Other Premier League

ဆိုးရွားတဲ့ဒဏ်ရာနဲ့ ဆေးရုံတက်ခဲ့ရပေမယ့် ဘဝတူလူငယ်လေးကို မွန်မြတ်တဲ့စိတ်ထားနဲ့ ကူညီဖေးမပေးခဲ့တဲ့ အဲလီးယော့

ပြီးခဲ့တဲ့ညက လိဒ်စ်အသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ လီဗာပူးလ်ကွင်းလယ်လူ ဟာဗေး အဲလီးယော့ဟာ ပြိုင်ဘက်နောက်ခံလူ ပါစကယ်လ် စထရိုက်ခ် ရဲ့ ဖြတ်ထုတ်မှုကြောင့် ပြင်းထန်စွာ နာကျင်သွားခဲ့ပြီး ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာရရှိခဲ့ကာ ဆေးရုံကို ချက်ချင်းတင်ခဲ့ရပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေပြီး တာထွက်လှနေတဲ့ အသက် ၁၈ နှစ်သားလေးကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ လိဒ်စ်နောက်ခံလူဟာလည်း တိုက်ရိုက်အနီကတ်နဲ့ ထွက်ခွာခဲ့ရပြီး အဲလီးယေ့ာရဲ့ ဒဏ်ရာအခြေအနေကိုတော့ အပြီးသတ်ဆေးစစ်မှုပြုလုပ်ပြီးမှသာ သေသေချာချာသိရှိရမယ်လို့လည်း သတင်းက ဆိုပါတယ်။

ကွင်းထဲမှာ နာကျင်စွာအော်ဟစ်နေခဲ့ရတာကို မြင်တွေ့ခဲ့ရတဲ့ ဆယ်ကျော်သက်ကွင်းလယ်လူဟာ ဆေးရုံကားပေါ် ရောက်ရှိနေချိန်မှာတော့ ” ပြန်လည်သက်သာလာဖို့ မျှော်လင့်ထားပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့ အင်စတေဂရမ်မှာ ပို့စ်တင်ရေးသားခဲ့ပြီး လက်မထောင်ပြတဲ့ အသုံးအနှုန်းကို ပြသသွားခဲ့လို့ စိုးရိမ်ပူပန်နေကြတဲ့ အန်ဖီးလ်ပရိသတ်တွေအတွက်လည်း စိတ်သက်သာရာရစေခဲ့ပါတယ်။

ဒဏ်ရာအခြေအနေဆိုးရွားတယ်လို့ ရှုမြင်ခံခဲ့ရပေမယ့် ဆေးရုံကို ရောက်ရှိချိန်မှာတော့ အဲလီးယော့ဟာ သူ့လိုပဲ ဘောလုံးကစားပြီး ဒဏ်ရာရလို့ ဆေးရုံတက်နေရတဲ့ လူငယ်ဘောလုံးသမားလေးတဦးကို သူဝတ်ဆင်ထားတဲ့ လီဗာပူးလ်ဂျာစီနဲ့ ဘောကန်ဖိနပ်ကို လက်ဆောင်အဖြစ် ပေးအပ်ပြီး နှစ်သိမ့်ပေးခဲ့သလို ချာတိတ်လေးမှာလည်း အတော်လေးပျော်ရွှင်သွားခဲ့ရပြီး သူ့ရဲ့ လုပ်ရပ်ဟာလည်း စိတ်ဓာတ်စိတ်ထားအဆင့်မြင့်လှတဲ့လုပ်ရပ်အဖြစ် တခဲနက်ချီးကျူးခံနေရတာပါ။

” ကျွန်မသားလေးက ဒီနေ့လည်ကပဲ ဘောလုံးကန်ရင်း လက်မောင်းကျိုးသွားတာပါ။ သူနဲ့ ဘေးချင်းကပ်ကုတင်ကို ရောက်ရှိလာတာကတော့ ဟာဗေး အီလီးယော့နဲ့ သူ့မိသားစုပါပဲ။ သူရဲ့ လီဗာပူးလ်ဂျာစီနဲ့ ဘောကန်ဖိနပ်ကို သားလေးအတွက် လက်ဆောင်ပေးသွားခဲ့ပါတယ်။ အခုတော့ ကလေးက အူမြူးပျော်ရွှင်နေတာပါ” လို့ က​လေးမိခင်က ပြောပြသွားခဲ့တာပါ။

ဒါ့အပြင် လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ကလည်း ” ဒဏ်ရာဆိုးတခုကို ရခဲ့တာပါ။ ခြေကျင်းဝတ်ကို ထိသွားခဲ့ပါတယ်။ အဆစ်လွဲသွားခဲ့တာဖြစ်ပြီး အခုဆေးရုံမှာပါ။ သူ့ကို ဆုံးရှုံးရတာ အသင်းမှာ မထိခိုက်လှပေမယ့် ဒီလိုမျိုးလူငယ်လေးတဦးကိုတော့ သူ့ကစားသမားဘဝမှာ အခုလိုဒဏ်ရာမျိုးနဲ့ မကြုံစေ့ချင်ပါဘူး”

” သူတင်ထားတဲ့ ပို့စ်ကတော့ အင်စတေဂရမ်မှာ မြင်ဖူးသမျှထဲက ကျွန်တော်အကြိုက်ဆုံးတွေထဲက ရှားရှားပါးပါးတခုပါ။ ဒါကိုကြည့်ရင်တော့ သူအရမ်းမနာကျင်နေတော့ဘူးလို့ ခန့်မှန်းကြည့်နိုင်ပါတယ်။အနည်းဆုံး နောက် ၂ ပတ် ၃ ပတ်လောက်ကိုတော့ ကျွန်တော်တို့ သူမပါဘဲ ကစားရဦးမှာပါ” လို့ ပွဲအပြီးမှာ ပြောပြသွားခဲ့တာပါ။

အသင်းခေါင်းဆောင် ဗာဂျီးလ် ဗန်ဒိုက်ကလည်း ” ကျွန်တော်တို့အားလုံး သူ့အတွက် ဆုတောင်းပေးနေကြပါတယ်။ ဒဏ်ရာကနေ အမြန်ဆုံး ပြန်သက်သာလာဖို့ မျှော်လင့်နေသလို အရင်အတိုင်း ပြန်လည်ကောင်းမွန်လာပြီး ပုံမှန်အတိုင်း ပြန်ကစားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ သူ့ရဲ့ဒဏ်ရာအဖြေကို စောင့်မျှော်နေဆဲပါ”

” ပွဲကတော့ တကယ့်နိုင်ပွဲစစ်စစ်ပါ။ သူ့ကို ထိခိုက်မိသွားချိန်မှာတော့ မိုဆာလားတယောက် ကွင်းစည်းဘက်ကို အကြီးအကျယ်အော်ဟစ်တောင်းဆိုနေတာကို တွေ့ရမှာပါ။ ဒဏ်ရာတကယ်​ပြင်းထန်တာကြောင့်ပါ။ ဟာဗေးရဲ့ တုံ့ပြန်မှုကိုကြည့်ရင်လည်း သူ့ဒဏ်ရာတကယ်ပြင်းလှတယ်ဆိုတာ ပရိသတ်တွေလည်း ရှော့ခ်ရခဲ့ရပါတယ်” လို့ အသင်းဝက်ဘ်ဆိုက်ကနေတဆင့် ပြောကြားသွားခဲ့သေးပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက လိဒ္စ္အသင္းက ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးလ္ကြင္းလယ္လူ ဟာေဗး အဲလီးေယာ့ဟာ ၿပိဳင္ဘက္ေနာက္ခံလူ ပါစကယ္လ္ စထ႐ိုက္ခ္ ရဲ႕ ျဖတ္ထုတ္မႈေၾကာင့္ ျပင္းထန္စြာ နာက်င္သြားခဲ့ၿပီး ေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာရရွိခဲ့ကာ ေဆး႐ုံကို ခ်က္ခ်င္းတင္ခဲ့ရပါတယ္။

ဒီရာသီမွာ လီဗာပူးလ္အသင္းအတြက္ ေျခစြမ္းျပေနၿပီး တာထြက္လွေနတဲ့ အသက္ ၁၈ ႏွစ္သားေလးကို ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တဲ့ လိဒ္စ္ေနာက္ခံလူဟာလည္း တိုက္႐ိုက္အနီကတ္နဲ႔ ထြက္ခြာခဲ့ရၿပီး အဲလီးေယ့ာရဲ႕ ဒဏ္ရာအေျခအေနကိုေတာ့ အၿပီးသတ္ေဆးစစ္မႈျပဳလုပ္ၿပီးမွသာ ေသေသခ်ာခ်ာသိရွိရမယ္လို႔လည္း သတင္းက ဆိုပါတယ္။

ကြင္းထဲမွာ နာက်င္စြာေအာ္ဟစ္ေနခဲ့ရတာကို ျမင္ေတြ႕ခဲ့ရတဲ့ ဆယ္ေက်ာ္သက္ကြင္းလယ္လူဟာ ေဆး႐ုံကားေပၚ ေရာက္ရွိေနခ်ိန္မွာေတာ့ ” ျပန္လည္သက္သာလာဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ အဓိပၸါယ္ရတဲ့ စာသားနဲ႔ အင္စေတဂရမ္မွာ ပို႔စ္တင္ေရးသားခဲ့ၿပီး လက္မေထာင္ျပတဲ့ အသုံးအႏႈန္းကို ျပသသြားခဲ့လို႔ စိုးရိမ္ပူပန္ေနၾကတဲ့ အန္ဖီးလ္ပရိသတ္ေတြအတြက္လည္း စိတ္သက္သာရာရေစခဲ့ပါတယ္။

ဒဏ္ရာအေျခအေနဆိုး႐ြားတယ္လို႔ ရႈျမင္ခံခဲ့ရေပမယ့္ ေဆး႐ုံကို ေရာက္ရွိခ်ိန္မွာေတာ့ အဲလီးေယာ့ဟာ သူ႔လိုပဲ ေဘာလုံးကစားၿပီး ဒဏ္ရာရလို႔ ေဆး႐ုံတက္ေနရတဲ့ လူငယ္ေဘာလုံးသမားေလးတဦးကို သူဝတ္ဆင္ထားတဲ့ လီဗာပူးလ္ဂ်ာစီနဲ႔ ေဘာကန္ဖိနပ္ကို လက္ေဆာင္အျဖစ္ ေပးအပ္ၿပီး ႏွစ္သိမ့္ေပးခဲ့သလို ခ်ာတိတ္ေလးမွာလည္း အေတာ္ေလးေပ်ာ္႐ႊင္သြားခဲ့ရၿပီး သူ႔ရဲ႕ လုပ္ရပ္ဟာလည္း စိတ္ဓာတ္စိတ္ထားအဆင့္ျမင့္လွတဲ့လုပ္ရပ္အျဖစ္ တခဲနက္ခ်ီးက်ဴးခံေနရတာပါ။

” ကြၽန္မသားေလးက ဒီေန႔လည္ကပဲ ေဘာလုံးကန္ရင္း လက္ေမာင္းက်ိဳးသြားတာပါ။ သူနဲ႔ ေဘးခ်င္းကပ္ကုတင္ကို ေရာက္ရွိလာတာကေတာ့ ဟာေဗး အီလီးေယာ့နဲ႔ သူ႔မိသားစုပါပဲ။ သူရဲ႕ လီဗာပူးလ္ဂ်ာစီနဲ႔ ေဘာကန္ဖိနပ္ကို သားေလးအတြက္ လက္ေဆာင္ေပးသြားခဲ့ပါတယ္။ အခုေတာ့ ကေလးက အူျမဴးေပ်ာ္႐ႊင္ေနတာပါ” လို႔ က​ေလးမိခင္က ေျပာျပသြားခဲ့တာပါ။

ဒါ့အျပင္ လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ကလည္း ” ဒဏ္ရာဆိုးတခုကို ရခဲ့တာပါ။ ေျခက်င္းဝတ္ကို ထိသြားခဲ့ပါတယ္။ အဆစ္လြဲသြားခဲ့တာျဖစ္ၿပီး အခုေဆး႐ုံမွာပါ။ သူ႔ကို ဆုံးရႈံးရတာ အသင္းမွာ မထိခိုက္လွေပမယ့္ ဒီလိုမ်ိဳးလူငယ္ေလးတဦးကိုေတာ့ သူ႔ကစားသမားဘဝမွာ အခုလိုဒဏ္ရာမ်ိဳးနဲ႔ မႀကဳံေစ့ခ်င္ပါဘူး”

” သူတင္ထားတဲ့ ပို႔စ္ကေတာ့ အင္စေတဂရမ္မွာ ျမင္ဖူးသမွ်ထဲက ကြၽန္ေတာ္အႀကိဳက္ဆုံးေတြထဲက ရွားရွားပါးပါးတခုပါ။ ဒါကိုၾကည့္ရင္ေတာ့ သူအရမ္းမနာက်င္ေနေတာ့ဘူးလို႔ ခန္႔မွန္းၾကည့္ႏိုင္ပါတယ္။အနည္းဆုံး ေနာက္ ၂ ပတ္ ၃ ပတ္ေလာက္ကိုေတာ့ ကြၽန္ေတာ္တို႔ သူမပါဘဲ ကစားရဦးမွာပါ” လို႔ ပြဲအၿပီးမွာ ေျပာျပသြားခဲ့တာပါ။

အသင္းေခါင္းေဆာင္ ဗာဂ်ီးလ္ ဗန္ဒိုက္ကလည္း ” ကြၽန္ေတာ္တို႔အားလုံး သူ႔အတြက္ ဆုေတာင္းေပးေနၾကပါတယ္။ ဒဏ္ရာကေန အျမန္ဆုံး ျပန္သက္သာလာဖို႔ ေမွ်ာ္လင့္ေနသလို အရင္အတိုင္း ျပန္လည္ေကာင္းမြန္လာၿပီး ပုံမွန္အတိုင္း ျပန္ကစားႏိုင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။ သူ႔ရဲ႕ဒဏ္ရာအေျဖကို ေစာင့္ေမွ်ာ္ေနဆဲပါ”

” ပြဲကေတာ့ တကယ့္ႏိုင္ပြဲစစ္စစ္ပါ။ သူ႔ကို ထိခိုက္မိသြားခ်ိန္မွာေတာ့ မိုဆာလားတေယာက္ ကြင္းစည္းဘက္ကို အႀကီးအက်ယ္ေအာ္ဟစ္ေတာင္းဆိုေနတာကို ေတြ႕ရမွာပါ။ ဒဏ္ရာတကယ္​ျပင္းထန္တာေၾကာင့္ပါ။ ဟာေဗးရဲ႕ တုံ႔ျပန္မႈကိုၾကည့္ရင္လည္း သူ႔ဒဏ္ရာတကယ္ျပင္းလွတယ္ဆိုတာ ပရိသတ္ေတြလည္း ေရွာ့ခ္ရခဲ့ရပါတယ္” လို႔ အသင္းဝက္ဘ္ဆိုက္ကေနတဆင့္ ေျပာၾကားသြားခဲ့ေသးပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.