Premier League Serie A Transfer News

ခ်ဲလ္ဆီးအသင္းရဲ႕ ဆက္သြယ္မွဳကို ရရွိထားတဲ့ ခီေယဆာ

စီးရီးေအ ဖီအုိရင္တီးနားအသင္းရဲ႕ လူငယ္တုိက္စစ္မွဴး ဖက္ဒရီကို ခီေယဆာကို ကမ္းလွမ္းမွဳေတြ ေတာ္ေတာ္မ်ားမ်ားရရွိထားၿပီး ဒီထဲမွာ အဂၤလိပ္အသင္းေတြလည္း ပါဝင္ေနတယ္လို႔ ဖေလာ့ရင့္စ္အေျခစိုက္အသင္းရဲ႕ အေထြေထြဒါ႐ိုက္တာ ဂ်ဳိး ဘာ႐ိုနီက အတည္ျပဳေျပာၾကားလုိက္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ေရွ႕တန္းလူဟာ တုိက္စစ္မွာ ေနရာစုံကစားႏုိင္သူျဖစ္ၿပီး အင္တာမီလန္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြက စိတ္ဝင္စားေနၾကသလို အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တုိ႔ရဲ႕ ပစ္မွတ္ျဖစ္ဖူးတဲ့သူ႕ကို လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔အၿပဳိင္ ခ်ဲလ္ဆီးက ဆက္သြယ္လာခဲ့တာျဖစ္ပါတယ္။

ဘာ႐ိုနီက အသင္းေတြက စိတ္ဝင္စားေနၾကတဲ့ ခီေယဆာကို သူတုိ႔အေနနဲ႔ လြယ္လြယ္ကူကူ လက္လႊတ္သြားမွာမဟုတ္ဘဲ စီးရီးေအရာသီကို ၿပီးဆုံးေအာင္ ကစားၿပီးမွသာ ကမ္းလွမ္းမွဳေတြကို စဥ္းစားမယ္လို႔ ဆုိခဲ့ၿပီး တံခါးေခါက္ေနၾကတဲ့အသင္းေတြဆီက အဂၤလိပ္စကားသံေတြကို ၾကားေနရတယ္လို႔ သြယ္ဝိုက္ေဖာ္ျပသြားပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ကေတာ့ သူတုိ႔ရဲ႕ ေတာင္ပံတုိက္စစ္အတြက္ ခီေယဆာကို အလိုရွိေနတာျဖစ္ေပမယ့္ ကစားသမားကေတာ့ သူ႕အေနနဲ႔ အသင္းႀကီးအဆင့္မွာ ကစားႏုိင္ဖို႔ဆုိရင္ ဒီထက္ အရည္အေသြး ျမင့္မားျပည့္စုံေအာင္ လုပ္ရဦးမယ္လို႔ ႏွိမ့္ႏွိမ့္ခ်ခ်ပဲ ေျပာၾကားထားခဲ့ပါတယ္။

အသင္းကေန ထြက္ခြာေတာ့မယ့္ ဝီလီယန္ရဲ႕ ေနရာမွာ အစားထိုးဖို႔ ရွာေဖြေနတဲ့ နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ ဖီအုိရင္တီးနားဂႏၴဝင္ အန္ရီကို ခီေယဆာရဲ႕သား ဖက္ဒါရီကိုကို ေခၚယူမယ္ဆုိရင္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၄၀ ေလာက္ ကုန္က်ႏုိင္ၿပီး ညာေတာင္ပံမွာ အဓိကအသုံးျပဳဖို႔ ရည္ရြယ္ေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စီးရီးအေ ဖီအိုရင်တီးနားအသင်းရဲ့ လူငယ်တိုက်စစ်မှူး ဖက်ဒရီကို ခီယေဆာကို ကမ်းလှမ်းမှုတွေ တော်တော်များများရရှိထားပြီး ဒီထဲမှာ အင်္ဂလိပ်အသင်းတွေလည်း ပါဝင်နေတယ်လို့ ဖလော့ရင့်စ်အခြေစိုက်အသင်းရဲ့ အထွေထွေဒါရိုက်တာ ဂျိုး ဘာရိုနီက အတည်ပြုပြောကြားလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရှေ့တန်းလူဟာ တိုက်စစ်မှာ နေရာစုံကစားနိုင်သူဖြစ်ပြီး အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက စိတ်ဝင်စားနေကြသလို အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ ပစ်မှတ်ဖြစ်ဖူးတဲ့သူ့ကို လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ချဲလ်ဆီးက ဆက်သွယ်လာခဲ့တာဖြစ်ပါတယ်။

ဘာရိုနီက အသင်းတွေက စိတ်ဝင်စားနေကြတဲ့ ခီယေဆာကို သူတို့အနေနဲ့ လွယ်လွယ်ကူကူ လက်လွှတ်သွားမှာမဟုတ်ဘဲ စီးရီးအေရာသီကို ပြီးဆုံးအောင် ကစားပြီးမှသာ ကမ်းလှမ်းမှုတွေကို စဉ်းစားမယ်လို့ ဆိုခဲ့ပြီး တံခါးခေါက်နေကြတဲ့အသင်းတွေဆီက အင်္ဂလိပ်စကားသံတွေကို ကြားနေရတယ်လို့ သွယ်ဝိုက်ဖော်ပြသွားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ကတော့ သူတို့ရဲ့ တောင်ပံတိုက်စစ်အတွက် ခီယေဆာကို အလိုရှိနေတာဖြစ်ပေမယ့် ကစားသမားကတော့ သူ့အနေနဲ့ အသင်းကြီးအဆင့်မှာ ကစားနိုင်ဖို့ဆိုရင် ဒီထက် အရည်အသွေး မြင့်မားပြည့်စုံအောင် လုပ်ရဦးမယ်လို့ နှိမ့်နှိမ့်ချချပဲ ပြောကြားထားခဲ့ပါတယ်။

အသင်းကနေ ထွက်ခွာတော့မယ့် ဝီလီယန်ရဲ့ နေရာမှာ အစားထိုးဖို့ ရှာဖွေနေတဲ့ နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ဖီအိုရင်တီးနားဂန္ထဝင် အန်ရီကို ခီယေဆာရဲ့သား ဖက်ဒါရီကိုကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လောက် ကုန်ကျနိုင်ပြီး ညာတောင်ပံမှာ အဓိကအသုံးပြုဖို့ ရည်ရွယ်နေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.