မိလို့ ဂိုးရဖို့ ခက်နေခဲ့ပါတယ်။

ခပ်ကြမ်းကြမ်း ကစားခဲ့ကြတဲ့ ကစားသမားတွေကို မထိန်းချုပ်နိုင်ခဲ့တဲ့ ဒိုင်လူကြီး မာတင် အက်ကင်ဆန်ကတော့ သူ့ရဲ့ ကိုင်တွယ်ပုံအတွက် ပြောစရာဖြစ်ခဲ့ပြီး ပထမပိုင်းကို ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ကြသလို အဲဗာတန်တို့ ကစားကွက်ပိုင်း ပိုမိုသာလွန်ခဲ့ပေမယ့် ထိရောက်မှုပိုင်းကတော့ ဘန်လေနဲ့ အတူတူလိုပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အဖွင့်ဂိုးကို ဧည့်သည်ဘန်လေတို့ စတင်ရှာဖွေနိုင်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ တောင်ဆန်းကြောင့် ပေးရတဲ့ ဖရီးကစ်ကနေ အဲဗာတန်နောက်တန်းက ရှင်းထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂါ့ဒ်မွန်ဆန် ပြန်တင်ပေးရာမှာ အသင်းခေါင်းဆောင်နောက်ခံလူ ဘန်မီးက အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ကလဲရက်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန်မိနစ် ၆၀ မှာတော့ အဲဗာတန်တို့ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တစ်သင်းလုံး ဖိကစားလာခဲ့တဲ့ တော်ဖီတွေအတွက် နောက်ခံလူ မိုက်ကယ်ကီးန်က ညာခြမ်းကနေ ဖြတ်တင်ခဲ့တဲ့ တောင်းဆန်းရဲ့ အမြင့်ဘောကို ဘန်လေခံစစ်ထက် ခြေတစ်လှမ်းဦးပြီး ခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။

ချေပဂိုးရအပြီးမှာ ဂွတ်ဒီဆန်ပါ့ခ်မှာ ရလဒ်ကောင်းနိုင်ဖို့ ဘင်နီတက်ဇ်အနေနဲ့ ၄-၃-၃ ပုံစံ ပြန်ပြောင်းသွားခဲ့ပြီး နောက်ခံလူ ဂေါ့ဒ်ဖရီအစား ကွင်းလယ်လူ ဂိုမက်စ်ကို ထည့်သွင်းလိုက်အပြီးမှာတော့ ပွဲချိန် ၆၅ မိနစ်မှာ ပထမဂိုးဖန်တီးရှင် တောင်းဆန်းက နောက်ပိုင်းနှစ်တွေမှာ နာမည်ပဲရှိတော့တဲ့ ဂိုးသမား နစ်ခ် ပုပ် ရှေ့ရောက်နေတာကို အခွင့်ကောင်းယူပြီး ဧရိယာအစပ်ကနေ ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းနိုင်ခဲ့လို့ အဲဗာတန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

တစ်မိနစ်အကြာမှာတော့ ချေပဂိုးရဖို့ တက်ဖိတဲ့ ဘန်လေတို့ ဘောလုံးပျက်တာကို တောင်းဆန်းနဲ့ ဒူကူရေး အပေးအယူလုပ်ပြီး ထိုးပေးခဲ့တာကို ရစ်ချာလစ်ဆန်ကို မဲနေတဲ့ နောက်ခံလူနှစ်ယောက်ရဲ့ နောက်ကနေ လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်သွားခဲ့တဲ့ ဂရေးက ဂိုးသမား နစ်ခ် ပုပ်နဲ့ အတွေ့မှာ အပိုင်ကန်သွင်းပြီး အသင်းအတွက် အနိုင်သေချာစေမယ့် ဂိုးကို ပွဲချိန် ၆၆ မိနစ်မှာ ရယူနိုင်ခဲ့သလို သူ့ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုး ရယူနိုင်ခဲ့တာပါ။

အဲဗာတန်ရဲ့ တစ်ဂိုးအရှုံးကို သုံးဂိုးလိုက်သွင်းပြီး Come Back အနိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့တာကတော့ ၆ မိနစ်သာ ကြာမြင့်ခဲ့ပြီး နောက်ထပ် နှစ်မိနစ်အကြာ ၆၈ မိနစ်မှာ ကိုးလ်မန်းရဲ့ ဖြတ်တင်ဘောကနေ ဒူကူရေး ဂိုးသွင်းပေမယ့် လူကျွံဘောသတ်မှတ်ခံခဲ့ရပြီး ဘန်လေဘက်ကလည်း တာကော့ဗ်စကီး ဂိုးသွင်းခဲ့ပေမယ့် အသင်းဖော် အက်ရှ်လီ ဘန်းစ် လူကျွံနေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ အခွင့်အရေးတွေကို နှစ်သင်းစလုံး အသုံးမချနိုင်တော့တာကြောင့် အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အဲဗာတန်တို့ အောင်ပွဲခံခဲ့ပြီး ၄ ပွဲကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၀ မှတ်နဲ့ ပရီးမီးယားလိဂ်မှာ အမှတ်အများဆုံး မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကို လိုက်မီနိုင်ခဲ့သလို အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဘင်နီတက်ဇ်ရဲ့ ကိုင်တွယ်မှုမှာ ဂုဏ်ယူနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းအေနနဲ႔ ဒီရာသီမွာ ထင္မွတ္မထားတဲ့ၾကားက ပုံစံေကာင္းေတြ ျပသေနခဲ့ၿပီး အဓိကတိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ မပါေပမယ့္လည္း လိုခ်င္တဲ့ ရလဒ္ကို အေကာင္းဆုံး ရွာေဖြသြားႏိုင္ခဲ့သလို နည္းျပ ရာဖာ ဘင္နီတက္ဇ္ရဲ႕ ကစားပုံေကာင္းထက္ ရလဒ္ေကာင္းကို ရယူတဲ့ ပုံစံနဲ႔ ဇယားထိပ္ဦးေဆာင္သူ အသင္းႀကီးေတြၾကား ရမွတ္တူ ရပ္တည္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တိုက္စစ္အားသန္တဲ့ ေနာက္ခံအစြန္လူေတြ ပိုင္ဆိုင္ထားတဲ့ အဲဗာတန္အသင္းအေနနဲ႔ ေမာ္ဒန္ေဘာလုံးေလာကမွာ အသင္းလတ္ေတြအတြက္ အေကာင္းဆုံး Formation ျဖစ္လာတဲ့ ၃-၄-၃ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ၿပီး ဒူကူေရး၊ အယ္လန္အထိုင္နဲ႔ ေရွ႕က ေတာင္ဆန္း၊ ရစ္ခ်ာလစ္ဆန္၊ ဂေရးတို႔ရဲ႕ အတြဲအဖက္က ဒီေနာက္ပိုင္းပြဲေတြမွာ ေစာင့္ၾကည့္စရာလည္းျဖစ္လာခဲ့တာပါ။

ပထမပိုင္းမွာ ကစားကြက္ေဖာ္ဖို႔ ႀကိဳးစားေနတဲ့ အဲဗာတန္တို႔ကို ဘာပညာသားမွ မပါတဲ့ ေရွာင္ဒိုက္ခ်္ရဲ႕ ဘန္ေလအသင္းက အျမင့္ေဘာေတြနဲ႔ ေတာ္ေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ခရစၥဝုဒ္ကို ယယ္ရီ မီနာတို႔အဖြဲ႕ အေတာ္ေလး ထိန္းခ်ဳပ္ခဲ့ရသလို ဒူကူေရးရဲ႕ ကန္ခ်က္က ဂိုးသမားတည့္တည့္ ကန္မိခဲ့သလို ဒီမာ႐ိုင္ ဂေရးကေတာ့ တိုင္ေဘးကို ကန္ခဲ့မိလို႔ ဂိုးရဖို႔ ခက္ေနခဲ့ပါတယ္။

ခပ္ၾကမ္းၾကမ္း ကစားခဲ့ၾကတဲ့ ကစားသမားေတြကို မထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္ကေတာ့ သူ႔ရဲ႕ ကိုင္တြယ္ပုံအတြက္ ေျပာစရာျဖစ္ခဲ့ၿပီး ပထမပိုင္းကို ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ၾကသလို အဲဗာတန္တို႔ ကစားကြက္ပိုင္း ပိုမိုသာလြန္ခဲ့ေပမယ့္ ထိေရာက္မႈပိုင္းကေတာ့ ဘန္ေလနဲ႔ အတူတူလိုပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အဖြင့္ဂိုးကို ဧည့္သည္ဘန္ေလတို႔ စတင္ရွာေဖြႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ေတာင္ဆန္းေၾကာင့္ ေပးရတဲ့ ဖရီးကစ္ကေန အဲဗာတန္ေနာက္တန္းက ရွင္းထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဂါ့ဒ္မြန္ဆန္ ျပန္တင္ေပးရာမွာ အသင္းေခါင္းေဆာင္ေနာက္ခံလူ ဘန္မီးက အနီးကပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ကလဲရက္ေတြ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုးျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ တစ္သင္းလုံး ဖိကစားလာခဲ့တဲ့ ေတာ္ဖီေတြအတြက္ ေနာက္ခံလူ မိုက္ကယ္ကီးန္က ညာျခမ္းကေန ျဖတ္တင္ခဲ့တဲ့ ေတာင္းဆန္းရဲ႕ အျမင့္ေဘာကို ဘန္ေလခံစစ္ထက္ ေျခတစ္လွမ္းဦးၿပီး ေခါင္းတိုက္သြားခဲ့တာျဖစ္ပါတယ္။

ေခ်ပဂိုးရအၿပီးမွာ ဂြတ္ဒီဆန္ပါ့ခ္မွာ ရလဒ္ေကာင္းႏိုင္ဖို႔ ဘင္နီတက္ဇ္အေနနဲ႔ ၄-၃-၃ ပုံစံ ျပန္ေျပာင္းသြားခဲ့ၿပီး ေနာက္ခံလူ ေဂါ့ဒ္ဖရီအစား ကြင္းလယ္လူ ဂိုမက္စ္ကို ထည့္သြင္းလိုက္အၿပီးမွာေတာ့ ပြဲခ်ိန္ ၆၅ မိနစ္မွာ ပထမဂိုးဖန္တီးရွင္ ေတာင္းဆန္းက ေနာက္ပိုင္းႏွစ္ေတြမွာ နာမည္ပဲရွိေတာ့တဲ့ ဂိုးသမား နစ္ခ္ ပုပ္ ေရွ႕ေရာက္ေနတာကို အခြင့္ေကာင္းယူၿပီး ဧရိယာအစပ္ကေန ဂိုးအေပၚေထာင့္ထဲကို ကန္သြင္းႏိုင္ခဲ့လို႔ အဲဗာတန္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

တစ္မိနစ္အၾကာမွာေတာ့ ေခ်ပဂိုးရဖို႔ တက္ဖိတဲ့ ဘန္ေလတို႔ ေဘာလုံးပ်က္တာကို ေတာင္းဆန္းနဲ႔ ဒူကူေရး အေပးအယူလုပ္ၿပီး ထိုးေပးခဲ့တာကို ရစ္ခ်ာလစ္ဆန္ကို မဲေနတဲ့ ေနာက္ခံလူႏွစ္ေယာက္ရဲ႕ ေနာက္ကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေျပးထြက္သြားခဲ့တဲ့ ဂေရးက ဂိုးသမား နစ္ခ္ ပုပ္နဲ႔ အေတြ႕မွာ အပိုင္ကန္သြင္းၿပီး အသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ ဂိုးကို ပြဲခ်ိန္ ၆၆ မိနစ္မွာ ရယူႏိုင္ခဲ့သလို သူ႔ရဲ႕ ပရီးမီးယားလိဂ္ေနာက္ဆုံး ၃ ပြဲမွာ ၃ ဂိုး ရယူႏိုင္ခဲ့တာပါ။

အဲဗာတန္ရဲ႕ တစ္ဂိုးအရႈံးကို သုံးဂိုးလိုက္သြင္းၿပီး Come Back အႏိုင္အျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာကေတာ့ ၆ မိနစ္သာ ၾကာျမင့္ခဲ့ၿပီး ေနာက္ထပ္ ႏွစ္မိနစ္အၾကာ ၆၈ မိနစ္မွာ ကိုးလ္မန္းရဲ႕ ျဖတ္တင္ေဘာကေန ဒူကူေရး ဂိုးသြင္းေပမယ့္ လူကြၽံေဘာသတ္မွတ္ခံခဲ့ရၿပီး ဘန္ေလဘက္ကလည္း တာေကာ့ဗ္စကီး ဂိုးသြင္းခဲ့ေပမယ့္ အသင္းေဖာ္ အက္ရွ္လီ ဘန္းစ္ လူကြၽံေနခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အခြင့္အေရးေတြကို ႏွစ္သင္းစလုံး အသုံးမခ်ႏိုင္ေတာ့တာေၾကာင့္ အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ အဲဗာတန္တို႔ ေအာင္ပြဲခံခဲ့ၿပီး ၄ ပြဲကစား၊ ၃ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ရမွတ္ ၁၀ မွတ္နဲ႔ ပရီးမီးယားလိဂ္မွာ အမွတ္အမ်ားဆုံး မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ကို လိုက္မီႏိုင္ခဲ့သလို အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ဘင္နီတက္ဇ္ရဲ႕ ကိုင္တြယ္မႈမွာ ဂုဏ္ယူႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.