Premier League

ယာဂန္ ကေလာ့ပ္ရဲ႕ လူေတြ ပရီးမီးယားလိဂ္ကို သိမ္းဖို႔ အဆင္သင့္လို႔ ေျပာလိုက္တဲ့ အက္ဒရီယန္

လီဗာပူးလ္အသင္းရဲ႕ ဂိုးသမား အက္ဒရီယန္ ဆန္မီဂဲလ္က နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းသားေတြအေနနဲ႔ ပရီးမီးယားလိဂ္ကို အျမန္ဆုံး ျပန္ကစားၿပီး ခ်န္ပီယံဆုကို သိမ္းပုိက္သြားဖို႔ အဆင္သင့္ျဖစ္ေနၾကၿပီး ျပန္ကစားရဖို႔ကိုလည္း ေသြးေၾကာင္ေနမွာ မဟုတ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းမွာ ထရိန္နင္ျပန္ဆင္းေနၾကၿပီျဖစ္တဲ့ လီဗာပူးလ္အသင္းရဲ႕ နံပါတ္ ၂ ဂိုးသမားကေတာ့ သူတုိ႔ကစားသမားေတြအေနနဲ႔ အႏၲရာယ္မ်ားတယ္ဆုိတာ သိထားၾကေပမယ့္ ျပန္ကစားဖို႔ကိုေတာ့ ေၾကာက္ရြံ႕ေနၾကမွာ မဟုတ္ဘူးလို႔ ဆန္႔က်င္ဘက္ စကားကို ဆုိထားတဲ့ ကစားသမားေဟာင္း ရာဟင္းမ္ စတာလင္ကိုလည္း တုံ႔ျပန္လုိက္ပါတယ္။

ပရီးမီးယားလိဂ္မွာ ၉ ပြဲသာ ကစားဖို႔ က်န္ရွိေနခ်ိန္မွာ လက္က်န္ပြဲစဥ္ေတြကေန မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၆ မွတ္ ကြာဟမွဳကို ထပ္မံဖန္တီးႏုိင္တာနဲ႔ ဗိုလ္စြဲႏိုင္မယ့္ လီဗာပူးလ္အသင္းအေနနဲ႔ ႏွစ္ေပါင္း ၃၀ ၾကာေအာင္ ေစာင့္ဆုိင္းခဲ့ရတဲ့ ၁၉ ခုေျမာက္ဖလားကိုလည္း ရယူႏုိင္မွာျဖစ္ပါတယ္။

“ကၽြန္ေတာ္တုိ႔ေတြ အႏၲရာယ္မ်ားမွန္း သိထားၾကေပမယ့္ ျပန္ကစားဖို႔ကိုေတာ့ ေသြးေၾကာင္ေနမွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔အားလုံးဟာ ေဘာလုံးသမားေတြျဖစ္ၿပီး ကစားဖို႔ အဆင္သင့္ျဖစ္ေနၾကသလို မဲလ္ဝုဒ္မွာ အႏၲရာယ္အနည္းဆုံးနဲ႔ ေလ့က်င့္ခန္းဆင္းေနၾကပါတယ္”လို႔ အက္ဒရီယန္က ဆုိပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိမွာ မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းရဲ႕ ေလ့က်င့္ေရးဌာနအားလုံးကိုေတာ့ အသုံးျပဳခြင့္ မေပးေသးဘူးလို႔ သိရၿပီး ေဘာလုံးကြင္းနဲ႔ ျမက္ခင္းျပင္ေတြမွာပဲ အသင္းသားေတြကို ေလ့က်င့္ခိုင္းထားၿပီး တျခား အားကစား႐ုံ၊ ေရကူးကန္စတဲ့ ေနရာေတြကိုေတာ့ ပိတ္ထားဆဲျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အက်ဒရီယန် ဆန်မီဂဲလ်က နည်းပြ ယာဂန် ကလော့ပ်ရဲ့ အသင်းသားတွေအနေနဲ့ ပရီးမီးယားလိဂ်ကို အမြန်ဆုံး ပြန်ကစားပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားဖို့ အဆင်သင့်ဖြစ်နေကြပြီး ပြန်ကစားရဖို့ကိုလည်း သွေးကြောင်နေမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာ ထရိန်နင်ပြန်ဆင်းနေကြပြီဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ နံပါတ် ၂ ဂိုးသမားကတော့ သူတို့ကစားသမားတွေအနေနဲ့ အန္တရာယ်များတယ်ဆိုတာ သိထားကြပေမယ့် ပြန်ကစားဖို့ကိုတော့ ကြောက်ရွံ့နေကြမှာ မဟုတ်ဘူးလို့ ဆန့်ကျင်ဘက် စကားကို ဆိုထားတဲ့ ကစားသမားဟောင်း ရာဟင်းမ် စတာလင်ကိုလည်း တုံ့ပြန်လိုက်ပါတယ်။

ပရီးမီးယားလိဂ်မှာ ၉ ပွဲသာ ကစားဖို့ ကျန်ရှိနေချိန်မှာ လက်ကျန်ပွဲစဉ်တွေကနေ မန်ချက်စတာစီးတီးအသင်းနဲ့ ၆ မှတ် ကွာဟမှုကို ထပ်မံဖန်တီးနိုင်တာနဲ့ ဗိုလ်စွဲနိုင်မယ့် လီဗာပူးလ်အသင်းအနေနဲ့ နှစ်ပေါင်း ၃၀ ကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့ ၁၉ ခုမြောက်ဖလားကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့တွေ အန္တရာယ်များမှန်း သိထားကြပေမယ့် ပြန်ကစားဖို့ကိုတော့ သွေးကြောင်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ ဘောလုံးသမားတွေဖြစ်ပြီး ကစားဖို့ အဆင်သင့်ဖြစ်နေကြသလို မဲလ်ဝုဒ်မှာ အန္တရာယ်အနည်းဆုံးနဲ့ လေ့ကျင့်ခန်းဆင်းနေကြပါတယ်”လို့ အက်ဒရီယန်က ဆိုပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိမှာ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းရဲ့ လေ့ကျင့်ရေးဌာနအားလုံးကိုတော့ အသုံးပြုခွင့် မပေးသေးဘူးလို့ သိရပြီး ဘောလုံးကွင်းနဲ့ မြက်ခင်းပြင်တွေမှာပဲ အသင်းသားတွေကို လေ့ကျင့်ခိုင်းထားပြီး တခြား အားကစားရုံ၊ ရေကူးကန်စတဲ့ နေရာတွေကိုတော့ ပိတ်ထားဆဲဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.