Other Premier League

အာဆင်နယ်အသင်းရဲ့ရည်မှန်းချက်ဟာ ၂ နှစ်အတွင်း ချန်ပီယံလိဂ်ဖလားရယူဖို့ဖြစ်တယ်လို့ အိုဒီဂါ့ဒ် ထုတ်ဖော်ပြောသွား

ဒီနွေအပြောင်းအရွှေ့မှာ ရီးရဲလ် မက်ဒရစ်အသင်းကနေ အမ်းမရိတ်စ်မြေကို အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အိုဒီဂါ့ဒ်ဟာ မိမိတို့အသင်းအနေနဲ့ လာမယ့် ၂ နှစ့်အတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ဗိုလ်ဝင်ခံသွားဖို့ ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားပြီး အာဆင်နယ်အသင်းနဲ့အတူ မြင့်မားတဲ့မျှော်လင့်ချက်တွေရှိနေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ လက်ရှိအချိန်မှာ ရာသီအဖွင့် ၃ ပွဲကစားပြီး တဂိုးမှမသွင်းရသေးဘဲ အမှတ်လက်မဲ့နေချိန်မှာ အဆင့် ၂၀ မှာ ရပ်တည်နေချိန်မှာ နော်ဝေသားလေးကိုတော့ အသင်းအတွက် အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည်တက်ရောက်နိုင်ဖို့၊ ဂန်းနားတို့ရဲ့ အစဥ်အလာကစားဟန်ကို ပြန်လည်ဖော်ဆောင်ဖို့နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကိုပါ ရှာဖွေသွားဖို့ ရည်မှန်းထားကြောင်း သိရှိရပါတယ်။

အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာနဲ့ ပတ်သက်ပြီး Sky Sports က မေးမြန်းခဲ့ရာမှာတော့ ” အမှတ်ပေးဇယားမှာ ထိပ်ဆုံးကို ပြန်ရောက်ဖို့ပါ။ ဥရောပချန်ပီယံဖလားကိုပါ စိန်ခေါ်သွားမယ်။ အောင်မြင်မှုသရဖူတွေကို ရှာဖွေသွားပါမယ်။ ဒီရာသီအပြီးမှာတော့ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရယူချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့လို အသင်းသားတွေအတွက်ရော၊ ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက်ပါ သိပ်ကိုအရေးကြီးလှပါတယ်”

” ပြီးရင်တော့ အချိန်နဲ့အမျှ ရည်မှန်းချက်မြင့်မြင့်ထားချင်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်မှာပါ။ လာမယ့် နှစ်နှစ်အတွင်း ပြည်တွင်းချန်ပီယံဖြစ်ဖို့လည်း ရည်မှန်းထားပါတယ်။ အာဆင်နယ်အသင်းရဲ့ အဆင့်အတန်းမျိုးဟာ ဥရောတန်းဝင်တဲ့ အဆင့်မျိုးပါ။ ကျွန်တော်တို့ အဲဒီအနေအထားကိုရောက်အောင် ပြန်သွားပါမယ်” လို့ အသက် ၂၂ နှစ်သားက ဖြေကြားပြီး ပရိသတ်တွေရဲဆန္ဒကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းပေးဖို့ အသိပေးသွားခဲ့တာပါ။

ဂန်းနားတို့အနေနဲ့ လက်ရှိဥရောပဝင်ခွင့်ကို ပြန်လည်ရယူပြီး အသင်းရဲ့မူလအဆင့်အတန်းနဲ့ ကစားပုံကို ကိုက်ညီအောင် တဆင့်ချင်းတဆင့်ချင်း ပြန်လည်မြှင့်တင်သွားဖို့ အသင်းရဲ့ကန့်လန်ကာနောက်ကွယ်မှာ အဓိကလုပ်ဆောင်နေတယ်လို့ သိရပြီး မာတင် အိုဒီဂါ့ဒ်ကလည်း အသင်းရဲ့လု​ပ်ငန်းစဥ်ကို ကူညီသွားဖို့ရှိနေချိန်မှာ ပရီးမီးယားလိဂ်ပွဲစဥ် ၄ အဖြစ် နော်ဝစ်ချ်အသင်းကို အမ်းမရိတ်စ်မှာ လက်ခံကစားသွားမှာဖြစ်သလို ရမှတ်စျေးဦးပေါက်သွားဖို့လည်း စောင့်ကြည့်ရတော့မှာပါ။

ဂန်းနားနည်းပြ မီခေးလ် အာတီတာကလည်း ” ကျွန်တော့်အသင်းကို လူပြန်စုံတော့မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီရာသီကို ကျွန်တော်တို့ရဲ့ လိုချင်တဲ့ပုံစံအတိုင်း စတင်နိုင်အောင်လို့ပါ။ ဘာဆင်ခြေမှ ကျွန်တော်တို့ မပေးချင်ပါဘူး။ ဒါပေမယ့် လူအင်အားမှာ ဒဏ်ရာပြဿနာများပြားနေတာ၊ ကိုဗစ်ကပ်ရောဂါကိစ္စရပ်တွေကြောင့် အတော်လေးခက်ခဲတဲ့ပွဲတွေကို ကစားရမှာပါ”

” ကျွန်တော်တို့ အခု ကျောရိုးသစ်ပြန်လည်တည်ဆောက်မှာပါ။ အသင်းသားအားလုံးကို ကြံ့ခိုင်နေစေဖို့ လိုအပ်ပါတယ်။ အသစ်ကို ပြန်လည်စတင်မှာပါ။ ကျွန်တော်တို့ရဲ့ကစားပွဲကို တိုးတက်အောင် လုပ်ဆောင်မှာပါ။ ဒါဟာ ကျွန်တော်တို့ ချမှတ်ထားတဲ့ လုပ်ငန်းစဥ်ဖြစ်ပါတယ်” လို့ ပြောကြာသွားခဲ့ပြီး အခုတပတ် ပရီးမီးယားလိဂ်မှာတော့ လူစုံတက်စုံ၊ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာမယ့် အာဆင်နယ်လူစာရင်းကို ကျေနပ်ဖွယ်ရာ မြင်တွေ့ရဦးမယ်လို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေႏြအေျပာင္းအေ႐ႊ႕မွာ ရီးရဲလ္ မက္ဒရစ္အသင္းကေန အမ္းမရိတ္စ္ေျမကို အၿပီးသတ္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ မာတင္ အိုဒီဂါ့ဒ္ဟာ မိမိတို႔အသင္းအေနနဲ႔ လာမယ့္ ၂ ႏွစ့္အတြင္းမွာ ခ်န္ပီယံလိဂ္ဖလားကို ဗိုလ္ဝင္ခံသြားဖို႔ ရည္႐ြယ္ထားေၾကာင္း ထုတ္ေဖာ္ေျပာၾကားၿပီး အာဆင္နယ္အသင္းနဲ႔အတူ ျမင့္မားတဲ့ေမွ်ာ္လင့္ခ်က္ေတြရွိေနေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္းဟာ လက္ရွိအခ်ိန္မွာ ရာသီအဖြင့္ ၃ ပြဲကစားၿပီး တဂိုးမွမသြင္းရေသးဘဲ အမွတ္လက္မဲ့ေနခ်ိန္မွာ အဆင့္ ၂၀ မွာ ရပ္တည္ေနခ်ိန္မွာ ေနာ္ေဝသားေလးကိုေတာ့ အသင္းအတြက္ အမွတ္ေပးဇယားထိပ္ပိုင္းကို ျပန္လည္တက္ေရာက္ႏိုင္ဖို႔၊ ဂန္းနားတို႔ရဲ႕ အစဥ္အလာကစားဟန္ကို ျပန္လည္ေဖာ္ေဆာင္ဖို႔နဲ႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကိုပါ ရွာေဖြသြားဖို႔ ရည္မွန္းထားေၾကာင္း သိရွိရပါတယ္။

အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာနဲ႔ ပတ္သက္ၿပီး Sky Sports က ေမးျမန္းခဲ့ရာမွာေတာ့ ” အမွတ္ေပးဇယားမွာ ထိပ္ဆုံးကို ျပန္ေရာက္ဖို႔ပါ။ ဥေရာပခ်န္ပီယံဖလားကိုပါ စိန္ေခၚသြားမယ္။ ေအာင္ျမင္မႈသရဖူေတြကို ရွာေဖြသြားပါမယ္။ ဒီရာသီအၿပီးမွာေတာ့ ဥေရာပခ်န္ပီယံလိဂ္ဝင္ခြင့္ကို ျပန္လည္ရယူခ်င္ပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔လို အသင္းသားေတြအတြက္ေရာ၊ ကလပ္အသင္းနဲ႔ ပရိသတ္ေတြအတြက္ပါ သိပ္ကိုအေရးႀကီးလွပါတယ္”

” ၿပီးရင္ေတာ့ အခ်ိန္နဲ႔အမွ် ရည္မွန္းခ်က္ျမင့္ျမင့္ထားခ်င္ပါတယ္။ ခ်န္ပီယံလိဂ္ဖလားကို သိမ္းပိုက္မွာပါ။ လာမယ့္ ႏွစ္ႏွစ္အတြင္း ျပည္တြင္းခ်န္ပီယံျဖစ္ဖို႔လည္း ရည္မွန္းထားပါတယ္။ အာဆင္နယ္အသင္းရဲ႕ အဆင့္အတန္းမ်ိဳးဟာ ဥေရာတန္းဝင္တဲ့ အဆင့္မ်ိဳးပါ။ ကြၽန္ေတာ္တို႔ အဲဒီအေနအထားကိုေရာက္ေအာင္ ျပန္သြားပါမယ္” လို႔ အသက္ ၂၂ ႏွစ္သားက ေျဖၾကားၿပီး ပရိသတ္ေတြရဲဆႏၵကို ျဖည္းျဖည္းခ်င္း ျဖည့္ဆည္းေပးဖို႔ အသိေပးသြားခဲ့တာပါ။

ဂန္းနားတို႔အေနနဲ႔ လက္ရွိဥေရာပဝင္ခြင့္ကို ျပန္လည္ရယူၿပီး အသင္းရဲ႕မူလအဆင့္အတန္းနဲ႔ ကစားပုံကို ကိုက္ညီေအာင္ တဆင့္ခ်င္းတဆင့္ခ်င္း ျပန္လည္ျမႇင့္တင္သြားဖို႔ အသင္းရဲ႕ကန္႔လန္ကာေနာက္ကြယ္မွာ အဓိကလုပ္ေဆာင္ေနတယ္လို႔ သိရၿပီး မာတင္ အိုဒီဂါ့ဒ္ကလည္း အသင္းရဲ႕လု​ပ္ငန္းစဥ္ကို ကူညီသြားဖို႔ရွိေနခ်ိန္မွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ အျဖစ္ ေနာ္ဝစ္ခ်္အသင္းကို အမ္းမရိတ္စ္မွာ လက္ခံကစားသြားမွာျဖစ္သလို ရမွတ္ေစ်းဦးေပါက္သြားဖို႔လည္း ေစာင့္ၾကည့္ရေတာ့မွာပါ။

ဂန္းနားနည္းျပ မီေခးလ္ အာတီတာကလည္း ” ကြၽန္ေတာ့္အသင္းကို လူျပန္စုံေတာ့မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒီရာသီကို ကြၽန္ေတာ္တို႔ရဲ႕ လိုခ်င္တဲ့ပုံစံအတိုင္း စတင္ႏိုင္ေအာင္လို႔ပါ။ ဘာဆင္ေျခမွ ကြၽန္ေတာ္တို႔ မေပးခ်င္ပါဘူး။ ဒါေပမယ့္ လူအင္အားမွာ ဒဏ္ရာျပႆနာမ်ားျပားေနတာ၊ ကိုဗစ္ကပ္ေရာဂါကိစၥရပ္ေတြေၾကာင့္ အေတာ္ေလးခက္ခဲတဲ့ပြဲေတြကို ကစားရမွာပါ”

” ကြၽန္ေတာ္တို႔ အခု ေက်ာ႐ိုးသစ္ျပန္လည္တည္ေဆာက္မွာပါ။ အသင္းသားအားလုံးကို ႀကံ့ခိုင္ေနေစဖို႔ လိုအပ္ပါတယ္။ အသစ္ကို ျပန္လည္စတင္မွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ကစားပြဲကို တိုးတက္ေအာင္ လုပ္ေဆာင္မွာပါ။ ဒါဟာ ကြၽန္ေတာ္တို႔ ခ်မွတ္ထားတဲ့ လုပ္ငန္းစဥ္ျဖစ္ပါတယ္” လို႔ ေျပာၾကာသြားခဲ့ၿပီး အခုတပတ္ ပရီးမီးယားလိဂ္မွာေတာ့ လူစုံတက္စုံ၊ ႀကံ့ခိုင္မႈအျပည့္နဲ႔ ျပန္လာမယ့္ အာဆင္နယ္လူစာရင္းကို ေက်နပ္ဖြယ္ရာ ျမင္ေတြ႕ရဦးမယ္လို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.