Article Other Premier League

ထင်မှတ်မထားတဲ့ ဂုဏ်ယူစရာခေါင်းဆောင်ကောင်းလို့ အက်ဇ်ပီကို ချီးမွမ်းသွားတဲ့ တူဟယ်လ်

ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ဟာ ပရီးမီးယားလိဂ် ပွဲ ၃၀၀ ပြည့်မြောက်သွားခဲ့တဲ့ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွေတာကို အထူးတလည် ဂုဏ်ပြုချီးကျုးသွားခဲ့ပြီး သူ့ရဲ့ ခေါင်းဆောင်ဖြစ်ထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘယ်သူမမျှော်လင့်ထားတဲ့ အသင်းတွင်း ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း ထုတ်ဖော်သွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က မာဆေးလ်အသင်းကနေ လန်ဒန်မြေကို ပေါင် ၇ သန်းနဲ့ စတင်ရောက်ရှိလာခဲ့တဲ့ အက်ဇ်ပီလီကွေတာဟာ အဲဒီအချိန်ကစလို့ လက်ရှိအချိန်ထိ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အဓိကထောက်တိုင်ကစားသမားအဖြစ် ရပ်တည်လာခဲ့ပြီဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ဦးဆောင်နိုင်စွမ်းက အသင်းအပေါ် များစွာလွှမ်းမိုးနေသလို အဝတ်လဲခန်းထဲမှာလည်း အများတကာ ယူဆထားတဲ့ ခေါင်းဆောင်ပုံစံမျိုးနဲ့ ထင်ထင်ပေါ်ပေါ်နေလေ့မရှိဘဲ အသင်းသားတွေအတွက် သူ့ကိုယ်သူသာ စံပြဖြစ်ထိုက်အောင် အမြဲကြိုးစားအားထုတ်နေသူတဦးဖြစ်တယ်လို့လည်း သိရပါတယ်။

“ဆီဇာက သူ့အခန်းကဏ္ဍကို ဆောင်ရွက်နေပါတယ်။ သူက ခင်ဗျားတို့ ထင်သလိုမျိုး အသင်းခေါင်းဆောင်ပုံစံမျိုးကိုတော့ နေရာယူမထားပါဘူး။ ဥပမာဆိုရင် အဝတ်လဲခန်းထဲမှာ သူက အသံကျယ်ကျယ်လောင်လောင်၊ ခပ်စွာစွာနဲ့ ခပ်ဘွင်းဘွင်း ခပ်ပျော်ပျော်သမားလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့မျှော်လင့်ထားသလို မဟုတ်တာက သူက သိပ်ကိုစိတ်ခံစားလွယ်ပါတယ်။ ဒါပေမယ့် သူက တည်ငြိမ်အေးဆေးသူပါ”

“သူ့ကိုယ်သူ စံပြဖြစ်အောင် လုပ်ဆောင်ပြပြီး နေထိုင်သူပါ။ သူက နေ့စဥ်နဲ့အမျှ အသင်းတွင်းမှာ သြဝါဒတွေချွေနေတဲ့သူလည်း မဟုတ်ပါဘူး။ ခင်ဗျား သူ့ကို လေ့ကျင့်ရေးတွေ ဆင်းခိုင်းတိုင်း သူ့ကစားနိုင်စွမ်းက အဆင့်ဘယ်လောက်မြင့်တယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ အသင်းခေါင်းဆောင်ကြီးက အမြဲတမ်းကြံ့ခိုင်သန်မာနေသူပါ”

“အိပ်ရေးဝဝအိပ်ပြီး သူ့ကိုယ်သူကြည့်ရှုစောင့်ရှောက်တတ်သူပါ။ ဒီလိုအဆင့်အတန်းမျိုးမှာ ပွဲပေါင်း ၃၀၀ ကျော် ကစားထားပြီး အောင်မြင်မှုဆုဖလားတွေကို ပိုင်ဆိုင်ထားတာဟာ သူ့အတွက် သိပ်ကိုထိုက်တန်ပါတယ်။ ဒီနောက်ကွယ်မှာ ကံကောင်းလို့ဖြစ်လာတာမျိုး လုံးဝမရှိပါဘူး”

“သူ့ရဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှု၊ ခိုင်မာတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ တည်​ငြိမ်တဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့် အသီးအပွင့်အဖြစ် အောင်မြင်မှုဖြစ်ထွန်းလာတာပါ။ သူ့လို ကစားသမားမျိုးကို နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရတာ ကျွန်တော့်အတွက်တော့ ပကတိပျော်ရွှင်မှုတခုလို့ ပြောရမှာပါ။ ပြီးတော့ အင်မတန်ဂုဏ်ယူမိပါတယ်”

“ဆီဇာက အာရုံစူးစိုက်မှုကို အပြည့်အဝထားရှိသူပါ။ ရိုးသားတဲ့စိတ်လည်းရှိတယ်။ အားကစားသမားကောင်းတဦးပီပီ ပြိုင်ဆိုင်လိုစိတ်လည်း အရမ်းပြင်းထန်တဲ့သူပါ။ ပြီးတော့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ သိပ်ကိုပွင့်လင်းပါတယ်။ နေ့စဥ်နေ့တိုင်း အကောင်းဆုံးပုံစံကို ထုတ်ပြနိုင်ဖို့ စဥ်ဆက်မပြတ် အားထုတ်နေပါတယ်ဗျာ” လို့ တူဟယ်လ်က သေသေချာချာ ရှင်းပြရင်း အက်ဇ်ပီလီကွေတာကို ချီးမွမ်းသွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ဟာ ပရီးမီးယားလိဂ္ ပြဲ ၃၀၀ ျပည့္ေျမာက္သြားခဲ့တဲ့ အသင္းေခါင္းေဆာင္ ဆီဇာ အက္ဇ္ပီလီေကြတာကို အထူးတလည္ ဂုဏ္ျပဳခ်ီးက်ဳးသြားခဲ့ၿပီး သူ႔ရဲ႕ ေခါင္းေဆာင္ျဖစ္ထိုက္တဲ့ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ဘယ္သူမေမွ်ာ္လင့္ထားတဲ့ အသင္းတြင္း ဦးေဆာင္မႈ အခန္းက႑ကိုလည္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္က မာေဆးလ္အသင္းကေန လန္ဒန္ေျမကို ေပါင္ ၇ သန္းနဲ႔ စတင္ေရာက္ရွိလာခဲ့တဲ့ အက္ဇ္ပီလီေကြတာဟာ အဲဒီအခ်ိန္ကစလို႔ လက္ရွိအခ်ိန္ထိ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ အဓိကေထာက္တိုင္ကစားသမားအျဖစ္ ရပ္တည္လာခဲ့ၿပီျဖစ္ၿပီး သူ႔ရဲ႕ အေတြ႕အႀကဳံေတြနဲ႔ ဦးေဆာင္ႏိုင္စြမ္းက အသင္းအေပၚ မ်ားစြာလႊမ္းမိုးေနသလို အဝတ္လဲခန္းထဲမွာလည္း အမ်ားတကာ ယူဆထားတဲ့ ေခါင္းေဆာင္ပုံစံမ်ိဳးနဲ႔ ထင္ထင္ေပၚေပၚေနေလ့မရွိဘဲ အသင္းသားေတြအတြက္ သူ႔ကိုယ္သူသာ စံျပျဖစ္ထိုက္ေအာင္ အၿမဲႀကိဳးစားအားထုတ္ေနသူတဦးျဖစ္တယ္လို႔လည္း သိရပါတယ္။

“ဆီဇာက သူ႔အခန္းက႑ကို ေဆာင္႐ြက္ေနပါတယ္။ သူက ခင္ဗ်ားတို႔ ထင္သလိုမ်ိဳး အသင္းေခါင္းေဆာင္ပုံစံမ်ိဳးကိုေတာ့ ေနရာယူမထားပါဘူး။ ဥပမာဆိုရင္ အဝတ္လဲခန္းထဲမွာ သူက အသံက်ယ္က်ယ္ေလာင္ေလာင္၊ ခပ္စြာစြာနဲ႔ ခပ္ဘြင္းဘြင္း ခပ္ေပ်ာ္ေပ်ာ္သမားလည္း မဟုတ္ပါဘူး။ ခင္ဗ်ားတို႔ေမွ်ာ္လင့္ထားသလို မဟုတ္တာက သူက သိပ္ကိုစိတ္ခံစားလြယ္ပါတယ္။ ဒါေပမယ့္ သူက တည္ၿငိမ္ေအးေဆးသူပါ”

“သူ႔ကိုယ္သူ စံျပျဖစ္ေအာင္ လုပ္ေဆာင္ျပၿပီး ေနထိုင္သူပါ။ သူက ေန႔စဥ္နဲ႔အမွ် အသင္းတြင္းမွာ ၾသဝါဒေတြေခြၽေနတဲ့သူလည္း မဟုတ္ပါဘူး။ ခင္ဗ်ား သူ႔ကို ေလ့က်င့္ေရးေတြ ဆင္းခိုင္းတိုင္း သူ႔ကစားႏိုင္စြမ္းက အဆင့္ဘယ္ေလာက္ျမင့္တယ္ဆိုတာ ျမင္ေတြ႕ရပါလိမ့္မယ္။ အသင္းေခါင္းေဆာင္ႀကီးက အၿမဲတမ္းႀကံ့ခိုင္သန္မာေနသူပါ”

“အိပ္ေရးဝဝအိပ္ၿပီး သူ႔ကိုယ္သူၾကည့္ရႈေစာင့္ေရွာက္တတ္သူပါ။ ဒီလိုအဆင့္အတန္းမ်ိဳးမွာ ပြဲေပါင္း ၃၀၀ ေက်ာ္ ကစားထားၿပီး ေအာင္ျမင္မႈဆုဖလားေတြကို ပိုင္ဆိုင္ထားတာဟာ သူ႔အတြက္ သိပ္ကိုထိုက္တန္ပါတယ္။ ဒီေနာက္ကြယ္မွာ ကံေကာင္းလို႔ျဖစ္လာတာမ်ိဳး လုံးဝမရွိပါဘူး”

“သူ႔ရဲ႕ ျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားမႈ၊ ခိုင္မာတဲ့ ဇြဲ၊ လုံ႔လ၊ ဝီရိယနဲ႔ တည္​ၿငိမ္တဲ့ စိတ္ပိုင္းျဖတ္မႈေတြေၾကာင့္ အသီးအပြင့္အျဖစ္ ေအာင္ျမင္မႈျဖစ္ထြန္းလာတာပါ။ သူ႔လို ကစားသမားမ်ိဳးကို နည္းျပအျဖစ္ ကိုင္တြယ္ခြင့္ရတာ ကြၽန္ေတာ့္အတြက္ေတာ့ ပကတိေပ်ာ္႐ႊင္မႈတခုလို႔ ေျပာရမွာပါ။ ၿပီးေတာ့ အင္မတန္ဂုဏ္ယူမိပါတယ္”

“ဆီဇာက အာ႐ုံစူးစိုက္မႈကို အျပည့္အဝထားရွိသူပါ။ ႐ိုးသားတဲ့စိတ္လည္းရွိတယ္။ အားကစားသမားေကာင္းတဦးပီပီ ၿပိဳင္ဆိုင္လိုစိတ္လည္း အရမ္းျပင္းထန္တဲ့သူပါ။ ၿပီးေတာ့ သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ ပတ္သတ္လို႔ သိပ္ကိုပြင့္လင္းပါတယ္။ ေန႔စဥ္ေန႔တိုင္း အေကာင္းဆုံးပုံစံကို ထုတ္ျပႏိုင္ဖို႔ စဥ္ဆက္မျပတ္ အားထုတ္ေနပါတယ္ဗ်ာ” လို႔ တူဟယ္လ္က ေသေသခ်ာခ်ာ ရွင္းျပရင္း အက္ဇ္ပီလီေကြတာကို ခ်ီးမြမ္းသြားခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.