Premier League

၁၄.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၈ ရက္၊ ၾကာသပေတးေန႔။

၁၄.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၈ ရက္၊ ၾကာသပေတးေန႔၊ ရက္ရာဇာ၊ ဝါရမိတၱဳငယ္၊ ရက္ပုပ္၊ ရွမ္းရက္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
နံနက္ ၇:၅၀ အထိ တိထီ ၇ လုံး။ ေက်ာ္လွ်င္ ၈ လုံး။ ၈ လုံးတြင္ အၿမိတၱယုဂ္၊ လႊသြားယုဂ္၊ အဆိပ္ယုဂ္၊ ယုဂ္အဆုိးအေကာင္းမ်ား ေရာေထြးေနသည္။ လုပ္ေဆာင္ရန္ရွိသည့္အလုပ္အား ေသခ်ာစြာ ေရြးခ်ယ္၍ အာ႐ုံစိုက္ျပဳလုပ္ပါ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၇:၂၁ အထိ သရဝဏ္နကၡတ္။ ေက်ာ္လွ်င္ ဓနသိဒၶိနကၡတ္။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၁၅ အထိ ျဗဟၼယုဂ္၊ တန္ခိုးျပည့္စုံျခင္း၊ ပညာရွိျခင္း၊ ဂုဏ္ရွိျခင္း၊ ပညာသင္ၾကားေရးဆုိင္ရာ ကိစၥမ်ားႏွင့္ သင္တန္းမ်ား၊ ေက်ာင္းမ်ား စတင္အပ္ႏွံသင္ၾကားျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဣျႏၵယုဂ္၊ အႀကီးအမွဴးျဖစ္ျခင္း၊ သူတပါးအား ဂ႐ုစိုက္အေလးထား၍ ကူညီေပးရျခင္း၊ နာယကဂုဏ္ႏွင့္ ျပည့္စုံေအာင္လုပ္၍ သူတပါး ခ်စ္ခင္ေလးစားမွဳအား ရယူပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၇:၅၀ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၃၁ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသိုင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
နံနက္ ၇:၅၀ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၄.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ ကြာသပတေးနေ့၊ ရက်ရာဇာ၊ ဝါရမိတ္တုငယ်၊ ရက်ပုပ်၊ ရှမ်းရက်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၇:၅၀ အထိ တိထီ ၇ လုံး။ ကျော်လျှင် ၈ လုံး။ ၈ လုံးတွင် အမြိတ္တယုဂ်၊ လွှသွားယုဂ်၊ အဆိပ်ယုဂ်၊ ယုဂ်အဆိုးအကောင်းများ ရောထွေးနေသည်။ လုပ်ဆောင်ရန်ရှိသည့်အလုပ်အား သေချာစွာ ရွေးချယ်၍ အာရုံစိုက်ပြုလုပ်ပါ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၇:၂၁ အထိ သရဝဏ်နက္ခတ်။ ကျော်လျှင် ဓနသိဒ္ဓိနက္ခတ်။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၁၅ အထိ ဗြဟ္မယုဂ်၊ တန်ခိုးပြည့်စုံခြင်း၊ ပညာရှိခြင်း၊ ဂုဏ်ရှိခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စများနှင့် သင်တန်းများ၊ ကျောင်းများ စတင်အပ်နှံသင်ကြားခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဣန္ဒြယုဂ်၊ အကြီးအမှူးဖြစ်ခြင်း၊ သူတပါးအား ဂရုစိုက်အလေးထား၍ ကူညီပေးရခြင်း၊ နာယကဂုဏ်နှင့် ပြည့်စုံအောင်လုပ်၍ သူတပါး ချစ်ခင်လေးစားမှုအား ရယူပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၅၀ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၃၁ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
နံနက် ၇:၅၀ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)