International

အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ် ပွဲပယ်ခံ ကစားသမား ၁၁ ယောက် ပြန်ကစားနိုင်ဖို့ ရှိနေ

ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားတဲ့ ကာလမှာ တောင်အမေရိကနဲ့ အလယ်အမေရိကရဲ့ ပွဲစဉ်တွေကို ပြန်လည်စေလွှတ်ဖို့ ပရီးမီးယားလိဂ် အသင်းကြီးတွေဘက်က ငြင်းဆန်ခဲ့လို့ ၅ ရက် ပွဲပယ်စည်းမျဉ်းအရ ဘရာဇီးလ်နဲ့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ လက်စားချေမှုကို ပြန်လည်ဖြေလျှော့ဖို့ အင်္ဂလန်FA နဲ့ ဖီဖာတို့ရဲ့ ညှိနှိုင်းမှုတွေက အောင်မြင်မှု ရခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ ချဲလ်ဆီး၊ ဝုလ်ဗ်စ်၊ နယူးကာဆယ်လ်နဲ့ ဝတ်ဖို့ဒ်ကစားသမားတွေ ပါဝင်နေတဲ့ ၁၁ ဦး စာရင်းကို ပွဲပယ်ဖို့ ဘရာဇီးလ်FA ဦးဆောင်တဲ့ အဖွဲ့ချုပ်တွေက တင်ပြလာခဲ့ကြရာမှာ ကနဦးက ပွဲပယ်ခဲ့အပြီးမှာတော့ အင်္ဂလန်FA နဲ့ ဖီဖာတို့က ကြားဝင် ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်မားတဲ့ တိုင်းပြည်တွေကို အင်္ဂလန်နိုင်ငံဘက်က သွားရောက်ဖို့ မသင့်တော်တဲ့ အနီရောင်စာရင်းထဲမှာ ထည့်သွင်းထားသလို ဘရာဇီးလ်ကလည်း ဒီလိုမျိုး တူညီစွာပဲ တင်းကျပ်ထားခဲ့လို့ အာဂျင်တီးနားအသင်းက ကစားသမား ၄ ဦးနဲ့ပါ ပြဿနာဖြစ်ပွားခဲ့ရပြီး လက်ရှိမှာတော့ အနာဂတ်မှာ ထပ်ပြီး အမုန်းမပွားရအောင် ပရီးမီးယားလိဂ်ဘက်က ညှိနှိုင်းခဲ့တာပါ။

နောက်ဆုံးသတင်းတွေအရတော့ ဖီဖာအနေနဲ့ ဘရာဇီးလ်တောင်းဆိုတဲ့ ၅ ရက် ပွဲပယ်ပြစ်ဒဏ်ကို အတည်ပြုတော့မှာ မဟုတ်ဘဲ ပရီးမီးယားလိဂ် အသင်းကြီးတွေအနေနဲ့ သူတို့ရဲ့ ကစားသမားတွေကို စိတ်ကြိုက်ရွေးချယ်နိုင်တော့မယ်လို့ သိရသလို စိတ်ရှုပ်နေကြတဲ့ ဂွါဒီယိုလာ၊ ကလော့ပ်၊ တူဟယ်လ်နဲ့ ဆိုးလ်ရှားတို့အနေနဲ့ သက်ပြင်းချနိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ စိတ်ရှုပ်စာရာအနေအထားက ပြန်လည်လွတ်မြောက်လာတဲ့ ပွဲပယ်ခံစာရင်းမှာတော့ မန်စီးတီးရဲ့ အီဒါဆန်နဲ့ ဂျေဆူးစ်၊ မန်ယူနိုက်တက်ရဲ့ ဖရက်ဒ်၊ လီဗာပူးလ်ရဲ့ ဖာဘင်ညို၊ ဖာမီနိုနဲ့ အယ်လစ်ဆန်၊ ချဲလ်ဆီးရဲ့ သီယာဂို ဆေးလ်ဗား (အားလုံး ဘရာဇီးလ်)၊ ဝုလ်ဗ်စ်ရဲ့ ဟီမီနက်ဇ် (မက္ကဆီကို)၊ နယူးကာဆယ်လ်ရဲ့ အယ်လ်မီရွန်(ပါရာဂွေး)နဲ့ ဝတ်ဖို့ဒ်ရဲ့ ဆီအဲရယ်လ်တာ(ချီလီ)တို့ ပါဝင်ခဲ့ကြပြီး ဒီစနေ့နေ့ကစလို့ လွတ်လပ်စွာ ကစားနိုင်မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ ႏိုင္ငံတကာပြဲစဥ္ေတြ ကစားတဲ့ ကာလမွာ ေတာင္အေမရိကနဲ႔ အလယ္အေမရိကရဲ႕ ပြဲစဥ္ေတြကို ျပန္လည္ေစလႊတ္ဖို႔ ပရီးမီးယားလိဂ္ အသင္းႀကီးေတြဘက္က ျငင္းဆန္ခဲ့လို႔ ၅ ရက္ ပြဲပယ္စည္းမ်ဥ္းအရ ဘရာဇီးလ္နဲ႔ သက္ဆိုင္ရာ ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ရဲ႕ လက္စားေခ်မႈကို ျပန္လည္ေျဖေလွ်ာ့ဖို႔ အဂၤလန္FA နဲ႔ ဖီဖာတို႔ရဲ႕ ညႇိႏႈိင္းမႈေတြက ေအာင္ျမင္မႈ ရခဲ့ၿပီလို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။

မန္ခ်က္စတာစီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္၊ ခ်ဲလ္ဆီး၊ ဝုလ္ဗ္စ္၊ နယူးကာဆယ္လ္နဲ႔ ဝတ္ဖို႔ဒ္ကစားသမားေတြ ပါဝင္ေနတဲ့ ၁၁ ဦး စာရင္းကို ပြဲပယ္ဖို႔ ဘရာဇီးလ္FA ဦးေဆာင္တဲ့ အဖြဲ႕ခ်ဳပ္ေတြက တင္ျပလာခဲ့ၾကရာမွာ ကနဦးက ပြဲပယ္ခဲ့အၿပီးမွာေတာ့ အဂၤလန္FA နဲ႔ ဖီဖာတို႔က ၾကားဝင္ ညႇိႏႈိင္းခဲ့တာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ကူးစက္ပ်ံ႕ပြားမႈႏႈန္း ျမင့္မားတဲ့ တိုင္းျပည္ေတြကို အဂၤလန္ႏိုင္ငံဘက္က သြားေရာက္ဖို႔ မသင့္ေတာ္တဲ့ အနီေရာင္စာရင္းထဲမွာ ထည့္သြင္းထားသလို ဘရာဇီးလ္ကလည္း ဒီလိုမ်ိဳး တူညီစြာပဲ တင္းက်ပ္ထားခဲ့လို႔ အာဂ်င္တီးနားအသင္းက ကစားသမား ၄ ဦးနဲ႔ပါ ျပႆနာျဖစ္ပြားခဲ့ရၿပီး လက္ရွိမွာေတာ့ အနာဂတ္မွာ ထပ္ၿပီး အမုန္းမပြားရေအာင္ ပရီးမီးယားလိဂ္ဘက္က ညႇိႏႈိင္းခဲ့တာပါ။

ေနာက္ဆုံးသတင္းေတြအရေတာ့ ဖီဖာအေနနဲ႔ ဘရာဇီးလ္ေတာင္းဆိုတဲ့ ၅ ရက္ ပြဲပယ္ျပစ္ဒဏ္ကို အတည္ျပဳေတာ့မွာ မဟုတ္ဘဲ ပရီးမီးယားလိဂ္ အသင္းႀကီးေတြအေနနဲ႔ သူတို႔ရဲ႕ ကစားသမားေတြကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ေတာ့မယ္လို႔ သိရသလို စိတ္ရႈပ္ေနၾကတဲ့ ဂြါဒီယိုလာ၊ ကေလာ့ပ္၊ တူဟယ္လ္နဲ႔ ဆိုးလ္ရွားတို႔အေနနဲ႔ သက္ျပင္းခ်ႏိုင္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စိတ္ရႈပ္စာရာအေနအထားက ျပန္လည္လြတ္ေျမာက္လာတဲ့ ပြဲပယ္ခံစာရင္းမွာေတာ့ မန္စီးတီးရဲ႕ အီဒါဆန္နဲ႔ ေဂ်ဆူးစ္၊ မန္ယူႏိုက္တက္ရဲ႕ ဖရက္ဒ္၊ လီဗာပူးလ္ရဲ႕ ဖာဘင္ညိဳ၊ ဖာမီႏိုနဲ႔ အယ္လစ္ဆန္၊ ခ်ဲလ္ဆီးရဲ႕ သီယာဂို ေဆးလ္ဗား (အားလုံး ဘရာဇီးလ္)၊ ဝုလ္ဗ္စ္ရဲ႕ ဟီမီနက္ဇ္ (မကၠဆီကို)၊ နယူးကာဆယ္လ္ရဲ႕ အယ္လ္မီ႐ြန္(ပါရာေဂြး)နဲ႔ ဝတ္ဖို႔ဒ္ရဲ႕ ဆီအဲရယ္လ္တာ(ခ်ီလီ)တို႔ ပါဝင္ခဲ့ၾကၿပီး ဒီစေန႔ေန႔ကစလို႔ လြတ္လပ္စြာ ကစားႏိုင္မွာ ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.