Premier League

နယူးကာဆယ္လ္ကို ေဆာ္ဒီလႊဲေျပာင္းရယူမွဳအတြက္ ပရီးမီးယားလိဂ္ကလပ္ေတြ ကန္႔ကြက္ဖို႔ရွိလာ

နယူးကာဆယ္လ္ယူႏုိက္တက္အသင္းကို ေဆာ္ဒီရင္းႏွီးျမႇဳပ္ႏွံမွဳ လုပ္ငန္းစုကေန လႊဲေျပာင္းရယူမယ့္ ေပါင္သန္း ၃၀၀ တန္ အေရာင္းအဝယ္ကို ပုိင္ရွင္ေတြခ်င္း သေဘာတူညီမွဳ ရရွိခဲ့ေပမယ့္ တျခားပရီးမီးယားလိဂ္ကလပ္ေတြကေတာ့ စုစည္းကန္႔ကြက္ဖို႔ ရွိလာခဲ့တယ္လို႔ သိရပါတယ္။

အသင္းပုိင္ရွင္ မိုက္ခ္ အက္ရွ္လီကို စရန္ေငြ ေပါင္ ၁၇ သန္း ေပးေခ်ထားၿပီးသားျဖစ္တဲ့ ဒီသေဘာတူညီမွဳမွာ ပရီးမီးယားလိဂ္ကလပ္ေတြက သူတုိ႔ေတြရဲ႕ ႐ုပ္သံထုတ္လႊင့္ခြင့္ကို ေဆာ္ဒီအာေရးဘီးယားႏုိင္ငံမွာ တရားမဝင္ ျပန္လည္ျပသမွဳေတြ ရွိေနတယ္လို႔ စြပ္စြဲကန္႔ကြက္ၿပီး နယူးကာဆယ္လ္ကို လႊဲေျပာင္းေပးဖို႔ ကန္႔ကြက္ေနခဲ့ၾကတာပါ။

ေဆာ္ဒီလုပ္ငန္းစုက ၈၀ ရာခိုင္ႏွဳန္း၊ အမ်ဳိးသမီးလုပ္ငန္းရွင္ အမန္ဒါ စေတ့ဗ္လီရဲ႕ PCP အဖြဲ႕က ၁၀ ရာခိုင္ႏွဳန္း၊ အိမ္ၿခံေျမလုပ္ငန္းရွင္ ေဒးဗစ္နဲ႔ ဆုိင္မြန္ ႐ူဘင္တုိ႔ ညီအစ္ကိုက ၁၀ ရာခိုင္ႏွဳန္းပုိင္ဆုိင္မယ့္ နယူးကာဆယ္လ္ပေရာဂ်က္ကို တရားဝင္ျဖစ္ေအာင္လုပ္ေဆာင္ဖို႔ လိုအပ္ေနေသးတာျဖစ္ၿပီး သူတုိ႔ေတြက တစ္လအတြင္း လႊဲေျပာင္းႏုိင္ဖို႔ ေမွ်ာ္လင့္ေနခ်ိန္မွာ ခုလို ကန္႔ကြက္မွဳ ရွိလာတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ တာဝန္ရွိသူေတြနဲ႔ အာဏာပုိင္ေတြဆီကို တရားဝင္ကန္႔ကြက္တဲ့ အခ်က္အလက္ေတြကို စုစည္းတင္ျပထားခဲ့တယ္လို႔ သိရၿပီး ေဆာ္ဒီအစိုးရနဲ႔ တရားမဝင္ထုတ္လႊင့္သူ BeoutQ လို႔ အမည္ရတဲ့ Be In Sports ကာတာ႐ုပ္သံကို ဆန္႔က်င္သူေတြမွာ အဆက္အသြယ္ ခုိင္ခိုင္မာမာရွိတယ္လုိ႔လည္း စြဲခ်က္တင္ထားခဲ့ပါတယ္။

ဒါေပမယ့္ ဒီကိစၥကို ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ တရားဝင္ကန္႔ကြက္ဖို႔ ဘာအေၾကာင္းမွ မရွိဘဲ Be In Sports နဲ႔ ေဆာ္ဒီအာေရးဘီးယား ႏိုင္ငံအၾကားက ျပႆနာသာျဖစ္သလို သူတုိ႔ေတြအေနနဲ႔ ႐ုပ္သံထုတ္လႊင့္ေၾကးေတြကို အျပည့္အဝရရွိေနတာျဖစ္လို႔ ေႏွာင့္ေႏွးၾကန္႔ၾကာမွဳနဲ႔ စိတ္ပ်က္စရာေတြကို ေက်ာ္လႊားၿပီး အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္းအေနနဲ႔ ဝယ္ယူႏုိင္ဖို႔ အခြင့္အေရးကို ဆုပ္ကိုင္ထားႏုိင္ဆဲျဖစ္တယ္လုိ႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကနေ လွှဲပြောင်းရယူမယ့် ပေါင်သန်း ၃၀၀ တန် အရောင်းအဝယ်ကို ပိုင်ရှင်တွေချင်း သဘောတူညီမှု ရရှိခဲ့ပေမယ့် တခြားပရီးမီးယားလိဂ်ကလပ်တွေကတော့ စုစည်းကန့်ကွက်ဖို့ ရှိလာခဲ့တယ်လို့ သိရပါတယ်။

အသင်းပိုင်ရှင် မိုက်ခ် အက်ရှ်လီကို စရန်ငွေ ပေါင် ၁၇ သန်း ပေးချေထားပြီးသားဖြစ်တဲ့ ဒီသဘောတူညီမှုမှာ ပရီးမီးယားလိဂ်ကလပ်တွေက သူတို့တွေရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ကို ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ တရားမဝင် ပြန်လည်ပြသမှုတွေ ရှိနေတယ်လို့ စွပ်စွဲကန့်ကွက်ပြီး နယူးကာဆယ်လ်ကို လွှဲပြောင်းပေးဖို့ ကန့်ကွက်နေခဲ့ကြတာပါ။

ဆော်ဒီလုပ်ငန်းစုက ၈၀ ရာခိုင်နှုန်း၊ အမျိုးသမီးလုပ်ငန်းရှင် အမန်ဒါ စတေ့ဗ်လီရဲ့ PCP အဖွဲ့က ၁၀ ရာခိုင်နှုန်း၊ အိမ်ခြံမြေလုပ်ငန်းရှင် ဒေးဗစ်နဲ့ ဆိုင်မွန် ရူဘင်တို့ ညီအစ်ကိုက ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်မယ့် နယူးကာဆယ်လ်ပရောဂျက်ကို တရားဝင်ဖြစ်အောင်လုပ်ဆောင်ဖို့ လိုအပ်နေသေးတာဖြစ်ပြီး သူတို့တွေက တစ်လအတွင်း လွှဲပြောင်းနိုင်ဖို့ မျှော်လင့်နေချိန်မှာ ခုလို ကန့်ကွက်မှု ရှိလာတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေဆီကို တရားဝင်ကန့်ကွက်တဲ့ အချက်အလက်တွေကို စုစည်းတင်ပြထားခဲ့တယ်လို့ သိရပြီး ဆော်ဒီအစိုးရနဲ့ တရားမဝင်ထုတ်လွှင့်သူ BeoutQ လို့ အမည်ရတဲ့ Be In Sports ကာတာရုပ်သံကို ဆန့်ကျင်သူတွေမှာ အဆက်အသွယ် ခိုင်ခိုင်မာမာရှိတယ်လို့လည်း စွဲချက်တင်ထားခဲ့ပါတယ်။

ဒါပေမယ့် ဒီကိစ္စကို ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ တရားဝင်ကန့်ကွက်ဖို့ ဘာအကြောင်းမှ မရှိဘဲ Be In Sports နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံအကြားက ပြဿနာသာဖြစ်သလို သူတို့တွေအနေနဲ့ ရုပ်သံထုတ်လွှင့်ကြေးတွေကို အပြည့်အဝရရှိနေတာဖြစ်လို့ နှောင့်နှေးကြန့်ကြာမှုနဲ့ စိတ်ပျက်စရာတွေကို ကျော်လွှားပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်းအနေနဲ့ ဝယ်ယူနိုင်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်တယ်လို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.