La Liga Other

ပီရက်ဇ်ကြောင့် မက်ဆီကို ဆုံးရှုံးရခြင်းဖြစ်တယ်လို့ လာလီဂါဥက္ကဌ အတိအလင်းစွပ်စွဲသွားခဲ့

လာလီဂါဥက္ကဌ ဟာဗီယား တီဘက်စ်က ဘာစီလိုနာအသင်းရဲ့ ပရိသတ်အချစ်တော် လီယွန်နယ် မက်ဆီကို လက်လွှတ်ခဲ့ရတဲ့အဖြစ်အထိ လာလီဂါရဲ့ ဘဏ္ဍာရေးအရကျဆင်းမှုတွေဟာ စီးပွားရေးဆန်လွန်းတဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကသာ တရားခံဖြစ်ပြီး သူ့ရဲ့ ယုတ်မာမှုတွေကြောင့်ဖြစ်တယ်လို့ လူသိရှင်ကြား ထုတ်ဖော်သွားခဲ့သလို ဘာနေဗျူးကလပ်ဟာ လာလီဂါအသင်းတိုင်းအတွက် အကျိုးအမြတ် အချိုးကျခွဲဝေမယ်ဆိုတဲ့ CVC သဘောတူညီမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

“ဘာစီလိုနာအသင်းက CVC ဆိုတဲ့ ဘဏ္ဍာရေးအရ ခွဲဝေမှုကို ခေါင်း​​​ငြိမ့်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ငြင်းပယ်ခဲ့ပါတယ်။ မက်ဒရစ်အသင်းမှာတော့ ဥက္ကဌဖြစ်သူ ဖလော်ရင်တီနို ပီရက်ဇ်က အငုံ့စိတ်ရောပါရှိနေပါတယ်။ သူက ဘာဆာကို ဒုက္ခရောက်အောင် ယုတ်မာခဲ့တဲ့သူပါ”

“၂၀၀၃ ခုနှစ်တုန်းကဆိုရင်တော့ ဒီလိုဖြစ်ရပ်မျိုး ပေါ်ခဲ့ဖူးပါတယ်။ လာပေါ့တာက ဂက်စ်ပတ်ကို ငွေကြေးဆုံးရှုံးမှုတွေအတွက် တရားစွဲခဲ့ဖူးပါတယ်။ လာပေါ့တာနဲ့အဖွဲ့က သူ့ကို တရားခုံရုံးတင်စစ်ဆေးခဲ့ပါတယ်။ ကိုဗစ်ကပ်ဆိုးရဲ့ မွှေချက်ကြောင့် ပေါင်သန်း ၂၀၀ အဆုံးရှုံးဖြစ်ခဲ့ပါတယ်”လို့ တီဘက်စ်က ဆိုခဲ့တာပါ။

ဟာဗီယား တီဘက်စ်ရဲ့အဆိုကြောင့် လက်ရှိမှာ လာလီဂါအတွင်း ဧရာမဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပေါ်နေတယ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကစားသမားအဝယ်ကြမ်းမှုကြောင့် မြစ်ဖျားခံလာခဲ့တယ်လို့လည်း သိရှိရပါတယ်။

လီယွန်နယ် မက်ဆီလို ကမ္ဘာ့ပုံရိပ်ကြီးတခုလိုဖြစ်နေတဲ့ GOAT ကစားသမားမျိုးကို လက်လွှတ်ခဲ့ရတဲ့အပြင် အွန်ထွာ ဂရိဇ်မန်းကိုပါ ပြန်အငှားချခဲ့ရတဲ့ ဘာစီလိုနာရဲ့ဖြစ်အင်ဟာ ဘဏ်ထဲကို ငွေသားခက်ခဲမှုကို အလွန်အကျွံ ထိန်းညှိနေရတဲ့ ပြဿနာကို ထင်ထင်ရှားရှားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာ အဲရစ် ဂါစီယာ၊ မမ်းဖစ္စ ဒီပိုင်းနဲ့ ဆာဂျီယို အဂွေရိုတို့လို လူသစ်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်ဖို့သာ အချိုအချောင်နှိုက်ခဲ့ရပြီး ဂရိဇ်မန်းကို လစာလျှော့ချဖို့ ထုတ်ပစ်ပြီးနောက် Deadline မှာလည်း လုခ်ဒီဂျောင်လို တဆင့်နိမ့်တိုက်စစ်မှူးကို ပြန်အစားထိုးရတဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းကိုကြည့်ရင်တော့ ဆာဂျီိယို ရာမို့စ်၊ ရာဖေးလ် ဗာရွန်းတို့လို အမာခံကစားသမားတွေကို မညှာမတာရှင်းထုတ်ခဲ့ရပြီး ဒေးဗစ် အလာဘာကို အလွတ်ကြေးနဲ့ ပြန်ဖြည့်ထားခဲ့သလို ရင်းနေးအသင်းက ကွင်းလယ်လူ ကာမာဗင်ဂါကို ပေါင်သန်း ၃၀ နဲ့ ပြန်ဖြည့်တင်းပြီး အမ်ဘာပေအတွက် ပေါင်သန်း ၁၈၀ နဲ့ PSG အသင်းဆီ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့ကိုလည်း မြင်တွေ့ခဲ့ရတာက လာလီဂါရဲ့ ဘဏ္ဍာရေးအရ အရှုပ်ထုပ်တွေက တင်းကြမ်းကို ဖြစ်လာနေကြောင်း ပြဆိုခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လာလီဂါဥကၠဌ ဟာဗီယား တီဘက္စ္က ဘာစီလိုနာအသင္းရဲ႕ ပရိသတ္အခ်စ္ေတာ္ လီယြန္နယ္ မက္ဆီကို လက္လႊတ္ခဲ့ရတဲ့အျဖစ္အထိ လာလီဂါရဲ႕ ဘ႑ာေရးအရက်ဆင္းမႈေတြဟာ စီးပြားေရးဆန္လြန္းတဲ့ ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ကသာ တရားခံျဖစ္ၿပီး သူ႔ရဲ႕ ယုတ္မာမႈေတြေၾကာင့္ျဖစ္တယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္သြားခဲ့သလို ဘာေနဗ်ဴးကလပ္ဟာ လာလီဂါအသင္းတိုင္းအတြက္ အက်ိဳးအျမတ္ အခ်ိဳးက်ခြဲေဝမယ္ဆိုတဲ့ CVC သေဘာတူညီမႈကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

“ဘာစီလိုနာအသင္းက CVC ဆိုတဲ့ ဘ႑ာေရးအရ ခြဲေဝမႈကို ေခါင္း​​​ၿငိမ့္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းက ျငင္းပယ္ခဲ့ပါတယ္။ မက္ဒရစ္အသင္းမွာေတာ့ ဥကၠဌျဖစ္သူ ဖေလာ္ရင္တီႏို ပီရက္ဇ္က အငုံ႔စိတ္ေရာပါရွိေနပါတယ္။ သူက ဘာဆာကို ဒုကၡေရာက္ေအာင္ ယုတ္မာခဲ့တဲ့သူပါ”

“၂၀၀၃ ခုႏွစ္တုန္းကဆိုရင္ေတာ့ ဒီလိုျဖစ္ရပ္မ်ိဳး ေပၚခဲ့ဖူးပါတယ္။ လာေပါ့တာက ဂက္စ္ပတ္ကို ေငြေၾကးဆုံးရႈံးမႈေတြအတြက္ တရားစြဲခဲ့ဖူးပါတယ္။ လာေပါ့တာနဲ႔အဖြဲ႕က သူ႔ကို တရားခုံ႐ုံးတင္စစ္ေဆးခဲ့ပါတယ္။ ကိုဗစ္ကပ္ဆိုးရဲ႕ ေမႊခ်က္ေၾကာင့္ ေပါင္သန္း ၂၀၀ အဆုံးရႈံးျဖစ္ခဲ့ပါတယ္”လို႔ တီဘက္စ္က ဆိုခဲ့တာပါ။

ဟာဗီယား တီဘက္စ္ရဲ႕အဆိုေၾကာင့္ လက္ရွိမွာ လာလီဂါအတြင္း ဧရာမဘ႑ာေရးအက်ပ္အတည္းျဖစ္ေပၚေနတယ္လို႔ သတ္မွတ္ရမွာျဖစ္ၿပီး ဒီျဖစ္ရပ္ဟာ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ရဲ႕ ကစားသမားအဝယ္ၾကမ္းမႈေၾကာင့္ ျမစ္ဖ်ားခံလာခဲ့တယ္လို႔လည္း သိရွိရပါတယ္။

လီယြန္နယ္ မက္ဆီလို ကမာၻ႔ပုံရိပ္ႀကီးတခုလိုျဖစ္ေနတဲ့ GOAT ကစားသမားမ်ိဳးကို လက္လႊတ္ခဲ့ရတဲ့အျပင္ အြန္ထြာ ဂရိဇ္မန္းကိုပါ ျပန္အငွားခ်ခဲ့ရတဲ့ ဘာစီလိုနာရဲ႕ျဖစ္အင္ဟာ ဘဏ္ထဲကို ေငြသားခက္ခဲမႈကို အလြန္အကြၽံ ထိန္းညႇိေနရတဲ့ ျပႆနာကို ထင္ထင္ရွားရွားေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အဲရစ္ ဂါစီယာ၊ မမ္းဖစၥ ဒီပိုင္းနဲ႔ ဆာဂ်ီယို အေဂြ႐ိုတို႔လို လူသစ္ကစားသမားေတြကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရႏိုင္ဖို႔သာ အခ်ိဳအေခ်ာင္ႏႈိက္ခဲ့ရၿပီး ဂရိဇ္မန္းကို လစာေလွ်ာ့ခ်ဖို႔ ထုတ္ပစ္ၿပီးေနာက္ Deadline မွာလည္း လုခ္ဒီေဂ်ာင္လို တဆင့္နိမ့္တိုက္စစ္မႉးကို ျပန္အစားထိုးရတဲ့အထိ အေျခအေနဆိုးခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္အသင္းကိုၾကည့္ရင္ေတာ့ ဆာဂ်ီိယို ရာမို႔စ္၊ ရာေဖးလ္ ဗာ႐ြန္းတို႔လို အမာခံကစားသမားေတြကို မညႇာမတာရွင္းထုတ္ခဲ့ရၿပီး ေဒးဗစ္ အလာဘာကို အလြတ္ေၾကးနဲ႔ ျပန္ျဖည့္ထားခဲ့သလို ရင္းေနးအသင္းက ကြင္းလယ္လူ ကာမာဗင္ဂါကို ေပါင္သန္း ၃၀ နဲ႔ ျပန္ျဖည့္တင္းၿပီး အမ္ဘာေပအတြက္ ေပါင္သန္း ၁၈၀ နဲ႔ PSG အသင္းဆီ ကမ္းလွမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကိုလည္း ျမင္ေတြ႕ခဲ့ရတာက လာလီဂါရဲ႕ ဘ႑ာေရးအရ အရႈပ္ထုပ္ေတြက တင္းၾကမ္းကို ျဖစ္လာေနေၾကာင္း ျပဆိုခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.