La Liga Ligue1 Other

အမ်ဘာပေကို ဆက်ထိန်းထားနိုင်ဖို့ သမ္မတကူပါ လူဝိုင်းပါအထိ ပြုလုပ်လာပြီဖြစ်တဲ့ PSG

PSG အသင်းဟာ သူတို့တတ်စွမ်းသမျှ နည်းလမ်းအကုန်သုံးပြီး တိုက်စစ်မှူး ခီလီယံ အမ်ဘာပေကို ရေရှည်ဆက်ထိန်းသွားဖို့ ပြင်ဆင်နေကြောင်းသိရပြီး ဒီခြေလှမ်းမှာ ပြင်သစ်သမ္မတ အီမန်နူယယ်လ် မက်ခရွန်ကိုပါ အသုံးချသွားဖို့ လှုပ်ရှားနေသလို ကမ္ဘာ့ဘောလုံးလောကမှာ ရီးရဲလ်မက်ဒရစ်ရဲ့ သြဇာလွှမ်းမိုးမှုကို ကန့်သတ်သွားဖို့လည်း စီစဥ်နေတာပါ။

​အခုနွေအပြောင်းအရွှေ့တံခါးမပိတ်ခင်က ဘာနေဗျူးကလပ်အသင်းရဲ့ဥက္ကဌ ဖ​လော်ရင်တီနို ပီရက်ဇ်ရဲ့ အမ်ဘာပေအပေါ် အထက်စီးဆန်တဲ့ ကမ်းလှမ်းမှုအပြီးမှာ PSG အားကစားဒါရိုက်တာ လီယိုနာဒိုက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရိုင်းပျမှုကို လူသိရှင်ကြား ဘောင်ချာစုတ်သွားခဲ့ဖူးပြီး နောက်ရာသီမှာလည်း ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အချောင်နှိုက်သွားမယ့်အရေးကို တားဆီးလိုနေတာပါ။

အမ်ဘာပေအနေနဲ့ PSG အသင်းမှာ စာချုပ်တနှစ်သာ ကျန်ရှိတော့ပြီး လာမယ့် ဇန်နဝါရီလကစလို့ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ အလွတ်သဘော အကြိုသဘောတူညီမှုကို တရားဝင်ရယူနိုင်တော့မှာဖြစ်ပြီး ပါရီကလပ်နဲ့ စာချုပ်သစ်တရပ်သာ မဖြစ်လာခဲ့ရင် လာမယ့် ၂၀၂၂ နွေမှာ လက်လွှတ်ဆုံးရှူံးရမယ့်အရေးကို ပြင်သစ်သမ္မတကြီးရဲ့ အာဏာကို အသုံးပြုပြီး ကြားဝင်စွက်ဖက်ပေးဖို့ အကူအညီတောင်းခဲ့တယ်လို့လည်း သိရပါတယ်။

မာကာအသင်းရဲ့ဖော်ပြချက်အရ ပြင်သစ်သမ္မတကြီး အီမန်နူယယ်လ် မက်ခရွန်ဟာ အမ်ဘာပေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ သီးသန့်မက်ဆေ့ချ်တွေပို့ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ယတိပြတ်ငြင်းပယ်သွားဖို့ ဆွဲဆောင်စည်းရုံးပေးနေတယ်လို့လည်း သိရသလို Mirror သတင်းထောက် ကောလင်း မေလာကလည်း အခုလို အတည်ပြုသွားခဲ့ပါသေးတယ်။

” မက်ခရွန်နဲ့ အမ်ဘာပေတို့ရဲ့ကြားမှာ အပြန်အလှန်စကားပြောဆိုမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အတည်ပြုလို့ရပါတယ်။ ဆက်လက်ပြီးလည်း ဆွေးနွေးကြဦးမှာပါ။ နောက်နှစ်မှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားမှာလည်း အမ်ဘာပေက ပြင်သစ်အသင်းအတွက် ကစားပေးသွားဖို့ ရှိနေချိန်မှာ ကာတာနိုင်ငံကလည်း PSG အသင်းကို လွှမ်းမိုးမှုရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။ ”

ဒါ့အပြင် ဒီနောက်ကွယ်မှာတော့ PSG အသင်းဟာ ပြင်သစ်သားရဲ့ ” KM ” ပရောဂျက်လို့ခေါ်တဲ့ ပါရီမြို့က ဆင်းရဲချို့တဲ့နွမ်းပါးသူ၊ ဒုက္ခိတဖြစ်ခြင်းကြောင့် ပုံမှန်အခွင့်အရေးမရှိသူကလေးငယ်တွေကို ထောက်ပံ့ကူညီသွားမယ့် အစီအစဥ်မှာလည်း ငွေကြေးပိုင်းအရ ပံ့ပိုးပေးသွားဖို့လည်း ရှိနေပြီး ဒီနည်းလမ်းနဲ့လည်း အမ်ဘာပေကို ထပ်မံစည်းရုံးနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
PSG အသင္းဟာ သူတို႔တတ္စြမ္းသမွ် နည္းလမ္းအကုန္သုံးၿပီး တိုက္စစ္မႉး ခီလီယံ အမ္ဘာေပကို ေရရွည္ဆက္ထိန္းသြားဖို႔ ျပင္ဆင္ေနေၾကာင္းသိရၿပီး ဒီေျခလွမ္းမွာ ျပင္သစ္သမၼတ အီမန္ႏူယယ္လ္ မက္ခ႐ြန္ကိုပါ အသုံးခ်သြားဖို႔ လႈပ္ရွားေနသလို ကမာၻ႔ေဘာလုံးေလာကမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ ၾသဇာလႊမ္းမိုးမႈကို ကန္႔သတ္သြားဖို႔လည္း စီစဥ္ေနတာပါ။

​အခုေႏြအေျပာင္းအေ႐ႊ႕တံခါးမပိတ္ခင္က ဘာေနဗ်ဴးကလပ္အသင္းရဲ႕ဥကၠဌ ဖ​ေလာ္ရင္တီႏို ပီရက္ဇ္ရဲ႕ အမ္ဘာေပအေပၚ အထက္စီးဆန္တဲ့ ကမ္းလွမ္းမႈအၿပီးမွာ PSG အားကစားဒါ႐ိုက္တာ လီယိုနာဒိုက ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ႐ိုင္းပ်မႈကို လူသိရွင္ၾကား ေဘာင္ခ်ာစုတ္သြားခဲ့ဖူးၿပီး ေနာက္ရာသီမွာလည္း ကစားသမားကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အေခ်ာင္ႏႈိက္သြားမယ့္အေရးကို တားဆီးလိုေနတာပါ။

အမ္ဘာေပအေနနဲ႔ PSG အသင္းမွာ စာခ်ဳပ္တႏွစ္သာ က်န္ရွိေတာ့ၿပီး လာမယ့္ ဇန္နဝါရီလကစလို႔ ရီးရဲလ္ မက္ဒရစ္အသင္းနဲ႔ အလြတ္သေဘာ အႀကိဳသေဘာတူညီမႈကို တရားဝင္ရယူႏိုင္ေတာ့မွာျဖစ္ၿပီး ပါရီကလပ္နဲ႔ စာခ်ဳပ္သစ္တရပ္သာ မျဖစ္လာခဲ့ရင္ လာမယ့္ ၂၀၂၂ ေႏြမွာ လက္လႊတ္ဆုံးရႉံးရမယ့္အေရးကို ျပင္သစ္သမၼတႀကီးရဲ႕ အာဏာကို အသုံးျပဳၿပီး ၾကားဝင္စြက္ဖက္ေပးဖို႔ အကူအညီေတာင္းခဲ့တယ္လို႔လည္း သိရပါတယ္။

မာကာအသင္းရဲ႕ေဖာ္ျပခ်က္အရ ျပင္သစ္သမၼတႀကီး အီမန္ႏူယယ္လ္ မက္ခ႐ြန္ဟာ အမ္ဘာေပကို ပုဂၢိဳလ္ေရးဆိုင္ရာ သီးသန္႔မက္ေဆ့ခ်္ေတြပို႔ၿပီး ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကမ္းလွမ္းမႈေတြကို ယတိျပတ္ျငင္းပယ္သြားဖို႔ ဆြဲေဆာင္စည္း႐ုံးေပးေနတယ္လို႔လည္း သိရသလို Mirror သတင္းေထာက္ ေကာလင္း ေမလာကလည္း အခုလို အတည္ျပဳသြားခဲ့ပါေသးတယ္။

” မက္ခ႐ြန္နဲ႔ အမ္ဘာေပတို႔ရဲ႕ၾကားမွာ အျပန္အလွန္စကားေျပာဆိုမႈေတြ ရွိခဲ့တယ္ဆိုတဲ့ အတည္ျပဳလို႔ရပါတယ္။ ဆက္လက္ၿပီးလည္း ေဆြးေႏြးၾကဦးမွာပါ။ ေနာက္ႏွစ္မွာ က်င္းပမယ့္ ကာတာကမာၻ႔ဖလားမွာလည္း အမ္ဘာေပက ျပင္သစ္အသင္းအတြက္ ကစားေပးသြားဖို႔ ရွိေနခ်ိန္မွာ ကာတာႏိုင္ငံကလည္း PSG အသင္းကို လႊမ္းမိုးမႈရွိေနတဲ့ႏိုင္ငံျဖစ္ပါတယ္။ ”

ဒါ့အျပင္ ဒီေနာက္ကြယ္မွာေတာ့ PSG အသင္းဟာ ျပင္သစ္သားရဲ႕ ” KM ” ပေရာဂ်က္လို႔ေခၚတဲ့ ပါရီၿမိဳ႕က ဆင္းရဲခ်ိဳ႕တဲ့ႏြမ္းပါးသူ၊ ဒုကၡိတျဖစ္ျခင္းေၾကာင့္ ပုံမွန္အခြင့္အေရးမရွိသူကေလးငယ္ေတြကို ေထာက္ပံ့ကူညီသြားမယ့္ အစီအစဥ္မွာလည္း ေငြေၾကးပိုင္းအရ ပံ့ပိုးေပးသြားဖို႔လည္း ရွိေနၿပီး ဒီနည္းလမ္းနဲ႔လည္း အမ္ဘာေပကို ထပ္မံစည္း႐ုံးေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.