Article La Liga Other

ဘာစီလိုနာအသင်းမှာ အမှိုက်လောက်တောင် မတန်သလို ဆက်ဆံခံခဲ့ရပြီး ကန်ထုတ်ခံခဲ့ရတဲ့ ကမ္ဘာကျော် ၅ ဦး

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကိုမှ စွဲမက်စရာဖြစ်အောင် ဆွဲဆောင်နေပါတယ်ဆိုတဲ့ ဘာစီလိုနာအသင်းဟာ ဒီလိုကစားသမားတွေကိုပဲ အမှိုက်တခုလို ပြန်လည်စွန့်ပစ်ခဲ့တာဟာ သူတို့ရဲ့သမိုင်းကြောင်းမှာ ထင်ထင်ရှားရှား အမည်းစက်ထင်နေခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီနဲ့ ညှိလို့မရတော့ဘဲ အက်ကြောင်းထပ်ခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်မှုဟာ ကစားသမားတွေကို တန်ဖိုးထားမဆက်ဆံခဲ့ခြင်းကို ကိုယ်စိုက်သမျှ ကိုယ်ရိတ်သိမ်းရခြင်းလို့ ဆိုနိုင်နေတာလည်းဖြစ်သလို ဘာစီလိုနာအသင်းမှာ တန်ဖိုးမရှိသလို ဆက်ဆံခံခဲ့ရပြီး အမှိုက်တစလို ကန်ထုတ်ခံခဲ့ရတဲ့ ကမ္ဘာကျော် ၅ ဦးကို ရှာဖွေကောက်နုတ်တင်ဆက်ပေးပါရစေ။

အွန်ထွာ ဂရိဇ်မန်း
၂၀၁၈ ခုနှစ် နွေအပြောင်းအရွေ့ကာလမှာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ စံချိန်တင်ကြေး ယူရိုသန်း ၁၂၀ နဲ့ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ပြင်သစ်သားဟာ နူးကမ့်မှာ ၁၀၅ ပွဲကစားပြီး ၃၅ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီးမှုပြုလုပ်မှုဟာ နှစ်ရာသီပေါင်းတာလီဖြစ်နေတာတော့ ခြေစွမ်းဆိုးရွားခဲ့တာပါ။

ဂရိဇ်မန်းရဲ့အဓိကပြဿနာက သူ့ကို အသင်းရဲ့စနစ်မှာ အံဝင်အောင် အသုံးမပြုခဲ့တဲ့ ဘာဆာဘက်က အပြစ်ဖြစ်ခဲ့ပြီး လူမှန် နေရာမှန် မကစားခဲ့ရလို့ ခြေမှန်လည်း ပျောက်ဆုံးခဲ့ရသူပါ။ ဒီနွေမှာတော့ ဘဏ္ဍာရေးအခြေအနေအရ အသက် ၃၀ နှစ်သားကို မိခင်ကလပ်ဟောင်းဆီ နှစ်ရာသီအငှားပြန်ချခဲ့ပြီး သူ့ရဲ့လစာ ၄၀ရာခိုင်နှုန်းကိုပါလျှော့ယူစေကာ ဝိတ်လျှော့ဖို့ လုပ်ဆောင်ခြင်းခဲ့ရပါတယ်။

ရော်နယ်​ဒင်ညို
၂၀၀၃ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ၃ နှစ်တာကာလအတွင်းမှာပဲ ဘာစီလိုနာအသင်းကို ဥရောပထိပ်သီးကလပ်အဖြစ် ပြန်လည်အသက်သွင်းပေးနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်ကလပ်အသင်းဖြစ်လာစေခဲ့ ဘရာဇီးလ်မှော်ဝိဇ္ဇာကြီးဟာ ဘောလုံးပရိသတ်တိုင်းက လေးစားကြည်ညိုရတဲ့အဆင့်ထိ မြင့်မားခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဘက်ကတော့ နည်းပြ ပပ် ဂွာဒီယိုလာရဲ့လက်ထက် ၂၀၀၈ ခုနှစ်မှာ ကျေးဇူးတင်ဖွယ်ရာလူသားကို ရှင်းထုတ်ခဲ့တာဖြစ်ပြီး သတင်းတွေအရ သူတို့နှစ်ဦးကြားက ဆက်ဆံရေးတင်းမာမှုကြောင့်လို့ သိရပါတယ်။ နည်းဗျူဟာမာစတာကြီးဟာ ရော်နယ်လ်ဒင်ညိုရဲ့ သူ့ကစားကွက်အပေါ် မလိုက်နာတဲ့လုပ်ရပ်ဟာ လူငယ်တွေအထိ လိုက်အတုယူမှာကို စိုးရိမ်ခဲ့ခြင်းဖြစ်ပါတယ်။ မှော်ဆရာကြီးကတော့ ၅ နှစ်တာအတွင်း ၂၀၇ ပွဲကစားပြီး ၉၄ ဂိုးသွင်းပြီး ၇၁ ဂိုးဖန်တီးခဲ့ပါတယ်။

ဆင်မြူယယ်လ် အီတိုး
” ဂွာဒီယိုလာဟာ ဘယ်တော့မှ ကျွန်တော့်ကိုမျက်နှာချင်းဆိုင်ပြီး စကားတောင်မပြောရဲတဲ့ ငကြောက်တယောက်ပါ။ ကစားသမားတွေကတဆင့် ကျွန်တော့်ကို ပြောခိုင်းပါတယ်။ ဇာဗီက ကျွန်တော့်ကို အသင်းမှာ ဆက်နေစေချင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က ပပ်နဲ့ပဲ တည့်တည့်ပြောချင်တာပါ။ သူ ကျွန်တော့်ကို လေးစားမှုမရှိတဲ့အတွက် ကျွန်တော်ကလည်း သူ့ကို မလေးစာနိုင်ပါဘူး”

ဒါဟာ ၂၀၁၄ ခုနှစ်က အင်တာဗျူးတခုမှာ ဘာစီလိုနာနဲ့ အကွဲအပြဲဇာတ်လမ်းအကြောင်း အီတိုးက လူသိရှင်ကြားအထုပ်ဖြည်ခဲ့တာပါ။ ရော်နယ်လ်ဒင်ညိုကို ရှင်းထုတ်ပြီး တနှစ်အကြာမှာပဲ ကင်မရွန်းသားကြီးကိုပါ ကန်ထုတ်ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ အင်တာမီလန်အသင်းက ဇလာတန် အီဘရာဟီမိုဗစ်ချ်နဲ့ အလဲအထပ်ပြုလုပ်ခြင်းခံခဲ့ရကာ သူကတော့ ၁၉၉ ပွဲမှာ ဂိုး ၁၃၀ သွင်းထားသူဖြစ်နေတာကြောင် စပိန်သားကြီးနဲ့ ကွိုင်တက်ပြီး တန်ဖိုးမရှိသလို ဆက်ဆံခံခဲ့ရတာပါ။

ဒန်နီ အဲလ်ဗက်စ်

” ကျွန်တော့်ကို တန်ဖိုးထားတာကို လိုချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဘာစီလိုနာကနေ အလွတ်နဲ့ထွက်ပြီး ကောင်းကောင်းပညာပေးခဲ့တာပါ။ နောက်ဆုံးရာသီကစားခဲ့တုန်းက အဲဗတ်စ်တယောက် အသင်းကထွက်တော့မယ်လို့ သတင်းကြီးနေပေမယ့် ဘာစီလိုနာဒါရိုက်တာတွေက ကျွန်တော့်ကို အဖက်မလုပ်ခဲ့ပါဘူး”

” တော်တော်လေး သစ္စာမဲ့ပြီး ကျေးဇူးမသိတတ်သူတွေပါ။ ဖီဖာကနေ အပြောင်းအရွှေ့ပိတ်ပင်ခံရတော့မှ ကျွန်တော့်ဆီ စာချုပ်သစ်ကမ်းလှမ်းပါတယ်။ စာချုပ်မှာ အလွတ်နဲ့ထွက်ခွာခွင့်ကို ထည့်ချုပ်ပြီး ကျွန်တော်ဆက်ကစားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာဆာတာဝန်ရှိသူတွေဟာ ဘောလုံးသမားတွေကို လေးစားမှုဆက်ဆံရကောင်းမှန်း မသိရှိကြပါဘူး” လို့ ဒန်နီ အဲလ်ဗက်စ်က ဘာစီလိုနာကို စွန့်ခွာခဲ့တဲ့အကြောင်းကို ရှင်းပြခဲ့ချိန်မှာ ၈ နှစ်တာအတွင်း ဖလား ၂၃ လုံးအထိ ကိုင်မြှောက်ခဲ့ပေမယ့် ဥက္ကဌဟောင်း ဘာတိုမြူက မွှေခဲ့တယ်လို့ သိရပါတယ်။

လူးဝစ်ဇ် ဆွာရက်ဇ်
” ကျွန်တော့်ကို စိတ်အပျက်စေဆုံးစကားကို သူတို့ပြောခဲ့ပါတယ်။ မင်းအသက်ကြီးပြီ။ ထိပ်သီးအဆင့်မှာ ဆက်ကစားနိုင်မှာမဟုတ်ဘူးတဲ့။ ဒီစကားကြောင့် မုန်းခဲ့ပါတယ်။ တနှစ်မှာ ဂိုး ၂၀ အောက်ထစ်သွင်းနေတဲ့ တိုက်စစ်မှူးတဦး၊ လီယို (မက်ဆီ) ပြီးရင် မှတ်တမ်းအကောင်းဆုံးကစားသမားကို ဒီလိုပုတ်ခတ်ပြောဆိုခဲ့ကြတာပါ”

ဒါက အက်သလက်တီကို မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရတဲ့ နောက်ကွယ်ကအကြောင်းရင်းကို ဥရုဂွေးသားကြီးက ပြန်ပြောင်း ရှင်းပြသွားခဲ့တာဖြစ်ပြီး သူကတော့ ကတ်တလန်ပြိုင်ဘက်အသင်းမှာ လာလီဂါချန်ပီယံအဖြစ် ဗိုလ်ဝင်ခံခဲ့သလို စင်ပေါ်ကနေ မဆင်းခဲ့ဘဲ ဘာစီလိုနာရဲ့ အရှိုက်တည့်တည့်ကို ထိုးနှက်သွားခဲ့ကာ နောက်ဆုံး ၇ နှစ်အတွင်းမှာ မက်ဆီပြီးတဲ့နောက် ဘာစီလိုနာရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပေမယ့် အမှိုက်လို လွှင့်ပစ်ခြင်းကို ခံစားခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ကမာၻ႔အေကာင္းဆုံးကစားသမားေတြကိုမွ စြဲမက္စရာျဖစ္ေအာင္ ဆြဲေဆာင္ေနပါတယ္ဆိုတဲ့ ဘာစီလိုနာအသင္းဟာ ဒီလိုကစားသမားေတြကိုပဲ အမႈိက္တခုလို ျပန္လည္စြန္႔ပစ္ခဲ့တာဟာ သူတို႔ရဲ႕သမိုင္းေၾကာင္းမွာ ထင္ထင္ရွားရွား အမည္းစက္ထင္ေနခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီနဲ႔ ညႇိလို႔မရေတာ့ဘဲ အက္ေၾကာင္းထပ္ခဲ့တဲ့ ႐ုပ္ဆိုးအက်ည္းတန္မႈဟာ ကစားသမားေတြကို တန္ဖိုးထားမဆက္ဆံခဲ့ျခင္းကို ကိုယ္စိုက္သမွ် ကိုယ္ရိတ္သိမ္းရျခင္းလို႔ ဆိုႏိုင္ေနတာလည္းျဖစ္သလို ဘာစီလိုနာအသင္းမွာ တန္ဖိုးမရွိသလို ဆက္ဆံခံခဲ့ရၿပီး အမႈိက္တစလို ကန္ထုတ္ခံခဲ့ရတဲ့ ကမာၻေက်ာ္ ၅ ဦးကို ရွာေဖြေကာက္ႏုတ္တင္ဆက္ေပးပါရေစ။

အြန္ထြာ ဂရိဇ္မန္း
၂၀၁၈ ခုႏွစ္ ေႏြအေျပာင္းအေ႐ြ႕ကာလမွာ အက္သလက္တီကို မက္ဒရစ္အသင္းကေန စံခ်ိန္တင္ေၾကး ယူ႐ိုသန္း ၁၂၀ နဲ႔ ဘာစီလိုနာအသင္းကို ေရာက္ရွိလာခဲ့ေပမယ့္ ျပင္သစ္သားဟာ ႏူးကမ့္မွာ ၁၀၅ ပြဲကစားၿပီး ၃၅ ဂိုးသြင္း၊ ၁၇ ဂိုးဖန္တီးမႈျပဳလုပ္မႈဟာ ႏွစ္ရာသီေပါင္းတာလီျဖစ္ေနတာေတာ့ ေျခစြမ္းဆိုး႐ြားခဲ့တာပါ။

ဂရိဇ္မန္းရဲ႕အဓိကျပႆနာက သူ႔ကို အသင္းရဲ႕စနစ္မွာ အံဝင္ေအာင္ အသုံးမျပဳခဲ့တဲ့ ဘာဆာဘက္က အျပစ္ျဖစ္ခဲ့ၿပီး လူမွန္ ေနရာမွန္ မကစားခဲ့ရလို႔ ေျခမွန္လည္း ေပ်ာက္ဆုံးခဲ့ရသူပါ။ ဒီေႏြမွာေတာ့ ဘ႑ာေရးအေျခအေနအရ အသက္ ၃၀ ႏွစ္သားကို မိခင္ကလပ္ေဟာင္းဆီ ႏွစ္ရာသီအငွားျပန္ခ်ခဲ့ၿပီး သူ႔ရဲ႕လစာ ၄၀ရာခိုင္ႏႈန္းကိုပါေလွ်ာ့ယူေစကာ ဝိတ္ေလွ်ာ့ဖို႔ လုပ္ေဆာင္ျခင္းခဲ့ရပါတယ္။

ေရာ္နယ္​ဒင္ညိဳ
၂၀၀၃ ခုႏွစ္က ပီအက္စ္ဂ်ီအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ၃ ႏွစ္တာကာလအတြင္းမွာပဲ ဘာစီလိုနာအသင္းကို ဥေရာပထိပ္သီးကလပ္အျဖစ္ ျပန္လည္အသက္သြင္းေပးႏိုင္ခဲ့ၿပီး ကမာၻ႔အဆင့္ကလပ္အသင္းျဖစ္လာေစခဲ့ ဘရာဇီးလ္ေမွာ္ဝိဇၨာႀကီးဟာ ေဘာလုံးပရိသတ္တိုင္းက ေလးစားၾကည္ညိဳရတဲ့အဆင့္ထိ ျမင့္မားခဲ့ပါတယ္။

ဒါေပမယ့္ ဘာစီလိုနာအသင္းဘက္ကေတာ့ နည္းျပ ပပ္ ဂြာဒီယိုလာရဲ႕လက္ထက္ ၂၀၀၈ ခုႏွစ္မွာ ေက်းဇူးတင္ဖြယ္ရာလူသားကို ရွင္းထုတ္ခဲ့တာျဖစ္ၿပီး သတင္းေတြအရ သူတို႔ႏွစ္ဦးၾကားက ဆက္ဆံေရးတင္းမာမႈေၾကာင့္လို႔ သိရပါတယ္။ နည္းဗ်ဴဟာမာစတာႀကီးဟာ ေရာ္နယ္လ္ဒင္ညိဳရဲ႕ သူ႔ကစားကြက္အေပၚ မလိုက္နာတဲ့လုပ္ရပ္ဟာ လူငယ္ေတြအထိ လိုက္အတုယူမွာကို စိုးရိမ္ခဲ့ျခင္းျဖစ္ပါတယ္။ ေမွာ္ဆရာႀကီးကေတာ့ ၅ ႏွစ္တာအတြင္း ၂၀၇ ပြဲကစားၿပီး ၉၄ ဂိုးသြင္းၿပီး ၇၁ ဂိုးဖန္တီးခဲ့ပါတယ္။

ဆင္ျမဴယယ္လ္ အီတိုး
” ဂြာဒီယိုလာဟာ ဘယ္ေတာ့မွ ကြၽန္ေတာ့္ကိုမ်က္ႏွာခ်င္းဆိုင္ၿပီး စကားေတာင္မေျပာရဲတဲ့ ငေၾကာက္တေယာက္ပါ။ ကစားသမားေတြကတဆင့္ ကြၽန္ေတာ့္ကို ေျပာခိုင္းပါတယ္။ ဇာဗီက ကြၽန္ေတာ့္ကို အသင္းမွာ ဆက္ေနေစခ်င္ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ပပ္နဲ႔ပဲ တည့္တည့္ေျပာခ်င္တာပါ။ သူ ကြၽန္ေတာ့္ကို ေလးစားမႈမရွိတဲ့အတြက္ ကြၽန္ေတာ္ကလည္း သူ႔ကို မေလးစာႏိုင္ပါဘူး”

ဒါဟာ ၂၀၁၄ ခုႏွစ္က အင္တာဗ်ဴးတခုမွာ ဘာစီလိုနာနဲ႔ အကြဲအၿပဲဇာတ္လမ္းအေၾကာင္း အီတိုးက လူသိရွင္ၾကားအထုပ္ျဖည္ခဲ့တာပါ။ ေရာ္နယ္လ္ဒင္ညိဳကို ရွင္းထုတ္ၿပီး တႏွစ္အၾကာမွာပဲ ကင္မ႐ြန္းသားႀကီးကိုပါ ကန္ထုတ္ခဲ့တာျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ အင္တာမီလန္အသင္းက ဇလာတန္ အီဘရာဟီမိုဗစ္ခ်္နဲ႔ အလဲအထပ္ျပဳလုပ္ျခင္းခံခဲ့ရကာ သူကေတာ့ ၁၉၉ ပြဲမွာ ဂိုး ၁၃၀ သြင္းထားသူျဖစ္ေနတာေၾကာင္ စပိန္သားႀကီးနဲ႔ ကြိဳင္တက္ၿပီး တန္ဖိုးမရွိသလို ဆက္ဆံခံခဲ့ရတာပါ။

ဒန္နီ အဲလ္ဗက္စ္

” ကြၽန္ေတာ့္ကို တန္ဖိုးထားတာကို လိုခ်င္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ဘာစီလိုနာကေန အလြတ္နဲ႔ထြက္ၿပီး ေကာင္းေကာင္းပညာေပးခဲ့တာပါ။ ေနာက္ဆုံးရာသီကစားခဲ့တုန္းက အဲဗတ္စ္တေယာက္ အသင္းကထြက္ေတာ့မယ္လို႔ သတင္းႀကီးေနေပမယ့္ ဘာစီလိုနာဒါ႐ိုက္တာေတြက ကြၽန္ေတာ့္ကို အဖက္မလုပ္ခဲ့ပါဘူး”

” ေတာ္ေတာ္ေလး သစၥာမဲ့ၿပီး ေက်းဇူးမသိတတ္သူေတြပါ။ ဖီဖာကေန အေျပာင္းအေ႐ႊ႕ပိတ္ပင္ခံရေတာ့မွ ကြၽန္ေတာ့္ဆီ စာခ်ဳပ္သစ္ကမ္းလွမ္းပါတယ္။ စာခ်ဳပ္မွာ အလြတ္နဲ႔ထြက္ခြာခြင့္ကို ထည့္ခ်ဳပ္ၿပီး ကြၽန္ေတာ္ဆက္ကစားဖို႔ ဆုံးျဖတ္လိုက္တယ္။ ဘာဆာတာဝန္ရွိသူေတြဟာ ေဘာလုံးသမားေတြကို ေလးစားမႈဆက္ဆံရေကာင္းမွန္း မသိရွိၾကပါဘူး” လို႔ ဒန္နီ အဲလ္ဗက္စ္က ဘာစီလိုနာကို စြန္႔ခြာခဲ့တဲ့အေၾကာင္းကို ရွင္းျပခဲ့ခ်ိန္မွာ ၈ ႏွစ္တာအတြင္း ဖလား ၂၃ လုံးအထိ ကိုင္ေျမႇာက္ခဲ့ေပမယ့္ ဥကၠဌေဟာင္း ဘာတိုျမဴက ေမႊခဲ့တယ္လို႔ သိရပါတယ္။

လူးဝစ္ဇ္ ဆြာရက္ဇ္
” ကြၽန္ေတာ့္ကို စိတ္အပ်က္ေစဆုံးစကားကို သူတို႔ေျပာခဲ့ပါတယ္။ မင္းအသက္ႀကီးၿပီ။ ထိပ္သီးအဆင့္မွာ ဆက္ကစားႏိုင္မွာမဟုတ္ဘူးတဲ့။ ဒီစကားေၾကာင့္ မုန္းခဲ့ပါတယ္။ တႏွစ္မွာ ဂိုး ၂၀ ေအာက္ထစ္သြင္းေနတဲ့ တိုက္စစ္မႉးတဦး၊ လီယို (မက္ဆီ) ၿပီးရင္ မွတ္တမ္းအေကာင္းဆုံးကစားသမားကို ဒီလိုပုတ္ခတ္ေျပာဆိုခဲ့ၾကတာပါ”

ဒါက အက္သလက္တီကို မက္ဒရစ္အသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခဲ့ရတဲ့ ေနာက္ကြယ္ကအေၾကာင္းရင္းကို ဥ႐ုေဂြးသားႀကီးက ျပန္ေျပာင္း ရွင္းျပသြားခဲ့တာျဖစ္ၿပီး သူကေတာ့ ကတ္တလန္ၿပိဳင္ဘက္အသင္းမွာ လာလီဂါခ်န္ပီယံအျဖစ္ ဗိုလ္ဝင္ခံခဲ့သလို စင္ေပၚကေန မဆင္းခဲ့ဘဲ ဘာစီလိုနာရဲ႕ အရႈိက္တည့္တည့္ကို ထိုးႏွက္သြားခဲ့ကာ ေနာက္ဆုံး ၇ ႏွစ္အတြင္းမွာ မက္ဆီၿပီးတဲ့ေနာက္ ဘာစီလိုနာရဲ႕ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ျပသခဲ့ေပမယ့္ အမႈိက္လို လႊင့္ပစ္ျခင္းကို ခံစားခဲ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.