Other Leagues Premier League

ယူႏိုက္တက္ကို ခ်န္ပီယံအသင္းျဖစ္ဖို႔အတြက္ အႀကံေပးလုိက္တဲ့ ဂိုးသမားေဟာင္း ဗန္ဒါဆား

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ေအာင္ျမင္မွဳမ်ားစြာ ရယူႏုိင္ခဲ့သူတစ္ဦးျဖစ္တဲ့ ဂိုးသမားေဟာင္း အက္ဒ္ဗင္ ဗန္ဒါဆားက အသင္းေဟာင္း အေနနဲ႔ လက္ရွိလူစာရင္းကို ကစားသမားေကာင္း ႏွစ္ဦး သုံးဦး ထပ္မံအားျဖည့္ႏိုင္တာနဲ႔ ခ်န္ပီယံဆုေတြကို တစ္ေက်ာ့ျပန္ရယူႏုိင္မယ့္အသင္း ျဖစ္လာမယ္လို႔ အႀကံေပးေျပာၾကားလုိက္ပါတယ္။

ကစားသမားဘဝရဲ႕ ေနာက္ဆုံးအခ်ိန္ေတြ နီးကပ္လာတဲ့ အသက္ ၃၅ ႏွစ္အရြယ္မွာမွ မန္ခ်က္စတာယူႏုိက္တက္ကို ေရာက္ရွိလာခဲ့တဲ့ ဒတ္ခ်္ဂႏၴဝင္ဂိုးသမားဟာ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ၄ ႀကိမ္ ဆြတ္ခူးခဲ့ၿပီး ခ်န္ပီယံလိဂ္တစ္ႀကိမ္ကိုလည္း နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္လက္ထက္မွာ ရရွိခဲ့သူပါ။

“ဆုိးလ္ရွားရဲ႕ ဟန္းနီးမြန္းတုန္းက တစ္ႀကိမ္ေပါ့ဗ်ာ။ အခုတစ္ႀကိမ္မွာလည္း ၇ ပတ္၊ ၈ ပတ္၊ ၉ ပတ္ ဆက္တုိက္ အမွတ္ေတြ ရယူႏုိင္ခဲ့ၿပီး အသင္းႀကီးေတြခ်င္း ေတြ႕ဆုံမွဳမွာလည္း အမွတ္ေတြ ရယူႏုိင္ခဲ့ပါတယ္။ လာမယ့္ရာသီအတြက္ အဓိက ျပင္ဆင္ထားဖို႔ အာ႐ုံစိုက္ရမွာျဖစ္ၿပီး ကစားသမားေကာင္း ႏွစ္ဦး သုံးဦးေလာက္ အားျဖည့္ႏုိင္ခဲ့ရင္ မန္စီးတီးနဲ႔ လီဗာပူးလ္တုိ႔ကို လုိက္မီႏုိင္ပါၿပီ”လို႔ ဗန္ဒါဆားက ဆုိပါတယ္။

ဗန္ဒါဆားက အသင္းအေနနဲ႔ လက္ရွိပုံစံေကာင္းကို ထိန္းသိမ္းထားႏုိင္ၿပီး ပရီးမီးယားလိဂ္ကို ျပန္လည္စတင္ခ်ိန္မွာလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ေနာက္ႏွစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူသြားႏုိင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ဆုိခဲ့ၿပီး ေအာင္ျမင္မွဳေတြနဲ႔ သိပ္မေဝးေတာ့ဘူးလို႔လည္း ေျပာၾကားသြားပါတယ္။

ယူႏုိက္တက္အသင္းရဲ႕ ဒီရာသီမွာ အားျဖည့္မွဳေတြျဖစ္ၾကတဲ့ ဟာရီ မက္ဂြဳိင္းယား၊ အာရြန္ ဝန္ဘစ္ဆာကာ၊ ဒန္နီယယ္လ္ ဂ်ိမ္းစ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ဟာ အသင္းအတြက္ ဟန္ခ်က္ညီမွဳကို ယူေဆာင္လာခဲ့ၿပီး ကၽြမ္းက်င္သူေတြကေတာ့ ဘာမင္ဂမ္လူငယ္ ဂ်ဳဒ္ ဘယ္လင္ဂမ္၊ ဗီလာကပၸတိန္ ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ ေဒါ့မြန္ေတာင္ပံသမား ေဂ်ဒန္ ဆန္ခ်ဳိတုိ႔အတြက္ ေပါင္သန္း ၂၂၀ သုံးဖို႔ ပစ္မွတ္ထားေနတယ္လုိ႔ ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဂိုးသမားဟောင်း အက်ဒ်ဗင် ဗန်ဒါဆားက အသင်းဟောင်း အနေနဲ့ လက်ရှိလူစာရင်းကို ကစားသမားကောင်း နှစ်ဦး သုံးဦး ထပ်မံအားဖြည့်နိုင်တာနဲ့ ချန်ပီယံဆုတွေကို တစ်ကျော့ပြန်ရယူနိုင်မယ့်အသင်း ဖြစ်လာမယ်လို့ အကြံပေးပြောကြားလိုက်ပါတယ်။

ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်တွေ နီးကပ်လာတဲ့ အသက် ၃၅ နှစ်အရွယ်မှာမှ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဒတ်ချ်ဂန္ထဝင်ဂိုးသမားဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၄ ကြိမ် ဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ်တစ်ကြိမ်ကိုလည်း နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်လက်ထက်မှာ ရရှိခဲ့သူပါ။

“ဆိုးလ်ရှားရဲ့ ဟန်းနီးမွန်းတုန်းက တစ်ကြိမ်ပေါ့ဗျာ။ အခုတစ်ကြိမ်မှာလည်း ၇ ပတ်၊ ၈ ပတ်၊ ၉ ပတ် ဆက်တိုက် အမှတ်တွေ ရယူနိုင်ခဲ့ပြီး အသင်းကြီးတွေချင်း တွေ့ဆုံမှုမှာလည်း အမှတ်တွေ ရယူနိုင်ခဲ့ပါတယ်။ လာမယ့်ရာသီအတွက် အဓိက ပြင်ဆင်ထားဖို့ အာရုံစိုက်ရမှာဖြစ်ပြီး ကစားသမားကောင်း နှစ်ဦး သုံးဦးလောက် အားဖြည့်နိုင်ခဲ့ရင် မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို လိုက်မီနိုင်ပါပြီ”လို့ ဗန်ဒါဆားက ဆိုပါတယ်။

ဗန်ဒါဆားက အသင်းအနေနဲ့ လက်ရှိပုံစံကောင်းကို ထိန်းသိမ်းထားနိုင်ပြီး ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ချိန်မှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပြီး အောင်မြင်မှုတွေနဲ့ သိပ်မဝေးတော့ဘူးလို့လည်း ပြောကြားသွားပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဒီရာသီမှာ အားဖြည့်မှုတွေဖြစ်ကြတဲ့ ဟာရီ မက်ဂွိုင်းယား၊ အာရွန် ဝန်ဘစ်ဆာကာ၊ ဒန်နီယယ်လ် ဂျိမ်းစ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ အသင်းအတွက် ဟန်ချက်ညီမှုကို ယူဆောင်လာခဲ့ပြီး ကျွမ်းကျင်သူတွေကတော့ ဘာမင်ဂမ်လူငယ် ဂျုဒ် ဘယ်လင်ဂမ်၊ ဗီလာကပ္ပတိန် ဂျက်ခ် ဂရီးလစ်ရှ်နဲ့ ဒေါ့မွန်တောင်ပံသမား ဂျေဒန် ဆန်ချိုတို့အတွက် ပေါင်သန်း ၂၂၀ သုံးဖို့ ပစ်မှတ်ထားနေတယ်လို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.