Premier League Transfer News

ဒေါ့မွန်ရဲ့ ပေါင် ၈၅ သန်းတန် လူငယ်ကို လီဗာပူးလ်နဲ့လုမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ လာမယ့် အပြောင်းအရွှေ့ကာလမှာ ကြိုးစားဖို့ရှိနေပြီး အသင်းရဲ့ ကွင်းလယ်မှာ အသက်အရွယ်ထောက်လာတဲ့ ကစားသမားတွေကို အစားထိုးဖို့အတွက် ရည်ရွယ်နေတယ်လို့ သိရပါတယ်။

အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ စာချုပ်တစ်နှစ်ကျန် အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုနဲ့ တခြားဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ အစ်လ်ကေ ဂွန်ဒိုးဝမ်တို့နေရာမှာ အစားဝင်နိုင်ဖွယ်ရှိတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို အစ်တီဟတ်ဆီ ခေါ်ယူဖို့က တော်တော်လေး ရင်ခုန်စရာ ကောင်းတဲ့ ကိစ္စလည်းဖြစ်နေပြီး သူတို့တွေအနေနဲ့ ငွေကြေးအထုပ်လိုက် ချသုံးရဖို့လည်း ရှိနေတာပါ။

ဒေါ့မွန်အသင်းကတော့ အင်္ဂလန်လူငယ်တွေကို ဂျာမနီမှာ ကစားခွင့်ခေါ်ပေးပြီး အရောင်တင်ပေးပြီးရင် ဈေးကြီးကြီးနဲ့ ပြန်ရောင်းတာက သူတို့ရဲ့ အဓိက ငွေဝင်လမ်းလည်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေက ပွဲထွက်ခွင့် အာမခံချက် မပေးနိုင်ချိန်မှာ ခွင်တွေ့နေတာဖြစ်သလို ဒီတစ်ခါမှာလည်း ဘာမင်ဂမ်လူငယ်ကစားသမားဟောင်းအတွက် ပေါင် ၈၅ သန်းအထိ တောင်းဆိုသွားမယ်လို့ သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က လေဗာကူဆင်ကို လေးဂိုး-သုံးဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရတဲ့ ပွဲစဉ်မှာ ၈၉ မိနစ် ပါဝင်ကစားခဲ့တဲ့ ၁၈ နှစ်သားကို နည်းပြ မာကို ရိုဆာက ချီးကျူးခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တည်ငြိမ်ရင့်ကျက်တဲ့ ကစားဟန်ကို ပြသထားနိုင်ချိန်မှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကလည်း သူ့ရဲ့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားသလို လာမယ့်အနာဂတ်မှာ ခေါ်ယူနိုင်ဖို့ အသင်းကို တောင်းဆိုထားတာပါ။

ပြီးခဲ့တဲ့ အန်ဒိုရာနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်နဲ့အတူ ကွင်းလယ်မှာ ပွဲထွက်ကစားပြီး အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်သလို ခြေစွမ်းက အသက်ထက် ရှေ့ကို ရောက်နေတယ်လို့ ချီးကျူးခံထားရတဲ့ ဘယ်လင်ဂမ်ဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံကောင်းကိုလည်း ပြသနေပါတယ်။

မန်ချက်စတာစီးတီးတို့ကတော့ ကွင်းလယ်အဖျက်ပိုင်းအတွက် ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်ကိုလည်း စောင့်ကြည့်နေပြီး အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်သား ဖာနန်ဒင်ညိုနေရာမှာ တိုက်ရိုက်အစားထိုးဖို့ ရည်ရွယ်ထားချိန်မှာ ဈေးနှုန်းသတ်မှတ်ချက်အရတော့ ဘယ်လင်ဂမ်နဲ့ သူတစ်ဦးကိုသာ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွေ့ဆုံမှုမှာ သူတို့ကို ရင်ဆိုင်လာခဲ့တဲ့ အဲ့ဒီတုန်းက ၁၇ နှစ်သား ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းကို ဂွါဒီယိုလာကတော့ သဘောကျနေခဲ့သလို “ရင့်ကျက်ပြီး ဘောလုံးတောင်းနေတဲ့ ပုံစံကို ကြည့်ရတာ အသက်လိမ်ထားတယ်လို့တောင် ထင်မိသေးတယ်”လို့ အရွှန်းဖောက် ချီးကျူးထားခဲ့တာကြောင့် သူနဲ့ ကလော့ပ်တို့ ဘယ်သူက အိပ်မက်ထဲက ကွင်းလယ်လူကို ရရှိသွားနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ေဒါ့မြန္အသင္းရဲ႕ လူငယ္ကြင္းလယ္လူ ဂ်ဳဒ္ ဘယ္လင္ဂမ္ကို ေခၚယူဖို႔ လာမယ့္ အေျပာင္းအေ႐ႊ႕ကာလမွာ ႀကိဳးစားဖို႔ရွိေနၿပီး အသင္းရဲ႕ ကြင္းလယ္မွာ အသက္အ႐ြယ္ေထာက္လာတဲ့ ကစားသမားေတြကို အစားထိုးဖို႔အတြက္ ရည္႐ြယ္ေနတယ္လို႔ သိရပါတယ္။

အသက္အ႐ြယ္ေထာက္လာၿပီျဖစ္တဲ့ စာခ်ဳပ္တစ္ႏွစ္က်န္ အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳနဲ႔ တျခားဝါရင့္ကစားသမားတစ္ဦးျဖစ္တဲ့ အစ္လ္ေက ဂြန္ဒိုးဝမ္တို႔ေနရာမွာ အစားဝင္ႏိုင္ဖြယ္ရွိတဲ့ အဂၤလန္လက္ေ႐ြးစင္ကစားသမားကို အစ္တီဟတ္ဆီ ေခၚယူဖို႔က ေတာ္ေတာ္ေလး ရင္ခုန္စရာ ေကာင္းတဲ့ ကိစၥလည္းျဖစ္ေနၿပီး သူတို႔ေတြအေနနဲ႔ ေငြေၾကးအထုပ္လိုက္ ခ်သုံးရဖို႔လည္း ရွိေနတာပါ။

ေဒါ့မြန္အသင္းကေတာ့ အဂၤလန္လူငယ္ေတြကို ဂ်ာမနီမွာ ကစားခြင့္ေခၚေပးၿပီး အေရာင္တင္ေပးၿပီးရင္ ေဈးႀကီးႀကီးနဲ႔ ျပန္ေရာင္းတာက သူတို႔ရဲ႕ အဓိက ေငြဝင္လမ္းလည္းျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြက ပြဲထြက္ခြင့္ အာမခံခ်က္ မေပးႏိုင္ခ်ိန္မွာ ခြင္ေတြ႕ေနတာျဖစ္သလို ဒီတစ္ခါမွာလည္း ဘာမင္ဂမ္လူငယ္ကစားသမားေဟာင္းအတြက္ ေပါင္ ၈၅ သန္းအထိ ေတာင္းဆိုသြားမယ္လို႔ သတင္းထြက္ေနခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က ေလဗာကူဆင္ကို ေလးဂိုး-သုံးဂိုးနဲ႔ အေဝးကြင္းမွာ အႏိုင္ရတဲ့ ပြဲစဥ္မွာ ၈၉ မိနစ္ ပါဝင္ကစားခဲ့တဲ့ ၁၈ ႏွစ္သားကို နည္းျပ မာကို ႐ိုဆာက ခ်ီးက်ဴးခဲ့ၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႔ တည္ၿငိမ္ရင့္က်က္တဲ့ ကစားဟန္ကို ျပသထားႏိုင္ခ်ိန္မွာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကလည္း သူ႔ရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ထားသလို လာမယ့္အနာဂတ္မွာ ေခၚယူႏိုင္ဖို႔ အသင္းကို ေတာင္းဆိုထားတာပါ။

ၿပီးခဲ့တဲ့ အန္ဒိုရာနဲ႔ပြဲစဥ္မွာ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔အတူ ကြင္းလယ္မွာ ပြဲထြက္ကစားၿပီး အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ရင့္က်က္သလို ေျခစြမ္းက အသက္ထက္ ေရွ႕ကို ေရာက္ေနတယ္လို႔ ခ်ီးက်ဴးခံထားရတဲ့ ဘယ္လင္ဂမ္ဟာ ပရီးမီးယားလိဂ္အသင္းႀကီးေတြနဲ႔ ပူးေပါင္းဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ပုံစံေကာင္းကိုလည္း ျပသေနပါတယ္။

မန္ခ်က္စတာစီးတီးတို႔ကေတာ့ ကြင္းလယ္အဖ်က္ပိုင္းအတြက္ ဝက္စ္ဟမ္းယူႏိုက္တက္ရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဒက္ကလန္ ႐ိုက္စ္ကိုလည္း ေစာင့္ၾကည့္ေနၿပီး အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္သား ဖာနန္ဒင္ညိဳေနရာမွာ တိုက္႐ိုက္အစားထိုးဖို႔ ရည္႐ြယ္ထားခ်ိန္မွာ ေဈးႏႈန္းသတ္မွတ္ခ်က္အရေတာ့ ဘယ္လင္ဂမ္နဲ႔ သူတစ္ဦးကိုသာ ေခၚယူႏိုင္ဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ေတြ႕ဆုံမႈမွာ သူတို႔ကို ရင္ဆိုင္လာခဲ့တဲ့ အဲ့ဒီတုန္းက ၁၇ ႏွစ္သား ဘယ္လင္ဂမ္ရဲ႕ ေျခစြမ္းကို ဂြါဒီယိုလာကေတာ့ သေဘာက်ေနခဲ့သလို “ရင့္က်က္ၿပီး ေဘာလုံးေတာင္းေနတဲ့ ပုံစံကို ၾကည့္ရတာ အသက္လိမ္ထားတယ္လို႔ေတာင္ ထင္မိေသးတယ္”လို႔ အ႐ႊန္းေဖာက္ ခ်ီးက်ဴးထားခဲ့တာေၾကာင့္ သူနဲ႔ ကေလာ့ပ္တို႔ ဘယ္သူက အိပ္မက္ထဲက ကြင္းလယ္လူကို ရရွိသြားႏိုင္မလဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.