La Liga Premier League

ေႏြရာသီမွာ ဘီလ္ဘာအို ေနာက္ခံလူကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ဂြါဒီယိုလာ

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္တန္းကို လာမယ့္ေႏြရာသီမွာ ေျမလွန္ပစ္ေတာ့မယ္လို႔ ႀကိမ္းဝါးထားတဲ့ နည္းျပ ဂ်ဳိးဆက္(ပက္) ဂြါဒီယိုလာအေနနဲ႔ ဘီလ္ဘာအိုအသင္းက ေနာက္ခံလူ အူႏုိင္း ႏူးညက္ဇ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လုိ႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ ဘတ္စ္ေကးသားဟာ ဘီလ္ဘာအုိအသင္းမွာ အလွည့္က် ပါဝင္ကစားေနတဲ့ ေနာက္ခံလူတစ္ဦးျဖစ္ၿပီး သူ႕ကို အာဆင္နယ္က ထြက္ခြာသြားတဲ့ နည္းျပေဟာင္း အူႏုိင္း အမ္မရီကလည္း ေခၚယူဖို႔ စိတ္ဝင္စားခဲ့ဖူးပါတယ္။

ဘီလ္ဘာအုိအသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ ဒီေနာက္ခံလူအတြက္ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ေပါင္သန္း ၃၀ သတ္မွတ္ထားၿပီး ဒါဟာ မန္စီးတီးလို အသင္းမ်ဳိးရဲ႕ ဘဏၰာေရးအေျခအေနအရေတာ့ မေျပာပေလာက္တဲ့ ပမာဏလည္းျဖစ္ေနပါတယ္။

၂၀၁၇-၁၈ ရာသီမွာ ဘီလ္ဘာအုိကေန မန္စီးတီးကို ေခၚယူခဲ့တဲ့ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ရဲ႕ ကြက္လပ္မွာ ပါဝင္ကစားခြင့္ စတင္ရရွိခဲ့တဲ့ အူႏုိင္း ႏူးညက္ဇ္ဟာ စပိန္လက္ေရြးစင္အသင္းႀကီးကိုေတာ့ ၂၀၁၉ ခုႏွစ္ထဲမွာ တစ္ႀကိမ္ ကိုယ္စားျပဳခြင့္ရရွိၿပီးၿပီလည္းျဖစ္ပါတယ္။

စပိန္ကေန ရရွိတဲ့ သတင္းေတြအရေတာ့ ႏူးညက္ဇ္ဟာ သူ႕ရဲ႕အသင္းေဖာ္ေနာက္ခံလူေတြျဖစ္ၾကတဲ့ အီညီဂို မာတီနက္ဇ္နဲ႔ ယီေရ အဲလ္ဗာရက္ဇ္တုိ႔ထက္ လစာနည္းပါးေနတာကို မေက်မနပ္ျဖစ္ေနတယ္လို႔လည္း သိရၿပီး ဂြါဒီယိုလာတို႔အေနနဲ႔ ေခၚယူမယ္ဆုိရင္ ဒီအခ်က္ကို ေကာင္းေကာင္းအသုံးခ်ႏုိင္မွာျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ နောက်တန်းကို လာမယ့်နွေရာသီမှာ မြေလှန်ပစ်တော့မယ်လို့ ကြိမ်းဝါးထားတဲ့ နည်းပြ ဂျိုးဆက်(ပက်) ဂွါဒီယိုလာအနေနဲ့ ဘီလ်ဘာအိုအသင်းက နောက်ခံလူ အူနိုင်း နူးညက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘတ်စ်ကေးသားဟာ ဘီလ်ဘာအိုအသင်းမှာ အလှည့်ကျ ပါဝင်ကစားနေတဲ့ နောက်ခံလူတစ်ဦးဖြစ်ပြီး သူ့ကို အာဆင်နယ်က ထွက်ခွာသွားတဲ့ နည်းပြဟောင်း အူနိုင်း အမ်မရီကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။

ဘီလ်ဘာအိုအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဒီနောက်ခံလူအတွက် စာချုပ်လျော်ကြေးအဖြစ် ပေါင်သန်း ၃၀ သတ်မှတ်ထားပြီး ဒါဟာ မန်စီးတီးလို အသင်းမျိုးရဲ့ ဘဏ္ဏာရေးအခြေအနေအရတော့ မပြောပလောက်တဲ့ ပမာဏလည်းဖြစ်နေပါတယ်။

၂၀၁၇-၁၈ ရာသီမှာ ဘီလ်ဘာအိုကနေ မန်စီးတီးကို ခေါ်ယူခဲ့တဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်ရဲ့ ကွက်လပ်မှာ ပါဝင်ကစားခွင့် စတင်ရရှိခဲ့တဲ့ အူနိုင်း နူးညက်ဇ်ဟာ စပိန်လက်ရွေးစင်အသင်းကြီးကိုတော့ ၂၀၁၉ ခုနှစ်ထဲမှာ တစ်ကြိမ် ကိုယ်စားပြုခွင့်ရရှိပြီးပြီလည်းဖြစ်ပါတယ်။

စပိန်ကနေ ရရှိတဲ့ သတင်းတွေအရတော့ နူးညက်ဇ်ဟာ သူ့ရဲ့အသင်းဖော်နောက်ခံလူတွေဖြစ်ကြတဲ့ အီညီဂို မာတီနက်ဇ်နဲ့ ယီရေ အဲလ်ဗာရက်ဇ်တို့ထက် လစာနည်းပါးနေတာကို မကျေမနပ်ဖြစ်နေတယ်လို့လည်း သိရပြီး ဂွါဒီယိုလာတို့အနေနဲ့ ခေါ်ယူမယ်ဆိုရင် ဒီအချက်ကို ကောင်းကောင်းအသုံးချနိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.