La Liga Premier League Serie A

ယိုဗစ်ခ်ျကို ခေါ်ယူရန်အတွက် အေစီမီလန်နဲ့ အာဆင်နယ်ပြိုင်ဆိုင်သွားဖွယ်ရှိနေ

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး လူကာ ယိုဗစ်ခ်ျကို ခေါ်ယူဖို့ အေစီမီလန်အသင်းနဲ့အပြိုင် ကြိုးပမ်းသွားဖွယ်ရှိနေပြီး ကနဦးအငှား၊ ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သိရပါတယ်။


ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို အလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ အပြောင်းအရွှေ့ ရန်ပုံငွေကို တိုးမြှင့်ဖို့အတွက် ယိုဗစ်ခ်ျကို ရောင်းချသွားဖို့ရှိနေပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက်နဲ့လည်း အငှားချပေးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီကစားသမားအတွက် အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကမ်းလှမ်းရဖို့ ရှိနေပြီး အသက် ၂၃ နှစ်အရွယ် ဆားဘီးယားတိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ဖရန့်ဖတ်အသင်းဖော်ဟောင်း အန်တေ ရီဘစ်ခ်ျနဲ့ ပူးပေါင်းဖို့ နှစ်ခုကို စဉ်းစားသွားရဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ယိုဗစ်ခ်ျအတွက် ရာသီကုန်မှာ ပေါင် ၄၄ သန်းနဲ့ ခေါ်ယူဖို့ စာချုပ်ကို တောင်းဆိုသွားဖွယ်ရှိနေသလို ကစားသမားရဲ့ လစာငွေကျခံမှုအပေါ် မူတည်ပြီး အငှားပြောင်းရွှေ့ကြေးကိုလည်း ပေးချေရနိုင်တဲ့အတွက် အာဆင်နယ်အသင်းအတွက်တော့ လာလီဂါမှာ ခြေပျောက်နေခဲ့တဲ့ တိုက်စစ်မှူးအတွက် သေသေချာချာ စဉ်းစားသုံးသပ်သွားရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး လူကာ ယိုဗစ်ချ်ကို ခေါ်ယူဖို့ အေစီမီလန်အသင်းနဲ့အပြိုင် ကြိုးပမ်းသွားဖွယ်ရှိနေပြီး ကနဦးအငှား၊ ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သိရပါတယ်။

အိုင့်ထရက် ဖရန့်ဖတ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ ဘာနေဗျူးမှာတော့ ခြေစွမ်းပျောက်ဆုံးနေတဲ့ ခေါ်ယူမှု အမှားအယွင်းတစ်ရပ်လိုဖြစ်နေပြီး နည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ ပြန်လည်ရောင်းထုတ်သွားဖို့ စဉ်းစားနေတာလည်းဖြစ်ပါတယ်။

ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို အလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ အပြောင်းအရွှေ့ ရန်ပုံငွေကို တိုးမြှင့်ဖို့အတွက် ယိုဗစ်ချ်ကို ရောင်းချသွားဖို့ရှိနေပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက်နဲ့လည်း အငှားချပေးသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီကစားသမားအတွက် အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကမ်းလှမ်းရဖို့ ရှိနေပြီး အသက် ၂၃ နှစ်အရွယ် ဆားဘီးယားတိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ဖရန့်ဖတ်အသင်းဖော်ဟောင်း အန်တေ ရီဘစ်ချ်နဲ့ ပူးပေါင်းဖို့ နှစ်ခုကို စဉ်းစားသွားရဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ယိုဗစ်ချ်အတွက် ရာသီကုန်မှာ ပေါင် ၄၄ သန်းနဲ့ ခေါ်ယူဖို့ စာချုပ်ကို တောင်းဆိုသွားဖွယ်ရှိနေသလို ကစားသမားရဲ့ လစာငွေကျခံမှုအပေါ် မူတည်ပြီး အငှားပြောင်းရွှေ့ကြေးကိုလည်း ပေးချေရနိုင်တဲ့အတွက် အာဆင်နယ်အသင်းအတွက်တော့ လာလီဂါမှာ ခြေပျောက်နေခဲ့တဲ့ တိုက်စစ်မှူးအတွက် သေသေချာချာ စဉ်းစားသုံးသပ်သွားရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.