La Liga

ေဆာင္းရာသီမွာ အင္နီေယစတာကို ေခၚယူဖို႔ ႀကဳိးစားခဲ့ေသးတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေ႐ႊ႕တုန္းက သူတို႔ရဲကစားသမားေဟာင္း အင္နီေယစတာကို ဗစ္ဆဲလ္ ကိုေဘးအသင္းကေန အငွါးစာခ်ဳပ္နဲ႔ ျပန္လည္ေခၚယူခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။

အင္နီေယစတာဟာ ဘာစီလိုနာအသင္းရဲ႕ဂႏၲ၀င္ကစားသမားအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး ႏူးကမ့္ေျမမွာ ၁၆ ရာသီ ျဖတ္သန္းထားၿပီး ၆၇၄ပြဲအထိ ကစားထားခဲ့သလို လာလီဂါဖလားကိုးႀကိမ္ႏွင့္ ခ်န္ပီယံလိဂ္ဖလား ေလးႀကိမ္ရရွိထားခဲ့ပါတယ္။

၂၀၁၈ခုႏွစ္မွာေတာ့ သူဟာ ဂ်ပန္ေဂ်လိဂ္အသင္းတစ္သင္းျဖစ္တဲ့ ဗစ္ဆဲလ္ ကိုေဘးအသင္းကို ေရာက္ရွိသြားခဲ့ပါတယ္။ ေခါင္းေဆာင္မႈပိုင္း အားနည္းေနတဲ့ ဘာစီလိုနာအသင္းက အင္နီေယစတာကို အသင္းကို ျပန္ဦးေဆာင္ဖို႔ ရာသီကုန္အထိ အငွါးနဲ႔ ျပန္ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဗစ္ဆဲလ္ ကိုေဘးအသင္းဘက္က ျငင္းပယ္ခဲ့လို႔ မေအာင္ျမင္ခဲ့တာပါ။

ဘာစီလိုနာအသင္းဟာ အခုအခ်ိန္မွာေတာ့ ခက္ခဲတဲ့ကာလကို ႀကဳံေတြ႕ေနရၿပီး စပိန္ဘုရင့္ဖလားၿပိဳင္ပြဲမွာလည္း ဘီလ္ဘာအိုအသင္းကို ဆာဂ်ီယို ဘက္စ္ကြက္ရဲ႕ပြဲၿပီးခါနီး ကိုယ့္ဂိုးကိုယ္သြင္းမွဳေၾကာင့္ ရႈံးနိမ္ခဲ့ရၿပီး ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီ ျဖစ္ပါတယ္။

ဗစ္ဆဲလ္ ကိုေဘးအသင္းအေနနဲ႔လည္း အင္နီေယစတာကို ေခၚယူခဲ့ၿပီးေနာက္ပိုင္း ဂ်ပန္စူပါဖလား၊ ဂ်ပန္ကလပ္အသင္းဖလားေတြသာမက FA ဖလားလို အစဥ္အလာႀကီးမားတဲ့ ဂ်ပန္အင္ပါယာခ်န္ပီယံ ဆုဖလားေတြကို ရရွိထားခဲ့တာေၾကာင့္ ကစားသမားကို လက္မလႊတ္ခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက သူတို့ရဲကစားသမားဟောင်း အင်နီယေစတာကို ဗစ်ဆဲလ် ကိုဘေးအသင်းကနေ အငှါးစာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

အင်နီယေစတာဟာ ဘာစီလိုနာအသင်းရဲ့ဂန္တဝင်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး နူးကမ့်မြေမှာ ၁၆ ရာသီ ဖြတ်သန်းထားပြီး ၆၇၄ပွဲအထိ ကစားထားခဲ့သလို လာလီဂါဖလားကိုးကြိမ်နှင့် ချန်ပီယံလိဂ်ဖလား လေးကြိမ်ရရှိထားခဲ့ပါတယ်။

၂၀၁၈ခုနှစ်မှာတော့ သူဟာ ဂျပန်ဂျေလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ဗစ်ဆဲလ် ကိုဘေးအသင်းကို ရောက်ရှိသွားခဲ့ပါတယ်။ ခေါင်းဆောင်မှုပိုင်း အားနည်းနေတဲ့ ဘာစီလိုနာအသင်းက အင်နီယေစတာကို အသင်းကို ပြန်ဦးဆောင်ဖို့ ရာသီကုန်အထိ အငှါးနဲ့ ပြန်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဗစ်ဆဲလ် ကိုဘေးအသင်းဘက်က ငြင်းပယ်ခဲ့လို့ မအောင်မြင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ အခုအချိန်မှာတော့ ခက်ခဲတဲ့ကာလကို ကြုံတွေ့နေရပြီး စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာလည်း ဘီလ်ဘာအိုအသင်းကို ဆာဂျီယို ဘက်စ်ကွက်ရဲ့ပွဲပြီးခါနီး ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရှုံးနိမ်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဗစ်ဆဲလ် ကိုဘေးအသင်းအနေနဲ့လည်း အင်နီယေစတာကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ဂျပန်စူပါဖလား၊ ဂျပန်ကလပ်အသင်းဖလားတွေသာမက FA ဖလားလို အစဉ်အလာကြီးမားတဲ့ ဂျပန်အင်ပါယာချန်ပီယံ ဆုဖလားတွေကို ရရှိထားခဲ့တာကြောင့် ကစားသမားကို လက်မလွှတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.