International

မက်ဆီနဲ့ မာရာဒိုနာဟာ မတူညီတဲ့ပုံစံနဲ့ အာဂျင်တီးနားကို အောင်မြင်စေမယ်လို့ ဝါရင့်နည်းပြကြီး သုံးသပ်

အာဂျင်တီးနား GOAT ကြီး လီယွန်နယ် မက်ဆီအတွက် ကစားသမားဘဝတလျှောက်လုံးနဲ့ ဘဝတသက်တာလုံးမှာ ဂန္ထဝင်ကစားသမားကြီး ဒီယေဂို မာရာဒိုနာနဲ့ တောက်လျှောက်နှိုင်းယှဥ်ခံလာရတာကို ဒီနေ့အချိန်အထိ ကြုံနေရဆဲပါ။ ၂၀၀၀ ခုနှစ်ကျော်ကာလ ဘာစီလိုနာအသင်းမှာ ပွဲဦးထွက်စဥ်ကတည်းက မက်ဆီကို မာရာဒိုနာလက်သစ်အဖြစ် မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

ဝါရင့်ကိုလံဘီယာနည်းပြဟောင်းကြီး ဖရန်ဆစ်စကို မာတူရာနာကတော့ ပြီးခဲ့တဲ့ ၃ ရက်ကျော်က ယှဥ်ပြိုင်ကစားခဲ့ပြီး ပွဲပျက်သွားခဲ့တဲ့ ဘရာဇီးလ် Vs အာဂျင်တီးနားတို့ရဲ့ ပွဲစဥ်ရဲ့ ရုန်းရင်းဆန်ခတ်အနေအထားမှာ မက်ဆီဟာ အသင်းခေါင်းဆောင်တယောက်အနေနဲ့ အသင်းဖော်တွေအတွက် ရပ်တည်ပေးခဲ့တာကို အထူးချီးကျူးသွားခဲ့တာပါ။

ဒီပွဲစဥ်မှာ ဒေါသမာန်ပေါက်ကွဲနေပြီး အသင်းခေါင်းဆောင်ပီသစွာနဲ့ ဘရာဇီးလ်ကျန်းမာရေးတာဝန်ရှိသူတွေကို ရင်ဆိုင်ထိပ်တွေခဲ့သလို သူ့ရဲ့အာဂျင်တီးနား အသင်းဖော်တွေဖြစ်တဲ့ အီမီလီယာနို မာတီနက်ဇ်၊ လိုဆယ်လ်ဆို၊ ခရစ်ရှန် ရိုမဲရိုနဲ့ အီမီလီယာနို ဘွမ်ဒီယာတို့ရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ပြဿနာကို ဖြေရှင်းဖို့ ​ကြိုးစားသွားခဲ့တာကို တွေ့ခဲ့ကြရတာပါ။

အဆိုပါတုံ့ပြန်မှုကို ပြုလုပ်ခဲ့တဲ့ မက်ဆီရဲ့အသွေးထဲအသားထဲမှာ ကွင်းထဲမှာ အနေအေးပြီး ပြိုင်ဘက်တွေကို လှည့်စားဖို့သာ ခေါင်းထဲထည့်ထားသလောက် တကယ့်မာန်ပေါက်ကွဲမှုမှာတော့ အသင်းသားတွေကို ကာကွယ်ပေးခဲ့တဲ့ မာမာထန်ထန် အသင်းခေါင်းဆောင်စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရသလို ဘရာဇီးလ်အစိုးရရဲ့ လေးစားမှု ကင်းမဲ့တဲ့လုပ်ရပ်ကို သည်းမခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ဒီယေဂိုဆိုတာ ကျွန်တော်တို့အောင်ပွဲခံရမယ့် ပွဲတော်ကြီးတခုပါ။ မက်ဆီကတော့ သိမ်မွေ့နူးညံ့ပြီး လှပပါတယ်။ သူက သိပ္ပံပညာရပ်တခုလိုပါပဲ။ အထူးတလည် ခံစားလို့ ကောင်းမွန်တဲ့ ရနံ့ထုံသင်းမှုမျိုးပါ။ ဒီယေဂိုကတော့ ကိုယ့်အိမ်နီးနားချင်း ဘော်ဒါတယောက်လိုပါပဲ”

“မက်ဆီအတွက်ဆိုရင် ခင်ဗျားက သူ့အတွက် လက်ခုပ်တီးပေးဖို့ အဆင်သင့်ရှိနေမှာပါ။ ဒီယေဂိုနဲ့ဆိုရင်တော့ လူတွေက သူနဲ့အတူကို အောင်ပွဲခံဖို့ အဆင်သင့်ရှိနေလေ့ရှိပြီး ဒီအောင်ပွဲကို သိမ်းပိုက်ပစ်ရသလိုပါ။ ဒီယေဂိုက တမျိုးတဖုံထူးခြားပါတယ်။ သူက လူတိုင်းရဲ့ ဘော်ဒါလို၊ သူငယ်ချင်းလို၊ ပခုံးဖက်ပေါင်းလာရတဲ့ မိတ်ဆွေလို၊ ငယ်ပေါင်းကြီးဖော်တယောက်လိုကို ရင်းနှီးခင်မင်စေပါတယ်”

“သူက သူ့ရဲ့ ရနံ့ထုံသင်းနေတဲ့ ဘောလုံးနဲ့ ကျွန်တော်တို့အားလုံးကို ဦးဆောင်မှုပေးခဲ့ပါတယ်။ ဒါဟာ ဘယ်တော့မှ အဆုံးမသတ်သွားခဲ့ပါဘူး။ ပြီးတော့ ဘော်ဒါတယောက်လိုလည်း ခင်ဗျားအတွက် အချိန်မရွေး ကာကွယ်ပေးဖို့ အသင့်ဖြစ်နေပြီးသားပါ။ မေ့လျော့နိုင်ဖွယ်ရာမရှိတဲ့သူမျိုးပါ။ သူတို့နှစ်ဦးဟာ မတူညီတဲ့ အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့ မတူညီတဲ့သူနှစ်ဦးလို့ ဆိုရပါမယ်”လို့ မာတူရာနာက အဆိုပါဖြစ်စဥ်အပြီးမှ မက်ဆီနဲ့ မာရာဒိုနာအပေါ် နှိုင်းယှဥ်နေကြတဲ့ ဆုံးဖြတ်မှုတွေကို စကားလုံးကြွယ်ကြွယ်နဲ့ လှလှပပ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနား GOAT ႀကီး လီယြန္နယ္ မက္ဆီအတြက္ ကစားသမားဘဝတေလွ်ာက္လုံးနဲ႔ ဘဝတသက္တာလုံးမွာ ဂႏၴဝင္ကစားသမားႀကီး ဒီေယဂို မာရာဒိုနာနဲ႔ ေတာက္ေလွ်ာက္ႏႈိင္းယွဥ္ခံလာရတာကို ဒီေန႔အခ်ိန္အထိ ႀကဳံေနရဆဲပါ။ ၂၀၀၀ ခုႏွစ္ေက်ာ္ကာလ ဘာစီလိုနာအသင္းမွာ ပြဲဦးထြက္စဥ္ကတည္းက မက္ဆီကို မာရာဒိုနာလက္သစ္အျဖစ္ ေမွ်ာ္လင့္ခဲ့ၾကတာျဖစ္ပါတယ္။

ဝါရင့္ကိုလံဘီယာနည္းျပေဟာင္းႀကီး ဖရန္ဆစ္စကို မာတူရာနာကေတာ့ ၿပီးခဲ့တဲ့ ၃ ရက္ေက်ာ္က ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပြဲပ်က္သြားခဲ့တဲ့ ဘရာဇီးလ္ Vs အာဂ်င္တီးနားတို႔ရဲ႕ ပြဲစဥ္ရဲ႕ ႐ုန္းရင္းဆန္ခတ္အေနအထားမွာ မက္ဆီဟာ အသင္းေခါင္းေဆာင္တေယာက္အေနနဲ႔ အသင္းေဖာ္ေတြအတြက္ ရပ္တည္ေပးခဲ့တာကို အထူးခ်ီးက်ဴးသြားခဲ့တာပါ။

ဒီပြဲစဥ္မွာ ေဒါသမာန္ေပါက္ကြဲေနၿပီး အသင္းေခါင္းေဆာင္ပီသစြာနဲ႔ ဘရာဇီးလ္က်န္းမာေရးတာဝန္ရွိသူေတြကို ရင္ဆိုင္ထိပ္ေတြခဲ့သလို သူ႔ရဲ႕အာဂ်င္တီးနား အသင္းေဖာ္ေတြျဖစ္တဲ့ အီမီလီယာႏို မာတီနက္ဇ္၊ လိုဆယ္လ္ဆို၊ ခရစ္ရွန္ ႐ိုမဲ႐ိုနဲ႔ အီမီလီယာႏို ဘြမ္ဒီယာတို႔ရဲ႕ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ၿပီး ျပႆနာကို ေျဖရွင္းဖို႔ ​ႀကိဳးစားသြားခဲ့တာကို ေတြ႕ခဲ့ၾကရတာပါ။

အဆိုပါတုံ႔ျပန္မႈကို ျပဳလုပ္ခဲ့တဲ့ မက္ဆီရဲ႕အေသြးထဲအသားထဲမွာ ကြင္းထဲမွာ အေနေအးၿပီး ၿပိဳင္ဘက္ေတြကို လွည့္စားဖို႔သာ ေခါင္းထဲထည့္ထားသေလာက္ တကယ့္မာန္ေပါက္ကြဲမႈမွာေတာ့ အသင္းသားေတြကို ကာကြယ္ေပးခဲ့တဲ့ မာမာထန္ထန္ အသင္းေခါင္းေဆာင္စိတ္ဓာတ္ကို ျမင္ေတြ႕ခဲ့ရသလို ဘရာဇီးလ္အစိုးရရဲ႕ ေလးစားမႈ ကင္းမဲ့တဲ့လုပ္ရပ္ကို သည္းမခံႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

“ဒီေယဂိုဆိုတာ ကြၽန္ေတာ္တို႔ေအာင္ပြဲခံရမယ့္ ပြဲေတာ္ႀကီးတခုပါ။ မက္ဆီကေတာ့ သိမ္ေမြ႕ႏူးညံ့ၿပီး လွပပါတယ္။ သူက သိပၸံပညာရပ္တခုလိုပါပဲ။ အထူးတလည္ ခံစားလို႔ ေကာင္းမြန္တဲ့ ရနံ႔ထုံသင္းမႈမ်ိဳးပါ။ ဒီေယဂိုကေတာ့ ကိုယ့္အိမ္နီးနားခ်င္း ေဘာ္ဒါတေယာက္လိုပါပဲ”

“မက္ဆီအတြက္ဆိုရင္ ခင္ဗ်ားက သူ႔အတြက္ လက္ခုပ္တီးေပးဖို႔ အဆင္သင့္ရွိေနမွာပါ။ ဒီေယဂိုနဲ႔ဆိုရင္ေတာ့ လူေတြက သူနဲ႔အတူကို ေအာင္ပြဲခံဖို႔ အဆင္သင့္ရွိေနေလ့ရွိၿပီး ဒီေအာင္ပြဲကို သိမ္းပိုက္ပစ္ရသလိုပါ။ ဒီေယဂိုက တမ်ိဳးတဖုံထူးျခားပါတယ္။ သူက လူတိုင္းရဲ႕ ေဘာ္ဒါလို၊ သူငယ္ခ်င္းလို၊ ပခုံးဖက္ေပါင္းလာရတဲ့ မိတ္ေဆြလို၊ ငယ္ေပါင္းႀကီးေဖာ္တေယာက္လိုကို ရင္းႏွီးခင္မင္ေစပါတယ္”

“သူက သူ႔ရဲ႕ ရနံ႔ထုံသင္းေနတဲ့ ေဘာလုံးနဲ႔ ကြၽန္ေတာ္တို႔အားလုံးကို ဦးေဆာင္မႈေပးခဲ့ပါတယ္။ ဒါဟာ ဘယ္ေတာ့မွ အဆုံးမသတ္သြားခဲ့ပါဘူး။ ၿပီးေတာ့ ေဘာ္ဒါတေယာက္လိုလည္း ခင္ဗ်ားအတြက္ အခ်ိန္မေ႐ြး ကာကြယ္ေပးဖို႔ အသင့္ျဖစ္ေနၿပီးသားပါ။ ေမ့ေလ်ာ့ႏိုင္ဖြယ္ရာမရွိတဲ့သူမ်ိဳးပါ။ သူတို႔ႏွစ္ဦးဟာ မတူညီတဲ့ အာ႐ုံခံႏိုင္စြမ္းကို ပိုင္ဆိုင္ထားတဲ့ မတူညီတဲ့သူႏွစ္ဦးလို႔ ဆိုရပါမယ္”လို႔ မာတူရာနာက အဆိုပါျဖစ္စဥ္အၿပီးမွ မက္ဆီနဲ႔ မာရာဒိုနာအေပၚ ႏႈိင္းယွဥ္ေနၾကတဲ့ ဆုံးျဖတ္မႈေတြကို စကားလုံးႂကြယ္ႂကြယ္နဲ႔ လွလွပပ ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.