Analysis Other Premier League

အီဒါဆန်နဲ့ ရှမိုက်ကယ် လက်စွမ်းပြိုင်ကြတဲ့ လက်စတာ 0-1 မန်စီးတီးပွဲအပြီး ပြောစရာ 7 ချက်

ချန်ပီယံလမ်းကြောင်းကို ဆက်လက်တည်ဆောက်ခဲ့တဲ့ မန်စီးတီး
မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ပြီးနောက်ပိုင်း သူတို့အသင်းကို ဘယ်လိုတားဆီးရမလဲဆိုတာ ပြိုင်ဘက်အသင်းတွေအတွက် နမူနာကောင်းတရပ်အဖြစ် ရှုမြင်ခံခဲ့ရပါတယ်။ လက်စတာက ခံစစ်ကို လုံခြုံအောင် စည်းကမ်းကြီးကြီးနဲ့ ကစားသွားခဲ့ပြီး High Pressing နဲ့ စီတီဇန်တို့ကို ဒုက္ခပေးခဲ့သလို အမြန်ပေးကစားကွက်ကလည်း အလုပ်ဖြစ်ခဲ့ပေမယ့် တဖက်မှာ မန်စီးတီးရဲ့ သမ္ဘာအားကိုတော့ တောင့်မခံနိုင်ခဲ့ဘဲ ပွဲချိန် တနာရီဝန်းကျင်မှာပဲ ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးကို ခွင့်ပြုပေးသွားခဲ့ရပါတယ်။ ဆေးလ်ဗားရဲ့ အကြိမ်ကြိမ်လူကျွံနေခဲ့တဲ့ ပွဲချိန်တလျှောက် ထောင်ဖမ်းခံရမှုကို ဒီတကြိမ်မှာတော့ အပြီးပြည့်စုံဆုံး ကျော်လွှားသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လူစွမ်းကောင်း ရှမိုက်ကယ်ရဲ့ လက်စွမ်းပြမှု
ဂိုးသမား ကက်စပါ ရှမိုက်ကယ်က ကင်းပါဝါကွင်းကြီးရဲ့ တကယ့်စွမ်းအားစစ်စစ်တခုဖြစ်ပါတယ်။ ဒိန်းမတ်သားက ဒီကွင်းထဲမှာရှိနေတိုင်း မြေခွေးကြီးတွေရဲ့ မဟာတံတိုင်းကြီးတခုအဖြစ် ရပ်တည်နိုင်ခဲ့သလို ဒီနေ့ပွဲမှာ အဆုံးအဖြတ်ဖြစ်စေမယ့် အခွင့်အရေးတွေကို အကြိမ်ကြိမ်လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။ မန်စီးတီးက ဂိုးပေါက်ခြိမ်းခြောက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ရာမှာ ၈ ကြိမ်ဂိုးပေါက်တည့်ခဲ့ပြီး ၇ ကြိမ်က ရှမိုက်ကယ်ရဲ့လက်အောက်မှာ ကျဆုံးခဲ့ခြင်းမလို့ လူစွမ်းကောင်းလို့ဆိုရင် မမှားယွင်းနိုင်ပါဘူး။

လူစားလဲမှုနဲ့ ကိုယ့်အသင်းကို ပြန်စီရင်မိခဲ့တဲ့ ရော့ဂျားစ်ရဲ့အမှား
လက်စတာတသင်းလုံးက နည်းပြ ဘရန်​ဒန် ရော့ဂျားစ်ရဲ့ညွှန်ကြားမှုနဲ့ ခိုင်းစေတဲ့အတိုင်း တသမတ်တည်းကစားသွားခဲ့ပြီး သူတို့ရဲ့ တန်ပြန်တိုက်စစ်ဆင်မှုတိုင်းမှာ ရိုဒရိုနဲ့ ဂန်ဒိုဝမ်တို့ ကွင်းလယ်ကို လှုပ်မရအောင်ကို ဖြစ်စေခဲ့ပြီး ပပ်ဂွာဒီယိုလာရဲ့ နည်းဗျူတာကို အကောင်းဆုံးဝှက်ဖဲနည်းလမ်းနဲ့ တုံ့ပြန်ခဲ့ကာ ပွဲတလျှောက်လုံးနီးပါး လိုသလို ထိန်းချုပ်နိုင်ခဲ့တာပါ။ ဒါပေမယ့် အိုင်းရှစ်ရှ်သားကြီးက ဗက်စတာဂါ့ဒ်ကိုထုတ်ပြီး ပွဲချိန်တလျှောက် အတွဲညီလွန်းတဲ့ ဗက်စတာဂါ့ဒ်+ဆိုယွန်ကုအတွဲကို အထိုင်ဖျက်ခဲ့တယ်။ ဂျွန်နီ အီဗန်စ်နဲ့ လူစားလဲလိုက်တော့မှသာ ဆိုယွန်ကုနဲ့ အီဗန်စ်တို့ရဲ့ နားလည်မှုလွဲချော်ခြင်းကတဆင့် ဖာနန်ဒင်ညိုရဲ့ အဝေးကန်ချက်ကနေ ဖြစ်ပေါ်လာတဲ့ ဘာနတ်ဒို ဆေးလ်ဗားရဲ့ဂိုးကို အငိုက်မိပြီး ခွင့်ပြုပေးခဲ့ရတာက တချက်ဆို တချက်ဆိုသလောက် နစ်နာခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ အစွမ်းအထက်ဆုံးကွင်းလယ်တိုက်ပွဲ
ဒီနေ့ပွဲရဲ့ အရသာအရှိဆုံးအစိတ်အပိုင်းလို့ ဆိုရမှာပါ။ နှစ်ဖက်အသင်းရဲ့ ကွင်းလယ်ထောက်တိုင်လူ ၂ ဦးအသုံးပြုမှုမှာ မြေခွေးကြီးတွေရဲ့ ယူရီ တီလီမန်းစ်+ဝီးလ်ဖရက်ဒ် အန်ဒီဒီအတွဲ၊ မန်စီးတီးဘက်က ဂန်ဒိုဝမ်နဲ့ ရိုဒရီအတွဲရဲ့ အသံတိတ် အားပြိုင်မှုဟာ အတော်လေးကြည့်လို့ကောင်းခဲ့ပြီး ဒီပွဲတပွဲလုံးရဲ့ အသက်လို့တောင်ဆိုရမှာပါ။ ဂန်ဒိုဝမ်ကတော့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး အဓိကပေးပို့မှု ၄ ​ကြိမ်အထိ ပြုလုပ်အောင်မြင်ခဲ့ကာ ဒီထဲက ၃ ​ကြိမ်က မန်စီးတီးရဲ့ ဂိုးပေါက်တည့်မှုဖြစ်စေခဲ့ပြီး​ြ ဘောလုံးယှဥ်လုမှု ၅ ကြိမ်မှာ ၃ ကြိမ်အောင်မြင်ခဲ့တဲ့ပြင် ဂိုးကန်ချက် ၄ ကြိမ်အထိကိုပါ ပိတ်ဆို့ကာကွယ်သွားခဲ့သေးတာမို့ အံ့သြသင့်စရာဖြစ်ခဲ့ရပါတယ်။

ဖောက်ထွင်းလို့မရတာ မန်စီးတီး
၃ ပွဲဆက် ပေးဂိုးမရှိ ကစားသွားခဲ့တဲ့ မန်စီးတီးက ဒီနေ့ပွဲမှာ Clean Sheet နိုင်ပွဲနဲ့ အောင်ပွဲခံပြီး ဖောက်ထွင်းလို့မရတဲ့ ခံစစ်ပိုင်းမာကျောမှုကို ပြီးခဲ့တဲ့ရာသီကအတိုင်း အစဥ်အလာဆက်ထိန်းနိုင်ခဲ့ပါတယ်။ စပါးစ်၊ အာဆင်နယ်၊ လက်စတာတို့နဲ့ တောက်လျှောက်ရင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးရဲ့အားသာချက်ကို မြင့်တွေ့ရတာဖြစ်ပြီး လက်ရှိချန်ပီယံအသင်းဟာ ၄ ပွဲကစား ၁၁ ဂိုးသွင်းပြီး ၁ ဂိုးသာပေးထားခဲ့ရတာပါ။ နောက်လာမယ့် ၃ ပွဲမှာ ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့ ကစားရဖို့ ရှိနေသလို လက်ရှိအချိန်မှာ ဇယားထိပ်က မန်ယူနိုက်တက်အသင်းကို အဆင့် ၂ နေရာက ဆက်လက်ဖိအားပေးနေပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ မန်ချက်စတာအချစ်ကို ပြသခဲ့တဲ့ပွဲ
ဆေးလ်ဗားက အသင်းမှာ မနေလိုတော့ဘူးလို့ နွေရာသီမှာ သတင်းမွှေးလာတာကိုတော့ ဒီနေ့ပွဲရဲ့ ခြေစွမ်းနဲ့ပဲ ပြန်လည်ချေဖျက်ပြခဲ့သလို မန်ချက်စတာမြို့မှာ ထားရှိတဲ့ သူ့ရဲ့အချစ်ကို တကျော့ပြန်နိုးထလာစေခဲ့တာပါ။ အသင်းအတွက် တလုံးထဲသော အဖိုးတန်အနိုင်ဂိုးကို လူမှန်နေရာမှန်ရောက်ရှိနေရာက ချိန်သားကိုက် ကန်သွင်းယူသွားနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ကစားပြီးသမျှ ၄ ပွဲစလုံးမှာ အီတီဟတ်ပရိသတ်ရဲ့ လက်ခုပ်သံကိုသာ သဲ့ယူသွားခဲ့သလို ကင်းပါဝါကွင်းကြီးထဲမှာ သူ့ရဲ့အောင်ပွဲခံပုံစံကလည်း စိတ်ဓာတ်ပြင်းထန်ပြီး အတော်လေးစိတ်လှုပ်ရှာဖို့ကောင်းခဲ့တာကို မြင်တွေ့ရမှာပါ။

အခြေအနေဆိုးတွေကြားထဲ သွေးအေးအေးနဲ့ လှုပ်ရှားခဲ့တဲ့ အက်ဒါဆန်
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ခလောက်ဆန်မှုကြောင့် ပရီးမီးယားလိဂ်ကစားဖို့ ၅ ရက်ပွဲပယ်ထိပြီး ဒီနေ့ပွဲကို လွဲချော်မယ်လို့ အရှုပ်အထွေးတွေ ရှိခဲ့ပေမယ့် ပွဲထွက်ကစားနိုင်ခဲ့တဲ့ ဘရာဇီးလ်ဂိုးသမားကြီးက သူ့ရဲ့ခေါင်းကို အေးအေးထားပြီး အိမ်ကွင်းပရိသတ်အားကို ပိုင်ဆိုင်ထားတဲ့ မြေခွေးကြီးတွေရှေ့မှာ တည်တည်​ငြိမ်ငြိမ်ပဲ လက်စွမ်းပြသွားခဲ့ပြီး ကက်စ်ပါနဲ့အပြိုင် ဂိုးတံတိုင်းရှေ့က လူစွမ်းကောင်းအဖြစ် လက်စတာရဲ့ကန်သွင်းချက်တွေကို စွမ်းစွမ်းတမံ ကာကွယ်သွားခဲ့ရာမှာ ဟာဗီ ဘန်းစ်ရဲ့ ကန်ချက်က သူ့ရဲ့မျက်နှာကို တည့်တည်ထိမှန်သွားခဲ့လို့ နှုတ်ခမ်းပါ ဖူးယောင်သွားခဲ့ရတဲ့အထိပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံလမ္းေၾကာင္းကို ဆက္လက္တည္ေဆာက္ခဲ့တဲ့ မန္စီးတီး
မန္စီးတီးအသင္းက ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ခ်ယ္လ္ဆီးအသင္းကို အေရးနိမ့္ၿပီးေနာက္ပိုင္း သူတို႔အသင္းကို ဘယ္လိုတားဆီးရမလဲဆိုတာ ၿပိဳင္ဘက္အသင္းေတြအတြက္ နမူနာေကာင္းတရပ္အျဖစ္ ရႈျမင္ခံခဲ့ရပါတယ္။ လက္စတာက ခံစစ္ကို လုံၿခဳံေအာင္ စည္းကမ္းႀကီးႀကီးနဲ႔ ကစားသြားခဲ့ၿပီး High Pressing နဲ႔ စီတီဇန္တို႔ကို ဒုကၡေပးခဲ့သလို အျမန္ေပးကစားကြက္ကလည္း အလုပ္ျဖစ္ခဲ့ေပမယ့္ တဖက္မွာ မန္စီးတီးရဲ႕ သမာၻအားကိုေတာ့ ေတာင့္မခံႏိုင္ခဲ့ဘဲ ပြဲခ်ိန္ တနာရီဝန္းက်င္မွာပဲ ဘာနတ္ဒို ေဆးလ္ဗားရဲ႕ သြင္းဂိုးကို ခြင့္ျပဳေပးသြားခဲ့ရပါတယ္။ ေဆးလ္ဗားရဲ႕ အႀကိမ္ႀကိမ္လူကြၽံေနခဲ့တဲ့ ပြဲခ်ိန္တေလွ်ာက္ ေထာင္ဖမ္းခံရမႈကို ဒီတႀကိမ္မွာေတာ့ အၿပီးျပည့္စုံဆုံး ေက်ာ္လႊားသြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

လူစြမ္းေကာင္း ရွမိုက္ကယ္ရဲ႕ လက္စြမ္းျပမႈ
ဂိုးသမား ကက္စပါ ရွမိုက္ကယ္က ကင္းပါဝါကြင္းႀကီးရဲ႕ တကယ့္စြမ္းအားစစ္စစ္တခုျဖစ္ပါတယ္။ ဒိန္းမတ္သားက ဒီကြင္းထဲမွာရွိေနတိုင္း ေျမေခြးႀကီးေတြရဲ႕ မဟာတံတိုင္းႀကီးတခုအျဖစ္ ရပ္တည္ႏိုင္ခဲ့သလို ဒီေန႔ပြဲမွာ အဆုံးအျဖတ္ျဖစ္ေစမယ့္ အခြင့္အေရးေတြကို အႀကိမ္ႀကိမ္လက္စြမ္းျပကာကြယ္သြားႏိုင္ခဲ့ပါတယ္။ မန္စီးတီးက ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၂၅ ႀကိမ္ျပဳလုပ္ခဲ့ရာမွာ ၈ ႀကိမ္ဂိုးေပါက္တည့္ခဲ့ၿပီး ၇ ႀကိမ္က ရွမိုက္ကယ္ရဲ႕လက္ေအာက္မွာ က်ဆုံးခဲ့ျခင္းမလို႔ လူစြမ္းေကာင္းလို႔ဆိုရင္ မမွားယြင္းႏိုင္ပါဘူး။

လူစားလဲမႈနဲ႔ ကိုယ့္အသင္းကို ျပန္စီရင္မိခဲ့တဲ့ ေရာ့ဂ်ားစ္ရဲ႕အမွား
လက္စတာတသင္းလုံးက နည္းျပ ဘရန္​ဒန္ ေရာ့ဂ်ားစ္ရဲ႕ၫႊန္ၾကားမႈနဲ႔ ခိုင္းေစတဲ့အတိုင္း တသမတ္တည္းကစားသြားခဲ့ၿပီး သူတို႔ရဲ႕ တန္ျပန္တိုက္စစ္ဆင္မႈတိုင္းမွာ ႐ိုဒ႐ိုနဲ႔ ဂန္ဒိုဝမ္တို႔ ကြင္းလယ္ကို လႈပ္မရေအာင္ကို ျဖစ္ေစခဲ့ၿပီး ပပ္ဂြာဒီယိုလာရဲ႕ နည္းဗ်ဴတာကို အေကာင္းဆုံးဝွက္ဖဲနည္းလမ္းနဲ႔ တုံ႔ျပန္ခဲ့ကာ ပြဲတေလွ်ာက္လုံးနီးပါး လိုသလို ထိန္းခ်ဳပ္ႏိုင္ခဲ့တာပါ။ ဒါေပမယ့္ အိုင္းရွစ္ရွ္သားႀကီးက ဗက္စတာဂါ့ဒ္ကိုထုတ္ၿပီး ပြဲခ်ိန္တေလွ်ာက္ အတြဲညီလြန္းတဲ့ ဗက္စတာဂါ့ဒ္+ဆိုယြန္ကုအတြဲကို အထိုင္ဖ်က္ခဲ့တယ္။ ဂြၽန္နီ အီဗန္စ္နဲ႔ လူစားလဲလိုက္ေတာ့မွသာ ဆိုယြန္ကုနဲ႔ အီဗန္စ္တို႔ရဲ႕ နားလည္မႈလြဲေခ်ာ္ျခင္းကတဆင့္ ဖာနန္ဒင္ညိဳရဲ႕ အေဝးကန္ခ်က္ကေန ျဖစ္ေပၚလာတဲ့ ဘာနတ္ဒို ေဆးလ္ဗားရဲ႕ဂိုးကို အငိုက္မိၿပီး ခြင့္ျပဳေပးခဲ့ရတာက တခ်က္ဆို တခ်က္ဆိုသေလာက္ နစ္နာခဲ့တာပါ။

ပရီးမီးယားလိဂ္ရဲ႕ အစြမ္းအထက္ဆုံးကြင္းလယ္တိုက္ပြဲ
ဒီေန႔ပြဲရဲ႕ အရသာအရွိဆုံးအစိတ္အပိုင္းလို႔ ဆိုရမွာပါ။ ႏွစ္ဖက္အသင္းရဲ႕ ကြင္းလယ္ေထာက္တိုင္လူ ၂ ဦးအသုံးျပဳမႈမွာ ေျမေခြးႀကီးေတြရဲ႕ ယူရီ တီလီမန္းစ္+ဝီးလ္ဖရက္ဒ္ အန္ဒီဒီအတြဲ၊ မန္စီးတီးဘက္က ဂန္ဒိုဝမ္နဲ႔ ႐ိုဒရီအတြဲရဲ႕ အသံတိတ္ အားၿပိဳင္မႈဟာ အေတာ္ေလးၾကည့္လို႔ေကာင္းခဲ့ၿပီး ဒီပြဲတပြဲလုံးရဲ႕ အသက္လို႔ေတာင္ဆိုရမွာပါ။ ဂန္ဒိုဝမ္ကေတာ့ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး အဓိကေပးပို႔မႈ ၄ ​ႀကိမ္အထိ ျပဳလုပ္ေအာင္ျမင္ခဲ့ကာ ဒီထဲက ၃ ​ႀကိမ္က မန္စီးတီးရဲ႕ ဂိုးေပါက္တည့္မႈျဖစ္ေစခဲ့ၿပီး​ျ ေဘာလုံးယွဥ္လုမႈ ၅ ႀကိမ္မွာ ၃ ႀကိမ္ေအာင္ျမင္ခဲ့တဲ့ျပင္ ဂိုးကန္ခ်က္ ၄ ႀကိမ္အထိကိုပါ ပိတ္ဆို႔ကာကြယ္သြားခဲ့ေသးတာမို႔ အံ့ၾသသင့္စရာျဖစ္ခဲ့ရပါတယ္။

ေဖာက္ထြင္းလို႔မရတာ မန္စီးတီး
၃ ပြဲဆက္ ေပးဂိုးမရွိ ကစားသြားခဲ့တဲ့ မန္စီးတီးက ဒီေန႔ပြဲမွာ Clean Sheet ႏိုင္ပြဲနဲ႔ ေအာင္ပြဲခံၿပီး ေဖာက္ထြင္းလို႔မရတဲ့ ခံစစ္ပိုင္းမာေက်ာမႈကို ၿပီးခဲ့တဲ့ရာသီကအတိုင္း အစဥ္အလာဆက္ထိန္းႏိုင္ခဲ့ပါတယ္။ စပါးစ္၊ အာဆင္နယ္၊ လက္စတာတို႔နဲ႔ ေတာက္ေလွ်ာက္ရင္ဆိုင္ခဲ့ရတဲ့ မန္စီးတီးရဲ႕အားသာခ်က္ကို ျမင့္ေတြ႕ရတာျဖစ္ၿပီး လက္ရွိခ်န္ပီယံအသင္းဟာ ၄ ပြဲကစား ၁၁ ဂိုးသြင္းၿပီး ၁ ဂိုးသာေပးထားခဲ့ရတာပါ။ ေနာက္လာမယ့္ ၃ ပြဲမွာ ခ်ယ္လ္ဆီး၊ လီဗာပူးလ္တို႔နဲ႔ ကစားရဖို႔ ရွိေနသလို လက္ရွိအခ်ိန္မွာ ဇယားထိပ္က မန္ယူႏိုက္တက္အသင္းကို အဆင့္ ၂ ေနရာက ဆက္လက္ဖိအားေပးေနပါတယ္။

ဘာနာဒို ေဆးလ္ဗားရဲ႕ မန္ခ်က္စတာအခ်စ္ကို ျပသခဲ့တဲ့ပြဲ
ေဆးလ္ဗားက အသင္းမွာ မေနလိုေတာ့ဘူးလို႔ ေႏြရာသီမွာ သတင္းေမႊးလာတာကိုေတာ့ ဒီေန႔ပြဲရဲ႕ ေျခစြမ္းနဲ႔ပဲ ျပန္လည္ေခ်ဖ်က္ျပခဲ့သလို မန္ခ်က္စတာၿမိဳ႕မွာ ထားရွိတဲ့ သူ႔ရဲ႕အခ်စ္ကို တေက်ာ့ျပန္ႏိုးထလာေစခဲ့တာပါ။ အသင္းအတြက္ တလုံးထဲေသာ အဖိုးတန္အႏိုင္ဂိုးကို လူမွန္ေနရာမွန္ေရာက္ရွိေနရာက ခ်ိန္သားကိုက္ ကန္သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီရာသီမွာေတာ့ ကစားၿပီးသမွ် ၄ ပြဲစလုံးမွာ အီတီဟတ္ပရိသတ္ရဲ႕ လက္ခုပ္သံကိုသာ သဲ့ယူသြားခဲ့သလို ကင္းပါဝါကြင္းႀကီးထဲမွာ သူ႔ရဲ႕ေအာင္ပြဲခံပုံစံကလည္း စိတ္ဓာတ္ျပင္းထန္ၿပီး အေတာ္ေလးစိတ္လႈပ္ရွာဖို႔ေကာင္းခဲ့တာကို ျမင္ေတြ႕ရမွာပါ။

အေျခအေနဆိုးေတြၾကားထဲ ေသြးေအးေအးနဲ႔ လႈပ္ရွားခဲ့တဲ့ အက္ဒါဆန္
ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ခေလာက္ဆန္မႈေၾကာင့္ ပရီးမီးယားလိဂ္ကစားဖို႔ ၅ ရက္ပြဲပယ္ထိၿပီး ဒီေန႔ပြဲကို လြဲေခ်ာ္မယ္လို႔ အရႈပ္အေထြးေတြ ရွိခဲ့ေပမယ့္ ပြဲထြက္ကစားႏိုင္ခဲ့တဲ့ ဘရာဇီးလ္ဂိုးသမားႀကီးက သူ႔ရဲ႕ေခါင္းကို ေအးေအးထားၿပီး အိမ္ကြင္းပရိသတ္အားကို ပိုင္ဆိုင္ထားတဲ့ ေျမေခြးႀကီးေတြေရွ႕မွာ တည္တည္​ၿငိမ္ၿငိမ္ပဲ လက္စြမ္းျပသြားခဲ့ၿပီး ကက္စ္ပါနဲ႔အၿပိဳင္ ဂိုးတံတိုင္းေရွ႕က လူစြမ္းေကာင္းအျဖစ္ လက္စတာရဲ႕ကန္သြင္းခ်က္ေတြကို စြမ္းစြမ္းတမံ ကာကြယ္သြားခဲ့ရာမွာ ဟာဗီ ဘန္းစ္ရဲ႕ ကန္ခ်က္က သူ႔ရဲ႕မ်က္ႏွာကို တည့္တည္ထိမွန္သြားခဲ့လို႔ ႏႈတ္ခမ္းပါ ဖူးေယာင္သြားခဲ့ရတဲ့အထိပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.